ခ်င္းတြင္းတံတားေအာက္ စက္ေလွ ႏွစ္စင္းတိုက္ ႐ုပ္​အ​ေလာင္​း ၂​ေလာင္​း႐ွာ​ေတြ႔ ၃ဦး​ေပ်ာက္​ဆံုး​ေန

မံုရြာျမိဳ႕ ခ်င္းတြင္းတံတားေအာက္တြင္ ေဖာင္ဆြဲ ေရယာဥ္ႏွင့္ကုန္ေမာ္ေတာ္ ႏွစ္စင္း တိုက္ကာ ေဖာင္ဆြဲေရယာဥ္​နစ္ျမဳပ္သြားခဲ႔သည္။

ကုန္ေမာ္ေတာ္ႏွင့္တိုက္မိကာ ေဖာင္ဆြဲေရယာဥ္မွာ တိမ္းေမွာက္သြားျခင္းျဖစ္သည္။ရယာဥ္ေပၚလိုက္ပါသူမ်ား၏ ေျပာျပခ်က္အရ ေဖာင္ဆြဲေရယာဥ္ေပၚတြင္ ၁၁ ဦးလိုက္ပါလာျခင္းျဖစ္ျပီး ၆ဦးလြတ္ေျမာက္လာသည္ဟု သိရသည္။

” ႏွစ္စင္းလံုးဆန္တက္ၾကရင္း တိုက္မိတာ။ကြ်န္ေတာ္တို႔ကအေနာက္ဖ်ားမွာဆိုေတာ့ ခုန္ဆင္းလိုက္တာ။”ဟုေဖာင္ဆြဲအျမန္ယာဥ္ေပၚလိုက္ပါသူ ဦးမိိ်ဳးဝင္းကေျပာသည္။

လတ္တေလာတြင္ အေလာင္း၂ေလာင္း ေတြ႔ရွိထားျပီးအျမန္ယာဥ္ကို ဆယ္ယူေနဆဲျဖစ္သည္။အိအိမြန္၊​ေမာင္​ႀကီးငယ္​ငယ္​

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Monywa Gazette

#Unicode Version# ျဖင့္ဖတ္ပါ ။

ချင်းတွင်းတံတားအောက် စက်လှေ နှစ်စင်းတိုက် ရုပ်အလောင်း ၂လောင်းရှာတွေ့ ၃ဦးပျောက်ဆုံးနေ

မုံရွာမြို့ ချင်းတွင်းတံတားအောက်တွင် ဖောင်ဆွဲ ရေယာဉ်နှင့်ကုန်မော်တော် နှစ်စင်း တိုက်ကာ ဖောင်ဆွဲရေယာဉ်နစ်မြုပ်သွားခဲ့သည်။

ကုန်မော်တော်နှင့်တိုက်မိကာ ဖောင်ဆွဲရေယာဉ်မှာ တိမ်းမှောက်သွားခြင်းဖြစ်သည်။ရယာဉ်ပေါ်လိုက်ပါသူများ၏ ပြောပြချက်အရ ဖောင်ဆွဲရေယာဉ်ပေါ်တွင် ၁၁ ဦးလိုက်ပါလာခြင်းဖြစ်ပြီး ၆ဦးလွတ်မြောက်လာသည်ဟု သိရသည်။

” နှစ်စင်းလုံးဆန်တက်ကြရင်း တိုက်မိတာ။ကျွန်တော်တို့ကအနောက်ဖျားမှာဆိုတော့ ခုန်ဆင်းလိုက်တာ။”ဟုဖောင်ဆွဲအမြန်ယာဉ်ပေါ်လိုက်ပါသူ ဦးမျိုးဝင်းကပြောသည်။

လတ်တလောတွင် အလောင်း၂လောင်း တွေ့ရှိထားပြီးအမြန်ယာဉ်ကို ဆယ်ယူနေဆဲဖြစ်သည်။အိအိမွန်၊မောင်ကြီးငယ်ငယ်

ဖိုးသူတော် (www.phothutaw.com)
Credit:Monywa Gazette
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top