ရွမ္းျပည္နယ္(ေတာင္ပိုင္း)ဓႏုကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသပင္းတယၿမိဳ႕နယ္ထုိးပုံေက်းရြာအနီးရွိအမႈိက္ပုံတြင္က်န္းမာေရးႏွင့္ညီညႊတ္မႈမရွိေသာစားသုံးဆီမ်ားအားဖ်က္ဆီးျခင္းကိုယေန႔ေမလ(၆)ရက္ေန႔နံနက္(၁၀)နာရီအခ်ိန္တြင္ျပဳလုပ္ခဲ့ေၾကာင္္းသိရွိရပါသည္။

ေရွးဦးစြာစားသုံးရန္္မသင့္သည့္စားသုံးဆီဖ်က္ဆီးရန္ေရာက္ရွိလာၾကသည့္ျပည္နယ္စားသုံးသူေရးရာဦးစီးဌာနလက္ေထာက္ညႊန္ၾကားေရးမွဴးဦးမင္းေအာင္ႏွင့္ဝန္ထမ္းမ်ားlၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္္ေရးမွဴးဦးမ်ဳိးေဇာ္ေအာင္lၿမိဳ႕နယ္စည္ပင္သာယာေရးlၿမိဳ႕နယ္က်န္းမာေရးႏွင့္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕တုိ႕မွတာဝန္ရွိသူမ်ားကုိရွမ္းျပည္နယ္စားသုံးသူေရးရာဦးစီးဌာနမွတာဝန္ရွိသူတစ္ဦးကပင္းတယၿမိဳ႕ေနျပည္သူတစ္ဦး၏အေၾကာင္းၾကားမႈအရလူေနရပ္ကြက္အတြင္း စားသုံးဆီမ်ားကို က်ဳိခ်က္ဗူးသြပ္ ၍ ေရာင္းခ်ေနသည့္အေနာက္ရပ္ကြက္ေနဦးေဌးဝင္း၏ဆီခ်က္လုပ္ငန္းအားစစ္ေဆးကာ (MITS)ဓာတ္ခြဲခန္းတြင္ ဓါတ္ခြဲစမ္းသပ္ခဲ့ရာစားသုံးရန္မသင့္သည့္ဆီမ်ားျဖစ္ေၾကာင္းကိုရွင္းလင္းေျပာၾကားေပးခဲ့ပါသည္။

ေျခာက္လအၾကာတြင္စားသုံးသူအကာအကြယ္ေပးေရးေကာ္မတီရွမ္းျပည္နယ္စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕(၂/၂၀၁၈ ၂၀၁၉)၏ ဆုံးျဖတ္ခ်က္အတုိင္းအေရးယူ၍ဦးေဌးဝင္းပုိင္ဆုိင္္သည့္စားဆီေပပါအျပာ(၁၇)လုံး၁၀ပိႆဝင္ပုံးအဝါ(၈၄)လုံးစုစုေပါင္းပိႆခ်ိန္(၂၅၀၀)ေက်ာ္အား ၄င္းအမႈိက္ပုံတြင္စြြန္႔ပစ္ဖ်က္ဆီးခဲ့ေၾကာင္းသိရွိရပါသည္။

က်န္းမာေရးႏွင့္ညီညႊတ္မႈမရွိေသာစားသုံးဆီမ်ားကိုေစ်းကြက္အတြင္းေရာင္းခ်ေနမႈမ်ားကိုစဥ္ဆက္မျပတ္စစ္ေဆးအေရးယူေဆာင္ရြက္သြားမည္ျဖစ္ၿပီး စားသုံးသူျပည္သူမ်ား၏ က်န္းမာေရးကို ထိခုိက္မႈုမရွိေစရန္ ဦးစားေပးေဆာင္ရြက္လွ်က္ရွိ ေၾကာင္း ၊စားသုံးသူေရးရာ မွတာဝန္ရွိသူတစ္ဦးကေျပာၾကားခဲ့ေၾကာင္းလည္းသိရွိရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: sayar kyi pindaya

#Unicode Version#  ျဖင့္ဖတ္ပါ ။

ရှမ်းပြည်နယ်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်းတယမြို့နယ်ထိုးပုံကျေးရွာအနီးရှိအမှိုက်ပုံတွင်ကျန်းမာရေးနှင့်ညီညွှတ်မှုမရှိသောစားသုံးဆီများအားဖျက်ဆီးခြင်းကိုယနေ့မေလ(၆)ရက်နေ့နံနက်(၁၀)နာရီအချိန်တွင်ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

ရှေးဦးစွာစားသုံးရန်မသင့်သည့်စားသုံးဆီဖျက်ဆီးရန်ရောက်ရှိလာကြသည့်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးမင်းအောင်နှင့်ဝန်ထမ်းများlမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးဇော်အောင်lမြို့နယ်စည်ပင်သာယာရေးlမြို့နယ်ကျန်းမာရေးနှင့်မြို့နယ်ရဲတပ်ဖွဲ့တို့မှတာဝန်ရှိသူများကိုရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပင်းတယမြို့နေပြည်သူတစ်ဦး၏အကြောင်းကြားမှုအရလူနေရပ်ကွက်အတွင်း စားသုံးဆီများကို ကျိုချက်ဗူးသွပ် ၍ ရောင်းချနေသည့်အနောက်ရပ်ကွက်နေဦးဌေးဝင်း၏ဆီချက်လုပ်ငန်းအားစစ်ဆေးကာ (MITS)ဓာတ်ခွဲခန်းတွင် ဓါတ်ခွဲစမ်းသပ်ခဲ့ရာစားသုံးရန်မသင့်သည့်ဆီများဖြစ်ကြောင်းကိုရှင်းလင်းပြောကြားပေးခဲ့ပါသည်။

ခြောက်လအကြာတွင်စားသုံးသူအကာအကွယ်ပေးရေးကော်မတီရှမ်းပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့(၂/၂၀၁၈ ၂၀၁၉)၏ ဆုံးဖြတ်ချက်အတိုင်းအရေးယူ၍ဦးဌေးဝင်းပိုင်ဆိုင်သည့်စားဆီပေပါအပြာ(၁၇)လုံး၁၀ပိဿဝင်ပုံးအဝါ(၈၄)လုံးစုစုပေါင်းပိဿချိန်(၂၅၀၀)ကျော်အား ၎င်းအမှိုက်ပုံတွင်စွန့်ပစ်ဖျက်ဆီးခဲ့ကြောင်းသိရှိရပါသည်။

ကျန်းမာရေးနှင့်ညီညွှတ်မှုမရှိသောစားသုံးဆီများကိုဈေးကွက်အတွင်းရောင်းချနေမှုများကိုစဉ်ဆက်မပြတ်စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး စားသုံးသူပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်မှုုမရှိစေရန် ဦးစားပေးဆောင်ရွက်လျှက်ရှိ ကြောင်း ၊စားသုံးသူရေးရာ မှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ကြောင်းလည်းသိရှိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: sayar kyi pindaya
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top