Credit:mmcelesmedia
# Unicode Version # ဖြင့် ဖတ်ပါ #
၁။ မကွေး တိုင်း ချောက်မြို့နယ်ထဲ က ဆိပ်ဖြူ နားမှ ဝါဇီ လုံခြုံ ရေးနှင့်ဆို င်သော
ပုံနှိပ်ပစ္စည်းများစက်ရုံမှာ ကျနော်လေ့လာ သိရှိရသလောက် ငွေစက္ကူ ထီလက်မှတ် စာချုပ်စာတမ်း တံဆိပ်ခေါင်း ပြေစာ စာမေးပွဲမေးခွန်းလွှာ လွှဲပြောင်း/ လက်ခံပြေစာ ငွေစာရင်းစာအုပ် ကန့်သတ် စတဲ့ လုံခြုံရေး နဲ့သက်ဆိုင်သောစာရွက်စာတမ်းတွေ ထုတ်လုပ်ပါတယ်။
၂။ စက်ရုံဝန်ထမ်းနဲ့ အင်ဂျင်နီယာ ပညာရှင်တွေအားလုံး တပ်မတော် မှ အရာရှိ/စစ်သည် နှင့် မိသားစုဝင်တွေဖြစ် လို့ လုံခြုံရေးတစ်ပါတည်းစီစဉ်ထားရှိပါတယ်။
ထီလက်မှတ် စာချုပ်စာတမ်း တံဆိပ်ခေါင်း
၃။ စက်ရုံ စက်ပစ္စည်းတွေကိုတော့ ၁၉၇၂ ခုနှစ်မှာဂျာမဏီ နိုင် ငံကမှာယူပြီး ပညာရှင် တွေ လာရောက်တပ်ဆင်ပေးခဲ့ တာပါ ။
၄။ ယခင်က ကပစ(၇)ဖြစ်ပြီး ၁၉၈၉ နှစ်ခန့်မှာ ကကလုံ လက်အောက်ရောက်ခဲ့တာပါ။
၅။ အကယ်၍ စက်ရုံ ကို အရပ်ဖက်အစိုးရကိုလွှဲပေးခဲ့ရင် တပ်မတော်နဲ့ သက်ဆိုင်တဲ့ လျှိ ု့ ဝှက် စာရွက်စာတမ်းတွေ ထုတ်မဲ့စက်နဲ့ ပညာရှင်စစ်သည်အချို့ ခေါ်ထားပြီးငွေထုတ် စက်နဲ့ ပညာရှင် အရာရှိ /စစ်သည်အချို့ကို ပင်စင် ပေးပြီး အရပ်ဖက် ဝန်ထမ်းအဖြစ်ပြန်ခန့်ပေးရမှာပါ။
၆။ စက်ရုံ လုံခြုံရေးကို အစိုးရက ပြန်လည်ခန့်ထားရမှာပါ စက်ရုံနဲ့ အဆောက်အဦ မြေနေရာတွေကတော့ တပ်ပိုင် နယ်မြေဖြစ်နိုင်တာမို့ စက်ရုံအသစ်ပြန်ဆောက်ရနိုင်ပါ တယ် စက်တွေက အထိုင်ချထားပြီးသားဖြစ်လို့ စက်ပြန် တပ်ဆင်ရင် ဂျာမဏီကပညာရှင်တွေပြန်ငှားရနိုင်ပါတယ် ဒါပေမဲ့ စက်တွေကအရမ်းဟောင်းနေလို့ ပညာရှင်တွေ လက်ခံပြီးလာတပ်ဆင်ဖို့တော့ မသေချာပါဘူး။
ထီလက်မှတ် စာချုပ်စာတမ်း တံဆိပ်ခေါင်း
၇။ အိမ်နီးချင်းနိုင်ငံတွေ ငွေထုတ်စက်ကို ဘယ်လိုစနစ်နဲ့ ကိုင်တွယ်နေတယ်ဆိုတာတော့ ပြန်လေ့လာရဦးမှာပါ။
၈။ တပ်မတော် မှ အရပ်သားအစိုးရကို လွှဲပေးခြင်း/မပေး့ခြင်းကို ကျနော် မသုံးသပ်လိုပါ ဉာဏ်လဲမမှီပါ လက်ရှိ အစိုးရ နဲ့တပ်မတော် ဘယ်လို ညှိနှိုင်း သဘောတူထား တယ်ဆိုတာလဲမသိပါ။ အစိုးရ အဖွဲ့သည် သူငယ်နှပ်စား မဟုတ်သဖြင့် ဒီအချက်ကို အစကပင် ထည့်သွင်းစဉ်းစား ထားခဲ့မှာအမှန်ပါ ဒါကြောင့် ဇစ်မြ စ်ကို သေချာမသိဘဲနှင့် အရမ်းမဝေဘန်ကြပါနဲ့လို့ စေတနာနှင့် တင်ပြပါရစေ။ (မှတ်ချက်။ ဤအကြောင်းအရာများသည် မည်သူ၏တိုက် တွန်းချက်မှမပါ ကိုယ်တိုင် ယူဆချက်များသာဖြစ်ပါသည်။)
ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top