မတ္လ ၃ ရက္ေန႔က ေနျပည္ေတာ္တြင္ က်င္းပခဲသည့္ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရး လူထုေထာက္ခံပြဲတြင္ ပ်က္လံုးပ်က္ခဲ့သည့္ ဇြဲ အၿငိမ့္အဖြဲ႕ကို ပုဒ္မ (၂၀၂)ျဖင့္ တရားစြဲရန္ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္က တရားရုံးတြင္ ဦးတိုက္ေလ်ာက္ထားေၾကာင္း သိရသည္။

“၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒျပင္ဆင္ေရး လူထုေထာက္ခံပြဲ မွာသူတို႔ပ်က္တဲ့ပ်က္လံုးအခ်ိဳ႕က တပ္မေတာ္ကို ထိခိုက္ေစတဲ့အတြက္ ေနျပည္ေတာ္ကရဲစခန္းတစ္ခုမွာ တပ္မေတာ္က တိုင္တာျဖစ္တယ္။ အဲဒီအတြက္ တရားရံုးမွာ အမႈစစ္ဖို႔ ရဲစခန္းကို တာ၀န္ေပးထားတယ္လို႔ေျပာတယ္”ဟု ဇြဲအၿငိမ့္အဖြဲ႕ေခါင္းေဆာင္ ဦးဇာဂနာ ကေျပာသည္။

လက္ရွိအခ်ိန္တြင္ သက္ဆိုင္ရာနယ္ေျမရဲစခန္းက ဇြဲ အၿငိမ့္အဖြဲ႔သား ငါးေယာက္ကို လာေရာက္စစ္ေဆးခံရန္ အေၾကာင္းၾကားထားကာ ပြဲကရက္မ်ား ဆက္တိုက္ျဖစ္ေနေသာေၾကာင့္ အမႈအစစ္ခံရန္သြားေ ရာက္ႏုိင္ျခင္းမရွိေသးေၾကာင္းသိရသည္။

ေနျပည္ေတာ္တြင္ က်င္းပခဲ့သည့္ ဖြဲ႕စည္းပံု အေျခခံဥပေဒ ျပင္ဆင္ေရး လူထုေထာက္ခံပြဲတြင္ ဇြဲအၿငိမ့္အဖြဲ႕က ျပဳလုပ္ခဲ့သည္ ေတးသရုပ္ေဖာ္ႏွင့္ ေဖ်ာ္ေျဖေရးအစီအစဥ္တြင္ တပ္မေတာ္အား ဂုဏ္သိကၡာက်ဆင္းေစသည့္ အေၾကာင္းအရာမ်ား ထည့္သြင္းေျပာၾကားခဲ့ျခင္းေၾကာင့္ အခုလိုတရားစြဲဆိုျခင္းျဖစ္သည္ဟု သိရသည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit: ထူး

ဓာတ္ပံု – ဇြဲ အၿငိမ့္အဖြဲ႕ေဖစ့္ဘြတ္ခ္
#Unicode Version#
မတ်လ ၃ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲတွင် ပျက်လုံးပျက်ခဲ့သည့် ဇွဲ အငြိမ့်အဖွဲ့ကို ပုဒ်မ (၂၀၂)ဖြင့် တရားစွဲရန် နေပြည်တော်တိုင်းစစ်ဌာနချုပ်က တရားရုံးတွင် ဦးတိုက်လျောက်ထားကြောင်း သိရသည်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲ မှာသူတို့ပျက်တဲ့ပျက်လုံးအချို့က တပ်မတော်ကို ထိခိုက်စေတဲ့အတွက် နေပြည်တော်ကရဲစခန်းတစ်ခုမှာ တပ်မတော်က တိုင်တာဖြစ်တယ်။ အဲဒီအတွက် တရားရုံးမှာ အမှုစစ်ဖို့ ရဲစခန်းကို တာဝန်ပေးထားတယ်လို့ပြောတယ်”ဟု ဇွဲအငြိမ့်အဖွဲ့ခေါင်းဆောင် ဦးဇာဂနာ ကပြောသည်။

လက်ရှိအချိန်တွင် သက်ဆိုင်ရာနယ်မြေရဲစခန်းက ဇွဲ အငြိမ့်အဖွဲ့သား ငါးယောက်ကို လာရောက်စစ်ဆေးခံရန် အကြောင်းကြားထားကာ ပွဲကရက်များ ဆက်တိုက်ဖြစ်နေသောကြောင့် အမှုအစစ်ခံရန်သွားေ ရာက်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။

နေပြည်တော်တွင် ကျင်းပခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲတွင် ဇွဲအငြိမ့်အဖွဲ့က ပြုလုပ်ခဲ့သည် တေးသရုပ်ဖော်နှင့် ဖျော်ဖြေရေးအစီအစဉ်တွင် တပ်မတော်အား ဂုဏ်သိက္ခာကျဆင်းစေသည့် အကြောင်းအရာများ ထည့်သွင်းပြောကြားခဲ့ခြင်းကြောင့် အခုလိုတရားစွဲဆိုခြင်းဖြစ်သည်ဟု သိရသည်။
ဖိုးသူတော်(www.phothutaw.com)
Credit: ထူး

ဓာတ်ပုံ – ဇွဲ အငြိမ့်အဖွဲ့ဖေစ့်ဘွတ်ခ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top