















Credit:Myanandar
# Unicode Version # ဖြင့် ဖတ်ပါ #

တစ်ယောက်က တောင်းပန်နေတဲ့အချိန်မှာ

နောက်တစ်ယောက်က ခွင့်လွှတ်ဖို့ပြင်ဆင်ရမယ်.

ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းဖို့အတွက်

တစ်ယောက်တည်းသွားလို့ အဆင်မပြေနိုင်ဘူး.

တစ်ယောက်တည်းဆို မြန်မြန်ရောက်တာမှန်ပေမဲ့

ခရီးရှည်ကြီးအတွက်တော့ စစ်မှန်တဲ့ ဘဝလက်တွဲဖော် လိုအပ်တယ်.

လက်တွဲဖော် ဆိုတဲ့နေရာမှာလည်း လူတိုင်းကတော့

မိုးကျရွှေကိုယ် အပြစ်ဆိုစရာမရှိတာမျိုး ရချင်ကြတာပဲပေါ့. ကိုယ်ကိုယ်တိုင်တောင်မှ လိုအပ်ချက်တွေ

အများကြီးရှိနေတာပဲ.လောဘတော့ သိပ်မကြီးသင့်ဘူးလေ.

အေးအတူ ပူအမျှ သုခနဲ့ ဒုက္ခကို ကိုယ်နဲ့အတူ မျှဝေခံစားပေးနိုင်တဲ့ သူမျိုးဆို လုံလောက်ပာတယ်.

(ကိုယ့်ခံယူချက်ပေါ့.အမြင်ကွဲပြားတာလည်း ရှိနိုင်တာမို့ပါ)☺

ကိုယ်မြင်နေရတဲ့ သူ့ရဲ့လိုအပ်ချက်တွေကိုလည်း

လျစ်လျူမရှုပဲ ဖြည့်ဆည်းပေးရမယ်.ထပ်တူပဲ သူက ကိုယ့်ရဲ့အားနည်းချက်တွေကို ပြုပြင်ပေးတဲ့အခါ

မာနတွေ နောက်မှာထားပြီး ပြင်ဆင်ကြရင်းနဲ့.

အေးချမ်းတဲ့ ဘဝခရီးလမ်းကို လျှောက်လှမ်းသွားဖို့

ကိုယ်ကတော့ သူ့လက်ကိုတွဲထားတုန်းပါ.

ဖိုးသူတော် (www.phothutaw.com)
Credit:Myanandar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top