အပူရွိန္ျမင့္မားေနသည့္ မေကြးတိုင္းအတြင္း မိုးရြာသြန္းေစရန္ ရည္ရြယ္၍ (ယေန႔) ေမလ ၂၂ ရက္ေန႔ နံနက္ ပိုင္းတြင္ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ဦးေဆာင္ကာ ေခ်ာက္ၿမိဳ႕နယ္ရွိ မိုးေကာင္းဘုရားကို မေကြးၿမိဳ႕သုိ႔ ပင့္ေဆာင္လာေၾကာင္း သိရသည္။

“ကုသိုလ္ရပါတယ္ ။ မိုးေကာင္းဘုရားပင့္တာ မိုးမွန္တယ္ေျပာလုိ႔ ဘုရားပင့္တာေနာက္က်ေနတယ္။ အမွန္က သႀကၤန္ၿပီး တန္းပင့္ရမွာ” ဟု မေကြးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ေျပာသည္။

မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ေဒါက္တာေအာင္မိုးညိဳႏွင့္ တိုင္းအစိုးရအဖြဲ႔ဝင္ ဝန္ႀကီးမ်ား၊ မေကြးၿမိဳ႕သူၿမိဳ႕သားမ်ား စုေပါင္းကာ တိုင္းအတြင္း မိုးမ်ားရြာသြန္း၍ အပူရွိန္က်ဆင္းကာ စိုက္ပ်ဳိးသီးႏွံမ်ား ျဖစ္ထြန္းေအာင္ျမင္ေစရန္အတြက္ မိုးေကာင္းဘုရားကို ပင့္ေဆာင္ကာ ျမသလြန္ဘုရားတြင္(၃)ရက္တိုင္တိုင္ ကိန္းဝပ္စံပၸါယ္မည္ျဖစ္ေၾကာင္း သိရသည္။
မိုးေကာင္းဘုရား

မေကြးတိုင္းေဒသႀကီး၊ ေခ်ာက္ၿမိဳ႕နယ္၊ ဇီးပြားေက်းရြာတြင္ ျမန္မာသကၠရာဇ္ (၄၇၉)ခုႏွစ္ သီတင္းကၽြတ္လျပည့္ ေက်ာ္ ၃ရက္ေန႔၌ အေလာင္းစည္သူမင္းႀကီး ကိုးကြယ္တည္ထားခဲ႔ေသာ ေရႊဂ်ိဳးေတာင္ (ခ) ေဂြးခ်ိဳေတာင္ ရွင္ပင္မဟာဒကိၡဏသာခါနန္းဦးဆုေတာင္းျပည့္ မိုးေကာင္း သားဆုပန္ျမတ္စြာဘုရားႀကီး ျဖစ္ေၾကာင္း သိရသည္။

“မိုးေကာင္းဘုရား ပင့္ေဆာင့္ရတဲ႔ရည္ရြယ္ခ်က္ကေတာ့ မေကြးၿမိဳ႕အပါအဝင္ တိုင္းတစ္တိုင္းလံုး မိုးေကာင္း ေစဖို႔၊ မိုးၿဖိဳင္ၿဖိဳင္ရြာၿပီး စိုက္ပ်ိဳးသီးႏွံေတြ ျဖစ္ထြန္းၿပီး ျပည္သူေတြ ေရေပါမ်ားစြာသံုးစြဲနိုင္ေရးအတြက္ မိုးေကာင္း ဘုရားကို ပင့္ေဆာင္ျခင္းျဖစ္ပါတယ္။ ကၽြန္ေတာ္တာဝန္ထမ္းေဆာင္တဲ့ ၃ ႏွစ္အတြင္း ႏွစ္စဥ္ပင့္ေဆာင္ခဲ႔ပါ တယ္။ မိုးေကာင္းဘုရားပင့္ေဆာင္ျခင္းအားျဖင့္ မိုးၿဖိဳင္ၿဖိဳင္ရြာေတာ့မယ္လို႔ ယံုၾကည္ပါတယ္” ဟု မေကြးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္လြင္က ေျပာသည္။

မေကြးျမိဳ႕ ျမသလြန္ရင္ျပင္ေတာ္ႀကီးမွာ (၃)ရက္ (၃)ည အပူေဇာ္ခံသည့္အခါ မေကြးျမိဳ႕မွ သံဃာေတာ္အရွင္ျမတ္မ်ားက မိုးပရိတ္ေတာ္မ်ား၊ မိုးမႏၲန္ေတာ္မ်ား၊ ငါးရံ႕မင္းပရိတ္ေတာ္မ်ားကုိ ရြတ္ဖတ္ပူေဇာ္မည္ျဖစ္ကာ ထိုသုိ႔ ရြတ္ဖတ္ပူေဇာ္သည့္အတြက္ မေကြးျမိဳ႕ႏွင့္တကြ ျမန္မာႏိုင္ငံတစ္ဝွမ္းလုံး မိုးရြာသြန္းျဖိဳးမည္ဟု ရည္ရြယ္၍ ယခုလုိ မိုးေကာင္းဘုရားအား ပင့္ေဆာင္ျခင္းျဖစ္ေျကာင္း တိုင္းအစိုးရအဖြဲ႕ထံမွ သိရသည္။

ေရႊဂ်ိဳးေတာင္(ခ)ေဂြးခ်ဳိေတာင္ ရွင္ပင္မဟာဒကိၡဏသာခါနန္းဦးဆုေတာင္းျပည့္ မိုးေကာင္း သားဆုပန္ ျမတ္စြာ ဘုရားႀကီးသည္ ေမ ၂၂ရက္ေန႔မွ ေမ ၂၄ ရက္ အထိ မေကြးျမသလြန္ဘုရား ရင္ျပင္ေတာ္တြင္ ကိန္းဝပ္စံပၸါယ္ၿပီး ေမ ၂၅ ရက္ေန႔ နံနက္တြင္ ေခ်ာက္ၿမိဳ႕နယ္ သို႔ ျပန္လည္ပင့္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: Mizzima

#Unicode Version#
အပူရှိန်မြင့်မားနေသည့် မကွေးတိုင်းအတွင်း မိုးရွာသွန်းစေရန် ရည်ရွယ်၍ (ယနေ့) မေလ ၂၂ ရက်နေ့ နံနက် ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်ကာ ချောက်မြို့နယ်ရှိ မိုးကောင်းဘုရားကို မကွေးမြို့သို့ ပင့်ဆောင်လာကြောင်း သိရသည်။

“ကုသိုလ်ရပါတယ် ။ မိုးကောင်းဘုရားပင့်တာ မိုးမှန်တယ်ပြောလို့ ဘုရားပင့်တာနောက်ကျနေတယ်။ အမှန်က သြင်္ကန်ပြီး တန်းပင့်ရမှာ” ဟု မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုနှင့် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးမြို့သူမြို့သားများ စုပေါင်းကာ တိုင်းအတွင်း မိုးများရွာသွန်း၍ အပူရှိန်ကျဆင်းကာ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်စေရန်အတွက် မိုးကောင်းဘုရားကို ပင့်ဆောင်ကာ မြသလွန်ဘုရားတွင်(၃)ရက်တိုင်တိုင် ကိန်းဝပ်စံပ္ပါယ်မည်ဖြစ်ကြောင်း သိရသည်။
မိုးကောင်းဘုရား

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဇီးပွားကျေးရွာတွင် မြန်မာသက္ကရာဇ် (၄၇၉)ခုနှစ် သီတင်းကျွတ်လပြည့် ကျော် ၃ရက်နေ့၌ အလောင်းစည်သူမင်းကြီး ကိုးကွယ်တည်ထားခဲ့သော ရွှေဂျိုးတောင် (ခ) ဂွေးချိုတောင် ရှင်ပင်မဟာဒက္ခိဏသာခါနန်းဦးဆုတောင်းပြည့် မိုးကောင်း သားဆုပန်မြတ်စွာဘုရားကြီး ဖြစ်ကြောင်း သိရသည်။

“မိုးကောင်းဘုရား ပင့်ဆောင့်ရတဲ့ရည်ရွယ်ချက်ကတော့ မကွေးမြို့အပါအဝင် တိုင်းတစ်တိုင်းလုံး မိုးကောင်း စေဖို့၊ မိုးဖြိုင်ဖြိုင်ရွာပြီး စိုက်ပျိုးသီးနှံတွေ ဖြစ်ထွန်းပြီး ပြည်သူတွေ ရေပေါများစွာသုံးစွဲနိုင်ရေးအတွက် မိုးကောင်း ဘုရားကို ပင့်ဆောင်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တာဝန်ထမ်းဆောင်တဲ့ ၃ နှစ်အတွင်း နှစ်စဉ်ပင့်ဆောင်ခဲ့ပါ တယ်။ မိုးကောင်းဘုရားပင့်ဆောင်ခြင်းအားဖြင့် မိုးဖြိုင်ဖြိုင်ရွာတော့မယ်လို့ ယုံကြည်ပါတယ်” ဟု မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောသည်။

မကွေးမြို့ မြသလွန်ရင်ပြင်တော်ကြီးမှာ (၃)ရက် (၃)ည အပူဇော်ခံသည့်အခါ မကွေးမြို့မှ သံဃာတော်အရှင်မြတ်များက မိုးပရိတ်တော်များ၊ မိုးမန္တန်တော်များ၊ ငါးရံ့မင်းပရိတ်တော်များကို ရွတ်ဖတ်ပူဇော်မည်ဖြစ်ကာ ထိုသို့ ရွတ်ဖတ်ပူဇော်သည့်အတွက် မကွေးမြို့နှင့်တကွ မြန်မာနိုင်ငံတစ်ဝှမ်းလုံး မိုးရွာသွန်းဖြိုးမည်ဟု ရည်ရွယ်၍ ယခုလို မိုးကောင်းဘုရားအား ပင့်ဆောင်ခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ရွှေဂျိုးတောင်(ခ)ဂွေးချိုတောင် ရှင်ပင်မဟာဒက္ခိဏသာခါနန်းဦးဆုတောင်းပြည့် မိုးကောင်း သားဆုပန် မြတ်စွာ ဘုရားကြီးသည် မေ ၂၂ရက်နေ့မှ မေ ၂၄ ရက် အထိ မကွေးမြသလွန်ဘုရား ရင်ပြင်တော်တွင် ကိန်းဝပ်စံပ္ပါယ်ပြီး မေ ၂၅ ရက်နေ့ နံနက်တွင် ချောက်မြို့နယ် သို့ ပြန်လည်ပင့်ဆောင်မည်ဖြစ်ကြောင်း သိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit: Mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top