20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ဧရာ၀တီတိုင္း ျမန္ ေအာင္ၿမိဳ႕နယ္၌ ၀က္သားေပၚရာ တြင္ ဟင္းစားမေပးသည့္ကိစၥျဖင့္ စကားမ်ားရန္ျဖစ္ရာမွ လူသတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း အင္ပင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။

ေသဆုံးသူသည္ ျမန္ေအာင္ ၿမိဳ႕နယ္ အင္ပင္ၿမိဳ႕ေနအသက္ (၄၀)ႏွစ္ရွိ ၀င္းမင္းလတ္ဆုိသူျဖစ္ ၿပီး ေမလ ၁၆ ရက္ည ၉ နာရီခြဲ တြင္ တစ္ရြာတည္းေန (၃၂)ႏွစ္ရွိ ခုိင္စုိးလင္းႏွင့္အတူ ရြာအေနာက္ ပိုင္းေနအိမ္တစ္အိမ္၌ အရက္အ တူတူေသာက္ခဲ့သည္ဟု ရဲမွတ္ တမ္း၌ ေဖာ္ျပသည္။

ထုိသုိ႔အရက္ေသာက္စဥ္ လြန္ခဲ့ေသာ ၁၀ ရက္က ရြာရွိ နာေရးအိမ္အတြက္ ရက္လည္ ဆြမ္းေကြၽးျပဳလုပ္ရန္ ၀က္သား ေပၚသည့္ကိစၥႏွင့္ပတ္သက္ၿပီး ခုိင္စုိးလင္းက ဟင္းစားမေပး သည္ကုိ ေျပာဆုိရင္း စကားမ်ား ရန္ျဖစ္ခဲ့ေၾကာင္း အုပ္ခ်ဳပ္ေရးမွဴး က ေျပာသည္။

ထုိသုိ႔စကားမ်ားစဥ္ ခုိင္စုိး လင္းက ထရံတြင္ထုိးထားသည့္ အ႐ုိးအသြား ၁၅ လက္မခန္႔ရွိ ထန္းကိုင္ဓားမကုိ ယူကာ ၀င္း မင္းလတ္၏ လည္ပင္းကုိခုတ္ခဲ့ ျခင္းျဖစ္သည္ဟု ရဲမွတ္တမ္းက ဆုိသည္။

၀င္းမင္းလတ္သည္ လည္ ပင္းျပတ္ရွဒဏ္ရာရရွိကာ အခင္း ျဖစ္ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးခဲ့ သည္။

‘‘သူတို႔ႏွစ္ေယာက္စလုံးက ငယ္သူငယ္ခ်င္းေတြပါ။ ၿပီးခဲ့တဲ့ ၁၀ ရက္က ၀က္ေပၚရာမွာ ဟင္း စားမေပးလုိ႔ဆုိၿပီး စကားမ်ားထား ေသးတယ္။ အခင္းျဖစ္ေန႔က လည္း သူတို႔ႏွစ္ေယာက္အရက္ အတူတူေသာက္ေနတာ။ ၿပီး ေတာ့ စကားႏုိင္လုၾကတယ္လုိ႔ သိရတယ္။ ဒီလုိစကားႏုိုင္လုရင္း ရန္ျဖစ္လူသတ္မႈျဖစ္ကုန္တာပါ။ တရားခံကုိေတာ့ အဲဒီေန႔မွာ ခ်က္ ခ်င္းဖမ္းမိပါတယ္’’ ဟု အထက္ ပါအုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ခုိင္စုိးလင္းကုိ အင္ပင္နယ္ေျမရဲ စခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၀၂ (လူသတ္မႈ)ျဖင့္ အမႈဖြင့္အေရးယူ ထားသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:7Daydaily
#Unicode Version#
ဧရာဝတီတိုင်း မြန် အောင်မြို့နယ်၌ ဝက်သားပေါ်ရာ တွင် ဟင်းစားမပေးသည့်ကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း အင်ပင်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

သေဆုံးသူသည် မြန်အောင် မြို့နယ် အင်ပင်မြို့နေအသက် (၄၀)နှစ်ရှိ ဝင်းမင်းလတ်ဆိုသူဖြစ် ပြီး မေလ ၁၆ ရက်ည ၉ နာရီခွဲ တွင် တစ်ရွာတည်းနေ (၃၂)နှစ်ရှိ ခိုင်စိုးလင်းနှင့်အတူ ရွာအနောက် ပိုင်းနေအိမ်တစ်အိမ်၌ အရက်အ တူတူသောက်ခဲ့သည်ဟု ရဲမှတ် တမ်း၌ ဖော်ပြသည်။

ထိုသို့အရက်သောက်စဉ် လွန်ခဲ့သော ၁၀ ရက်က ရွာရှိ နာရေးအိမ်အတွက် ရက်လည် ဆွမ်းကျွေးပြုလုပ်ရန် ဝက်သား ပေါ်သည့်ကိစ္စနှင့်ပတ်သက်ပြီး ခိုင်စိုးလင်းက ဟင်းစားမပေး သည်ကို ပြောဆိုရင်း စကားများ ရန်ဖြစ်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူး က ပြောသည်။

ထိုသို့စကားများစဉ် ခိုင်စိုး လင်းက ထရံတွင်ထိုးထားသည့် အရိုးအသွား ၁၅ လက်မခန့်ရှိ ထန်းကိုင်ဓားမကို ယူကာ ဝင်း မင်းလတ်၏ လည်ပင်းကိုခုတ်ခဲ့ ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းက ဆိုသည်။

ဝင်းမင်းလတ်သည် လည် ပင်းပြတ်ရှဒဏ်ရာရရှိကာ အခင်း ဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ သည်။

‘‘သူတို့နှစ်ယောက်စလုံးက ငယ်သူငယ်ချင်းတွေပါ။ ပြီးခဲ့တဲ့ ၁၀ ရက်က ဝက်ပေါ်ရာမှာ ဟင်း စားမပေးလို့ဆိုပြီး စကားများထား သေးတယ်။ အခင်းဖြစ်နေ့က လည်း သူတို့နှစ်ယောက်အရက် အတူတူသောက်နေတာ။ ပြီး တော့ စကားနိုင်လုကြတယ်လို့ သိရတယ်။ ဒီလိုစကားနိုင်လုရင်း ရန်ဖြစ်လူသတ်မှုဖြစ်ကုန်တာပါ။ တရားခံကိုတော့ အဲဒီနေ့မှာ ချက် ချင်းဖမ်းမိပါတယ်’’ ဟု အထက် ပါအုပ်ချုပ်ရေးမှူးက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ခိုင်စိုးလင်းကို အင်ပင်နယ်မြေရဲ စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့်အရေးယူ ထားသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:7Daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top