ရန္ကုန္ေလဆိပ္တြင္ ေငြက်ပ္သိန္း ၅၆ဝဝ တန္ဖိုးရွိ အိုက္စ္မူးယစ္ေဆးဝါးမ်ားဖမ္းမိ
ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ မေလးရွားကို သြားေရာက္မယ့္ အင္ဒိုနီးရွား ႏိုင္ငံသား တဦးထံကေန ေငြက်ပ္သိန္း ၅၆ဝဝ တန္ဖိုးရွိ အိုက္စ္မူးယစ္ေဆး၀ါးေတြ ဖမ္းဆီးရမိခဲ့ တယ္လို႔ မူးယစ္ေဆးအလြဲသံုးမႈ ထိန္းခ်ဳပ္ေရး ဗဟိုေကာ္မတီက သတင္းထုတ္ျပန္ပါတယ္။
ဧၿပီ ၃ဝ ရက္ ၇ နာရီခြဲေလာက္က မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔ဝင္ေတြ ပါဝင္တဲ့ ပူးေပါင္းအဖြဲ႔က ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ Gate-3 X-Ray စက္မွာ ရွာေဖြ စစ္ေဆးစဥ္ အသက္ ၃၀ အရြယ္ အင္ဒိုနီးရွားႏိုင္ငံသား Mr. JONI KRISWANTO ထံကေန မူးယစ္ေဆးဝါးေတြ ေတြ႕ရွိခဲ့တာပါ။
အဆိုပါပုဂၢိဳလ္ရဲ႕ ခရီးေဆာင္အိတ္ကို စစ္ေဆးရာမွာ အိုက္စ္မူးယစ္ေဆးဝါး အေလးခ်ိန္ ၅.၆ ကီလို (ကာလေပါက္ေစ်းတန္ဖိုးေငြက်ပ္ ၅၆ဝဝ သိန္း)၊ ျမန္မာေငြက်ပ္ ၁.၆ သိန္းနဲ႔ လက္ကိုင္ဖုန္း ၁ လံုးကို ေတြ႔ရွိသိမ္းဆည္းရမိခဲ့ၿပီး မဂၤလာဒံုၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္အေရးယူ ထားတယ္လို႔ ထုတ္ျပန္ခ်က္အရသိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မလေးရှားကို သွားရောက်မယ့် အင်ဒိုနီးရှား နိုင်ငံသား တဦးထံကနေ ငွေကျပ်သိန်း ၅၆ဝဝ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ တယ်လို့ မူးယစ်ဆေးအလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၃ဝ ရက် ၇ နာရီခွဲလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Gate-3 X-Ray စက်မှာ ရှာဖွေ စစ်ဆေးစဉ် အသက် ၃၀ အရွယ် အင်ဒိုနီးရှားနိုင်ငံသား Mr. JONI KRISWANTO ထံကနေ မူးယစ်ဆေးဝါးတွေ တွေ့ရှိခဲ့တာပါ။
အဆိုပါပုဂ္ဂိုလ်ရဲ့ ခရီးဆောင်အိတ်ကို စစ်ဆေးရာမှာ အိုက်စ်မူးယစ်ဆေးဝါး အလေးချိန် ၅.၆ ကီလို (ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၆ဝဝ သိန်း)၊ မြန်မာငွေကျပ် ၁.၆ သိန်းနဲ့ လက်ကိုင်ဖုန်း ၁ လုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး မင်္ဂလာဒုံမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူ ထားတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:dvb