Credit:nanmalgyi
#Unicode Version#
ဒူးဒဏ်ရာကြောင့် ဘောလုံးလောက ကနေ အပြီးတိုင်း အနားယူတော့မယ်လို့ ဆုံးဖြတ်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမား ကျော်မင်းဦးကတော့ မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဌကြီး ဦးဇော်ဇော်ရဲ့ အကူအညီနဲ့ ဘောလုံးပြန်ကန်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ထိုင်းနိုင်ငံမှာ ဘန်ကောက်အထိကို သွားပြီးတော့ ခွဲစိတ်မှု ခံယူခဲ့ရပြီး လက်ရှိမှာတော့ ရာနှုန်းပြည့်ခွဲစိတ်မှုအောင်မြင်တယ်လို့ ပြောကြားသွားပါတယ်။ သူ့အနေနဲ့လည်း မြန်မာနိုင်ငံကို ပြန်ရောက်နေပြီး လာမယ့် ၁၀ လလောက်မှာတော့ ဘောလုံး ပြန်ကန်နိုင်တော့မှာဖြစ်ကြောင်းကိုလည်း ပြောကြားသွား ခဲ့ပါတယ်။
ကျော်မင်းဦးကတော့ CeleGar နဲ့ အင်တာဗျူးတွင် “အခုလောလောဆယ်တော့ ဒဏ်ရာတွေက ခွဲစိတ်ပြီးပြီပေါ့နော်။ ဒါပေမယ်လည်း တလတခါလောက်တော့ ဆရာဝန်ကြီးတွေနဲ့ ပြန်စစ်ဆေးရမယ်ပေါ့။ စိုးရိမ်မှုကတော့ မခွဲခင်ကတော့ ရှိတာပေါ့။ ခွဲပြီးတော့လည်း ဘာမှမဖြစ်ဘူး။ အမေတွေပါတော့လည်း အဆင်ပြေပါတယ်”
ဘန်ကောက်အထိလာပြီးတော့ အားပေးကြတဲ့ ဦးဇော်ဇော်တို့ကို ပြောချင်တဲ့စကားနဲ့ ပတ်သက်ပြီး “ဥက္ကဌဆိုလည်း တကူးတကကြီး ဘန်ကောက်ထိလာတယ်။ လာပြီးတော့ အားပေးတယ်။ ဥက္ကဌကို ပြောရမယ့်စကားတောင်မရှိတော့ပါဘူး။ သူကူညီတာတွေကတော်တော်များနေပြီ။ ကိုကျော်ကိုကို ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ သူလာရတာလည်း အဝေးကြီး”
အောင်သူနဲ့ရောတွေ့ဖြစ်လားဆိုတဲ့အပေါ်မှာတော့ “အောင်သူနဲ့ကတော့ မတွေ့ဖြစ်ပါဘူး။ အားပေးစကားကတော့ ကျနော်တို့ ဂိမ်းတူတူဆော့တဲ့အချိန်မှာ ပြောဖြစ်တယ်”
ဘောလုံးကတော့ ဘယ်တော့ပြန်ကစားမလဲဆိုတဲ့အပေါ်မှာ “ဘောလုံးကတော့ သူက ၁၀ လလောက် ဆိုကစားလို့ ရပြီပေါ့။ အားပေးနေတဲ့ ပရိသတ်ကြီးလည်း ဆက်လက်ပြီးတော့ အားပေးပါဦးလို့ ပြောချင်ပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:nanmalgyi