စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕တြင္ ေမလ ၃ရက္ မွ ၄ရက္အထိ ႏွစ္ရက္အတြင္း လူေသအေလာင္း ႏွစ္ေလာင္း ေတြ႕ရွိခဲ့ေၾကာင္း မုံ႐ြာၿမိဳ႕မ ရဲစခန္းမွ သိရသည္။

ေမလ ၃ရက္ေန႔ ညေနပိုင္း၌ ကတို႔ကုန္းရပ္ကြက္၊ ျပည္ေထာင္စုလမ္းမႀကီးေဘး၊ ေျမာင္းအတြင္း၌ အမည္မသိ အသက္ ၃၀ ဝန္းက်င္ခန႔္ရွိေသာ အမ်ိဳးသားအေလာင္းတစ္ေလာင္းကို ေတြ႕ရွိခဲ့ၿပီး ေမလ ၄ရက္ေန႔ နံနက္ပိုင္း၌ အိုးဘိုေတာင္ရပ္ကြက္ ၿမိဳ႕ပတ္လမ္းရွိ အထပ္သားစက္႐ုံအနီး ကားတစ္စီးေပၚတြင္ အသက္၂ရႏွစ္ခန႔္ အမ်ိဳး သားတစ္ဦး ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

ေသဆုံးလ်က္ရွိသည့္႐ုပ္အေလာင္းႏွစ္ေလာင္းကို မုံ႐ြာၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္စစ္ေဆးရာ အတြင္း အျပင္ ဒဏ္ရာတစ္စုံတရာမွ မရွိဘဲ ေသဆုံးသည္ဟု ေဆး႐ုံအုပ္ႀကီးမွ ေျပာၾကားထားသည္။

" လတ္တေလာေတြ႕တဲ့ အေလာင္းေတြက ျပင္ပဒဏ္ရာေတြ မေတြ႕ရပါဘူး။ ေဆး႐ုံရဲ႕ စစ္ခ်က္ေတြကလဲ အခုခ်က္ျခင္းမရေသးဘူး။ အခုအခ်ိန္က ေနလဲအရမ္းပူေတာ့ သူတို႔အေနနဲ႔ အရက္ေသာက္စားတာေတြလဲ ပါမယ္ထင္ပါတယ္” ဟု မုံ႐ြာၿမိဳ႕မရဲစခန္းမွ စခန္းမႉး ရဲအုပ္ လႈိင္ဘြားကိုကို ကမစၨ္ိမသို႔ ေျပာသည္။

ကားေရွ႕ခန္းထိုင္ခုံေပၚတြင္ ပက္လက္လွန္အေနအထားျဖင့္ ျပင္ပဒဏ္ရာမရွိဘဲ ေသဆုံးေနသူမွာ မုံ႐ြာၿမိဳ႕ ေအာင္ခ်မ္းသာရပ္ကြက္တြင္ ေနထိုင္သည့္ အသက္ ၂ရႏွစ္႐ြယ္ ကိုေက်ာ္သူေအာင္ဆိုသူျဖစ္ၿပီး ယခုလ ၂ရက္ေန႔တြင္ ကားျပင္ရန္ ေျပာဆို၍ ေနအိမ္မွာထြက္ခြာသြားေၾကာင္း ေသဆုံးသူ၏ ဇနီးျဖစ္သူေျပာျပခ်က္အရ သိရသည္။

ေျမာင္းအတြင္း ေသဆုံးခဲ့သည့္ အမည္မသိ အသက္ ၃ဝခန႔္ အမ်ိဳးသားအေလာင္းအတြက္ကိုမူ ပိုင္ရွင္စုံစမ္းဆဲ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေသဆုံးေနသည့္ ႐ုပ္အေလာင္းေတြ႕ရွိမႈမ်ားအတြက္ မုံ႐ြာၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္လ၂၀/၂၀၁၉ ၊၂၁/၂၀၁၉ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် မေလ ၃ရက် မှ ၄ရက်အထိ နှစ်ရက်အတွင်း လူသေအလောင်း နှစ်လောင်း တွေ့ရှိခဲ့ကြောင်း မုံရွာမြို့မ ရဲစခန်းမှ သိရသည်။

မေလ ၃ရက်နေ့ ညနေပိုင်း၌ ကတို့ကုန်းရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေး၊ မြောင်းအတွင်း၌ အမည်မသိ အသက် ၃၀ ဝန်းကျင်ခန့်ရှိသော အမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ပြီး မေလ ၄ရက်နေ့ နံနက်ပိုင်း၌ အိုးဘိုတောင်ရပ်ကွက် မြို့ပတ်လမ်းရှိ အထပ်သားစက်ရုံအနီး ကားတစ်စီးပေါ်တွင် အသက်၂ရနှစ်ခန့် အမျိုး သားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးလျက်ရှိသည့်ရုပ်အလောင်းနှစ်လောင်းကို မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးရာ အတွင်း အပြင် ဒဏ်ရာတစ်စုံတရာမှ မရှိဘဲ သေဆုံးသည်ဟု ဆေးရုံအုပ်ကြီးမှ ပြောကြားထားသည်။

" လတ်တလောတွေ့တဲ့ အလောင်းတွေက ပြင်ပဒဏ်ရာတွေ မတွေ့ရပါဘူး။ ဆေးရုံရဲ့ စစ်ချက်တွေကလဲ အခုချက်ခြင်းမရသေးဘူး။ အခုအချိန်က နေလဲအရမ်းပူတော့ သူတို့အနေနဲ့ အရက်သောက်စားတာတွေလဲ ပါမယ်ထင်ပါတယ်” ဟု မုံရွာမြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ် လှိုင်ဘွားကိုကို ကမစ္ဇိမသို့ ပြောသည်။

ကားရှေ့ခန်းထိုင်ခုံပေါ်တွင် ပက်လက်လှန်အနေအထားဖြင့် ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသူမှာ မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်သည့် အသက် ၂ရနှစ်ရွယ် ကိုကျော်သူအောင်ဆိုသူဖြစ်ပြီး ယခုလ ၂ရက်နေ့တွင် ကားပြင်ရန် ပြောဆို၍ နေအိမ်မှာထွက်ခွာသွားကြောင်း သေဆုံးသူ၏ ဇနီးဖြစ်သူပြောပြချက်အရ သိရသည်။

မြောင်းအတွင်း သေဆုံးခဲ့သည့် အမည်မသိ အသက် ၃ဝခန့် အမျိုးသားအလောင်းအတွက်ကိုမူ ပိုင်ရှင်စုံစမ်းဆဲ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိမှုများအတွက် မုံရွာမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်လ၂၀/၂၀၁၉ ၊၂၁/၂၀၁၉ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top