ထိုင္နိုင္ငံ ေျမာက္ပိုင္ ခ်င္းမိုင္ ခရိုင္ စန္ဆိုင္း ျမိဳ ့နယ္အတြင္းက သစ္သီးျခံ တစ္ ျခံအတြင္းက ကုန္ေလွာင္ရံု အခန္းငယ္ထဲမွာ အျပင္ကေနေသာ့ခတ္ျပီး ႏွစ္ရက္ၾကာပိတ္ေလွာင္ထားတဲ့ လူေမွာင္ခိုသမားေတြရဲ ့ တေထာက္နားေနရာကို ခ်င္းမိုင္လ၀က နဲ ့ ရဲတပ္ဖြဲ ့၀င္ေတြက ေမလ (၇) ရက္ေန ့ ေန ့လည္ပိုင္းက ရွာေဖြေတြ ့ရွိသြားၾကတာျဖစ္ပါတယ္။

အေထာက္အထား စာရြတ္စာတမ္း ကိုင္ေဆာင္ထားတာမရွိၾကတဲ့ ျမန္မာနိုင္ငံသား အမ်ိဳးသမီး (၁၅) ဦး အမ်ိဳးသား (၁၁) ဦးဟာ အပူခ်ိန္ျပင္းတဲ့ ရာသီဥတုကို မခံနိုင္လို ့ တခ်ိဳ ့ဟာ မူးေ၀ ေအာ့အန္ ျပီး ေခ်ြးထြက္လြန္ ေမာပန္းေနၾကတာ ေတြ ့ရပါတယ္။

ျမန္မာနိုင္ငံသားေတြကို ထိုင္းျမန္မာနယ္စပ္ မဲဆိုင္ျမိဳ ့ကေန လူေမွာင္ခိုသမားေတြဟာ ကုန္တင္ကားေတြနဲ ့ ေခၚလာခဲ့ၾကတာ ျဖစ္ေၾကာင္း သိရပါတယ္၊ ဘန္ေကာက္အထိ ေခၚေဆာင္သြားမွာျဖစ္ျပီး ယခုေနရာဟာ ေနာက္ထပ္လာေခၚမွာ လူေမွာင္ခိုသမားေတြ ကို ေစာင့္ေနၾကတာလို ့ ဆိုပါတယ္။

ခ်င္းမိုင္လ၀က ဦးစီးအရာရွိ Komen Suparp ကိုမန္ ဆူဖတ္ ေျပာဆိုသြားတာကေတာ့ ဟတရားမ၀င္ ျမန္မာနိုင္ငံသားေတြကို ပိတ္ေလွာင္ထားတဲ့ ျခံပိုင္ရွင္နဲ ့ လူကုန္ကူးမွုမွာပါတ္သက္ေနတဲ့ လူေမွာင္ခို ဂိုဏ္း၀င္ေတြကို ဆက္လက္ေဖၚထုတ္အေရးယူ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ေျပာဆိုသြားပါတယ္။

ထိုင္းနိုင္ငံေျမာက္ပိုင္း ခ်င္းမိုင္ခရိုင္ ဟာ ျမန္မာနိုင္ငံသားေတြ အမ်ားဆံုး လာေရာက္အလုပ္လုပ္ကိုင္ေနၾကတဲ့ ေဒသျဖစ္ပါတယ္ ခ်င္းမိုင္ျမိဳ ့မွာတင္ တရား၀င္ လာေရာက္ လုပ္ကိုင္ေနၾကတဲ့( ျမန္မာနိုင္ငံ ရွမ္းျပည္နယ္က အမ်ားစုပါ၀င္ )ျမန္မာနိုင္ငံသားေတြဟာ နွစ္သိန္းေက်ာ္ရွိေနတယ္လို ့ တရား၀င္ စရင္းေတြအရ သိရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:thutasone

#Unicode Version#
ထိုင်နိုင်ငံ မြောက်ပိုင် ချင်းမိုင် ခရိုင် စန်ဆိုင်း မြို့နယ်အတွင်းက သစ်သီးခြံ တစ် ခြံအတွင်းက ကုန်လှောင်ရုံ အခန်းငယ်ထဲမှာ အပြင်ကနေသော့ခတ်ပြီး နှစ်ရက်ကြာပိတ်လှောင်ထားတဲ့ လူမှောင်ခိုသမားတွေရဲ့ တထောက်နားနေရာကို ချင်းမိုင်လဝက နဲ့ ရဲတပ်ဖွဲ့ဝင်တွေက မေလ (၇) ရက်နေ့ နေ့လည်ပိုင်းက ရှာဖွေတွေ့ရှိသွားကြတာဖြစ်ပါတယ်။

အထောက်အထား စာရွတ်စာတမ်း ကိုင်ဆောင်ထားတာမရှိကြတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး (၁၅) ဦး အမျိုးသား (၁၁) ဦးဟာ အပူချိန်ပြင်းတဲ့ ရာသီဥတုကို မခံနိုင်လို့ တချို့ဟာ မူးေ၀ အော့အန် ပြီး ချွေးထွက်လွန် မောပန်းနေကြတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံသားတွေကို ထိုင်းမြန်မာနယ်စပ် မဲဆိုင်မြို့ကနေ လူမှောင်ခိုသမားတွေဟာ ကုန်တင်ကားတွေနဲ့ ခေါ်လာခဲ့ကြတာ ဖြစ်ကြောင်း သိရပါတယ်၊ ဘန်ကောက်အထိ ခေါ်ဆောင်သွားမှာဖြစ်ပြီး ယခုနေရာဟာ နောက်ထပ်လာခေါ်မှာ လူမှောင်ခိုသမားတွေ ကို စောင့်နေကြတာလို့ ဆိုပါတယ်။

ချင်းမိုင်လဝက ဦးစီးအရာရှိ Komen Suparp ကိုမန် ဆူဖတ် ပြောဆိုသွားတာကတော့ ဟတရားမဝင် မြန်မာနိုင်ငံသားတွေကို ပိတ်လှောင်ထားတဲ့ ခြံပိုင်ရှင်နဲ့ လူကုန်ကူးမှုမှာပါတ်သက်နေတဲ့ လူမှောင်ခို ဂိုဏ်းဝင်တွေကို ဆက်လက်ဖေါ်ထုတ်အရေးယူ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောဆိုသွားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဟာ မြန်မာနိုင်ငံသားတွေ အများဆုံး လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ဒေသဖြစ်ပါတယ် ချင်းမိုင်မြို့မှာတင် တရားဝင် လာရောက် လုပ်ကိုင်နေကြတဲ့( မြန်မာနိုင်ငံ ရှမ်းပြည်နယ်က အများစုပါဝင် )မြန်မာနိုင်ငံသားတွေဟာ နှစ်သိန်းကျော်ရှိနေတယ်လို့ တရားဝင် စရင်းတွေအရ သိရပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top