သာမန္႐ိုး႐ိုး ၿငီးေငြ႕စရာ ထိုင္ခံုထက္စာရင္ေတာ့ စံုတြဲေတြသိပ္ၿပီးအႀကိဳက္ေတြ႕မယ့္အေျခအေနပါပဲ။ စံုတြဲအိပ္ယာအတြက္ဆိုရင္ေတာ့ VIP လက္မွတ္ကိုဝယ္ယူရမွာျဖစ္ၿပီး ျမန္မာေငြ ၇ေသာင္းခြဲဝန္းက်င္က်သင့္တဲ့အထဲ အစားအေသာက္ပါ တစ္ပါတည္းပါဝင္ၿပီးသားျဖစ္ပါတယ္။

စံုတြဲအိပ္ယာျဖစ္တဲ့အတြက္ သန္႔႐ွင္းေရးနဲ႔ ပတ္ဝန္းက်င္သန္႔စင္မႈအတြက္ကေတာ့ ႐ုပ္႐ွင္တစ္ခ်ိန္ၿပီးဆံုးတိုင္း အိပ္ယာခင္းေတြကို လဲလွယ္ေပးသြားမွာျဖစ္တယ္လို႔ ဒီ႐ုပ္႐ွင္ရံုရဲ႕စီအီးအိုက ေျပာခဲ့ပါတယ္။ ဆြစ္ဇာလန္က Pathé ႐ုပ္႐ွင္ရံုကေတာ့ စံုတြဲအိပ္ယာစနစ္ကုိ ေမလကိုးရက္ေန႔မွစတင္ေနၿပီျဖစ္ပါတယ္။
ဒီလို စံုတြဲအိပ္ယာစနစ္နဲ႔ပတ္သက္ၿပီး အင္တာနက္ေပၚက ေနာက္ေျပာင္မႈေတြမွာေတော့ ႐ုပ္႐ွင္ရံုထဲ ေဟာက္သံေတြဘယ္ေလာက္ေတာင္ဆူညံေနလိုက္မလဲလို႔ ေနာက္ေျပာင္ေနသူေတြ႐ွိၿပီး ၾကမ္းပိုးေတြေတာ့ေသာင္းက်န္းေတာ့မွာပဲလို႔ အရႊန္းေဖာက္ေနသူေတြလဲ႐ွိၾကပါတယ္။ စံုတြဲအိပ္ယာျဖစ္တာမို႔ ႐ုပ္႐ွင္ရံုထဲက ႐ုပ္႐ွင္မ်ိဳးဆက္တစ္ဆက္ေတာ့ေပါက္ဖြားလာေတာ့မယ္လို႔ အေသာေဖာက္ခဲ့ၾကသူေတြလည္း႐ွိခဲ့ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi
#Unicode Version# ျဖင့္ဖတ္ပါ ။
ရုပ်ရှင်ရုံထဲမှာ ကိုယ့်အိမ်ကိုယ်ရာလို အိပ်စက်ပြီးရုပ်ရှင်ကြည့်ရှုခံစားနိုင်မယ့် စိတ်ကုးအိပ်မက်က ရုပ်ရှင်ဝါသနာအိုးတွေအမြဲလိုတွေးတောနေကြပါပဲ။ အခုကတော့ ဆွစ်ဇာလန်နိုင်ငံက Pathe ရုပ်ရှင်မှာ အများသူငှါထက် တစ်ဆင့်မြင့်ပြီး စုံတွဲအိပ်ယာတွေပါထည့်သွင်းလာပြီဖြစ်ပါတယ်။
သာမန်ရိုးရိုး ငြီးငွေ့စရာ ထိုင်ခုံထက်စာရင်တော့ စုံတွဲတွေသိပ်ပြီးအကြိုက်တွေ့မယ့်အခြေအနေပါပဲ။ စုံတွဲအိပ်ယာအတွက်ဆိုရင်တော့ VIP လက်မှတ်ကိုဝယ်ယူရမှာဖြစ်ပြီး မြန်မာငွေ ၇သောင်းခွဲဝန်းကျင်ကျသင့်တဲ့အထဲ အစားအသောက်ပါ တစ်ပါတည်းပါဝင်ပြီးသားဖြစ်ပါတယ်။
စုံတွဲအိပ်ယာဖြစ်တဲ့အတွက် သန့်ရှင်းရေးနဲ့ ပတ်ဝန်းကျင်သန့်စင်မှုအတွက်ကတော့ ရုပ်ရှင်တစ်ချိန်ပြီးဆုံးတိုင်း အိပ်ယာခင်းတွေကို လဲလှယ်ပေးသွားမှာဖြစ်တယ်လို့ ဒီရုပ်ရှင်ရုံရဲ့စီအီးအိုက ပြောခဲ့ပါတယ်။ ဆွစ်ဇာလန်က Pathé ရုပ်ရှင်ရုံကတော့ စုံတွဲအိပ်ယာစနစ်ကို မေလကိုးရက်နေ့မှစတင်နေပြီဖြစ်ပါတယ်။
ဒီလို စုံတွဲအိပ်ယာစနစ်နဲ့ပတ်သက်ပြီး အင်တာနက်ပေါ်က နောက်ပြောင်မှုတွေမှာတေော့ ရုပ်ရှင်ရုံထဲ ဟောက်သံတွေဘယ်လောက်တောင်ဆူညံနေလိုက်မလဲလို့ နောက်ပြောင်နေသူတွေရှိပြီး ကြမ်းပိုးတွေတော့သောင်းကျန်းတော့မှာပဲလို့ အရွှန်းဖောက်နေသူတွေလဲရှိကြပါတယ်။ စုံတွဲအိပ်ယာဖြစ်တာမို့ ရုပ်ရှင်ရုံထဲက ရုပ်ရှင်မျိုးဆက်တစ်ဆက်တော့ပေါက်ဖွားလာတော့မယ်လို့ အသောဖောက်ခဲ့ကြသူတွေလည်းရှိခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi