ရန္ကုန္ရွိျမိဳ႕နယ္အခ်ိဳ႕မွာ ေလလြင့္ေခြးေတြကုိ ဖမ္းဆီးျပီး ေခြးေဂဟာကုိပုိ႔တဲ့ အစီအစဥ္ကုိေဆာင္ရြက္ေနေပမယ့္ တာ၀န္ရွိသူေတြ လုပ္ငန္းလုပ္ေဆာင္ေနတာကုိ တိရိစာၧန္ခ်စ္သူမ်ားဆုိတဲ့ လူတစ္စုက ကို ျပႆနာရွာျပီး ေခြးမ်ား လုယူမႈေတြျပဳလုပ္ခဲ့တယ္လုိ႔ သိရပါတယ္။

ဒီေန႔ ေမလ ၂၀ ရက္ေန႔မွာပဲ ဒုတိယၿမိဳ႕ေတာ္ဝန္ရဲ႕စီမံမႈနဲ႔ လမ္းေဘးေခြးေတြကုိ လိႈင္ၿမိဳ႕နယ္က ေခြးေဂဟာကုိ ပို႔ေဆာင္ဖုိ႔ စီစဥ္ေနစဥ္မွာပဲ တိရိစာၧန္ကာကြယ္ေရးက ဆုိျပီး လူတစ္စုက ျပႆနာရွာ လုယက္ခဲ့တာျဖစ္ပါတယ္။

"သူတို႔ ဖမ္းတာကို လာတား၊ေခြးကိုလဲ လုယူတယ္။ ဒီကိစၥကို ဒုျမိဳ႕ေတာ္၀န္ဆီတင္ျပထားတယ္။"လုိ႔ ​ေက်ာက္​တံတားစည္​ပင္​ဥကၠဌက Duwun ကုိေျပာပါတယ္။

ဒီလုိျဖစ္စဥ္ျဖစ္ခဲ့တာေၾကာင့္ စည္ပင္သာယာေရးေကာ္မတီအေနနဲ႔ လမ္းေဘးေခြးေတြဖမ္းဆီးျပီး ေခြးေဂဟာ ပုိ႔ေဆာင္ကာ မ်ိဳးဆက္ျခားေပးတဲ့ အစီအစဥ္ကုိ ယာယီရပ္ဆုိင္းထားရတယ္လုိ႔ သိရပါတယ္။

ေခြးရူးေရာဂါျဖစ္ပြားမႈနဲ႔ ေလလြင့္ေခြးေတြမ်ားျပားလာတာကုိ ျမန္မာႏုိင္ငံ တိရစာၦန္ေဆးကုဆရာ၀န္မ်ားအသင္းနဲ႔ ထုိင္းႏုိင္ငံ Mission Rabies,WVS အဖြဲ႔ တို႔ ပူးေပါင္းျပီး ေရွ႕ေျပးစီမံခ်က္ အေနနဲ႔ ေခြးေတြကုိ ေခြးရူးေရာဂါကာကြယ္ေဆးထုိးတာေတြနဲ႔ မ်ိဳးဆက္ျခားတာေတြကုိလုပ္ေဆာင္ေပးေနတာျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ ေလလြင့္ေခြးေပါင္း ၄ သန္းနီးပါးရွိၿပီး ရန္ကုန္ၿမိဳ႕မွာေတာ့ ၁ သိန္းခြဲ ခန္႔ရွိတယ္လုိ႔သိရပါတယ္။ၿပီးခဲ့တဲ့ႏွစ္က တစ္ႏိုင္ငံလံုးမွာ ေခြးကိုက္ခံရမႈေပါင္း တစ္သိန္းကုိးေသာင္းေက်ာ္ရွိခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ေၾကာင့္ ျမန္မာႏုိင္ငံဟာ ေခြးကုိက္ခံရမႈအမ်ားဆုံးနဲ႔ ေခြးရူးေရာဂါျဖစ္ပြားမႈအမ်ားဆုံးႏုိင္ငံေတြထဲမွာ ပါ၀င္ေနပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Duwun
Photo - People Power
#Unicode Version#
 ရန်ကုန်ရှိမြို့နယ်အချို့မှာ လေလွင့်ခွေးတွေကို ဖမ်းဆီးပြီး ခွေးဂေဟာကိုပို့တဲ့ အစီအစဉ်ကိုဆောင်ရွက်နေပေမယ့် တာဝန်ရှိသူတွေ လုပ်ငန်းလုပ်ဆောင်နေတာကို တိရိစ္ဆာန်ချစ်သူများဆိုတဲ့ လူတစ်စုက ကို ပြဿနာရှာပြီး ခွေးများ လုယူမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မေလ ၂၀ ရက်နေ့မှာပဲ ဒုတိယမြို့တော်ဝန်ရဲ့စီမံမှုနဲ့ လမ်းဘေးခွေးတွေကို လှိုင်မြို့နယ်က ခွေးဂေဟာကို ပို့ဆောင်ဖို့ စီစဉ်နေစဉ်မှာပဲ တိရိစ္ဆာန်ကာကွယ်ရေးက ဆိုပြီး လူတစ်စုက ပြဿနာရှာ လုယက်ခဲ့တာဖြစ်ပါတယ်။

"သူတို့ ဖမ်းတာကို လာတား၊ခွေးကိုလဲ လုယူတယ်။ ဒီကိစ္စကို ဒုမြို့တော်ဝန်ဆီတင်ပြထားတယ်။"လို့ ကျောက်တံတားစည်ပင်ဥက္ကဌက Duwun ကိုပြောပါတယ်။

ဒီလိုဖြစ်စဉ်ဖြစ်ခဲ့တာကြောင့် စည်ပင်သာယာရေးကော်မတီအနေနဲ့ လမ်းဘေးခွေးတွေဖမ်းဆီးပြီး ခွေးဂေဟာ ပို့ဆောင်ကာ မျိုးဆက်ခြားပေးတဲ့ အစီအစဉ်ကို ယာယီရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။

ခွေးရူးရောဂါဖြစ်ပွားမှုနဲ့ လေလွင့်ခွေးတွေများပြားလာတာကို မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းနဲ့ ထိုင်းနိုင်ငံ Mission Rabies,WVS အဖွဲ့ တို့ ပူးပေါင်းပြီး ရှေ့ပြေးစီမံချက် အနေနဲ့ ခွေးတွေကို ခွေးရူးရောဂါကာကွယ်ဆေးထိုးတာတွေနဲ့ မျိုးဆက်ခြားတာတွေကိုလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လေလွင့်ခွေးပေါင်း ၄ သန်းနီးပါးရှိပြီး ရန်ကုန်မြို့မှာတော့ ၁ သိန်းခွဲ ခန့်ရှိတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်က တစ်နိုင်ငံလုံးမှာ ခွေးကိုက်ခံရမှုပေါင်း တစ်သိန်းကိုးသောင်းကျော်ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံဟာ ခွေးကိုက်ခံရမှုအများဆုံးနဲ့ ခွေးရူးရောဂါဖြစ်ပွားမှုအများဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Duwun

Photo - People Power
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top