❖ ဗုဒၶဘာသာဝင္တုိင္း ကဆုန္လျပည့္ ဗုဒၶေန႔ အေၾကာင္းကုိ သိေစရန္အတြက္ ဒီေဆာင္းပါးကုိ ေရးၿပီး ဘုရားရွင္ကုိ ပူေဇာ္သကၠာရ ျပဳလုိက္ရပါတယ္။

ကဆန္ုလျပည့္ေန႔ဟာ ဗုဒၶဘာသာတုိ႔ရဲ႕ ေန႔ထူးေန႔ျမတ္ႀကီးတစ္ေန႔ျဖစ္တယ္။ ဘာေၾကာင့္လဲဆုိေတာ့—

━ (၁) ဘုရားအေလာင္းေတာ္ ရေသ့သုေမဓာဟာ ဒီဘဒၵကမၻာမွ ေလးဆူေျမာက္ ေဂါတမဘုရားစင္စစ္ ျဖစ္လိမ့္မယ္လုိ႔ ဒီပကၤရာျမတ္စြာဘုရားထံ နိယတဗ်ာဒိတ္ခံယူတဲ့ေန႔ဟာ ကဆုန္လျပည့္ေန႔ျဖစ္တယ္။
ကဆုန္လျပည့္ေန႔ အေၾကာင္း သိေကာင္းစရာမ်ား... 1

━ (၂) ေဂါတမဘုရားအေလာင္းေတာ္ သိဒၶတၳမင္းသားေလး ေမြးဖြားလာခဲ့တဲ့ေန႔လဲ မဟာသကၠရာဇ္ ၆၈ ခု၊ ကဆုန္လျပည့္ေန႔ျဖစ္တယ္။

━ (၃) ေဂါတမဘုရားအေလာင္း ေဗာဓိပင္ေအာက္မွာ ဘုရားျဖစ္တဲ့ေန႔လဲ မဟာသကၠရာဇ္ (၁၀၃) ခု ကဆုန္လျပည့္ေန႔ျဖစ္တယ္။

━ (၄) ေဂါတမဘုရား ပရိနိွဗၺာန္စံတဲ့ ေန႔ဟာလဲ မဟာသကၠရာဇ္ ၁၄၈ ခု ကဆုန္လျပည့္ေန႔ျဖစ္ျပန္တယ္။

❖ ဒါေၾကာင့္ ကဆုန္လျပည့္ေန႔ဟာ ဗုဒၶဘာသာဝင္ေတြအတြက္ အင္မတန္ ထူးျမတ္တဲ့ေန႔တစ္ေန႔ပါ။
ကဆုန္လျပည့္ေန႔ အေၾကာင္း သိေကာင္းစရာမ်ား... 2

❖ ကဆုန္လဟာ ျမန္မာလ ၁၂ ရာသီမွာ ဒုတိယလျဖစ္ၿပီး ၿဗိႆရာသီႏွင့္တူသည္။ ပုဂံေခတ္ေက်ာက္စာမွာ ကဆုန္လကုိ “ကုဆုန္” လုိ႔အေရးမ်ားတယ္။ ေနာက္ပုိင္းမွာ “ကု” မွ “က” သုိ႔ ေျပာင္းလဲလာတယ္လုိ႔ ဆုိတယ္။ (ကုက)ရဲ႕ အဓိပၸါယ္ကေတာ့ “ေရ” ျဖစ္ကာ “ဆုန္” ေတာ့ သြန္းေလာင္းတယ္လုိ႔ အဓိပၸါယ္ရွိလုိ႔ ကဆုန္လကုိ “ေရသြန္းလ” (သုိ႔မဟုတ္) “ေရေလာင္းလ” လုိ႔ ဆုိႏုိင္ပါတယ္။

❖ ပါဠိစာေပမွာ ကဆုန္လကုိ “ေဝသာခ” Vesaka လုိ႔ေခၚၿပီး အဲဒီ ေဝသာခ ကေန ပါဌ္ပ်က္ကာ “ေဝသခ္” Vesak ျဖစ္လာတယ္။ သီဟုိအသံထြက္ကေတာ့ ေဝဆတ္ခ္ လုိ႔ ထြက္ၿပီး အေနာက္ႏုိင္ငံသားမ်ားကလည္း သီဟုိသံကုိ အမွီျပဳကာ ကဆုန္လျပည့္ေန႔ကုိ ေဝဆတ္ခ္ေဒး Vesak Day လုိ႔ ေခၚၾကတယ္။ ထုိင္းဗုဒၶဘာသာေတြကေတာ့ ကဆုန္လျပည့္ေန႔ကုိ “ဝိဆာခပူခ်ား” (ဝိသာခပူဇာ) လုိ႔ေခၚသတဲ့။
ကဆုန္လျပည့္ေန႔ အေၾကာင္း သိေကာင္းစရာမ်ား... 3

❖ ျမန္မာျပည္မွ ကဆုန္လျပည့္ ဗုဒၶေန႔ ေညာင္ေရသြန္းပဲြေတာ္

ျပည္ေထာင္စု ျမန္မာႏုိင္ငံေတာ္နဲ႔ ကဆုန္လျပည့္ ဗုဒၶေန႔

ကဆုန္လျပည့္ေန႔ဟာ ဗုဒၶဘာသာဝင္တုိ႔ရဲ႕ အထြတ္အျမတ္ေန႔ျဖစ္လုိ႔ ျပည္ေထာင္စု ျမန္မာႏုိင္ငံမွာ အစုိးရရံုးပိတ္ရက္အျဖစ္ သတ္မွတ္ထားပါတယ္။ ကဆုန္ေညာင္ေရသြန္းပဲြေတာ္အျဖစ္ ထင္ရွားတဲ့ ဘာသာေရးပဲြကုိ ဆင္ႏႊဲတယ္။ ကဆုန္လရာသီဟာ ေနအရွိန္ အျပင္းအထန္ဆံုးျဖစ္လုိ႔ ေရေတြ ခန္းေခ်ာက္ေလ့ရွိတယ္။ ဘုရားပြင့္ေတာ္မူတဲ့ ေဗာဓိပင္ကုိ ရည္မွတ္ကာ ေဗာဓိပင္အပြားေတာ္မ်ားကုိ တေပ်ာ္တပါး ေရစင္သြန္းေလာင္းၾကလုိ႔ “ကဆုန္လ ေညာင္ေရသြန္းပဲြ” လုိ႔ ေခၚလာၾကတယ္။

❖ ဗုဒၶဘာသာဝင္မ်ားအတြက္ ေဗာဓိပင္ဟာ ဘုရားရွင္အားပရိေဘာဂေစတီေတာ္ျဖစ္လုိ႔ ေဗာဓိပင္ကုိ ေရေလာင္းေပးျခင္းဟာ ေဗာဓိပင္ ပုိမုိရွင္သန္ေစဖုိ႔ ဘုရားသာသနာေတာ္ ဆက္လက္ အဓြန္႔ရွည္ေစဖုိ႔ ေဖၚညႊန္းပါတယ္။

❖ ဗုဒၶဘာသာဝင္ ျမန္မာလူမ်ဳိးတုိ႔ဟာ ကဆုန္လျပည့္ေန႔မွာ သံဃာေတာ္မ်ားအား အရုဏ္ဆြမ္း၊ ေန႔ဆြမ္းေလာင္းလွဴျခင္း၊ သီလခံယူျခင္း၊ ပရိတ္တရားေတာ္ တရားေတာ္မ်ား နာၾကားျခင္း၊ ဘာဝနာတရား ပြားမ်ားျခင္း စတာေတြ ျပဳလုပ္ၾကပါတယ္။ ဇိဝိတဒါန ငါးလႊတ္ပဲြ၊ ငွက္လႊတ္ပဲြ၊ တိရစၦာန္ေဘးမဲ့လႊတ္ပဲြ ေတြကုိလည္း တေပ်ာ္တပါး က်င္းပၾကတယ္။………။

ထုိင္းႏိုင္ငံ ကဆုန္လျပည့္ ဗုဒၶေန႔ က်င္းပပံု။ ᠌᠌᠌

❖ ထုိင္းႏုိင္ငံ ဇင္းမယ္မွာ က်င္းပတဲ့ ကဆုန္လျပည့္ဗုဒၶေန႔ (၀ိဆာခပူးခ်ား)

ထုိင္းႏုိင္္ငံ ကဆုန္လျပည့္ ဗုဒၶေန႔။

ထုိင္းႏုိင္ငံဟာ ဗုဒၶဘာသာႏုိင္ငံေတာ္ျဖစ္လုိ႔ ကဆုန္လျပည့္ေန႔ကုိ ရံုးပိတ္ရက္အျဖစ္ သတ္မွတ္ထားတယ္။ ဘုရင္အုပ္ခ်ဳပ္တဲ့ ႏုိင္ငံျဖစ္လုိ႔ ဘုရင္နဲ႔တကြ ဘုရင့္ေဆြေတာ္မ်ဳိးေတာ္ အပါအဝင္ အရာရွိအရာခံမ်ားအားလံုး ကဆုန္လျပည့္ေန႔ အခမ္းအနားျဖစ္တဲ့ “ဝိဆာခပူးခ်ား” ကုိ တျပည္္လံုး ပါဝင္ဆင္ႏႊဲၾကတယ္။

❖ ကဆုန္လျပည့္ေန႔မွာ သာသနာ့အလံေတာ္မ်ားသည္ ထုိင္းႏုိင္ငံ တစ္ဝွမ္းလံုးမွာ တလူလူလႊင့္ထူၾကတယ္။ (ထုိင္းႏုိင္ငံသာသနာ့အလံဟာ ျမန္မာနဲ႔ သီရိလကၤာႏုိင္ငံလုိ ေရာင္ျခည္ေတာ္ ေျခာက္သြယ္ မဟုတ္ဘဲ အရဟတၱဓဇ သကၤန္းေရာင္ေပၚ တြင္ ဓမၼစၾကာ စက္ဝုိင္းပံု တပ္ထားျခင္းျဖစ္တယ္။)။

❖ ကဆုန္လျပည့္ေန႔မွာ ထုိင္းဗုဒၶဘာသာဝင္းမ်ားဟာ နံနက္ပုိင္းမွာ သံဃာေတာ္မ်ားအား ဆြမ္းေလာင္းလွဴၾကတယ္။ ဘုရားေက်ာင္းကန္မ်ားကုိ သန္႔ရွင္းေရးမ်ား ျပဳလုပ္ကာ ကုသုိလ္ယူၾကၿပီး ေန႔လည္ပုိင္းအခ်ိန္ ဘုန္းႀကီးေက်ာင္း ဓမၼသာလာဇရပ္မွာ တရားနာယူၾကတယ္။ တစ္ခ်ဳိ႕ကေတာ့ ဘာဝနာတရားမ်ား ပြားမ်ားအားထုတ္ၾကတယ္။

❖ ညဦးပုိင္းမွာ စုေပါင္းၿပီး လူတစ္ဦးလ်င္ ဖေယာင္းတုိင္ တစ္တုိင္၊ အေမႊးတုိင္သံုးတုိင္ ထြန္းညိွကာ ပန္းတစ္ပြင့္နဲ႔အတူ ေစတီေတာ္အား လက်ာ္ရစ္ သံုးပတ္ပတ္ကာ ပူေဇာ္ၾကတယ္။ ေစတီေတာ္ကုိ လွည့္ပတ္စဥ္ ဘုရားဂုဏ္ေတာ္ တရားဂုဏ္ေတာ္နဲ႔ သံဃာ့ဂုဏ္ေတာ္မ်ားကုိ ရြတ္ဖတ္သရဇၩာယ္ၾကတယ္။ သံဃာေတာ္မ်ားထံ တရားနာယူၾကတယ္။

❖ ထုိင္းႏုိင္ငံရဲ႕ ထင္ရွားတဲ့ ကဆုန္လျပည့္ဗုဒၶေန႔ က်င္းပတဲ့ ေနရာကေတာ့ နခြန္ပထုမ္ရွိ ဗုဒၶမြန္းထြန္ဘုရားပဲ ျဖစ္တယ္။ အဲဒီေနရာမွာ ထုိင္းဘုရင္မင္းျမတ္ (သုိ႔မဟုတ္) ေဆြေတာ္မ်ဳိးေတာ္မ်ားက ဗုဒၶဘာသာဝင္ လူထုကုိ ဦးေဆာင္ၿပီး “ဝိဆာခပူးခ်ား” (ဝိသာခပူဇာ) ပဲြကုိ ႏွစ္စဥ္က်င္းပတယ္။ ထင္ရွားတဲ့ ထုိင္းႏိုင္ငံတကၠသုိလ္ေတြမွာလဲ ဝိဆာသပူခ်ား အခမ္းအနားမ်ား က်င္းပၾကတယ္။ အျပည္ျပည္ ဆုိင္ရာ ဗုဒၶဘာသာ အစည္းအေဝးမ်ားကုိလည္း က်င္းပခဲ့ၾကတယ္။………။

သီရိလကၤာႏုိင္ငံ ေဝဆတ္ေဒး က်င္းပပံု

သီရိလကၤာႏုိင္ငံ ႏွင့္ ကဆုန္လျပည့္ ဗုဒၶေန႔။ ᠌᠌᠌

❖ သီရိလကၤာႏုိင္ငံသားမ်ားကေတာ့ ကဆုန္လျပည့္ ဗုဒၶေန႔ကုိ “ေဝဆတ္ = Vesak” လုိ႔ေခၚကာ ရံုးပိတ္ရက္အျဖစ္ သတ္မွတ္ထားတယ္။ ကဆုန္လျပည့္ေန႔ဟာ အထူးျခားဆံုး ေန႔အျဖစ္ သတ္မွတ္ကာ ပဲြေတာ္ကုိ (၇) ရက္ခန္႔ က်င္းပတယ္။ အစည္ကားဆံုးေန႔ကေတာ့ ကဆုန္လဆန္း (၁၄) ရက္၊ လျပည့္ေန႔နဲ႔ လျပည့္ေက်ာ္ တစ္ရက္ေန႔ပါ။

❖ ဗုဒၶဘာသာဝင္အိမ္တုိင္း သာသနာ့ အလံေတာ္ကုိ လႊင့္ထူထားၾကတယ္။ ထင္ရွားတဲ့ ေစတီေတာ္၊ ေက်ာင္းေတာ္နဲ႔ လမ္းဆံု လမ္းခြေတြမွာ မီးစင္ျမင့္ႀကီး ေဆာက္လုပ္ကာ ဘုရားရွင္ရဲ႕ ေဆးေရး ပန္းခ်ီပံုေတာ္ ပတ္ပတ္လည္နဲ႔ ဇာတကေဆးပန္ခ်ီပံုေတာ္ေတြကုိ လွ်ပ္စစ္မီးမ်ား အလွဆင္ကာ မုိးလင္းေပါက္ ထြန္းညိွပူေဇာ္ၾကတယ္။

❖ အဆုိအကပဲြမ်ား မရွိေပမယ့္ အလြန္စည္ကားတယ္။ ေရာင္စံုမီးပံုး အလွျပိဳင္ပဲြမ်ား က်င္းပတဲ့ ေနရာမွာဆုိရင္ ပဲြလာပရိသတ္မ်ား ႀကိတ္ႀကိတ္တုိး စည္ကားလွတယ္။

သီရိလကၤာႏုိင္ငံ ကဆုန္လျပည့္ေန႔ လမ္းဆံုလမ္းခြမွ ဗုဒၶဝင္ပန္းခ်ီကား

အနယ္နယ္အရပ္ရပ္မွ ဗုဒၶဘာသာဝင္မ်ား (အထူးသျဖင့္ ရြာသူရြာသားမ်ား)ဟာ ကုိလံဘုိၿမိဳ႕ (သုိ႔မဟုတ္) ၿမိဳ႕ႀကီးမ်ားမွ မိးထြန္းပဲြကုိ လာေရာက္ၾကည့္ရႈၾကတယ္။ ေမာ္ေတာ္ကား၊ ဆုိင္ကယ္၊ စက္ဘီးစီးၿပီး လည္ပတ္ ၾကတဲ့သူေတြ၊ လမ္းေလွ်ာက္လည္ပတ္ၾကတဲ့ သူေတြ တစ္ညလံုး စည္ကားတာ ေတြ႕ရတယ္။ ရြာကေန လာၾကတဲ့ လမ္းေလွ်ာက္တဲ့သူေတြဟာ မ်ားေသာအားျဖင့္ ဖိနပ္မစီးၾကေပ။

❖ အခ်ဳိ႕ေသာ ေစတနာရွင္မ်ားက မိမိအိမ္ေရွ႕မွာ ေရေအး၊ အခ်ဳိေရမ်ားနဲ႔လည္းေကာင္း၊ အခ်ဳိ႕ကေတာ့ မ႑ာပ္ေဆာက္ၿပိး ထမင္း၊ ဟင္းမ်ား စတုဒိသာအလွဴမ်ား ျပဳလုပ္ၿပီး ကုသုိလ္ယူၾကတယ္။ အခ်ဳိ႕အိမ္မွာ စပီကာ အႀကီးႀကီးနဲ႔ ဗုဒၶဝင္သီခ်င္းေတြ ဖြင့္၊ တစ္ခ်ဳိ႕ကေတာ့ သီဟုိရုိးရာဗံုတီးကာ ကခုန္ ေပ်ာ္ျမဴးေနၾကတာကုိေတြ႕ရတယ္။ ပဲြေတာ္ကာလအတြင္း ယာဥ္ေၾကာပိတ္ဆုိ႔မႈေတြ မ်ားစြာ ျဖစ္ေပၚတယ္။ ထင္ရွားတဲ့ လမ္းဆံု လမ္းခြနဲ႔ သမုိင္းဝင္ ကလ်ာဏီယ ေက်ာင္းေတာ္ႀကီး၊ ကာရုုတၱရေစတီေတာ္ႀကီး၊ ကႏၲီၿမိဳ႕ စြယ္ေတာ္ေက်ာင္းတုိ႔ကေတာ့ အလြန္ စည္ကားတာ ေတြ႕ရတယ္။

❖ သီရိလကၤာဗုဒၶဘာသာဝင္မ်ားဟာ ေဗာဓိေညာင္ပင္ကုိ ပရိေဘာဂေစတီအျဖစ္ လြန္စြာ ၾကည္ညိဳၾကတယ္။ ေန႔စဥ္ ေန႔တုိင္း ေဗာဓိပင္ကုိ ေရေလာင္းပူေဇာ္ၾကတယ္။ ဘုန္းႀကီးေက်ာင္းတုိင္းမွာ ေဗာဓိပင္ရွိရတယ္။ ကဆုန္လျပည့္ ဗုဒၶေန႔ မနက္ပုိင္းမွာ သီရိလကၤာ ဗုဒၶဘာသာဝင္ ကေလးလူႀကီးမ်ားဟာ ဝတ္စင္ျဖဴဝတ္ၿပီး ဘုန္းႀကီးေက်ာင္းကုိ သြားၾကတယ္။ တံျမက္စည္းလွည္းျခင္း၊ ေဗာဓိပင္အား ပူေဇာ္ျခင္း၊ သီလခံယူျခင္း၊ ပရိတ္ရြတ္ျခင္း၊ ဘာဝနာပြားျခင္းမ်ား ျပဳလုပ္ၾကတယ္။

(သီရိလကၤာဗုဒၶဘာသာဝင္ ကေလးလူငယ္ေတြ ပရိတ္ႀကီး ၁၁ သုတ္ကုိ ရၾကတယ္။)

★ ကဆုန္လျပည့္ အျပည္ျပည္ဆုိင္ရာ ဗုဒၶဘာသာ ကြန္ဖရင့္ ထုိင္းႏုိင္ငံ

ကဆုန္လျပည့္ေန႔ကုိ အျပည္ျပည္ဆုိင္ရာ ရံုးပိတ္ရက္ အျဖစ္ သတ္မွတ္ျခင္း

ကဆုန္လျပည့္ေန႔ဟာ ဗုဒၶဘာသာဝင္တုိ႔ရဲ႕ အထြတ္အျမတ္ေန႔ျဖစ္တယ္။ ဒါေၾကာင့္ ၁၉၉၈ ခု၊ ႏုိဝင္ဘာလ ၅ ရက္မွ ၁၄ ရက္အထိ သီရိလကၤာႏိုင္ငံ၊ ကုိလံဘုိၿမိဳ႕ေတာ္မွာ က်င္းပခဲ့တဲ့ အျပည္ျပည္ဆုိင္ရာ ဗုဒၶဘာသာ ကြန္ဖရင့္မွာ ကဆုန္လျပည့္ေန႔ကုိ ကမၻာ့ရံုးပိတ္ရက္ အျဖစ္ သတ္မွတ္ႏုိင္ရန္အတြက္ ညိွႏႈိင္းေဆြးေႏြး ခဲ့ၾကတယ္။ အဲဒီအစည္းအေဝးကေန ၁၉၉၉ ခု စက္တင္ဘာလမွ သီရိလကၤာႏုိင္ငံ ႏုိင္ငံျခားေရးဝန္ႀကီး လက္ရွမန္းကတိဂမ္ ဟာ အဲဒီအဆုိကုိ ကုလသမဂၢသုိ႔ တင္သြင္းခဲ့တယ္။

★ ၅၄ ႀကိမ္ေျမွာက္ ကုသလသမဂၢ အေထြေထြညီလာခံမွာ အဲဒီအဆုိကုိ ျမန္မာႏုိင္ငံ အပါအဝင္ အာရွတုိက္ရွိ ဗုဒၶဘာသာႏုိင္ငံမ်ား ေတာင္အာရွအဖဲြ႕ဝင္ႏိုင္ငံမ်ား၊ ရုရွားနုိင္ငံ၊ အေမရိကန္ျပည္ေထာင္စုနဲ႔ အျခားႏုိင္ငံမ်ား စုစုေပါင္း ၃၄ ႏုိင္ငံက ေထာက္ခံၾကတယ္။ ဒါေၾကာင့္ ၁၉၉၉ ဒီဇင္ဘာ ၁၃ ရက္ အစည္းအေဝးဆံုးျဖတ္ခ်က္ အမွတ္ ၁၇၄ နဲ႔ ကမၻာ့ကုလသမဂၢမွ “ကဆုန္လျပည့္ ဗုဒၶေန႔” ကုိ အျပည္ျပည္ဆုိင္ရာ ရံုးပိတ္ရက္ Vesak Universal Holiday အျဖစ္ သတ္မွတ္ေပးခဲ့တယ္။

★ ကမၻာ့ကုလသမဂၢဆံုးျဖတ္ခ်က္ကေတာ့

“ေဂါတမဗုဒၶဘုရားရွင္ရဲ႕ သာသနာေတာ္သည္ ကမၻာေပၚမွာ သက္တမ္းရွည္ၾကာတဲ့ ဘာသာတစ္ခုျဖစ္တဲ့ အျပင္ ဘုရားရွင္ရဲ႕ အဆံုးအမေတာ္ဟာ ႏွစ္ေပါင္း ၂၅၀၀ ေက်ာ္ကာလတုိင္ေအာင္ လူသားတုိ႔အေပၚ ကာယသုခ၊ စိတၱသုခနဲ႔ ၿငိမ္းခ်မ္းေရးကုိ ေဆာင္ရြက္ေပးခဲ့ၿပီး ေနာင္အနာဂတ္မွာလည္း ကမၻာ့လူသားတုိ႔အေပၚ ေကာင္းက်ဳိးမ်ား ဆက္လက္ သက္ေရာက္ေနမည္ျဖစ္ေၾကာင္း၊

★ သုိ႔ျဖစ္၍ ကုသလမဂၢဗဟုိဌာနခ်ဳပ္နဲ႔ ကမၻာေပၚရွိ ကုလသမဂၢဌာနအသီးသီးတုိ႔မွ ကဆုန္လျပည့္ ဗုဒၶေန႔ (ေဝဆတ္ေဒး)ကုိ အျပည္ျပည္ဆုိင္ရာ ရ့ုံးပိတ္ရက္အျဖစ္ သတ္မွတ္ရမည္။ ဤဆံုးျဖတ္ခ်က္အရ ေဝဆတ္ေဒး က်င္းပရာတြင္ ကုလသမဂၢရံပံုေငြကုိ သံုးစဲြခြင့္မရွိ။ ႏွစ္စဥ္ႏွစ္တုိင္း ကဆုန္လျပည့္ေန႔သည္ မည္သည့္လ (အဂၤလိပ္လ)တြင္ က်ေရာက္မည္ကုိ ကုလသမဂၢ ဌာနခ်ဳပ္ႏွင့္ အျခားေသာ ကုလသမဂၢဌာနတုိ႔က တုိင္ပင္ညွိႏႈိင္းကာ ဆံုးျဖတ္သြားရမည္” လုိ႔ ဆံုးျဖတ္ခဲ့ပါတယ္။

★ ထူးျခားလွတဲ့ ဗုဒၶဘာသာဝင္တုိ႔ရဲ႕ ကဆုန္လျပည့္ေန႔ကုိ ကမၻာ့ကုလသမဂၢက အျပည္ျပည္ဆုိင္ရာ ရံုးပိတ္ရက္အျဖစ္ သတ္မွတ္ေပးခဲ့ေလၿပီ။

★ ကဆုန္လျပည့္ေန႔ဟာ ဘုရားရွင္ အဆူဆူ ပြင့္ေတာ္မူတဲ့ေန႔လည္းျဖစ္တယ္။ ေလာကမွာ ဘုရားရွင္ ပြင့္ထြန္းေပၚေပါက္လာျခင္းဟာ ေလာက ေကာင္းက်ဳိးအတြက္ပဲျဖစ္တယ္။ ဘုရားရွင္ရဲ႕အဆံုးအမေတာ္ဟာ ေလာကသားတုိင္းအတြက္ ျဖစ္တယ္။ေလာကသားတုိ႔ဟာ ဘုရားရွင္ရဲ႕ အဆံုးအမအတုိင္း လုိက္နာ က်င့္သံုးပါက ကာယသုခ စိတၱသုခနဲ႔ ျပည့္စံုၾကၿပီး ၿငိမ္းခ်မ္းေရးအစစ္ ျဖစ္တဲ့ သႏၲိသုခ နိဗၺာန္ကုိ မလႊဲဧကန္ ေရာက္ရေပမည္။

ဘုရားရွင္ အဆံုးအမျဖစ္တဲ့“မေကာင္းမႈေရွာင္၊ ေကာင္းမႈေဆာင္၊ စိတ္ကုိျဖဴေအာင္ထား”

“ဗုဒၶတုိင္းသာ၊ မိန္႔ခဲ့တာ၊ သံုးျဖာဤစကား” အတုိင္း လုိက္နာက်င့္သံုးႏုိင္ၾကၿပီး ၿငိမ္းခ်မ္းေရး အစစ္ျဖစ္တဲ့ သႏိၲိသုခကုိ ရရွိႏုိင္ၾကပါေစ …. … …။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ရဲရင့္ ထြန္း
#Unicode Version#
❖ ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။

ကဆန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့—

━ (၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။
ကဆုန်လပြည့်နေ့ အကြောင်း သိကောင်းစရာများ... 1

━ (၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။

━ (၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။

━ (၄) ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ဖြစ်ပြန်တယ်။

❖ ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။
ကဆုန်လပြည့်နေ့ အကြောင်း သိကောင်းစရာများ... 2

❖ ကဆုန်လဟာ မြန်မာလ ၁၂ ရာသီမှာ ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။ ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့အရေးများတယ်။ နောက်ပိုင်းမှာ “ကု” မှ “က” သို့ ပြောင်းလဲလာတယ်လို့ ဆိုတယ်။ (ကုက)ရဲ့ အဓိပ္ပါယ်ကတော့ “ရေ” ဖြစ်ကာ “ဆုန်” တော့ သွန်းလောင်းတယ်လို့ အဓိပ္ပါယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လို့ ဆိုနိုင်ပါတယ်။

❖ ပါဠိစာပေမှာ ကဆုန်လကို “ဝေသာခ” Vesaka လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ “ဝေသခ်” Vesak ဖြစ်လာတယ်။ သီဟိုအသံထွက်ကတော့ ဝေဆတ်ခ် လို့ ထွက်ပြီး အနောက်နိုင်ငံသားများကလည်း သီဟိုသံကို အမှီပြုကာ ကဆုန်လပြည့်နေ့ကို ဝေဆတ်ခ်ဒေး Vesak Day လို့ ခေါ်ကြတယ်။ ထိုင်းဗုဒ္ဓဘာသာတွေကတော့ ကဆုန်လပြည့်နေ့ကို “ဝိဆာခပူချား” (ဝိသာခပူဇာ) လို့ခေါ်သတဲ့။
ကဆုန်လပြည့်နေ့ အကြောင်း သိကောင်းစရာများ... 3

❖ မြန်မာပြည်မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်

ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားတဲ့ ဘာသာရေးပွဲကို ဆင်နွှဲတယ်။ ကဆုန်လရာသီဟာ နေအရှိန် အပြင်းအထန်ဆုံးဖြစ်လို့ ရေတွေ ခန်းချောက်လေ့ရှိတယ်။ ဘုရားပွင့်တော်မူတဲ့ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းကြလို့ “ကဆုန်လ ညောင်ရေသွန်းပွဲ” လို့ ခေါ်လာကြတယ်။

❖ ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်ဟာ ဘုရားရှင်အားပရိဘောဂစေတီတော်ဖြစ်လို့ ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ ဗောဓိပင် ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက် အဓွန့်ရှည်စေဖို့ ဖေါ်ညွှန်းပါတယ်။

❖ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ဟာ ကဆုန်လပြည့်နေ့မှာ သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းလောင်းလှူခြင်း၊ သီလခံယူခြင်း၊ ပရိတ်တရားတော် တရားတော်များ နာကြားခြင်း၊ ဘာဝနာတရား ပွားများခြင်း စတာတွေ ပြုလုပ်ကြပါတယ်။ ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ္ဆာန်ဘေးမဲ့လွှတ်ပွဲ တွေကိုလည်း တပျော်တပါး ကျင်းပကြတယ်။………။

ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပပုံ။ ᠌᠌᠌

❖ ထိုင်းနိုင်ငံ ဇင်းမယ်မှာ ကျင်းပတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ (ဝိဆာခပူးချား)

ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့။

ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်လို့ ကဆုန်လပြည့်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံဖြစ်လို့ ဘုရင်နဲ့တကွ ဘုရင့်ဆွေတော်မျိုးတော် အပါအဝင် အရာရှိအရာခံများအားလုံး ကဆုန်လပြည့်နေ့ အခမ်းအနားဖြစ်တဲ့ “ဝိဆာခပူးချား” ကို တပြည်လုံး ပါဝင်ဆင်နွှဲကြတယ်။

❖ ကဆုန်လပြည့်နေ့မှာ သာသနာ့အလံတော်များသည် ထိုင်းနိုင်ငံ တစ်ဝှမ်းလုံးမှာ တလူလူလွှင့်ထူကြတယ်။ (ထိုင်းနိုင်ငံသာသနာ့အလံဟာ မြန်မာနဲ့ သီရိလင်္ကာနိုင်ငံလို ရောင်ခြည်တော် ခြောက်သွယ် မဟုတ်ဘဲ အရဟတ္တဓဇ သင်္ကန်းရောင်ပေါ် တွင် ဓမ္မစကြာ စက်ဝိုင်းပုံ တပ်ထားခြင်းဖြစ်တယ်။)။

❖ ကဆုန်လပြည့်နေ့မှာ ထိုင်းဗုဒ္ဓဘာသာဝင်းများဟာ နံနက်ပိုင်းမှာ သံဃာတော်များအား ဆွမ်းလောင်းလှူကြတယ်။ ဘုရားကျောင်းကန်များကို သန့်ရှင်းရေးများ ပြုလုပ်ကာ ကုသိုလ်ယူကြပြီး နေ့လည်ပိုင်းအချိန် ဘုန်းကြီးကျောင်း ဓမ္မသာလာဇရပ်မှာ တရားနာယူကြတယ်။ တစ်ချို့ကတော့ ဘာဝနာတရားများ ပွားများအားထုတ်ကြတယ်။

❖ ညဦးပိုင်းမှာ စုပေါင်းပြီး လူတစ်ဦးလျင် ဖယောင်းတိုင် တစ်တိုင်၊ အမွှေးတိုင်သုံးတိုင် ထွန်းညှိကာ ပန်းတစ်ပွင့်နဲ့အတူ စေတီတော်အား လကျာ်ရစ် သုံးပတ်ပတ်ကာ ပူဇော်ကြတယ်။ စေတီတော်ကို လှည့်ပတ်စဉ် ဘုရားဂုဏ်တော် တရားဂုဏ်တော်နဲ့ သံဃာ့ဂုဏ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြတယ်။ သံဃာတော်များထံ တရားနာယူကြတယ်။

❖ ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကျင်းပတဲ့ နေရာကတော့ နခွန်ပထုမ်ရှိ ဗုဒ္ဓမွန်းထွန်ဘုရားပဲ ဖြစ်တယ်။ အဲဒီနေရာမှာ ထိုင်းဘုရင်မင်းမြတ် (သို့မဟုတ်) ဆွေတော်မျိုးတော်များက ဗုဒ္ဓဘာသာဝင် လူထုကို ဦးဆောင်ပြီး “ဝိဆာခပူးချား” (ဝိသာခပူဇာ) ပွဲကို နှစ်စဉ်ကျင်းပတယ်။ ထင်ရှားတဲ့ ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာလဲ ဝိဆာသပူချား အခမ်းအနားများ ကျင်းပကြတယ်။ အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာ အစည်းအဝေးများကိုလည်း ကျင်းပခဲ့ကြတယ်။………။

သီရိလင်္ကာနိုင်ငံ ဝေဆတ်ဒေး ကျင်းပပုံ

သီရိလင်္ကာနိုင်ငံ နှင့် ကဆုန်လပြည့် ဗုဒ္ဓနေ့။ ᠌᠌᠌

❖ သီရိလင်္ကာနိုင်ငံသားများကတော့ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို “ဝေဆတ် = Vesak” လို့ခေါ်ကာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ကဆုန်လပြည့်နေ့ဟာ အထူးခြားဆုံး နေ့အဖြစ် သတ်မှတ်ကာ ပွဲတော်ကို (၇) ရက်ခန့် ကျင်းပတယ်။ အစည်ကားဆုံးနေ့ကတော့ ကဆုန်လဆန်း (၁၄) ရက်၊ လပြည့်နေ့နဲ့ လပြည့်ကျော် တစ်ရက်နေ့ပါ။

❖ ဗုဒ္ဓဘာသာဝင်အိမ်တိုင်း သာသနာ့ အလံတော်ကို လွှင့်ထူထားကြတယ်။ ထင်ရှားတဲ့ စေတီတော်၊ ကျောင်းတော်နဲ့ လမ်းဆုံ လမ်းခွတွေမှာ မီးစင်မြင့်ကြီး ဆောက်လုပ်ကာ ဘုရားရှင်ရဲ့ ဆေးရေး ပန်းချီပုံတော် ပတ်ပတ်လည်နဲ့ ဇာတကဆေးပန်ချီပုံတော်တွေကို လျှပ်စစ်မီးများ အလှဆင်ကာ မိုးလင်းပေါက် ထွန်းညှိပူဇော်ကြတယ်။

❖ အဆိုအကပွဲများ မရှိပေမယ့် အလွန်စည်ကားတယ်။ ရောင်စုံမီးပုံး အလှပြိုင်ပွဲများ ကျင်းပတဲ့ နေရာမှာဆိုရင် ပွဲလာပရိသတ်များ ကြိတ်ကြိတ်တိုး စည်ကားလှတယ်။

သီရိလင်္ကာနိုင်ငံ ကဆုန်လပြည့်နေ့ လမ်းဆုံလမ်းခွမှ ဗုဒ္ဓဝင်ပန်းချီကား

အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ (အထူးသဖြင့် ရွာသူရွာသားများ)ဟာ ကိုလံဘိုမြို့ (သို့မဟုတ်) မြို့ကြီးများမှ မိးထွန်းပွဲကို လာရောက်ကြည့်ရှုကြတယ်။ မော်တော်ကား၊ ဆိုင်ကယ်၊ စက်ဘီးစီးပြီး လည်ပတ် ကြတဲ့သူတွေ၊ လမ်းလျှောက်လည်ပတ်ကြတဲ့ သူတွေ တစ်ညလုံး စည်ကားတာ တွေ့ရတယ်။ ရွာကနေ လာကြတဲ့ လမ်းလျှောက်တဲ့သူတွေဟာ များသောအားဖြင့် ဖိနပ်မစီးကြပေ။

❖ အချို့သော စေတနာရှင်များက မိမိအိမ်ရှေ့မှာ ရေအေး၊ အချိုရေများနဲ့လည်းကောင်း၊ အချို့ကတော့ မဏ္ဍာပ်ဆောက်ပြိး ထမင်း၊ ဟင်းများ စတုဒိသာအလှူများ ပြုလုပ်ပြီး ကုသိုလ်ယူကြတယ်။ အချို့အိမ်မှာ စပီကာ အကြီးကြီးနဲ့ ဗုဒ္ဓဝင်သီချင်းတွေ ဖွင့်၊ တစ်ချို့ကတော့ သီဟိုရိုးရာဗုံတီးကာ ကခုန် ပျော်မြူးနေကြတာကိုတွေ့ရတယ်။ ပွဲတော်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေ များစွာ ဖြစ်ပေါ်တယ်။ ထင်ရှားတဲ့ လမ်းဆုံ လမ်းခွနဲ့ သမိုင်းဝင် ကလျာဏီယ ကျောင်းတော်ကြီး၊ ကာရုတ္တရစေတီတော်ကြီး၊ ကန္တီမြို့ စွယ်တော်ကျောင်းတို့ကတော့ အလွန် စည်ကားတာ တွေ့ရတယ်။

❖ သီရိလင်္ကာဗုဒ္ဓဘာသာဝင်များဟာ ဗောဓိညောင်ပင်ကို ပရိဘောဂစေတီအဖြစ် လွန်စွာ ကြည်ညိုကြတယ်။ နေ့စဉ် နေ့တိုင်း ဗောဓိပင်ကို ရေလောင်းပူဇော်ကြတယ်။ ဘုန်းကြီးကျောင်းတိုင်းမှာ ဗောဓိပင်ရှိရတယ်။ ကဆုန်လပြည့် ဗုဒ္ဓနေ့ မနက်ပိုင်းမှာ သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ကလေးလူကြီးများဟာ ဝတ်စင်ဖြူဝတ်ပြီး ဘုန်းကြီးကျောင်းကို သွားကြတယ်။ တံမြက်စည်းလှည်းခြင်း၊ ဗောဓိပင်အား ပူဇော်ခြင်း၊ သီလခံယူခြင်း၊ ပရိတ်ရွတ်ခြင်း၊ ဘာဝနာပွားခြင်းများ ပြုလုပ်ကြတယ်။

(သီရိလင်္ကာဗုဒ္ဓဘာသာဝင် ကလေးလူငယ်တွေ ပရိတ်ကြီး ၁၁ သုတ်ကို ရကြတယ်။)

★ ကဆုန်လပြည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့် ထိုင်းနိုင်ငံ

ကဆုန်လပြည့်နေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ခြင်း

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်တယ်။ ဒါကြောင့် ၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ် သတ်မှတ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြတယ်။ အဲဒီအစည်းအဝေးကနေ ၁၉၉၉ ခု စက်တင်ဘာလမှ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လက်ရှမန်းကတိဂမ် ဟာ အဲဒီအဆိုကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့တယ်။

★ ၅၄ ကြိမ်မြှောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ အဲဒီအဆိုကို မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ရှိ ဗုဒ္ဓဘာသာနိုင်ငံများ တောင်အာရှအဖွဲ့ဝင်နိုင်ငံများ၊ ရုရှားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံများ စုစုပေါင်း ၃၄ နိုင်ငံက ထောက်ခံကြတယ်။ ဒါကြောင့် ၁၉၉၉ ဒီဇင်ဘာ ၁၃ ရက် အစည်းအဝေးဆုံးဖြတ်ချက် အမှတ် ၁၇၄ နဲ့ ကမ္ဘာ့ကုလသမဂ္ဂမှ “ကဆုန်လပြည့် ဗုဒ္ဓနေ့” ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့တယ်။

★ ကမ္ဘာ့ကုလသမဂ္ဂဆုံးဖြတ်ချက်ကတော့

“ဂေါတမဗုဒ္ဓဘုရားရှင်ရဲ့ သာသနာတော်သည် ကမ္ဘာပေါ်မှာ သက်တမ်းရှည်ကြာတဲ့ ဘာသာတစ်ခုဖြစ်တဲ့ အပြင် ဘုရားရှင်ရဲ့ အဆုံးအမတော်ဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ကာလတိုင်အောင် လူသားတို့အပေါ် ကာယသုခ၊ စိတ္တသုခနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးခဲ့ပြီး နောင်အနာဂတ်မှာလည်း ကမ္ဘာ့လူသားတို့အပေါ် ကောင်းကျိုးများ ဆက်လက် သက်ရောက်နေမည်ဖြစ်ကြောင်း၊

★ သို့ဖြစ်၍ ကုသလမဂ္ဂဗဟိုဌာနချုပ်နဲ့ ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂဌာနအသီးသီးတို့မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဝေဆတ်ဒေး)ကို အပြည်ပြည်ဆိုင်ရာ ရ့ုံးပိတ်ရက်အဖြစ် သတ်မှတ်ရမည်။ ဤဆုံးဖြတ်ချက်အရ ဝေဆတ်ဒေး ကျင်းပရာတွင် ကုလသမဂ္ဂရံပုံငွေကို သုံးစွဲခွင့်မရှိ။ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့သည် မည်သည့်လ (အင်္ဂလိပ်လ)တွင် ကျရောက်မည်ကို ကုလသမဂ္ဂ ဌာနချုပ်နှင့် အခြားသော ကုလသမဂ္ဂဌာနတို့က တိုင်ပင်ညှိနှိုင်းကာ ဆုံးဖြတ်သွားရမည်” လို့ ဆုံးဖြတ်ခဲ့ပါတယ်။

★ ထူးခြားလှတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့လေပြီ။

★ ကဆုန်လပြည့်နေ့ဟာ ဘုရားရှင် အဆူဆူ ပွင့်တော်မူတဲ့နေ့လည်းဖြစ်တယ်။ လောကမှာ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာခြင်းဟာ လောက ကောင်းကျိုးအတွက်ပဲဖြစ်တယ်။ ဘုရားရှင်ရဲ့အဆုံးအမတော်ဟာ လောကသားတိုင်းအတွက် ဖြစ်တယ်။လောကသားတို့ဟာ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း လိုက်နာ ကျင့်သုံးပါက ကာယသုခ စိတ္တသုခနဲ့ ပြည့်စုံကြပြီး ငြိမ်းချမ်းရေးအစစ် ဖြစ်တဲ့ သန္တိသုခ နိဗ္ဗာန်ကို မလွှဲဧကန် ရောက်ရပေမည်။

ဘုရားရှင် အဆုံးအမဖြစ်တဲ့“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား”

“ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာဤစကား” အတိုင်း လိုက်နာကျင့်သုံးနိုင်ကြပြီး ငြိမ်းချမ်းရေး အစစ်ဖြစ်တဲ့ သန္တိိသုခကို ရရှိနိုင်ကြပါစေ …. … …။

ဖိုးသူတော်(www.phothutaw.com)
Credit:ရဲရင့် ထွန်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top