သိပၸံပညာရွင္ေတြရဲ႕ ေလ့လာဆန္းစစ္ခ်က္ေတြအရ လူတဦးရဲ႕ သက္တမ္းတေလွ်ာက္မွာ ငိုေႂကြးျခင္းေၾကာင့္ ကုန္ဆုံးသြားတဲ့ မ်က္ရည္ဟာ ၁၆.၅ ဂါလန္ခန႔္ရွိတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ စိတ္ခံစားမႈေၾကာင့္ ငိုေႂကြးျခင္းဟာ ခႏၶာကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစႏိုင္တယ္လို႔လည္း ထပ္မံေလ့လာေတြ႕ရွိခဲ့ၾကၿပီး လမ္းခြဲလိုက္တဲ့ ရည္းစားေဟာင္းေၾကာင့္ စိတ္ခံစားမႈေတြ ျပင္းျပင္းထန္ထန္နဲ႔ ငိုေႂကြးလိုက္ျခင္းဟာဆိုရင္ ကိုယ္အေလးခ်ိန္ကို က်ဆင္းေစႏိုင္တယ္လို႔လည္း သုေတသန ေလ့လာမႈေတြအရ သိရပါတယ္။

ကိုယ္အေလးခ်ိန္ကို ျမင့္တက္ေစရတဲ့ အေၾကာင္းရင္းေတြထဲမွာ စိတ္ဖိစီးမႈေၾကာင္ Cortisol ေဟာ္မုန္းပမာဏ ျမင့္တက္လာရျခင္းဟာ အဓိက အေၾကာင္းရင္းတခု ျဖစ္ပါတယ္။ လူအမ်ားစုဟာ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစဖို႔ ခႏၶာကိုယ္ေလ့က်င့္ခန္းေတြ ျပဳလုပ္ၾကေပမယ့္ စိတ္ပိုင္းဆိုင္ရာကိုေတာ့ ေမ့ေလ်ာ့ထားေလ့ရွိၾကပါတယ္။

အစားအေသာက္ စားသုံးမႈပုံစံနဲ႔ ကိုယ္လက္ေလ့က်င့္ခန္းကို ဂ႐ုတစိုက္ ျပဳလုပ္ၾကသလိုပဲ စိတ္ဖိစီးမႈနဲ႔ စိတ္ပင္ပန္းမႈတို႔ေၾကာင့္ ျဖစ္တဲ့ စိတ္ပိုင္းဆိုင္ရာ နာမက်န္းမႈကိုလည္း ဂ႐ုစိုက္သင့္ပါတယ္။

သိပၸံပညာရွင္ေတြရဲ႕ ဒီေလ့လာေတြ႕ရွိခ်က္ဟာဆိုရင္ေတာ့ စိတ္ခံစားမႈအတိုင္း ဖြင့္ဟငိုေႂကြးလိုက္ျခင္းဟာ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးကို ပိုမိုေကာင္းမြန္ေစတဲ့အျပင္ Stress Level ကိုလည္း က်ဆင္းေစႏိုင္တယ္လို႔ ဆိုပါတယ္။

ျပတ္သြားတဲ့ ရည္းစားေဟာင္းေၾကာင့္ ခံစားခ်က္ေတြ ဖြင့္ထုတ္ၿပီး ငိုေႂကြးလိုက္ျခင္းဟာ ခႏၶာကိုယ္ အေလးခ်ိန္ကို ျမင့္တက္ေစတဲ့ Cortisol ပမာဏကို က်ဆင္းေစႏိုင္ၿပီး ငိုေႂကြးဖို႔ အသင့္ေတာ္ဆုံးအခ်ိန္ကေတာ့ ည ၇ နာရီကေန ၁ အတြင္းျဖစ္တယ္လို႔ေတာင္ သတ္မွတ္ထားၾကပါေသးတယ္။

ဒီလို ခံစားခ်က္ေတြ ဖြင့္ထုတ္ၿပီး ငိုေႂကြးလိုက္ျခင္းဟာ မ်က္ရည္ထဲမွာ ပါဝင္တဲ့ Prolactin,Leu-Enkephalin, Adrenocorticotrophin ဓာတ္ေတြဟာ Cortisol ပမာဏကို က်ဆင္းေစၿပီး စိတ္ဖိစီးမႈကို သက္သာေလ်ာ့ပါးေစကာ စိတ္ကို ၾကည္လင္သြားေစႏိုင္ပါတယ္။

ရည္းစားေဟာင္းနဲ ပတ္သက္တဲ့ ခံစားမႈေတြကို မ်ိဳသိပ္ၿပီးခံစားေနရျခင္းထက္ ခံစားခ်က္ေတြကို ဖြင့္ထုတ္ၿပီး ငိုေႂကြးလိုက္ျခင္းက စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးကို အေထာက္အကူျဖစ္ေစတဲ့အျပင္ ခႏၶာကိုယ္အေလးခ်ိန္ကိုလည္း က်ဆင္းေစတာေၾကာင့္ ဒီေလ့လာေတြ႕ရွိမႈအသစ္က ရည္းစားေဟာင္းေၾကာင့္ ခံစားေနရသူေတြအတြက္ အေထာက္အကူျဖစ္ေစမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:www.brightside.me

#Unicode Version#

သိပ္ပံပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်တွေအရ လူတဦးရဲ့ သက်တမ်းတလျှောက်မှာ ငိုကြွေးခြင်းကြောင့် ကုန်ဆုံးသွားတဲ့ မျက်ရည်ဟာ ၁၆.၅ ဂါလန်ခန့်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စိတ်ခံစားမှုကြောင့် ငိုကြွေးခြင်းဟာ ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေနိုင်တယ်လို့လည်း ထပ်မံလေ့လာတွေ့ရှိခဲ့ကြပြီး လမ်းခွဲလိုက်တဲ့ ရည်းစားဟောင်းကြောင့် စိတ်ခံစားမှုတွေ ပြင်းပြင်းထန်ထန်နဲ့ ငိုကြွေးလိုက်ခြင်းဟာဆိုရင် ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်တယ်လို့လည်း သုတေသန လေ့လာမှုတွေအရ သိရပါတယ်။

ကိုယ်အလေးချိန်ကို မြင့်တက်စေရတဲ့ အကြောင်းရင်းတွေထဲမှာ စိတ်ဖိစီးမှုကြောင် Cortisol ဟော်မုန်းပမာဏ မြင့်တက်လာရခြင်းဟာ အဓိက အကြောင်းရင်းတခု ဖြစ်ပါတယ်။ လူအများစုဟာ ကိုယ်အလေးချိန်လျော့ကျစေဖို့ ခန္ဓာကိုယ်လေ့ကျင့်ခန်းတွေ ပြုလုပ်ကြပေမယ့် စိတ်ပိုင်းဆိုင်ရာကိုတော့ မေ့လျော့ထားလေ့ရှိကြပါတယ်။

အစားအသောက် စားသုံးမှုပုံစံနဲ့ ကိုယ်လက်လေ့ကျင့်ခန်းကို ဂရုတစိုက် ပြုလုပ်ကြသလိုပဲ စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းမှုတို့ကြောင့် ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုကိုလည်း ဂရုစိုက်သင့်ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ ဒီလေ့လာတွေ့ရှိချက်ဟာဆိုရင်တော့ စိတ်ခံစားမှုအတိုင်း ဖွင့်ဟငိုကြွေးလိုက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေတဲ့အပြင် Stress Level ကိုလည်း ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။

ပြတ်သွားတဲ့ ရည်းစားဟောင်းကြောင့် ခံစားချက်တွေ ဖွင့်ထုတ်ပြီး ငိုကြွေးလိုက်ခြင်းဟာ ခန္ဓာကိုယ် အလေးချိန်ကို မြင့်တက်စေတဲ့ Cortisol ပမာဏကို ကျဆင်းစေနိုင်ပြီး ငိုကြွေးဖို့ အသင့်တော်ဆုံးအချိန်ကတော့ ည ၇ နာရီကနေ ၁ အတွင်းဖြစ်တယ်လို့တောင် သတ်မှတ်ထားကြပါသေးတယ်။

ဒီလို ခံစားချက်တွေ ဖွင့်ထုတ်ပြီး ငိုကြွေးလိုက်ခြင်းဟာ မျက်ရည်ထဲမှာ ပါဝင်တဲ့ Prolactin,Leu-Enkephalin, Adrenocorticotrophin ဓာတ်တွေဟာ Cortisol ပမာဏကို ကျဆင်းစေပြီး စိတ်ဖိစီးမှုကို သက်သာလျော့ပါးစေကာ စိတ်ကို ကြည်လင်သွားစေနိုင်ပါတယ်။

ရည်းစားဟောင်းနဲ ပတ်သက်တဲ့ ခံစားမှုတွေကို မျိုသိပ်ပြီးခံစားနေရခြင်းထက် ခံစားချက်တွေကို ဖွင့်ထုတ်ပြီး ငိုကြွေးလိုက်ခြင်းက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေတာကြောင့် ဒီလေ့လာတွေ့ရှိမှုအသစ်က ရည်းစားဟောင်းကြောင့် ခံစားနေရသူတွေအတွက် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:www.brightside.me
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top