ကိုယ္အေလးခ်ိန္လည္းေလ်ာ့ခ်လိုတယ္၊ က်န္းမာေရးနဲ႔ညီၫြတ္ၿပီး က်စ္လ်စ္လွပတဲ့ ကိုယ္ခႏၶာကိုလည္း ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ ယခုေဖာ္ျပေပးမယ့္အိမ္လုပ္ေဖ်ာ္ရည္ေလးေတြကို ေသာက္သုံးေပးႏိုင္ပါတယ္ေနာ္။အေျခခံလုပ္နည္းေလးေတြျဖစ္လို႔ ကိုယ္ႀကိဳက္ႏွစ္သက္တဲ့အတိုင္း ျပန္လည္ျပဳျပင္ႏိုင္မွာျဖစ္ၿပီး အရသာလည္းအလြန္ရွိမွာပါေနာ္။
သခြားသီးအဆီက်ေဖ်ာ္ရည္
ပါဝင္ပစၥည္းမ်ား
သခြားသီး – ၁ လုံး
နံနံပင္ – လက္တစ္ဆုပ္စာ
သံပုယိုသီး – ၁ လုံး
ဂ်င္း (ေထာင္းၿပီးသား) – လက္ဖက္ရည္ဇြန္း ၁ ဇြန္း
ရွားေစာင္းလက္ပတ္အရည္ – လက္ဖက္ရည္ဇြန္း ၁ ဇြန္း
ေရ – ခြက္တစ္ဝက္ခန႔္
ျပဳလုပ္ပုံ
ေဖာ္ျပထားတဲ့ ပါဝင္ပစၥည္းအကုန္လုံးကို အရည္ညႇစ္ၿပီး အိပ္ရာမဝင္ခင္ေသာက္သုံးေပးပါ။ တစ္လေသာက္ၿပီး တစ္ပတ္နားေပးကာ လိုအပ္လွ်င္ ျပန္စေပးႏိုင္ပါတယ္။
ဂရိတ္ဖ႐ုႏွင့္သစ္ႀကံပိုးေခါက္ေဖ်ာ္ရည္
ပါဝင္ပစၥည္းမ်ား
ဂရိတ္ဖ႐ုအရည္ – ၅၀၀ မီလီလီတာ
စပါကလင္ေရ – ၅၀၀ မီလီလီတာ
ေရ – ၁ ခြက္
သစ္ႀကံပိုးေခါက္ – ၂ ေခ်ာင္း
စမုန္စပါးေစ့ – ၁ ေစ့
ပူစီနံ၊ ေရခဲ၊ သၾကားအနည္းငယ္
ျပဳလုပ္နည္း
သၾကား၊ ေရႏွင့္ သစ္ႀကံပိုးေခါက္တို႔ကို ဒယ္အိုးထဲေပါင္းထည့္ၿပီး အခ်ိဳရည္ရေအာင္လုပ္ပါ။ သၾကားမေပ်ာ္မခ်င္း ငါးမိနစ္မွဆယ္မိနစ္အထိ ေမႊေပးပါ။ အေအးခံၿပီး အသီးအရည္ေတြ၊ အခ်ိဳရည္ႏွင့္ စပါကလင္ေရတို႔ကို ခရားတစ္ခုထဲမွာ ေရာေမႊပါ။ ေရခဲႏွင့္ ပူစီနံ၊ စမုန္ေစ့တို႔ကို ထည့္ၿပီးရင္ ေသာက္သုံးႏိုင္ပါၿပီ။
ပူရွိန္းရွိန္းေလးနဲ႔ အိႏၵိယစတိုင္ေဖ်ာ္ရည္
ပါဝင္ပစၥည္းမ်ား
သံပရာသီး – ၄ လုံး
ဂ်င္း၊ ပူစီနံ
စပါကလင္ေရ – ၁ လီတာ
ေရ – ခြက္တစ္ဝက္ခန႔္
ေရခဲ၊ သၾကားအနည္းငယ္
ျပဳလုပ္ပုံအဆင့္ဆင့္
သံပရာသီးအခ်ိဳု႔ကိုအရည္ညႇစ္ၿပီး သၾကားႏွင့္ ေရခြက္တစ္ဝက္ကို ဒယ္အိုးထဲေပါင္းထည့္ကာ သၾကားအရည္ေပ်ာ္သည္အထိ ေမႊေပးပါ။ ဂ်င္းကို ျခစ္ၿပီး အခ်ိဳရည္ထဲေပါင္းထည့္ပါ။ ပြက္လာၿပီဆိုရင္ မီးပိတ္လိုက္ၿပီး အေအးခံပါ။ သံပရာရည္၊ စပါကလင္ေရႏွင့္ေရခဲတို႔ကို ေရာထည့္ၿပီး ပူစီနံ၊ သံပရာသီးအျခမ္းေလးေတြနဲ႔ အလွဆင္ၿပီးရင္ အရသာရွိရွိေသာက္သုံးႏိုင္ပါၿပီ။
ဖိုးသူေတာ္(www.phothutaw.com)
Credit:myfood
#Unicode Version#
ကိုယ်အလေးချိန်လည်းလျော့ချလိုတယ်၊ ကျန်းမာရေးနဲ့ညီညွတ်ပြီး ကျစ်လျစ်လှပတဲ့ ကိုယ်ခန္ဓာကိုလည်း ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ယခုဖော်ပြပေးမယ့်အိမ်လုပ်ဖျော်ရည်လေးတွေကို သောက်သုံးပေးနိုင်ပါတယ်နော်။အခြေခံလုပ်နည်းလေးတွေဖြစ်လို့ ကိုယ်ကြိုက်နှစ်သက်တဲ့အတိုင်း ပြန်လည်ပြုပြင်နိုင်မှာဖြစ်ပြီး အရသာလည်းအလွန်ရှိမှာပါနော်။
သခွားသီးအဆီကျဖျော်ရည်
ပါဝင်ပစ္စည်းများ
သခွားသီး – ၁ လုံး
နံနံပင် – လက်တစ်ဆုပ်စာ
သံပုယိုသီး – ၁ လုံး
ဂျင်း (ထောင်းပြီးသား) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရှားစောင်းလက်ပတ်အရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ – ခွက်တစ်ဝက်ခန့်
ပြုလုပ်ပုံ
ဖော်ပြထားတဲ့ ပါဝင်ပစ္စည်းအကုန်လုံးကို အရည်ညှစ်ပြီး အိပ်ရာမဝင်ခင်သောက်သုံးပေးပါ။ တစ်လသောက်ပြီး တစ်ပတ်နားပေးကာ လိုအပ်လျှင် ပြန်စပေးနိုင်ပါတယ်။
ဂရိတ်ဖရုနှင့်သစ်ကြံပိုးခေါက်ဖျော်ရည်
ပါဝင်ပစ္စည်းများ
ဂရိတ်ဖရုအရည် – ၅၀၀ မီလီလီတာ
စပါကလင်ရေ – ၅၀၀ မီလီလီတာ
ရေ – ၁ ခွက်
သစ်ကြံပိုးခေါက် – ၂ ချောင်း
စမုန်စပါးစေ့ – ၁ စေ့
ပူစီနံ၊ ရေခဲ၊ သကြားအနည်းငယ်
ပြုလုပ်နည်း
သကြား၊ ရေနှင့် သစ်ကြံပိုးခေါက်တို့ကို ဒယ်အိုးထဲပေါင်းထည့်ပြီး အချိုရည်ရအောင်လုပ်ပါ။ သကြားမပျော်မချင်း ငါးမိနစ်မှဆယ်မိနစ်အထိ မွှေပေးပါ။ အအေးခံပြီး အသီးအရည်တွေ၊ အချိုရည်နှင့် စပါကလင်ရေတို့ကို ခရားတစ်ခုထဲမှာ ရောမွှေပါ။ ရေခဲနှင့် ပူစီနံ၊ စမုန်စေ့တို့ကို ထည့်ပြီးရင် သောက်သုံးနိုင်ပါပြီ။
ပူရှိန်းရှိန်းလေးနဲ့ အိန္ဒိယစတိုင်ဖျော်ရည်
ပါဝင်ပစ္စည်းများ
သံပရာသီး – ၄ လုံး
ဂျင်း၊ ပူစီနံ
စပါကလင်ရေ – ၁ လီတာ
ရေ – ခွက်တစ်ဝက်ခန့်
ရေခဲ၊ သကြားအနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
သံပရာသီးအချိုု့ကိုအရည်ညှစ်ပြီး သကြားနှင့် ရေခွက်တစ်ဝက်ကို ဒယ်အိုးထဲပေါင်းထည့်ကာ သကြားအရည်ပျော်သည်အထိ မွှေပေးပါ။ ဂျင်းကို ခြစ်ပြီး အချိုရည်ထဲပေါင်းထည့်ပါ။ ပွက်လာပြီဆိုရင် မီးပိတ်လိုက်ပြီး အအေးခံပါ။ သံပရာရည်၊ စပါကလင်ရေနှင့်ရေခဲတို့ကို ရောထည့်ပြီး ပူစီနံ၊ သံပရာသီးအခြမ်းလေးတွေနဲ့ အလှဆင်ပြီးရင် အရသာရှိရှိသောက်သုံးနိုင်ပါပြီ။
ဖိုးသူတော်(www.phothutaw.com)
Credit:myfood
Home
»
က်န္းမာေရး
»
စားေသာက္ဖြယ္
»
ဗဟုသုတ
» ဗိုက္ကအဆီပိုေတြကို ဖယ္ရွားခ်င္တယ္ဆိုရင္ ဒီေဖ်ာ္ရည္ (၃) ခြက္ကို အိပ္ရာမဝင္ခင္ ေသာက္သုံးေပးေနာ္
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။