





# Unicode Version # ဖြင့် ဖတ်ပါ #

ချစ်သူကောင်လေးရဲ့ ရုပ်သွင်ပြင်နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ခံခဲ့ရတဲ့ ဗီယက် နမ်စုံတွဲဟာ အချစ်မှာ မျက်စိမရှိဘူး ဆိုတဲ့ အကြောင်း သက်သေပြလိုက် ပါတယ်။

ကောင်မလေးက သူ့ချစ်သူနဲ့ တွဲရိုက်ထားတဲ့ ပုံတွေ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ခဲ့ပြီး တဲ့နောက် လူတွေဟာ မကောင်းတဲ့ ထင်မြင်ချက်တွေ အများကြီး ပေးခဲ့ကြပါတယ်။ Comment အများစုက သူ့ကောင်လေးရဲ့ Overweight ဖြစ်နေတဲ့ အပေါ်မှာ ရေးသားထားတာဖြစ်ပါတယ်။



အချစ်ဟာ ရုပ်သွင်ပြင်နဲ့ မဆိုင်ဘူးလို့ သက်သေပြလိုက်တဲ့ ဗီယက်နမ် စုံတွဲတချို့က အဲဒီလိုကောမန့်တွေ ရေးသားလို့ ပုံတွေကို ပြန်ဖျက်သွားမယ်လို့ ထင်ခဲ့ကြပေမယ့် ကောင်မလေး ကတော့ သူတို့နှစ်ယောက် Date တဲ့ ပုံလေးတွေကို ဆက်ပြီး တင်ခဲ့ပါတယ်။

လူတယောက်ကို ချစ်မိဖို့ အတွက် ဆိုရင် သူ့ရဲ့ ကိုယ်အလေးချိန် ရုပ်ရည်သွင်ပြင်ဟာ အရေးမကြီးဘူးလို့လည်း ရေးသားခဲ့ပါတယ်။ အချစ်ဟာ ရုပ်သွင်ပြင်နဲ့ မဆိုင်ဘူးလို့ သက်သေ ပြလိုက်တဲ့ ဗီယက်နမ် စုံတွဲ သူတို့ ချစ်သူနှစ်ဦး လက်တွဲ လာတာဟာ တနှစ်ကျော် ၂ နှစ်နီးပါးလောက် ရှိပြီလို့ သိရပါတယ်။ အချစ်မှာ မျက်စိမရှိဘူး ဆိုတာ မှန်သလိုလို ပါပဲရှင်။



ဖိုးသူတော် (www.phothutaw.com)
Credit:mystylemyanmar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top