ပ်ိဳေမတုိင္း ပန္းေရာင္ သန္းတဲ့ ႏႈတ္ခမ္း နဲ႕ ႏူးညံစုိေျပတဲ့ ႏႈတ္ခမ္းကို ပုိင္ဆုိင္ခ်င္ၾကပါတယ္။ စုိစုိနဲ႕ပန္းေရာင္သန္းတဲ့ႏႈတ္ခမ္းက သင့္ရဲ႕အျပံဳးကို ပုိလွသြားေစႏုိင္တယ္။ ႏႈတ္ခမ္းညိဳ တာေတြက သင့္အျပံဳးကို ပ်က္ဆီးေစႏုိင္တယ္။ တခ်ိဳ႕ပစၥည္းေတြမွာ ႏႈတ္ခမ္း အတြက္ scrub လုပ္လုိ႕ရတဲ့ ပစၥည္းေတြရွိပါတယ္။ ဒါေပမယ့္ ဒီနည္းလမ္းေတြက ေစ်းမႀကီးတဲ့အျပင္ အိမ္မွာ ရွိေနတဲ့ ပစၥည္းေတြနဲ႕ပဲ အသုံးျပဳလုိ႕ရပါတယ္။
(၁) အုန္းဆီ

အုန္းဆီမွာ fatty acids ပါ၀င္တာေၾကာင့္ ႏႈတ္ခမ္းကို စုိေျပေစၿပီး ႏုႏုေလးနဲ႕ ပန္းေရာင္သန္းလာေစတယ္။
ေန႕တုိင္း အုန္းဆီကို lip balm အျဖစ္သုံးေပးပါ။ အုန္းဆီနည္းနည္းကို လက္ေခ်ာင္းနဲ႕ယူၿပီး ႏႈတ္ခမ္းေပၚ လိမ္းေပးပါ။

အိပ္ယာ၀င္ခါနီး ႏႈတ္ခမ္း ေပၚ အုန္းဆီလိမ္းအိပ္ေပးရင္ ပုိေကာင္းပါတယ္။

(၂) ရွားေစာင္းလက္ပပ္

ရွားေစာင္လက္ပပ္ မွာ Aloesin ဆုိတဲ့ဓာတ္ပါတာေၾကာင့္ အသားအေရကို စုိေျပေအးျမလာေစတယ္။ ႏႈတ္ခမ္းကိုလိမ္းရင္ ညိဳတာေတြေပ်ာက္ၿပီး ပန္းေရာင္သန္းတဲ့ႏႈတ္ခမ္းကို ပုိင္ဆုိင္ရမွာပါ။
ရွားေစာင္းလက္ပပ္ကို ႏႈတ္ခမ္းေပၚ လိမ္းေပးၿပီး ေျခာက္ေအာင္ထားေပးပါ။

ၿပီးရင္ ေရေႏြးေႏြးေလးနဲ႕ ေဆးခ်ေပးပါ။

(၃) Baking Soda



ႏႈတ္ခမ္းညိဳတာေတြက ဆဲလ္ေသေတြေၾကာင့္ ညိဳတာပါ။ Baking soda က ဆဲလ္ေသေတြကိုဖယ္ရွားေပးၿပီး ပန္းေရာင္သန္းတဲ့ ႏႈတ္ခမ္း ရႏုိင္ေအာင္ ကူညီေပးပါတယ္။
Baking Soda ကို ေရနည္းနည္းနဲ႕ ပ်စ္သြားေအာင္ေရာေပးပါ။

ဒီအႏွစ္နဲ႕ ႏႈတ္ခမ္းကို လိမ္းေပးၿပီး စက္၀ုိင္းပုံစံျဖင့္ လက္ေခ်ာင္း (ဒါမွမဟုတ္) သြားတုိက္တံ နဲ႕ (၂-၃)မိနစ္ေလာက္ပြတ္ေပးပါ။

ေရေႏြးနဲ႕ေဆးေပးၿပီး အေျခာက္သုတ္ေပးပါ။ ၿပီးရင္ lip balm တစ္ခုခုကို လိမ္းေပးပါ။

(၄) ပ်ားရည္ နဲ႕ သံပယိုရည္

ဒီနည္းကေတာ့ အညိဳေရာင္ ႏႈတ္ခမ္းေတြကို ပန္းေရာင္သန္းလာေစမယ့္ နည္းလမ္းေတြပါ။ သံပယိုရည္မွာပါတဲ့ citrus ဓာတ္က ညိဳတာေတြကို ဖယ္ရွာပစ္ႏုိင္ၿပီး ပ်ားရည္က ႏႈတ္ခမ္းသားကို ႏူးညံလာေစႏိုင္တယ္။ ဒီအႏွစ္ကို လုပ္ၿပီးရင္ ေရခဲေသတၱာထဲ သိမ္းထားႏုိင္ၿပီး တစ္ပတ္အတြင္းပဲ သုံးေပးရမွာပါ။
သံပယိုရည္ နဲ႕ ပ်ားရည္ကိုေရာေပးၿပီး သင့္ရဲ႕ ညိဳေနတဲ့ႏႈတ္ခမ္းကို ဖယ္ရွားေပးႏုိင္တယ္။

ဒီအေရာကို ႏႈတ္ခမ္းေပၚလိမ္းေပးၿပီး(၁)နာရီၾကာၾကာ ႏွပ္ထားေပးပါ။

ၿပီးရင္ အ၀တ္စုိ နဲ႕ႏႈတ္ခမ္ကို သုတ္ေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:stylecraze
# Unicode Version # ျဖင့္ ဖတ္ပါ #


ပျိုမေတိုင်း ပန်းရောင် သန်းတဲ့ နှုတ်ခမ်း နဲ့ နူးညံစိုပြေတဲ့ နှုတ်ခမ်းကို ပိုင်ဆိုင်ချင်ကြပါတယ်။ စိုစိုနဲ့ပန်းရောင်သန်းတဲ့နှုတ်ခမ်းက သင့်ရဲ့အပြုံးကို ပိုလှသွားစေနိုင်တယ်။ နှုတ်ခမ်းညို တာတွေက သင့်အပြုံးကို ပျက်ဆီးစေနိုင်တယ်။ တချို့ပစ္စည်းတွေမှာ နှုတ်ခမ်း အတွက် scrub လုပ်လို့ရတဲ့ ပစ္စည်းတွေရှိပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေက ဈေးမကြီးတဲ့အပြင် အိမ်မှာ ရှိနေတဲ့ ပစ္စည်းတွေနဲ့ပဲ အသုံးပြုလို့ရပါတယ်။
(၁) အုန်းဆီ

အုန်းဆီမှာ fatty acids ပါဝင်တာကြောင့် နှုတ်ခမ်းကို စိုပြေစေပြီး နုနုလေးနဲ့ ပန်းရောင်သန်းလာစေတယ်။
နေ့တိုင်း အုန်းဆီကို lip balm အဖြစ်သုံးပေးပါ။ အုန်းဆီနည်းနည်းကို လက်ချောင်းနဲ့ယူပြီး နှုတ်ခမ်းပေါ် လိမ်းပေးပါ။

အိပ်ယာဝင်ခါနီး နှုတ်ခမ်း ပေါ် အုန်းဆီလိမ်းအိပ်ပေးရင် ပိုကောင်းပါတယ်။

(၂) ရှားစောင်းလက်ပပ်

ရှားစောင်လက်ပပ် မှာ Aloesin ဆိုတဲ့ဓာတ်ပါတာကြောင့် အသားအရေကို စိုပြေအေးမြလာစေတယ်။ နှုတ်ခမ်းကိုလိမ်းရင် ညိုတာတွေပျောက်ပြီး ပန်းရောင်သန်းတဲ့နှုတ်ခမ်းကို ပိုင်ဆိုင်ရမှာပါ။
ရှားစောင်းလက်ပပ်ကို နှုတ်ခမ်းပေါ် လိမ်းပေးပြီး ခြောက်အောင်ထားပေးပါ။

ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။

(၃) Baking Soda



နှုတ်ခမ်းညိုတာတွေက ဆဲလ်သေတွေကြောင့် ညိုတာပါ။ Baking soda က ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ပန်းရောင်သန်းတဲ့ နှုတ်ခမ်း ရနိုင်အောင် ကူညီပေးပါတယ်။
Baking Soda ကို ရေနည်းနည်းနဲ့ ပျစ်သွားအောင်ရောပေးပါ။

ဒီအနှစ်နဲ့ နှုတ်ခမ်းကို လိမ်းပေးပြီး စက်ဝိုင်းပုံစံဖြင့် လက်ချောင်း (ဒါမှမဟုတ်) သွားတိုက်တံ နဲ့ (၂-၃)မိနစ်လောက်ပွတ်ပေးပါ။

ရေနွေးနဲ့ဆေးပေးပြီး အခြောက်သုတ်ပေးပါ။ ပြီးရင် lip balm တစ်ခုခုကို လိမ်းပေးပါ။

(၄) ပျားရည် နဲ့ သံပယိုရည်

ဒီနည်းကတော့ အညိုရောင် နှုတ်ခမ်းတွေကို ပန်းရောင်သန်းလာစေမယ့် နည်းလမ်းတွေပါ။ သံပယိုရည်မှာပါတဲ့ citrus ဓာတ်က ညိုတာတွေကို ဖယ်ရှာပစ်နိုင်ပြီး ပျားရည်က နှုတ်ခမ်းသားကို နူးညံလာစေနိုင်တယ်။ ဒီအနှစ်ကို လုပ်ပြီးရင် ရေခဲသေတ္တာထဲ သိမ်းထားနိုင်ပြီး တစ်ပတ်အတွင်းပဲ သုံးပေးရမှာပါ။
သံပယိုရည် နဲ့ ပျားရည်ကိုရောပေးပြီး သင့်ရဲ့ ညိုနေတဲ့နှုတ်ခမ်းကို ဖယ်ရှားပေးနိုင်တယ်။

ဒီအရောကို နှုတ်ခမ်းပေါ်လိမ်းပေးပြီး(၁)နာရီကြာကြာ နှပ်ထားပေးပါ။

ပြီးရင် အဝတ်စို နဲ့နှုတ်ခမ်ကို သုတ်ပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:stylecraze
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top