ကမာၻ႔အျပည္ျပည္ဆိုင္ရာ အလုပ္သမားေန႔ကို ေမေဒးလို႔ သိၾကပါတယ္။ ႏွစ္စဥ္ႏွစ္တိုင္း ေမေဒးကို ေမလ(၁) ရက္ေန႔မွာ က်င္းပျပဳလုပ္ပါတယ္။ အလုပ္သမားေန႔ကို ကမာၻတစ္၀ွမ္းလံုးမွာ ႏိုင္ငံေပါင္း(၈၀) ခန္႔က ဆင္ႏႊဲေလ့ရွိပါတယ္။ ဒါေပမယ့္ အေမရိကန္မွာေတာ့ ျခြင္းခ်က္ျဖစ္ၿပီး အလုပ္သမားေန႔ဟာ ကြန္ျမဴနစ္၀ါဒနဲ႔ ဆက္ႏြယ္ေနတယ္ဆိုၿပီး အားလပ္ရက္မေပးပါဘူး။ အေမရိကန္ႏိုင္ငံရဲ႕ အလုပ္သမားေန႔ကိုေတာ့ စက္တင္ဘာလမွာ က်င္းပျပဳလုပ္ပါတယ္။

ေတာင္အာဖရိကမွာေတာ့ အလုပ္သမားသမဂၢက ၾကီးမႈးၿပီး အလုပ္သမားေန႔ကို က်င္းပျပဳလုပ္ပါတယ္။ (၁၉၉၄) ခုႏွစ္ ေမလ(၁) ရက္ေန႔ကေနစၿပီး တရား၀င္အမ်ိဳးသားအားလပ္ရက္အျဖစ္ ေတာင္အာဖရိကမွာ သတ္မွတ္ခဲ့ၾကတာ ျဖစ္ပါတယ္။ ရာစုႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အမ်ိဳးသား၊ အမ်ိဳးသမီးနဲ႔ ကေလးသူငယ္ေတြဟာ တစ္ေန႔ကို အလုပ္ခ်ိန္(၁၂) နာရီေက်ာ္ၾကာေအာင္ အလုပ္လုပ္ခဲ့ၾကရပါတယ္။ ထိုအခ်ိန္တုန္းက စေန၊ တနဂၤေႏြလို ေန႔မ်ိဳးေတြမွာလည္း မနားရတဲ့အျပင္ ေပးတဲ့လစာကလည္း အရမ္းကို နည္းပါးလြန္းခဲ့ပါတယ္။

ေမေဒးနဲ႔ တစ္ရက္အလုပ္ခ်ိန္ (၈) နာရီသတ္မွတ္ဖို႔အတြက္ အလုပ္သမားေတြရဲ႕ ေတာ္လွန္ေရးဟာ စက္မႈေတာ္လွန္ေရးၾကီးကေန စတင္ျမစ္ဖ်ားခံလာခဲ့တာပါ။ (၁၈၄၇) ခုႏွစ္မွာေတာ့ အဂၤလန္မွာရွိတဲ့ အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြကို တစ္ေန႔အလုပ္လုပ္ခ်ိန္ (၁၀) နာရီဆိုၿပီး သတ္မွတ္ခဲ့ပါတယ္။ (၁၈၄၈) ခုႏွစ္မွာေတာ့ ႏိုင္ငံတြင္းဆႏၵျပမႈေတြ ျဖစ္ၿပီးတဲ့ေနာက္ ျပင္သစ္ဟာ တစ္ရက္အလုပ္ခ်ိန္ကို (၁၂)နာရီ သတ္မွတ္ခဲ့ပါတယ္။

(၁၈၉၀) ခုႏွစ္ ေမလတစ္ရက္ေန႔မွာေတာ့ ေမေဒးေန႔ ဆႏၵျပမႈေတြဟာ အေမရိကန္နဲ႔ ဥေရာပႏိုင္ငံအမ်ားစုမွာ ျဖစ္ပြားခဲ့ပါတယ္။ ခ်ီလီနဲ႔ ပီရူးႏိုင္ငံစတဲ့ ႏိုင္ငံေတြမွာလည္း ျဖစ္ပြားခဲ့ပါတယ္။ က်ဴးဘားႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ ဟာဗားနားမွာဆိုရင္ အလုပ္သမားေတြဟာ တပ္ခ်ီၿပီး တစ္ေန႔(၈) နာရီ အလုပ္ခ်ိန္ျဖစ္ေအာင္၊ အလုပ္သမားလူတန္းစားၾကီးတစ္ခုလံုး သာတူညီမွ်တဲ့အခြင့္အေရးေတြ ရေအာင္ ေတာင္းဆုိခဲ့ၾကတာ ျဖစ္ပါတယ္။

အလုပ္သမားေန႔နဲ႔ ပတ္သက္လာရင္ေတာ့ ခ်ီကာဂို Haymarket လူအစုလိုက္အျပံဳလိုက္ေသေၾကပ်က္စီးရမႈဟာ သမုိင္းမွာ ထင္ရွားတဲ့ ျဖစ္ရပ္ပါ။ (၁၈၈၆) ခုႏွစ္ ေမလ(၃) ရက္ေန႔မွာ ရဲေတြဟာ ခ်ီကာဂိုအလုပ္သမားဆႏၵျပမႈမွာ ပါ၀င္သူေတြကုိ ေသနတ္နဲ႔ ပစ္ခတ္ခဲ့ရာမွ လူ(၄) ဦးေသဆံုးၿပီး လူေပါင္းမ်ားစြာ ဒဏ္ရာရရွိခဲ့ပါတယ္။

 ေနာက္တစ္ေန႔မွာပဲ ခ်ီကာဂိုရဲ႕ Haymarket Square နားမွာ လူတစ္ေယာက္က ရဲစခန္းမွာ ဗံုးခ်ခဲ့တာေၾကာင့္ အဓိကရုဏ္းထပ္ျဖစ္ခဲ့ျပန္ပါတယ္။ ထိုအဓိကရုဏ္းမွာေတာ့ အနည္းဆံုး လူ(၈)ဦး ေသဆံုးခဲ့ပါတယ္။

အေမရိကန္မွာေတာ့ Haymarket အဓိကရုဏ္းကို စည္းလံုးညီညြတ္တဲ့ အလုပ္သမားထုၾကီးရဲ႕ လႈပ္ရွားမႈသရုပ္အျဖစ္ သတ္မွတ္ခဲ့ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia
# Unicode Version # ျဖင့္ ဖတ္ပါ #


ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို မေဒေးလို့ သိကြပါတယ်။ နှစ်စဉ်နှစ်တိုင်း မေဒေးကို မေလ(၁) ရက်နေ့မှာ ကျင်းပပြုလုပ်ပါတယ်။ အလုပ်သမားနေ့ကို ကမ္ဘာတစ်ဝှမ်းလုံးမှာ နိုင်ငံပေါင်း(၈၀) ခန့်က ဆင်နွှဲလေ့ရှိပါတယ်။ ဒါပေမယ့် အမေရိကန်မှာတော့ ခြွင်းချက်ဖြစ်ပြီး အလုပ်သမားနေ့ဟာ ကွန်မြူနစ်ဝါဒနဲ့ ဆက်နွယ်နေတယ်ဆိုပြီး အားလပ်ရက်မပေးပါဘူး။ အမေရိကန်နိုင်ငံရဲ့ အလုပ်သမားနေ့ကိုတော့ စက်တင်ဘာလမှာ ကျင်းပပြုလုပ်ပါတယ်။

တောင်အာဖရိကမှာတော့ အလုပ်သမားသမဂ္ဂက ကြီးမှုးပြီး အလုပ်သမားနေ့ကို ကျင်းပပြုလုပ်ပါတယ်။ (၁၉၉၄) ခုနှစ် မေလ(၁) ရက်နေ့ကနေစပြီး တရားဝင်အမျိုးသားအားလပ်ရက်အဖြစ် တောင်အာဖရိကမှာ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ရာစုနှစ်ပေါင်းများစွာကြာအောင် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေဟာ တစ်နေ့ကို အလုပ်ချိန်(၁၂) နာရီကျော်ကြာအောင် အလုပ်လုပ်ခဲ့ကြရပါတယ်။ ထိုအချိန်တုန်းက စနေ၊ တနင်္ဂနွေလို နေ့မျိုးတွေမှာလည်း မနားရတဲ့အပြင် ပေးတဲ့လစာကလည်း အရမ်းကို နည်းပါးလွန်းခဲ့ပါတယ်။

မေဒေးနဲ့ တစ်ရက်အလုပ်ချိန် (၈) နာရီသတ်မှတ်ဖို့အတွက် အလုပ်သမားတွေရဲ့ တော်လှန်ရေးဟာ စက်မှုတော်လှန်ရေးကြီးကနေ စတင်မြစ်ဖျားခံလာခဲ့တာပါ။ (၁၈၄၇) ခုနှစ်မှာတော့ အင်္ဂလန်မှာရှိတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို တစ်နေ့အလုပ်လုပ်ချိန် (၁၀) နာရီဆိုပြီး သတ်မှတ်ခဲ့ပါတယ်။ (၁၈၄၈) ခုနှစ်မှာတော့ နိုင်ငံတွင်းဆန္ဒပြမှုတွေ ဖြစ်ပြီးတဲ့နောက် ပြင်သစ်ဟာ တစ်ရက်အလုပ်ချိန်ကို (၁၂)နာရီ သတ်မှတ်ခဲ့ပါတယ်။

(၁၈၉၀) ခုနှစ် မေလတစ်ရက်နေ့မှာတော့ မေဒေးနေ့ ဆန္ဒပြမှုတွေဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံအများစုမှာ ဖြစ်ပွားခဲ့ပါတယ်။ ချီလီနဲ့ ပီရူးနိုင်ငံစတဲ့ နိုင်ငံတွေမှာလည်း ဖြစ်ပွားခဲ့ပါတယ်။ ကျူးဘားနိုင်ငံရဲ့ မြို့တော် ဟာဗားနားမှာဆိုရင် အလုပ်သမားတွေဟာ တပ်ချီပြီး တစ်နေ့(၈) နာရီ အလုပ်ချိန်ဖြစ်အောင်၊ အလုပ်သမားလူတန်းစားကြီးတစ်ခုလုံး သာတူညီမျှတဲ့အခွင့်အရေးတွေ ရအောင် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အလုပ်သမားနေ့နဲ့ ပတ်သက်လာရင်တော့ ချီကာဂို Haymarket လူအစုလိုက်အပြုံလိုက်သေကြေပျက်စီးရမှုဟာ သမိုင်းမှာ ထင်ရှားတဲ့ ဖြစ်ရပ်ပါ။ (၁၈၈၆) ခုနှစ် မေလ(၃) ရက်နေ့မှာ ရဲတွေဟာ ချီကာဂိုအလုပ်သမားဆန္ဒပြမှုမှာ ပါဝင်သူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့ရာမှ လူ(၄) ဦးသေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။

 နောက်တစ်နေ့မှာပဲ ချီကာဂိုရဲ့ Haymarket Square နားမှာ လူတစ်ယောက်က ရဲစခန်းမှာ ဗုံးချခဲ့တာကြောင့် အဓိကရုဏ်းထပ်ဖြစ်ခဲ့ပြန်ပါတယ်။ ထိုအဓိကရုဏ်းမှာတော့ အနည်းဆုံး လူ(၈)ဦး သေဆုံးခဲ့ပါတယ်။

အမေရိကန်မှာတော့ Haymarket အဓိကရုဏ်းကို စည်းလုံးညီညွတ်တဲ့ အလုပ်သမားထုကြီးရဲ့ လှုပ်ရှားမှုသရုပ်အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top