တစ္ခ်ိန္က ပရိသတ္ေတြကုိ အႀကိဳက္ေတြ႔ေစမယ့္ အက္႐ွင္ဇာတ္ကားေတြ ဗီဒီယုိကားေတြမ်ားစြာကုိ အေကာင္းဆုံး သ႐ုပ္ေဆာင္ခဲ့ၿပီး လက္႐ွိအခ်ိန္မွာလည္း ဒါ႐ုိက္တာအလုပ္ကုိ လုပ္ေနတဲ့ သ႐ုပ္ေဆာင္ မင္းခန္႔ေက်ာ္ကေတာ့ ျမန္မာမိန္းကေလးေတြ ေဖာ္ခြၽတ္လုပ္ေနတာေတြကုိ ျပင္းျပင္းထန္ထန္ေဝဖန္ေနပါတယ္။ ျမန္မာႏုိင္ငံမွာ ညစ္ညမ္းကား ႐ုိက္လုိ႔ရရင္ ႐ုိက္ခ်င္ၿပီး ေဖာ္ခြၽတ္ခ်င္တဲ့သူေတြကုိ ေခၚ႐ုိက္ခ်င္တယ္လုိ႔ We Media ရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ဒါ႐ိုက္တာ မင္းခန္႔ေက်ာ္က”Facebook ေတြမွာ တက္လာတယ္ ကြၽန္ေတာ္တုိ႔ ျမန္မာမိန္းကေလးေတြက ခြၽတ္မွ ေဖာ္မွ Cele ျဖစ္မယ္လုိ႔ သူတုိ႔ ထင္ၾကတာဗ်။ ျမန္မာျပည္မွာေနရင္ ျမန္မာစိတ္ေလးပဲ ထားပါ။ ဘာလုိ႔ဒါႀကီးကုိ မေပၚေပၚေအာင္ မေပၚရင္ေတာင္ အက်ႌေလးဟေနတယ္။ အေပၚတက္သြားရင္ေတာင္ ေအာက္ဆြဲခ်တယ္။ ၿပီးရင္ Live လႊင့္တယ္ လႊင့္ရင္းနဲ႔ မသိမသာေလး မေပၚေပၚေအာင္ျပ ဘာလုပ္ၾကတာတုန္း။ အၿငိမ့္မင္းသမီးတစ္ေယာက္ကုိ ၾကည့္ႏုိင္ဖုိ႔ဆုိ ဇာတ္ေတြမွာ သြားၾကည့္ၾကရတယ္ သူ႔ရဲ႕အလွအပကုိ ခံစားဖုိ႔ သူ႔ရဲ႕ လ်ွပ္တျပက္အရာေလးကုိ ခံစားဖုိ႔ အၿငိမ့္မင္းသမီးက တစ္ခါတစ္ေလက်ရင္ လုိက္ကာ အပိတ္မွာ ပလုိ႔ ဂ်ီ ဆုိတာနဲ႔ ေဘာ္လီၾကဳိးျပဳတ္သြားရတာနဲ႔ အက်ႌေလး ဟသြားရတာနဲ႔ အဲ့က်မွ လုိက္ကာေအာက္ကေန အသည္းအသန္ကုန္းၾကည့္ရတာ႐ွိတယ္။ အဲ့တာဘာလဲဆုိေတာ့ ကုိယ္ႀကိဳက္တဲ့ မင္းသမီးရဲ႕ ခႏၶာကိုယ္ကုိ တန္ဖုိးထားၾကတာ။

အခုဟာက ေတာ္ေတာ္ႀကီးကုိ ဆုတ္ျပတ္ေနၿပီေလ။ Facebook မွာ Live လႊင့္ၿပီးတင္ေနတဲ့ အႏုပညာ႐ွင္ေတြေကာ Cele ျဖစ္ခ်င္တဲ့ သူေတြေရာ မလုပ္ၾကပါနဲ႔ တစ္ျခားနည္းနဲ႔ လုပ္ၾကပါ ရယ္စရာေလးေတြပဲ ျဖစ္ျဖစ္ဗ်ာ လုပ္လုိ႔ရပါတယ္။ ေနာက္ၿပီးေတာ့ အဲ့အေပၚမွာလည္း က်န္တဲ့သူေတြက အားမေပးၾကပါနဲ႔ ကုိယ့္ႏွမသားခ်င္း ကုိယ့္မိသားစုလုိ သေဘာထားၾကပါ။ ႐ုိက္ကူးေရးအတြက္ ကြၽန္ေတာ္တုိ႔ ႐ုပ္႐ွင္အစည္းအ႐ုံးကုိ ေမးခ်င္တယ္။ Blue ကား႐ုိက္လုိ႔ရလား အဲ့လုိျမန္မာကား ညစ္ညမ္းကားေတြ ေပၚေနတဲ့ကားေတြ ႐ုိက္လုိ႔ရလား။ နမ္းတာ႐ႈတ္တာကုိ မေျပာေသးဘူး ျမန္မာကားတုိးတက္လာၿပီတဲ့ ဆဲခံရတယ္။ ေပၚတင္ေတြ နမ္းလာၾကၿပီတဲ့ အဲ့နမ္းတဲ့ အခန္းပါမွ လူၾကည့္ၾကမွာလား။

တစ္ျခားႏုိင္ငံက အမ်ိဳးသမီးေတြ ေပၚတာ ကြၽန္ေတာ္တုိ႔ ၾကည့္ခ်င္ ေပမယ့္ ကုိယ့္ႏုိင္ငံက အမ်ိဴးသမီးေတြကုိေတာ့ မၾကည့္ခ်င္ဘူး။ ဘာလုိ႔ဆုိေတာ့ လူတုိင္းက ကုိယ့္ပစၥည္းကုိ တန္ဖုိးထားသလုိေပါ့ ကုိယ္ႏုိင္ငံက မိန္းကေလးတစ္ေယာက္ကုိ ကုိယ့္ညီမလုိသတ္မွတ္တယ္ ကုိယ့္ညီမကုိ တစ္ျခားေကာင္က လာေၾကာင္ရင္ ဘယ္အစ္ကုိမွ သည္းခံမွာ မဟုတ္ဘူးေလ အဲ့သေဘာပါပဲ အဲ့အတြက္သဝန္တုိတယ္ဗ်ာ။ စိတ္ပူတယ္။ ကြၽန္ေတာ္အခု ဘန္ေကာက္ကုိ သီခ်င္းသြားဆုိတယ္ ျပန္လာတယ္ ဘန္ေကာက္မွာ ကြၽန္ေတာ္ ေလ့လာခဲ့တယ္ ဘန္ေကာက္မွာ႐ွိတဲ့ ထုိင္းက မိန္းကေလးေတြ ေတာ္ေတာ္မ်ားမ်ား ျမန္မာႏုိင္ငံကလုိ ဝတ္တာ မေတြ႔ဘူးဗ်။ သူတုိ႔ဘာသာ လုံလုံျခံဳျခံဳယဥ္ယဥ္ေက်းေက်းေလးဗ်။

ဒါေပမဲ့ သူ႔ေနရာနဲ႔သူေတာ့ဝတ္ၾကတယ္ေလ မေကာင္းတဲ့တန္းကုိ ေရာက္သြားရင္ေတာ့ မေကာင္းသလုိ ဝတ္ၾကမွာပဲ။ ဒီႏုိင္ငံမွာေတာ့ အဲ့လုိမဟုတ္ဘူး အျပင္ေစ်းထြက္ဝယ္ၿပီဆုိရင္ ၾကဳိးတစ္ေခ်ာင္းတည္းနဲ႔ ထြက္တဲ့ မိန္းကေလးေတြ အမ်ားႀကီးပဲ အရမ္းကုိ ညစ္ညမ္းပါတယ္။ အဲ့အတြက္ေတာ့ စိတ္မေကာင္းဘူး ဒါေၾကာင့္လည္း ဒီစကားကုိ ေျပာတာပါ။တကယ္ကုိ ခြင့္ျပဳတယ္ဆုိရင္ ျမန္မာႏုိင္ငံမွာ တကယ္ကုိ ညစ္ညမ္းကား ႐ုိက္ခ်င္ပါတယ္ ဖူးကားလုိ႔ေျပာရင္ ႐ုိင္းေနမွာဆုိးလုိ႔ ညစ္ညမ္းကား႐ုိက္ခြင့္ေပးတယ္ဆုိရင္ အေဖာ္အခြၽတ္ကားေတြ ႐ုိက္ခြင့္ေပးမယ္ဆုိရင္ ႐ုိက္ခ်င္တယ္ အဲ့ေဖာ္ခ်င္တဲ့ မိန္းကေလးေတြ လာခဲ့ ကြၽန္ေတာ္႐ုိက္ေပးမယ္ ခြၽတ္တဲ့အခန္းေတြ သတၱိ႐ွိတယ္ဆုိရင္လာခဲ့ ကြၽန္ေတာ္ ဒါ႐ုိက္တာလုပ္ၿပီး ႐ုိက္ေပးမယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

တစ်ချိန်က ပရိသတ်တွေကို အကြိုက်တွေ့စေမယ့် အက်ရှင်ဇာတ်ကားတွေ ဗီဒီယိုကားတွေများစွာကို အကောင်းဆုံး သရုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်မှာလည်း ဒါရိုက်တာအလုပ်ကို လုပ်နေတဲ့ သရုပ်ဆောင် မင်းခန့်ကျော်ကတော့ မြန်မာမိန်းကလေးတွေ ဖော်ချွတ်လုပ်နေတာတွေကို ပြင်းပြင်းထန်ထန်ဝေဖန်နေပါတယ်။ မြန်မာနိုင်ငံမှာ ညစ်ညမ်းကား ရိုက်လို့ရရင် ရိုက်ချင်ပြီး ဖော်ချွတ်ချင်တဲ့သူတွေကို ခေါ်ရိုက်ချင်တယ်လို့ We Media ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ဒါရိုက်တာ မင်းခန့်ကျော်က”Facebook တွေမှာ တက်လာတယ် ကျွန်တော်တို့ မြန်မာမိန်းကလေးတွေက ချွတ်မှ ဖော်မှ Cele ဖြစ်မယ်လို့ သူတို့ ထင်ကြတာဗျ။ မြန်မာပြည်မှာနေရင် မြန်မာစိတ်လေးပဲ ထားပါ။ ဘာလို့ဒါကြီးကို မပေါ်ပေါ်အောင် မပေါ်ရင်တောင် အင်္ကျီလေးဟနေတယ်။ အပေါ်တက်သွားရင်တောင် အောက်ဆွဲချတယ်။ ပြီးရင် Live လွှင့်တယ် လွှင့်ရင်းနဲ့ မသိမသာလေး မပေါ်ပေါ်အောင်ပြ ဘာလုပ်ကြတာတုန်း။ အငြိမ့်မင်းသမီးတစ်ယောက်ကို ကြည့်နိုင်ဖို့ဆို ဇာတ်တွေမှာ သွားကြည့်ကြရတယ် သူ့ရဲ့အလှအပကို ခံစားဖို့ သူ့ရဲ့ လျှပ်တပြက်အရာလေးကို ခံစားဖို့ အငြိမ့်မင်းသမီးက တစ်ခါတစ်လေကျရင် လိုက်ကာ အပိတ်မှာ ပလို့ ဂျီ ဆိုတာနဲ့ ဘော်လီကြိုးပြုတ်သွားရတာနဲ့ အင်္ကျီလေး ဟသွားရတာနဲ့ အဲ့ကျမှ လိုက်ကာအောက်ကနေ အသည်းအသန်ကုန်းကြည့်ရတာရှိတယ်။ အဲ့တာဘာလဲဆိုတော့ ကိုယ်ကြိုက်တဲ့ မင်းသမီးရဲ့ ခန္ဓာကိုယ်ကို တန်ဖိုးထားကြတာ။

အခုဟာက တော်တော်ကြီးကို ဆုတ်ပြတ်နေပြီလေ။ Facebook မှာ Live လွှင့်ပြီးတင်နေတဲ့ အနုပညာရှင်တွေကော Cele ဖြစ်ချင်တဲ့ သူတွေရော မလုပ်ကြပါနဲ့ တစ်ခြားနည်းနဲ့ လုပ်ကြပါ ရယ်စရာလေးတွေပဲ ဖြစ်ဖြစ်ဗျာ လုပ်လို့ရပါတယ်။ နောက်ပြီးတော့ အဲ့အပေါ်မှာလည်း ကျန်တဲ့သူတွေက အားမပေးကြပါနဲ့ ကိုယ့်နှမသားချင်း ကိုယ့်မိသားစုလို သဘောထားကြပါ။ ရိုက်ကူးရေးအတွက် ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးကို မေးချင်တယ်။ Blue ကားရိုက်လို့ရလား အဲ့လိုမြန်မာကား ညစ်ညမ်းကားတွေ ပေါ်နေတဲ့ကားတွေ ရိုက်လို့ရလား။ နမ်းတာရှုတ်တာကို မပြောသေးဘူး မြန်မာကားတိုးတက်လာပြီတဲ့ ဆဲခံရတယ်။ ပေါ်တင်တွေ နမ်းလာကြပြီတဲ့ အဲ့နမ်းတဲ့ အခန်းပါမှ လူကြည့်ကြမှာလား။

တစ်ခြားနိုင်ငံက အမျိုးသမီးတွေ ပေါ်တာ ကျွန်တော်တို့ ကြည့်ချင် ပေမယ့် ကိုယ့်နိုင်ငံက အမျိူးသမီးတွေကိုတော့ မကြည့်ချင်ဘူး။ ဘာလို့ဆိုတော့ လူတိုင်းက ကိုယ့်ပစ္စည်းကို တန်ဖိုးထားသလိုပေါ့ ကိုယ်နိုင်ငံက မိန်းကလေးတစ်ယောက်ကို ကိုယ့်ညီမလိုသတ်မှတ်တယ် ကိုယ့်ညီမကို တစ်ခြားကောင်က လာကြောင်ရင် ဘယ်အစ်ကိုမှ သည်းခံမှာ မဟုတ်ဘူးလေ အဲ့သဘောပါပဲ အဲ့အတွက်သဝန်တိုတယ်ဗျာ။ စိတ်ပူတယ်။ ကျွန်တော်အခု ဘန်ကောက်ကို သီချင်းသွားဆိုတယ် ပြန်လာတယ် ဘန်ကောက်မှာ ကျွန်တော် လေ့လာခဲ့တယ် ဘန်ကောက်မှာရှိတဲ့ ထိုင်းက မိန်းကလေးတွေ တော်တော်များများ မြန်မာနိုင်ငံကလို ဝတ်တာ မတွေ့ဘူးဗျ။ သူတို့ဘာသာ လုံလုံခြုံခြုံယဉ်ယဉ်ကျေးကျေးလေးဗျ။

ဒါပေမဲ့ သူ့နေရာနဲ့သူတော့ဝတ်ကြတယ်လေ မကောင်းတဲ့တန်းကို ရောက်သွားရင်တော့ မကောင်းသလို ဝတ်ကြမှာပဲ။ ဒီနိုင်ငံမှာတော့ အဲ့လိုမဟုတ်ဘူး အပြင်ဈေးထွက်ဝယ်ပြီဆိုရင် ကြိုးတစ်ချောင်းတည်းနဲ့ ထွက်တဲ့ မိန်းကလေးတွေ အများကြီးပဲ အရမ်းကို ညစ်ညမ်းပါတယ်။ အဲ့အတွက်တော့ စိတ်မကောင်းဘူး ဒါကြောင့်လည်း ဒီစကားကို ပြောတာပါ။တကယ်ကို ခွင့်ပြုတယ်ဆိုရင် မြန်မာနိုင်ငံမှာ တကယ်ကို ညစ်ညမ်းကား ရိုက်ချင်ပါတယ် ဖူးကားလို့ပြောရင် ရိုင်းနေမှာဆိုးလို့ ညစ်ညမ်းကားရိုက်ခွင့်ပေးတယ်ဆိုရင် အဖော်အချွတ်ကားတွေ ရိုက်ခွင့်ပေးမယ်ဆိုရင် ရိုက်ချင်တယ် အဲ့ဖော်ချင်တဲ့ မိန်းကလေးတွေ လာခဲ့ ကျွန်တော်ရိုက်ပေးမယ် ချွတ်တဲ့အခန်းတွေ သတ္တိရှိတယ်ဆိုရင်လာခဲ့ ကျွန်တော် ဒါရိုက်တာလုပ်ပြီး ရိုက်ပေးမယ်။”လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top