“ကရင္… ကရင္…ကရင္” ”ဟလို” ”…………………. ..” ”ဟလို… ဘယ္သူလဲ” ”…………………..”

“ဖုန္းေခၚျပီး ဘာမွလဲေျပာဘူး.. ဒီမွာ.. သိပ္အားေနသလားဟင္.. ရွင္အားေနေပမဲ႔ ကြ်န္မ မအားဘူး.. ေနာက္ထပ္ ကြ်န္မကို မေနွာက္ယွက္ပါနဲ႔””ကြ်တ္”ဖုန္းကို စိတ္တိုစြာ ပိတ္ျပစ္လိုက္ျပီး မေက်မနပ္ ဆဲေရးမိေသး၏။ ဘယ္သူလဲ.. ဘာေႀကာင့္ ဖုန္းကိုေခၚျပီးမေျပာတာလဲ။ သူငယ္ခ်င္းတေယာက္ေယာက္က ေနာက္ေျပာင္ေနသည္လား။ တေယာက္ ေယာက္ေ နာက္တာဆိုရင္လည္း တရက္နူစ္နွင့္ပီးသြားေပလိမ့္မည္။ ခုဟာက တပတ္ခန္႔ပင္ရွိေနေပျပီ… ဟူး… စဥ္းစားရ က်ပ္လိုက္တာ..

“ေမ…””ဟင္.. ေျပာေလ”ေျပာဆိုေတာ့လည္း ေတာ္ေတာ္နဲ႔ အသံမထြက္လာနဲ႔ သူငယ္ခ်င္းျဖစ္သူကို လွည့္ႀကည့္မိေတာ့ တစံုတရာကို ေလးေလးနက္နက္ေတြးေတာေနလို ျငိမ္သက္ေနပီး စိတ္ရႈပ္ဟန္အထင္းသားေပၚေနတဲ႔ သူမမ်က္ဝန္းေတြက တေနရာကို ေငးရီလ်က္..။

“ဟဲ႔ ဘာျဖစ္ေနတာလဲ.. ေျပာေလ””ငါ.. နင့္ကိုတိုင္ပင္စရာရွိလို႔””အင္း ေျပာေလ””.. ဒီလိုဟ .. လြန္ခဲ႔တဲ႔တလေလာက္က ငါတို႔ပဲခူးဘက္ခရီးထြက္ခဲ႔ႀကတာမွတ္မိတယ္မဟုတ္လား..””ေအးေလ ငါမွတ္မိပါတယ္””အဲဒီတုန္းက .. ညဘက္ႀကီး ငါတို႔ မွန္သရဲေခၚတဲ႔ ကစားနည္းကို ကစားခဲ႔ႀကတယ္ေလ…. ငါတို႔ အေပ်ာ္တမ္းကစားခဲ႔ႀကေပမဲ႕ အဲဒီေန႔က တစံုတခု မွားယြင္းခဲ႔မိႀကတယ္လို႔ ငါထင္တယ္”

”ဟင္း… ငါနင္တို႔ကိုေျပာပါတယ္ .. အဲလိုကစားနည္းကို မကစားဖို႔””ဟုတ္တယ္ေမ… နင္ျပန္စဥ္းစားႀကည့္စမ္း အဲဒီညက.. ငါ့တို႔ဖူးစာရွင္ႀကည့္မယ္ဆိုျပီး မွန္ခ်ပ္သရဲကိုေခၚခဲ႕ႀကတယ္ေလ.. အဲ ီမွာ ယုက ေနာက္ေနာက္ေျပာင္ေျပာင္နဲ႕ ေပၚလာတဲ႔ ဖူးစာရွင္ကို သူမျငင္းဘူး ခုထဲက သူနဲ႔ ေနခ်င္ေနခဲ႔လို႔ ေျပာခဲ႔တာေလ.. ျပီးေတာ့ အဲဒီတုန္းက ငါက အေပ်ာ္ကစားတာပဲ ဆိုျပီး .. ေမ့ေမ႔ေလ်ာ့ေလ်ာ့နဲ႔ ငါေခၚထားတဲ႔ မွန္ခ်ပ္သရဲကို ျပန္မပို႔ခဲ႔မိဘူး..”

“ခု.. ဘာေတြထူးျခားေနလို႔လဲ””ထူးျခားတယ္… ငါျပန္လာျပီးေနာက္ပိုင္း ငါ့ေနာက္ကို တစံုတေယာက္ လိုက္ေနသလို ငါခံစားရတယ္.. ျပီးေတာ့ .. တေယာက္ေယာက္က ငါ့ကိုဖုန္းေခၚတယ္ ျပီးေတာ့ ဘာမွမေျပာဘူး.. ျပီးေတာ့ နင္ႀကားျပီး ပီလား ေမ..””ဘာကိုလဲ””မေန႔က ယု ဆံုးသြားတယ္ေလ””ဟင္”ထင္မွတ္မထားတဲ႔ ကိစၥတခုက ေခါင္းတခုလံုးက ဆံပင္ အားလံုး ေလထဲလြင့္သြားသေယာင္…”နင့္ နင့္ကိုေခၚတဲ႔ဖုန္းနံပါတ္က ဒါလား””ဟင္.. ဟုတ္တယ္ နင့္ကိုလည္း ေခၚတယ္ ဟုတ္လား ေမ”“ေအး.. ငါကိုေခၚေနတာ တပတ္ေလာက္ရွိေနျပီ”

တေယာက္နဲ႔တေယာက္ ေျပာစရာ စကားေတြကုန္ခန္းသြားသလို ဘာမွဆက္မေျပာမိႀက.. လည္ေခ်ာင္းထဲမွ ေျခာက္ကပ္ကပ္ျဖစ္ျခင္းကို သည္းခံနိူင္စြမ္းမဲ႔ေလာက္ေအာင္ခံစားလိုက္ရသည္။

“တူ .. တူ.. တူ.. တူ””မကိုင္နဲ႕!! “ဖုန္းကိုလွမ္းေနတဲ႔ သူမလက္ေတြ ရုတ္တရက္ အထိပ္တလန္႔ ေအာ္လိုက္တဲ႔ အသံေႀကာင့္တန္႔သြား႐င္း ႀကည့္လိုက္ေတာ့.. မ်က္ဝန္းက်ယ္ေတြနွင့္ ဖုန္းကို စူးစူးရဲရဲ ႀကည့္ေနတဲ႔ ဇင္..။ ဇင္က သူတို႔ မွန္ခ်ပ္သရဲေခၚတုန္းက ပါဝင္တဲ႔ သူငယ္ခ်င္းတေယာက္..

‘”ဘာျဖစ္လို႔လဲ ဇင္””မကိုင္နဲ႔ အႏၲရယ္ရွိတယ္… ငါဆီကိုလည္း.. အဲဒီဖုန္းပဲ အဆက္မပ်တ္ေခၚေနတာ .. ယုမဆံုးခင္ တရက္အလိုက ငါ့ကိုသူဖုန္းေခၚတယ္.. အဲဒီဖုန္းကို သေခါင္အခ်ိန္မွာ မကိုင္နဲ႔လို႔ သုေျပာတယ္.. ေနာက္ေန႔ေတာ့ သူဆံုးတဲ႔ သတင္းကို ငါႀကားတာပဲ”” ဟိုတေန႔ညကေတာ့ ဒီဖုန္းက အဆက္မပ်တ္ေခၚေနတာနဲ႔ ငါလည္းစိတ္တိုျပီး ကိုင္လိုက္မိတယ္.. အဲ အဲဒီမွာ..”တစံုတရာကို ခုပဲျပန္ျမင္ေယာင္လာသလို တကိုယ္လံုး တဆပ္ဆပ္တုန္ယင္ေနတဲ႔ ဇင့္ကို သူနူစ္သိမ့္လိုက္ယင္း..

“ဇင္.. ခု ငါတို႔ရွိတယ္ေလဟာ.. နင္ဘာမွ မေႀကာက္နဲ႔ နင္ဘာေတြႀကံဳခဲ႔ရလည္းငါ့ကိုေျပာ..””ငါ.. ငါ… အဲဒီအသံႀကီးကို ငါ့ေခါင္းထဲကေျဖာက္လို႔မရဘုးဟာ…. အသံႀကီးက အက္ကြဲကြဲႀကီးနဲ႔ ငါ့ဆီလာခဲ႔တဲ႔.. အီးး ဟီးး ငါေႀကာက္တယ္ ငါေႀကာက္တယ္”ေျပာျပီး တသိမ့္သိမ့္ရိႈက္ငိုေနတဲ႔ သူငယ္ခ်င္းျဖစ္သူကို ဘယ္လိုနူစ္သိမ့္ရမည္ မသိ။ သူတို႔ႀကားမွာ ဇင္ရဲ႔ ငိုရိူက္သံကလြဲရင္ အရာအားလံုး အပ္ႀကသံပင္မႀကားရေအာင္ တိတိဆိတ္ျခင္းက ႀကီးစိုးလ်က္…

“ေမ.. ဇင္.. ဇင္.. သူဆံုးျပီတဲ႔ဒီမနက္ငါဆီဖုန္းဝင္လာတယ္.. ငါ.. ငါတို႔ ဘယ္လိုလုပ္ႀကမလဲ..”ႀကားရတဲ႔ သီတင္းက မယံုနိူင္ေလာက္ေအာင္ပင္။ ညတုန္းကပင္ သူတို႔စကားေတြေျပာျဖစ္ႀကေသးသည္။ ဒီကိစၥက တစတစနွင့္ ဆိုးရြားလာ ေပျပီ။ “ငါတို႔ .. ပဲခူးကိုျပန္သြားႀကမယ္.. တခုခု က်ိဳးစားႀကည့္ႀကတာေပါ့.. ငါေတာ့ ဒီအတိုင္း အေသမခံနိူင္ဘူး. “အထိမ္း အခ်ဳပ္မရွိေတာ့သည့္ သူတေယာက္လို သူမစိတ္ေတြ ပြက္ပြက္ဆူလ်က္.. စိတ္လြတ္လက္လြတ္ ေအာ္ဟစ္လိုက္မိသည္။ ”ေအး.. ငါတို႔ဒီညေနပဲ သြားႀကတာေပါ့ေမ .. ငါက်န္တဲ႔သူေတြ ကိုဖုန္းဆက္ေခၚလိုက္အံုးမယ္”

“ေဝါ… ေဝါ…. “ေလတိုက္သံမ်ားက စုးရွက်ယိေလာင္စြာ ေအာ္ျမည္လ်က္.. ယိမ္းထိုးေနတဲ႔ သစ္ပင္ေတြက တေစၥေတြ ကခုန္ေနသည့္အလား။ က်ယ္ေလာင္စြာ ျမည္ဟီးေနတဲ႔ ကိုယ္ရင္ခုန္ခံကို ကိုယ္ျပန္ႀကားေနရသေယာင္…

တျဖတ္ျဖတ္ ျငိမ္းေတာ့မတတ္ ဖေယာင္းတိုင္မီးေတြကို မျငိမ္းသြားေအာင္ လက္နဲ႔က်ိဳးစားကာရင္း သူငယ္ခ်င္းျဖစ္သူရဲ႔ မ်က္နွာကို အားကိုးတႀကီးႀကည့္လိုက္မိသည္။ မ်က္စိမွိတ္၍ တစံုတရာကို ရြတ္ဆိုေနတဲ႔ သူငယ္ခ်င္းျဖစ္သူကလည္း နွဖူးျပင္က ေဇာေျခြးေတြက ေမးေရာက္ေအာင္ပင္ စီးက်လ်က္.. သူအေရွ႔မွ ေထာင္ထားတဲ႔ မွန္ခ်ပ္ကို မရဲတရဲ ႀကည့္မိ ေတာ့.. ဘာမွေတာ့ မထူးျခားေသး…”အူးးး ဝူးးးး”

ညသန္းေခါင္းမွာ ေခြးတေကာင္ရဲ႕ ဆြဲဆြဲ ငင္ငင္ အူလိုက္သံက သူနွလံုးကို ဆြဲငင္လိုက္သလို ေျခာက္ျခားစရာ ေကာင္းလွ ေပစြ။ “ဒင္..””ကရင္.. ရင္.. ရင္..”နာရီစင္က တခ်က္ထိုးသံအဆံုး သူတို႔ဆီက ဖုန္းေတြအားလံုး ထျမည္လာႀကေပျပီ.. တေယာက္နဲ႔ တေယာက္.. မတိုင္ပင္ပါပဲ ပူးကပ္သြားျပီး ရတဲ႔ဘုရားစာေတြ ရြတ္လိုက္မိေျခသည္။”ဘုရားစာမရြတ္နဲ႔ မဟုတ္ရင္သူျပန္သြားလိမ့္မယ္.. ပီးေတာ့ဖေယာင္းမီး မျငိမ္းေစနဲ႔ သူေရာက္ေနပီ ေမ”

အားလံုး တေယာက္မ်က္နွာတေယာက္ႀကည့္ျပီး တုတ္တုတ္ပင္မလႈပ္ရဲႀကေတာ့..”ကဲ ငါသူကိုျပန္ပို႔ေတာ့မယ္”ပါးစပ္က တလႈပ္လႈပ္ရြတ္ဖတ္မုႈ နာရီ ဝက္ေလာက္အႀကာမွာ သူတို႔ေရွ႔က မွန္ခ်ပ္က”ခြမ္း” ခနဲ႔အသံျမည္ရင္း အစိတ္စိတ္အမႊာမႊာ ကြဲေႀကသြားေပေတာ့သညိ။”သူျပန္သြားျပီ”အျပန္လမ္းမွာ တေယာက္နဲ႔တေယာက္ စကားမေျပာႀဖစ္ႀကပဲ အေတြး ကိုယ္စီ္ နွင့္ ျငိမ္သက္လ်က္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Dream

#Unicode Version# ျဖင့္ဖတ္ပါ ။

တယ်လီဖုန်းထဲက သေမင်းခေါ်သံ

“ကရင်… ကရင်…ကရင်” ”ဟလို” ”…………………. ..” ”ဟလို… ဘယ်သူလဲ” ”…………………..”

“ဖုန်းခေါ်ပြီး ဘာမှလဲပြောဘူး.. ဒီမှာ.. သိပ်အားနေသလားဟင်.. ရှင်အားနေပေမဲ့ ကျွန်မ မအားဘူး.. နောက်ထပ် ကျွန်မကို မနှောက်ယှက်ပါနဲ့””ကျွတ်”ဖုန်းကို စိတ်တိုစွာ ပိတ်ပြစ်လိုက်ပြီး မကျေမနပ် ဆဲရေးမိသေး၏။ ဘယ်သူလဲ.. ဘာကြောင့် ဖုန်းကိုခေါ်ပြီးမပြောတာလဲ။ သူငယ်ချင်းတယောက်ယောက်က နောက်ပြောင်နေသည်လား။ တယောက် ယောက်ေ နာက်တာဆိုရင်လည်း တရက်နူစ်နှင့်ပီးသွားပေလိမ့်မည်။ ခုဟာက တပတ်ခန့်ပင်ရှိနေပေပြီ… ဟူး… စဉ်းစားရ ကျပ်လိုက်တာ..

“မေ…””ဟင်.. ပြောလေ”ပြောဆိုတော့လည်း တော်တော်နဲ့ အသံမထွက်လာနဲ့ သူငယ်ချင်းဖြစ်သူကို လှည့်ကြည့်မိတော့ တစုံတရာကို လေးလေးနက်နက်တွေးတောနေလို ငြိမ်သက်နေပီး စိတ်ရှုပ်ဟန်အထင်းသားပေါ်နေတဲ့ သူမမျက်ဝန်းတွေက တနေရာကို ငေးရီလျက်..။

“ဟဲ့ ဘာဖြစ်နေတာလဲ.. ပြောလေ””ငါ.. နင့်ကိုတိုင်ပင်စရာရှိလို့””အင်း ပြောလေ””.. ဒီလိုဟ .. လွန်ခဲ့တဲ့တလလောက်က ငါတို့ပဲခူးဘက်ခရီးထွက်ခဲ့ကြတာမှတ်မိတယ်မဟုတ်လား..””အေးလေ ငါမှတ်မိပါတယ်””အဲဒီတုန်းက .. ညဘက်ကြီး ငါတို့ မှန်သရဲခေါ်တဲ့ ကစားနည်းကို ကစားခဲ့ကြတယ်လေ…. ငါတို့ အပျော်တမ်းကစားခဲ့ကြပေမဲ့ အဲဒီနေ့က တစုံတခု မှားယွင်းခဲ့မိကြတယ်လို့ ငါထင်တယ်”

”ဟင်း… ငါနင်တို့ကိုပြောပါတယ် .. အဲလိုကစားနည်းကို မကစားဖို့””ဟုတ်တယ်မေ… နင်ပြန်စဉ်းစားကြည့်စမ်း အဲဒီညက.. ငါ့တို့ဖူးစာရှင်ကြည့်မယ်ဆိုပြီး မှန်ချပ်သရဲကိုခေါ်ခဲ့ကြတယ်လေ.. အဲ ီမှာ ယုက နောက်နောက်ပြောင်ပြောင်နဲ့ ပေါ်လာတဲ့ ဖူးစာရှင်ကို သူမငြင်းဘူး ခုထဲက သူနဲ့ နေချင်နေခဲ့လို့ ပြောခဲ့တာလေ.. ပြီးတော့ အဲဒီတုန်းက ငါက အပျော်ကစားတာပဲ ဆိုပြီး .. မေ့မေ့လျော့လျော့နဲ့ ငါခေါ်ထားတဲ့ မှန်ချပ်သရဲကို ပြန်မပို့ခဲ့မိဘူး..”

“ခု.. ဘာတွေထူးခြားနေလို့လဲ””ထူးခြားတယ်… ငါပြန်လာပြီးနောက်ပိုင်း ငါ့နောက်ကို တစုံတယောက် လိုက်နေသလို ငါခံစားရတယ်.. ပြီးတော့ .. တယောက်ယောက်က ငါ့ကိုဖုန်းခေါ်တယ် ပြီးတော့ ဘာမှမပြောဘူး.. ပြီးတော့ နင်ကြားပြီး ပီလား မေ..””ဘာကိုလဲ””မနေ့က ယု ဆုံးသွားတယ်လေ””ဟင်”ထင်မှတ်မထားတဲ့ ကိစ္စတခုက ခေါင်းတခုလုံးက ဆံပင် အားလုံး လေထဲလွင့်သွားသယောင်…”နင့် နင့်ကိုခေါ်တဲ့ဖုန်းနံပါတ်က ဒါလား””ဟင်.. ဟုတ်တယ် နင့်ကိုလည်း ခေါ်တယ် ဟုတ်လား မေ”“အေး.. ငါကိုခေါ်နေတာ တပတ်လောက်ရှိနေပြီ”

တယောက်နဲ့တယောက် ပြောစရာ စကားတွေကုန်ခန်းသွားသလို ဘာမှဆက်မပြောမိကြ.. လည်ချောင်းထဲမှ ခြောက်ကပ်ကပ်ဖြစ်ခြင်းကို သည်းခံနိူင်စွမ်းမဲ့လောက်အောင်ခံစားလိုက်ရသည်။

“တူ .. တူ.. တူ.. တူ””မကိုင်နဲ့!! “ဖုန်းကိုလှမ်းနေတဲ့ သူမလက်တွေ ရုတ်တရက် အထိပ်တလန့် အော်လိုက်တဲ့ အသံကြောင့်တန့်သွားရင်း ကြည့်လိုက်တော့.. မျက်ဝန်းကျယ်တွေနှင့် ဖုန်းကို စူးစူးရဲရဲ ကြည့်နေတဲ့ ဇင်..။ ဇင်က သူတို့ မှန်ချပ်သရဲခေါ်တုန်းက ပါဝင်တဲ့ သူငယ်ချင်းတယောက်..

‘”ဘာဖြစ်လို့လဲ ဇင်””မကိုင်နဲ့ အန္တရယ်ရှိတယ်… ငါဆီကိုလည်း.. အဲဒီဖုန်းပဲ အဆက်မပျတ်ခေါ်နေတာ .. ယုမဆုံးခင် တရက်အလိုက ငါ့ကိုသူဖုန်းခေါ်တယ်.. အဲဒီဖုန်းကို သခေါင်အချိန်မှာ မကိုင်နဲ့လို့ သုပြောတယ်.. နောက်နေ့တော့ သူဆုံးတဲ့ သတင်းကို ငါကြားတာပဲ”” ဟိုတနေ့ညကတော့ ဒီဖုန်းက အဆက်မပျတ်ခေါ်နေတာနဲ့ ငါလည်းစိတ်တိုပြီး ကိုင်လိုက်မိတယ်.. အဲ အဲဒီမှာ..”တစုံတရာကို ခုပဲပြန်မြင်ယောင်လာသလို တကိုယ်လုံး တဆပ်ဆပ်တုန်ယင်နေတဲ့ ဇင့်ကို သူနူစ်သိမ့်လိုက်ယင်း..

“ဇင်.. ခု ငါတို့ရှိတယ်လေဟာ.. နင်ဘာမှ မကြောက်နဲ့ နင်ဘာတွေကြုံခဲ့ရလည်းငါ့ကိုပြော..””ငါ.. ငါ… အဲဒီအသံကြီးကို ငါ့ခေါင်းထဲကဖြောက်လို့မရဘုးဟာ…. အသံကြီးက အက်ကွဲကွဲကြီးနဲ့ ငါ့ဆီလာခဲ့တဲ့.. အီးး ဟီးး ငါကြောက်တယ် ငါကြောက်တယ်”ပြောပြီး တသိမ့်သိမ့်ရှိုက်ငိုနေတဲ့ သူငယ်ချင်းဖြစ်သူကို ဘယ်လိုနူစ်သိမ့်ရမည် မသိ။ သူတို့ကြားမှာ ဇင်ရဲ့ ငိုရိူက်သံကလွဲရင် အရာအားလုံး အပ်ကြသံပင်မကြားရအောင် တိတိဆိတ်ခြင်းက ကြီးစိုးလျက်…

“မေ.. ဇင်.. ဇင်.. သူဆုံးပြီတဲ့ဒီမနက်ငါဆီဖုန်းဝင်လာတယ်.. ငါ.. ငါတို့ ဘယ်လိုလုပ်ကြမလဲ..”ကြားရတဲ့ သီတင်းက မယုံနိူင်လောက်အောင်ပင်။ ညတုန်းကပင် သူတို့စကားတွေပြောဖြစ်ကြသေးသည်။ ဒီကိစ္စက တစတစနှင့် ဆိုးရွားလာ ပေပြီ။ “ငါတို့ .. ပဲခူးကိုပြန်သွားကြမယ်.. တခုခု ကျိုးစားကြည့်ကြတာပေါ့.. ငါတော့ ဒီအတိုင်း အသေမခံနိူင်ဘူး. “အထိမ်း အချုပ်မရှိတော့သည့် သူတယောက်လို သူမစိတ်တွေ ပွက်ပွက်ဆူလျက်.. စိတ်လွတ်လက်လွတ် အော်ဟစ်လိုက်မိသည်။ ”အေး.. ငါတို့ဒီညနေပဲ သွားကြတာပေါ့မေ .. ငါကျန်တဲ့သူတွေ ကိုဖုန်းဆက်ခေါ်လိုက်အုံးမယ်”

“ဝေါ… ဝေါ…. “လေတိုက်သံများက စုးရှကျယိလောင်စွာ အော်မြည်လျက်.. ယိမ်းထိုးနေတဲ့ သစ်ပင်တွေက တစ္စေတွေ ကခုန်နေသည့်အလား။ ကျယ်လောင်စွာ မြည်ဟီးနေတဲ့ ကိုယ်ရင်ခုန်ခံကို ကိုယ်ပြန်ကြားနေရသယောင်…

တဖြတ်ဖြတ် ငြိမ်းတော့မတတ် ဖယောင်းတိုင်မီးတွေကို မငြိမ်းသွားအောင် လက်နဲ့ကျိုးစားကာရင်း သူငယ်ချင်းဖြစ်သူရဲ့ မျက်နှာကို အားကိုးတကြီးကြည့်လိုက်မိသည်။ မျက်စိမှိတ်၍ တစုံတရာကို ရွတ်ဆိုနေတဲ့ သူငယ်ချင်းဖြစ်သူကလည်း နှဖူးပြင်က ဇောခြွေးတွေက မေးရောက်အောင်ပင် စီးကျလျက်.. သူအရှေ့မှ ထောင်ထားတဲ့ မှန်ချပ်ကို မရဲတရဲ ကြည့်မိ တော့.. ဘာမှတော့ မထူးခြားသေး…”အူးးး ဝူးးးး”

ညသန်းခေါင်းမှာ ခွေးတကောင်ရဲ့ ဆွဲဆွဲ ငင်ငင် အူလိုက်သံက သူနှလုံးကို ဆွဲငင်လိုက်သလို ခြောက်ခြားစရာ ကောင်းလှ ပေစွ။ “ဒင်..””ကရင်.. ရင်.. ရင်..”နာရီစင်က တချက်ထိုးသံအဆုံး သူတို့ဆီက ဖုန်းတွေအားလုံး ထမြည်လာကြပေပြီ.. တယောက်နဲ့ တယောက်.. မတိုင်ပင်ပါပဲ ပူးကပ်သွားပြီး ရတဲ့ဘုရားစာတွေ ရွတ်လိုက်မိခြေသည်။”ဘုရားစာမရွတ်နဲ့ မဟုတ်ရင်သူပြန်သွားလိမ့်မယ်.. ပီးတော့ဖယောင်းမီး မငြိမ်းစေနဲ့ သူရောက်နေပီ မေ”

အားလုံး တယောက်မျက်နှာတယောက်ကြည့်ပြီး တုတ်တုတ်ပင်မလှုပ်ရဲကြတော့..”ကဲ ငါသူကိုပြန်ပို့တော့မယ်”ပါးစပ်က တလှုပ်လှုပ်ရွတ်ဖတ်မုှု နာရီ ဝက်လောက်အကြာမှာ သူတို့ရှေ့က မှန်ချပ်က”ခွမ်း” ခနဲ့အသံမြည်ရင်း အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပေတော့သညိ။”သူပြန်သွားပြီ”အပြန်လမ်းမှာ တယောက်နဲ့တယောက် စကားမပြောဖြစ်ကြပဲ အတွေး ကိုယ်စီ် နှင့် ငြိမ်သက်လျက်။

ဖိုးသူတော် (www.phothutaw.com)
Credit:Dream
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top