20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ျမင့္ျမတ္ရဲ့ တည္ၾကည္မႈ၊ရိုးရိုးေအးေအးပဲ ေနတတ္တဲ့ ပံုစံကို ျမန္မာတစ္ႏုိင္ငံလံုးက ပရိသတ္ေတြက အမ်ိဳးသမီးပရိသတ္ေတြသာမကပဲ အမ်ိဳးသားပရိသတ္ေတြပါ ဝန္းရံခံရတဲ႔ အႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါတယ္။ဒါေပမယ့္ ခပ္တည္တည္နဲ႔ ေအးေအးပဲေနတတ္သူမို႔ ျမင့္ျမတ္ကို အမ်ိဳးသမီးပရိသတ္ေတြက အနည္းနဲ႔ အမ်ားဆိုသလို ရွိန္ၾကတာေတြ ရွိပါတယ္။ေအးေအးေဆးေ ဆးပဲ ေနတတ္ သလို ဇာတ္ၾကမ္း၊ ဟာသအျပင္ မိန္းမလို ကာရုိက္တာေပါင္းစံုကိုပိုင္ပိုင္ႏုိင္ႏုိင္ သရုပ္ေဆာင္ႏုိင္သူလည္းျဖစ္ပါတယ္။ မင္းသားေတြထဲမွာ အမ်ိဳးသားပရိသတ္ အားေပးဝန္းရံခံရဆံုး နံပါတ္ တစ္စာရင္းဝင္သူပဲ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ျမင့္ျမတ္ပါဝင္ထားတဲ႕”ေက်ာမွ ဂဠဳန္ ၊ ရင္မွာ နဂါး” ႐ုပ္ရွင္ ဟာ ေမလ၁၆ရက္ေန့မွာျပသေတာ့မွာျဖစ္ပါတယ္။ ဂ်င္းေကာင္အေသးစားေလးဆိုၿပီးေခၚဆိုၾကတာမို႔ အားတဲ့အခ်ိန္ေတြမွာဂ်င္းေကာင္ေလးကိုထိန္းေနတယ္လို႕လည္းေျပာျပခဲ့ပါတယ္။ ရုိက္ကြင္းမရွိတဲ့ရက္ေတြမွာ အတူတူေဆာ့ေပးျဖစ္ၿပီး ခ်ီဖစ္တယ္လို႕လည္းေျပာျပခဲ႕ပါတယ္။ ခရီးေတြ သြားရင္မိန္းမကို ခေလးမခ်ီခိုင္းတာက မိန္းမကိုအပ်ိဳေလးလုပ္ခိုင္းတာခ်စ္လို႔ပါေျပာျပခဲ့ပါတယ္။ အားတဲ့အခ်ိန္ေတြ ရူတင္နားခ်ိန္ေတြမွာမိသားစုနဲ႕ဂိမ္းကိုပဲအခ်ိန္ေပးျဖစ္တယ္လို႔ ေျပာလာခဲ့ပါတယ္။ ေက်ာင္းသားဘဝထဲကဂိမ္းကိုဝါသနာပါခဲ့တာမို႔ အရင္တုန္းက ကြန္ပ်ဴတာထဲမွာပဲေဆာ့လို႔ရတျံဂိမ္းေတြက ဖုန္းထဲေရာက္လာတာမို႔ ပိုေဆာ့ျဖစ္တယ္လို႔သိရပါတယ္။မႀကီးစိုးကလည္း ျမင့္ျမတ္သင္ေပးလိုက္တာေၾကာင့္ ဂိမ္းေဆာ့တတ္ေနၿပီလို႔သိရပါတယ္။အရင္ငယ္တဲ့အခ်ိန္တုန္းကေတာ့ အားတဲ့အခ်ိန္ ရူတင္အၿပီးေတြမွာ ေကတီဗီေတြ၊ ဘားေတြ သြားျဖစ္ေပမယ့္ အသက္အရြယ္ရလာေတာ့ သြားခ်င္စိတ္မရွိေတာ့ဘဲ ” ဂိမ္းကလည္းေတာ္ေတာ္ျငိတယ္”တာမို႕ ဂိမ္းနဲ႔မိသားစုက ဘဝလိုေတာင္ျဖစ္ေနၿပီလို႔ေျပာျပခဲ့ပါတယ္။Cele Gabar ပရိသတ္ႀကီးေရာ ဂ်င္းေကာင္တိ္ု႕ မိသားစုကိုခ်စ္ရင္ တစ္ခုခုမွတ္ခ်က္ေပးခဲ့ပါဦးေနာ္။
 
ဖိုးသူေတာ္(www.phothutaw.com)
Credit: celegabar

#Unicode Version#
မြင့်မြတ်ရဲ့ တည်ကြည်မှု၊ရိုးရိုးအေးအေးပဲ နေတတ်တဲ့ ပုံစံကို မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေက အမျိုးသမီးပရိသတ်တွေသာမကပဲ အမျိုးသားပရိသတ်တွေပါ ဝန်းရံခံရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ဒါပေမယ့် ခပ်တည်တည်နဲ့ အေးအေးပဲနေတတ်သူမို့ မြင့်မြတ်ကို အမျိုးသမီးပရိသတ်တွေက အနည်းနဲ့ အများဆိုသလို ရှိန်ကြတာတွေ ရှိပါတယ်။အေးအေးဆေးေ ဆးပဲ နေတတ် သလို ဇာတ်ကြမ်း၊ ဟာသအပြင် မိန်းမလို ကာရိုက်တာပေါင်းစုံကိုပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်သူလည်းဖြစ်ပါတယ်။ မင်းသားတွေထဲမှာ အမျိုးသားပရိသတ် အားပေးဝန်းရံခံရဆုံး နံပါတ် တစ်စာရင်းဝင်သူပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြင့်မြတ်ပါဝင်ထားတဲ့”ကျောမှ ဂဠုန် ၊ ရင်မှာ နဂါး” ရုပ်ရှင် ဟာ မေလ၁၆ရက်နေ့မှာပြသတော့မှာဖြစ်ပါတယ်။ ဂျင်းကောင်အသေးစားလေးဆိုပြီးခေါ်ဆိုကြတာမို့ အားတဲ့အချိန်တွေမှာဂျင်းကောင်လေးကိုထိန်းနေတယ်လို့လည်းပြောပြခဲ့ပါတယ်။ ရိုက်ကွင်းမရှိတဲ့ရက်တွေမှာ အတူတူဆော့ပေးဖြစ်ပြီး ချီဖစ်တယ်လို့လည်းပြောပြခဲ့ပါတယ်။ ခရီးတွေ သွားရင်မိန်းမကို ခလေးမချီခိုင်းတာက မိန်းမကိုအပျိုလေးလုပ်ခိုင်းတာချစ်လို့ပါပြောပြခဲ့ပါတယ်။ အားတဲ့အချိန်တွေ ရူတင်နားချိန်တွေမှာမိသားစုနဲ့ဂိမ်းကိုပဲအချိန်ပေးဖြစ်တယ်လို့ ပြောလာခဲ့ပါတယ်။ ကျောင်းသားဘဝထဲကဂိမ်းကိုဝါသနာပါခဲ့တာမို့ အရင်တုန်းက ကွန်ပျူတာထဲမှာပဲဆော့လို့ရတြံဂိမ်းတွေက ဖုန်းထဲရောက်လာတာမို့ ပိုဆော့ဖြစ်တယ်လို့သိရပါတယ်။မကြီးစိုးကလည်း မြင့်မြတ်သင်ပေးလိုက်တာကြောင့် ဂိမ်းဆော့တတ်နေပြီလို့သိရပါတယ်။အရင်ငယ်တဲ့အချိန်တုန်းကတော့ အားတဲ့အချိန် ရူတင်အပြီးတွေမှာ ကေတီဗီတွေ၊ ဘားတွေ သွားဖြစ်ပေမယ့် အသက်အရွယ်ရလာတော့ သွားချင်စိတ်မရှိတော့ဘဲ ” ဂိမ်းကလည်းတော်တော်ငြိတယ်”တာမို့ ဂိမ်းနဲ့မိသားစုက ဘဝလိုတောင်ဖြစ်နေပြီလို့ပြောပြခဲ့ပါတယ်။Cele Gabar ပရိသတ်ကြီးရော ဂျင်းကောင်တို့ မိသားစုကိုချစ်ရင် တစ်ခုခုမှတ်ချက်ပေးခဲ့ပါဦးနော်။


ဖိုးသူတော်(www.phothutaw.com)
Credit: celegabar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top