ဆိုုင္ကလုုန္းဖန္နီေၾကာင့္ အိႏၵိယႏိုုင္ငံ အေရ႔ွ႔ၾသရိႆျပည္နယ္တြင္ လူ ၁၂ ဦးခန္႔ေသဆုုံးေၾကာင္း ယေန႔ညေနပိုုင္းက သိရသည္။ ယင္းတိုု႔အနက္ ၄ ဦးမွာ သစ္ပင္ပိ၍ ေသဆုုံးၾကျခင္းျဖစ္သည္ဆိုု၏။ ဒဏ္ရာရရွိသူ ၁၅၀ထက္မနည္းရွိေၾကာင္း သိရျပီး စာရင္းအတိအက်ကိုုမူ မသိရွိရေသးေခ်။ ပ်က္စီးဆုုံးရႈံးမႈ စာရင္းကိုုလည္း အတိက်မသိရေသးေခ်။

ကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုုပ္ငန္းမ်ားကိုု အေရးေပၚ၀န္ထမ္း ေထာင္ႏွင့္ခ်ီ၍၊ အရပ္ဖက္အဖြဲ႔အစည္းမ်ားႏွင့္ တပ္ဖြဲ႔၀င္မ်ားပူးေပါင္းကာ ရြာေပါင္း တစ္ေသာင္းခန္႔ႏွင့္ ျမိဳ႔ျပဧရိယာမ်ားတြင္ ေဆာင္ရြက္လွ်က္ရွိေနၾကာင္း တာ၀န္ရွိသူတိုု႔ကေျပာသည္။ အိႏၵိယႏိုုင္ငံ အေရွ႔ဖက္ကမ္းေျခ ေျမနိမ့္ေဒသမ်ားရွိ လူေပါင္း ၁၂သိန္း နီးပါးခန္႔ကိုု မုုန္တိုုင္းမ၀င္မီ ၂၄နာရီၾကိဳတင္၍ ေဘးလြတ္ရာသိုု႔ ေရႊ႔ေျပာင္းေပးႏိုုင္ခဲ့သည္။

”အင္မတန္ျဖစ္ေတာင့္ျဖစ္ခဲ ေႏြရာသီဆိုုင္ကလုုန္းမုုန္တိုုင္းပါပဲ။ ၾသရိႆျပည္နယ္မွာ ၄၃ႏွစ္အတြင္း ပထမဆုုံးအၾကိမ္၀င္ေရာက္ခဲ့တဲ့အင္အားျပင္းမုုန္တိုုင္းပါ။ ၾသရိႆျပည္နယ္မွာ ႏွစ္ေပါင္း ၁၅၀ အတြင္း ဒီလိုုမုုန္တိုုင္းမ်ဳိး ၃ ခုုပဲ၀င္ေရာက္ခဲ့ဖူးပါတယ္”ဟုု ေဒသဆိုုင္ရာတာ၀န္ရွိသူတစ္ဦးကေျပာသည္။

ျမန္မာစံေတာ္ခ်ိန္ ယေန႔ (၁၅:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားေဒ့ရွ္ႏိုင္ငံႏွင့္ ယင္းႏွင့္ဆက္စပ္လၽွက္ရွိေသာ အိႏၵိယႏိုင္ငံ၊ အေနာက္ဘဂၤလားျပည္နယ္တို႔ေပၚ တြင္ ေရာက္ရွိေနေသာ အားေကာင္းေသာမုန္တိုင္းငယ္(Deep Depression)သည္ အေရွ႕ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး၊ မုန္တိုင္းငယ္ (Depression)အျဖစ္သို႔ အားေလ်ာ့သြားခဲ့ကာ၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ဒါကာၿမိဳ႕ (Dhaka)၏ ေျမာက္-အေနာက္ေျမာက္ဘက္ (၆၅)မိုင္ခန္႔အကြာတြင္ ဆက္လက္တည္ရွိေနပါသည္။

အဆိုပါ မုန္တိုင္းငယ္ (Depression)သည္ အေရွ႕ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားလ်က္ရွိေၾကာင္း ျမန္မာ့မိုုးေလ၀သႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနွ သတင္းထုုတ္ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Popular News Journal

#Unicode Version# ျဖင့္ဖတ္ပါ ။

ဆိုင်ကလုန်းဖန်နီကြောင့် အိန္ဒိယနိုင်ငံ အရှေ့သြရိဿပြည်နယ်တွင် လူ ၁၂ ဦးခန့်သေဆုံးကြောင်း ယနေ့ညနေပိုင်းက သိရသည်။ ယင်းတို့အနက် ၄ ဦးမှာ သစ်ပင်ပိ၍ သေဆုံးကြခြင်းဖြစ်သည်ဆို၏။ ဒဏ်ရာရရှိသူ ၁၅၀ထက်မနည်းရှိကြောင်း သိရပြီး စာရင်းအတိအကျကိုမူ မသိရှိရသေးချေ။ ပျက်စီးဆုံးရှုံးမှု စာရင်းကိုလည်း အတိကျမသိရသေးချေ။

ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရေးပေါ်ဝန်ထမ်း ထောင်နှင့်ချီ၍၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် တပ်ဖွဲ့ဝင်များပူးပေါင်းကာ ရွာပေါင်း တစ်သောင်းခန့်နှင့် မြို့ပြဧရိယာများတွင် ဆောင်ရွက်လျှက်ရှိနေကြာင်း တာဝန်ရှိသူတို့ကပြောသည်။ အိန္ဒိယနိုင်ငံ အရှေ့ဖက်ကမ်းခြေ မြေနိမ့်ဒေသများရှိ လူပေါင်း ၁၂သိန်း နီးပါးခန့်ကို မုန်တိုင်းမဝင်မီ ၂၄နာရီကြိုတင်၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။

”အင်မတန်ဖြစ်တောင့်ဖြစ်ခဲ နွေရာသီဆိုင်ကလုန်းမုန်တိုင်းပါပဲ။ သြရိဿပြည်နယ်မှာ ၄၃နှစ်အတွင်း ပထမဆုံးအကြိမ်ဝင်ရောက်ခဲ့တဲ့အင်အားပြင်းမုန်တိုင်းပါ။ သြရိဿပြည်နယ်မှာ နှစ်ပေါင်း ၁၅၀ အတွင်း ဒီလိုမုန်တိုင်းမျိုး ၃ ခုပဲဝင်ရောက်ခဲ့ဖူးပါတယ်”ဟု ဒေသဆိုင်ရာတာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာစံတော်ချိန် ယနေ့ (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တို့ပေါ် တွင် ရောက်ရှိနေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မုန်တိုင်းငယ် (Depression)အဖြစ်သို့ အားလျော့သွားခဲ့ကာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ (Dhaka)၏ မြောက်-အနောက်မြောက်ဘက် (၆၅)မိုင်ခန့်အကွာတွင် ဆက်လက်တည်ရှိနေပါသည်။

အဆိုပါ မုန်တိုင်းငယ် (Depression)သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိကြောင်း မြန်မာ့မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနှ သတင်းထုတ်ပြန်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Popular News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top