ရန္ကုန္ၿမိဳ႕တြင္ ကိုရီးယား နိုင္ငံသူ တဦးကို ဆိုင္ကယ္ ကယ္ရီသမားက ပစၥည္း လုယက္သည့္ အျပင္ အဓမၼျပဳက်င့္ရန္ ႀကံစည္မႈ ျဖစ္ပြားခဲ့ေၾကာင္း ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕က သိရသည္။

ေမလ ၁ ရက္ေန႕ ညေနပိုင္းက ဆူးေလရွိ ဟိုတယ္ တခုတြင္ တည္းခိုေနသည့္ ကိုရီးယားနိုင္ငံသူ တဦးသည္ သူငယ္ခ်င္း ျဖစ္သူအား ေအာင္မဂၤလာ အေဝးေျပးကားဝင္းသို႔ လိုက္ပို႔အၿပီး အျပန္ ကားငွားရာ ဘာသာစကား အခက္အခဲ ျဖစ္ေပၚေန စဥ္ အနီးရွိ ဆိုင္ကယ္ ကယ္ရီသမားက လိုက္ပို႔ ေပးမည္ဟု ဆိုၿပီး ပို႔ေဆာင္ေပးခဲ့ေၾကာင္း တြံေတး ၿမိဳ႕နယ္ ခေလာက္ခ်ိဳင့္ ရဲစခန္းမွ စခန္းမႉး ရဲအုပ္ သန္းေဇာ္ဦး က ဧရာဝတီကို ေျပာသည္။

ထို႔ေနာက္ လွိုင္သာယာဘက္မွ တြံေတး ၿမိဳ႕နယ္ဘက္သို႔ ေခၚေဆာင္သြားကာ ယင္း အမ်ိဳးသမီးတြင္ ပါရွိသည့္ ပစၥည္းမ်ား ယူသည့္ အျပင္ အဓမၼ ျပဳက်င့္ရန္ ႀကိဳးစား အားထုတ္ခဲ့ေၾကာင္း ၎က ဆိုသည္။

အမႈဖြင့္ရာတြင္ လုယက္မႈ ပုဒ္မ ပါရွိေသာ္လည္း မည္သည့္ ပစၥည္းမ်ား ပါရွိသြားသည္ကိုမူ ရဲတပ္ဖြဲ႕က ထုတ္ေဖာ္ ေျပာၾကား ျခင္း မရွိေပ။

အဆိုပါ ျဖစ္စဥ္ အတြက္ ခေလာက္ခ်ိဳင့္ ရဲစခန္းတြင္ မုဒိမ္းမႈ၊ ျပစ္မႈ က်ဴးလြန္ရန္ အားထုတ္မႈ၊ ပစၥည္းကို မရိုးေျဖာင့္ေသာ သေဘာျဖင့္ အလြဲသုံးစား ျပဳမႈ၊ နာက်င္ေစမႈ စသည့္ ပုဒ္မ ၃၇၆/ ၅၁၁/ ၄၀၃/ ၃၂၃ တို႔ျဖင့္ အမႈဖြင့္ ေဆာင္႐ြက္ထား ေၾကာင္း ရဲအုပ္ သန္းေဇာ္ဦးက ေျပာဆိုသည္။

၎က“အေျခအေနကေတာ့ ေဆးစာေတြ၊ ဘာေတြ ရတဲ့ အခါမွာ ပုဒ္မ ေျပာင္းခ်င္လည္း ေျပာင္းသြားနိုင္မယ္။ အခုက ေတာ့ က်ေနာ္တို႔ ကနဦး အဲဒီ ပုဒ္မေတြနဲ႕ပဲ အမႈဖြင့္ ထားပါတယ္”ဟု ေျပာသည္။

ယင္းသို႔ ျဖစ္ပြားေနစဥ္ ႐ုန္းကန္ တြန္းတိုက္မႈ ျဖစ္သျဖင့္ ဆိုင္ကယ္သမားက ကိုရီးယား နိုင္ငံသူကို ထားခဲ့ၿပီး ထြက္ေျပး သြား ေၾကာင္း၊ က်ဴးလြန္သူကို ဖမ္းမမိေသးေသာ္လည္း ၎၏ ဓာတ္ပုံမ်ားကို လွိုင္သာယာ ၿမိဳ႕နယ္ အတြင္းရွိ ဓာတ္ဆီ ဆိုင္ CCTV မွတ္တမ္းမ်ားမွ ရရွိထားၿပီး ျဖစ္ေၾကာင္း ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕က သိရသည္။

အဆိုပါ ဆိုင္ကယ္ ကယ္ရီသမားကို ဖမ္းဆီးရမိနိုင္ေရး အတြက္ တိုင္းရဲတပ္ဖြဲ႕ အေနျဖင့္ ႀကိဳးစားေနၿပီး နိုင္ငံျခားသား ျဖစ္ေစ၊ ကိုယ့္နိုင္ငံသား ျဖစ္ေစ ယခုကဲ့သို႔ အမႈမ်ား ထပ္မံ မျဖစ္ပြားေရး ေဆာင္႐ြက္လ်က္ ရွိသည္ဟု ရန္ကုန္တိုင္း ရဲတပ္ ဖြဲ႕မွ ဒုရဲမႉးႀကီး လွရီက ေျပာသည္။

၎က“ကိုရီးယားနိုင္ငံသူကို ကယ္ရီသမားက အဓမၼက်င့္ဖို႔ ႀကိဳးစားတယ္။ ဟိုကလည္း ႐ုန္းကန္ တုံ႕ျပန္တယ္။ ကိုရီးယား နိုင္ငံသူရဲ႕ ဆြဲႀကိဳးကလည္း အဲ့ဒီမွာ ေပ်ာက္သြားတယ္။ ကယ္ရီသမားေတြ ဆိုတာလည္း လူေပါင္းစုံပဲဗ်။ ေကာင္းေရာင္း ေကာင္းဝယ္ လုပ္စားသူေတြလည္း ရွိပါတယ္။ အဲဒီထဲမွာ ေရာင္ေတာ္ျပန္(ပုံမွားရိုက္) ဒုစရိုက္ က်ဴးလြန္ခ်င္သူေတြလည္း ရွိတာပဲ။ ဒါမ်ိဳး ေနာက္မျဖစ္ေအာင္ေတာ့ က်ေနာ္တို႔ တားဆီး ကာကြယ္ဖို႔ လုပ္ေနပါတယ္”ဟုလည္း ဆိုသည္။

ယခုလို ဆိုင္ကယ္ ကယ္ရီသမား တခ်ိဳ႕ နိုင္ငံျခားသူကိုပင္ ျပစ္မႈ က်ဴးလြန္လာျခင္းသည္ ျမန္မာနိုင္ငံ၏ ပုံရိပ္ကို ထိခိုက္ ေစၿပီး ျမန္မာ့ ခရီးသြားလုပ္ငန္း အတြက္ပါ စိတ္မခ်ရဟု သတင္းမ်ား ထြက္ေပၚလာခဲ့လွ်င္ ျမန္မာနိုင္ငံ၏ နိုင္ငံျခား ဝင္ေငြ မ်ားကိုပင္ ထိခိုက္သြားေစနိုင္ေၾကာင္း ရန္ကုန္တိုင္း လႊတ္ေတာ္ တရားစီရင္ေရး ေကာ္မတီ ဥကၠ႒ ျဖစ္သူ ဦးျမင့္လြင္က ေျပာဆိုသည္။

ထို႔ျပင္ ျမန္မာနိုင္ငံသားမ်ား သာမက နိုင္ငံျခားသားမ်ား အထိ ျပစ္မႈ က်ဴးလြန္လာသည့္ အတြက္ ဥပေဒ အရ ထိထိ ေရာက္ ေရာက္ အေရးယူ ေဆာင္႐ြက္ရန္ လိုအပ္ၿပီး ဒုစရိုက္ က်ဴးလြန္သူမ်ားကို အျမန္ဆုံး ေဖာ္ထုတ္ရန္ လိုအပ္သည္ဟု ၎က ဆိုသည္။

ဦးျမင့္လြင္က“ဆိုင္ကယ္ ကယ္ရီသမားေတြထဲမွာ ရိုးရိုးသားသား စီးပြားရွာသူေတြလည္း ရွိပါတယ္။ တခ်ိဳ႕က ဆိုင္ကယ္ ကယ္ရီ လုပ္ငန္းနဲ႕ လုယက္ၾကတာေတြလည္း ရွိတယ္။ ဆိုင္ကယ္က ရန္ကုန္ၿမိဳ႕မွာ လုံးဝ စီးခြင့္ မေပးထားေပမယ့္ စီးေန ၾကတာပဲ။ က်ေနာ့္ အျမင္ကေတာ့ စည္းနဲ႕ကမ္းနဲ႕ ျဖစ္ေစခ်င္တယ္။ ကယ္ရီသမားေတြကို သတ္သတ္မွတ္မွတ္ လုပ္ေပး လိုက္ရင္ ဒုစရိုက္မႈ ျဖစ္လာရင္ အလြယ္တကူ ေဖာ္ထုတ္နိုင္တာေပါ့။ နံပါတ္ သတ္မွတ္ၿပီး၊ သတ္မွတ္ အကၤ်ီေတြ ဝတ္ မထားဘူး ဆိုရင္ စီးမယ့္သူေတြလည္း စီးရဲေတာ့မွာ မဟုတ္ဘူး”ဟုလည္း ေျပာဆိုသည္။

ယခုလို ဆိုင္ကယ္ ကယ္ရီသမားတခ်ိဳ႕ ဒုစရိုက္မႈ က်ဴးလြန္လိုက္ျခင္းေၾကာင့္ ရိုးသားစြာ စီးပြားရွာသူမ်ားကို ထိခိုက္ လာ မည့္အေရး စိုးရိမ္စရာ အေျခအေနကိုလည္း ထည့္သြင္း စဥ္းစားရမည္ဟု ၎က ဆက္လက္ေျပာသည္။

ဦးျမင့္လြင္က“ဆိုင္ကယ္ ၁၀ စီး ဖမ္းတယ္။ ၃ စီးေလာက္ပဲ တရားဝင္ ဒဏ္ေငြ ရိုက္တယ္။ က်န္တာကို နားလည္မႈေတြနဲ႕ ျပန္လႊတ္ေပးလိုက္တယ္။ အဲဒီလိုေတြ ကလည္း မဟုတ္ျပန္ဘူး။ ဒါမ်ိဳးေတြ မရွိေအာင္လည္း ၾကပ္မတ္ဖို႔ လိုတယ္။ မွန္မွန္ ကန္ကန္နဲ႕ စနစ္တက် စီမံနိုင္ခဲ့ရင္ ဒီလိုဟာမ်ိဳး ျဖစ္စဥ္ေတြက ေလ်ာ့က်လာမွာပါ”ဟု ေျပာၾကားသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:The Irrawaddy
#Unicode Version#
ရန်ကုန်မြို့တွင် ကိုရီးယား နိုင်ငံသူ တဦးကို ဆိုင်ကယ် ကယ်ရီသမားက ပစ္စည်း လုယက်သည့် အပြင် အဓမ္မပြုကျင့်ရန် ကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သိရသည်။

မေလ ၁ ရက်နေ့ ညနေပိုင်းက ဆူးလေရှိ ဟိုတယ် တခုတွင် တည်းခိုနေသည့် ကိုရီးယားနိုင်ငံသူ တဦးသည် သူငယ်ချင်း ဖြစ်သူအား အောင်မင်္ဂလာ အဝေးပြေးကားဝင်းသို့ လိုက်ပို့အပြီး အပြန် ကားငှားရာ ဘာသာစကား အခက်အခဲ ဖြစ်ပေါ်နေ စဉ် အနီးရှိ ဆိုင်ကယ် ကယ်ရီသမားက လိုက်ပို့ ပေးမည်ဟု ဆိုပြီး ပို့ဆောင်ပေးခဲ့ကြောင်း တွံတေး မြို့နယ် ခလောက်ချိုင့် ရဲစခန်းမှ စခန်းမှူး ရဲအုပ် သန်းဇော်ဦး က ဧရာဝတီကို ပြောသည်။

ထို့နောက် လှိုင်သာယာဘက်မှ တွံတေး မြို့နယ်ဘက်သို့ ခေါ်ဆောင်သွားကာ ယင်း အမျိုးသမီးတွင် ပါရှိသည့် ပစ္စည်းများ ယူသည့် အပြင် အဓမ္မ ပြုကျင့်ရန် ကြိုးစား အားထုတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အမှုဖွင့်ရာတွင် လုယက်မှု ပုဒ်မ ပါရှိသော်လည်း မည်သည့် ပစ္စည်းများ ပါရှိသွားသည်ကိုမူ ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောကြား ခြင်း မရှိပေ။

အဆိုပါ ဖြစ်စဉ် အတွက် ခလောက်ချိုင့် ရဲစခန်းတွင် မုဒိမ်းမှု၊ ပြစ်မှု ကျူးလွန်ရန် အားထုတ်မှု၊ ပစ္စည်းကို မရိုးဖြောင့်သော သဘောဖြင့် အလွဲသုံးစား ပြုမှု၊ နာကျင်စေမှု စသည့် ပုဒ်မ ၃၇၆/ ၅၁၁/ ၄၀၃/ ၃၂၃ တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ထား ကြောင်း ရဲအုပ် သန်းဇော်ဦးက ပြောဆိုသည်။

၎င်းက“အခြေအနေကတော့ ဆေးစာတွေ၊ ဘာတွေ ရတဲ့ အခါမှာ ပုဒ်မ ပြောင်းချင်လည်း ပြောင်းသွားနိုင်မယ်။ အခုက တော့ ကျနော်တို့ ကနဦး အဲဒီ ပုဒ်မတွေနဲ့ပဲ အမှုဖွင့် ထားပါတယ်”ဟု ပြောသည်။

ယင်းသို့ ဖြစ်ပွားနေစဉ် ရုန်းကန် တွန်းတိုက်မှု ဖြစ်သဖြင့် ဆိုင်ကယ်သမားက ကိုရီးယား နိုင်ငံသူကို ထားခဲ့ပြီး ထွက်ပြေး သွား ကြောင်း၊ ကျူးလွန်သူကို ဖမ်းမမိသေးသော်လည်း ၎င်း၏ ဓာတ်ပုံများကို လှိုင်သာယာ မြို့နယ် အတွင်းရှိ ဓာတ်ဆီ ဆိုင် CCTV မှတ်တမ်းများမှ ရရှိထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သိရသည်။

အဆိုပါ ဆိုင်ကယ် ကယ်ရီသမားကို ဖမ်းဆီးရမိနိုင်ရေး အတွက် တိုင်းရဲတပ်ဖွဲ့ အနေဖြင့် ကြိုးစားနေပြီး နိုင်ငံခြားသား ဖြစ်စေ၊ ကိုယ့်နိုင်ငံသား ဖြစ်စေ ယခုကဲ့သို့ အမှုများ ထပ်မံ မဖြစ်ပွားရေး ဆောင်ရွက်လျက် ရှိသည်ဟု ရန်ကုန်တိုင်း ရဲတပ် ဖွဲ့မှ ဒုရဲမှူးကြီး လှရီက ပြောသည်။

၎င်းက“ကိုရီးယားနိုင်ငံသူကို ကယ်ရီသမားက အဓမ္မကျင့်ဖို့ ကြိုးစားတယ်။ ဟိုကလည်း ရုန်းကန် တုံ့ပြန်တယ်။ ကိုရီးယား နိုင်ငံသူရဲ့ ဆွဲကြိုးကလည်း အဲ့ဒီမှာ ပျောက်သွားတယ်။ ကယ်ရီသမားတွေ ဆိုတာလည်း လူပေါင်းစုံပဲဗျ။ ကောင်းရောင်း ကောင်းဝယ် လုပ်စားသူတွေလည်း ရှိပါတယ်။ အဲဒီထဲမှာ ရောင်တော်ပြန်(ပုံမှားရိုက်) ဒုစရိုက် ကျူးလွန်ချင်သူတွေလည်း ရှိတာပဲ။ ဒါမျိုး နောက်မဖြစ်အောင်တော့ ကျနော်တို့ တားဆီး ကာကွယ်ဖို့ လုပ်နေပါတယ်”ဟုလည်း ဆိုသည်။

ယခုလို ဆိုင်ကယ် ကယ်ရီသမား တချို့ နိုင်ငံခြားသူကိုပင် ပြစ်မှု ကျူးလွန်လာခြင်းသည် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ထိခိုက် စေပြီး မြန်မာ့ ခရီးသွားလုပ်ငန်း အတွက်ပါ စိတ်မချရဟု သတင်းများ ထွက်ပေါ်လာခဲ့လျှင် မြန်မာနိုင်ငံ၏ နိုင်ငံခြား ဝင်ငွေ များကိုပင် ထိခိုက်သွားစေနိုင်ကြောင်း ရန်ကုန်တိုင်း လွှတ်တော် တရားစီရင်ရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးမြင့်လွင်က ပြောဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံသားများ သာမက နိုင်ငံခြားသားများ အထိ ပြစ်မှု ကျူးလွန်လာသည့် အတွက် ဥပဒေ အရ ထိထိ ရောက် ရောက် အရေးယူ ဆောင်ရွက်ရန် လိုအပ်ပြီး ဒုစရိုက် ကျူးလွန်သူများကို အမြန်ဆုံး ဖော်ထုတ်ရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။

ဦးမြင့်လွင်က“ဆိုင်ကယ် ကယ်ရီသမားတွေထဲမှာ ရိုးရိုးသားသား စီးပွားရှာသူတွေလည်း ရှိပါတယ်။ တချို့က ဆိုင်ကယ် ကယ်ရီ လုပ်ငန်းနဲ့ လုယက်ကြတာတွေလည်း ရှိတယ်။ ဆိုင်ကယ်က ရန်ကုန်မြို့မှာ လုံးဝ စီးခွင့် မပေးထားပေမယ့် စီးနေ ကြတာပဲ။ ကျနော့် အမြင်ကတော့ စည်းနဲ့ကမ်းနဲ့ ဖြစ်စေချင်တယ်။ ကယ်ရီသမားတွေကို သတ်သတ်မှတ်မှတ် လုပ်ပေး လိုက်ရင် ဒုစရိုက်မှု ဖြစ်လာရင် အလွယ်တကူ ဖော်ထုတ်နိုင်တာပေါ့။ နံပါတ် သတ်မှတ်ပြီး၊ သတ်မှတ် အင်္ကျီတွေ ဝတ် မထားဘူး ဆိုရင် စီးမယ့်သူတွေလည်း စီးရဲတော့မှာ မဟုတ်ဘူး”ဟုလည်း ပြောဆိုသည်။

ယခုလို ဆိုင်ကယ် ကယ်ရီသမားတချို့ ဒုစရိုက်မှု ကျူးလွန်လိုက်ခြင်းကြောင့် ရိုးသားစွာ စီးပွားရှာသူများကို ထိခိုက် လာ မည့်အရေး စိုးရိမ်စရာ အခြေအနေကိုလည်း ထည့်သွင်း စဉ်းစားရမည်ဟု ၎င်းက ဆက်လက်ပြောသည်။

ဦးမြင့်လွင်က“ဆိုင်ကယ် ၁၀ စီး ဖမ်းတယ်။ ၃ စီးလောက်ပဲ တရားဝင် ဒဏ်ငွေ ရိုက်တယ်။ ကျန်တာကို နားလည်မှုတွေနဲ့ ပြန်လွှတ်ပေးလိုက်တယ်။ အဲဒီလိုတွေ ကလည်း မဟုတ်ပြန်ဘူး။ ဒါမျိုးတွေ မရှိအောင်လည်း ကြပ်မတ်ဖို့ လိုတယ်။ မှန်မှန် ကန်ကန်နဲ့ စနစ်တကျ စီမံနိုင်ခဲ့ရင် ဒီလိုဟာမျိုး ဖြစ်စဉ်တွေက လျော့ကျလာမှာပါ”ဟု ပြောကြားသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:The Irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top