


စာတိုထဲ၌ ‘လို’ က ချစ်သူဟောင်းနှင့်လက်ထပ်ပြီး အတူနေလိုသည် ပြောခဲ့ပေမယ့် ၄င်းမှာ ဖျားယောင်းသည့် အကြံသာဖြစ်ကြောင်း တရားရုံးမှဆုံးဖြတ်ခဲ့ပါတယ်။




Credit:bamakhit
#Unicode Version#
သြစတြေးလျမှ ‘ယုတွန်လို’ (၂၉ နှစ်) ဟာ မုဒိမ်းကျင့်ခံရသည်ဟု ချစ်သူဟောင်း ‘ဒန်နီရယ် ဒူဟိုဗစ်’ (၃၄ နှစ်) ကို လိမ်ညာဖျားယောင်းပြီး ခင်ပွန်းလောင်း ‘ပေါလ်ဟိုဂန်’ (၄၈ နှစ်) အား ပစ် သတ်ခိုင်းခဲ့သဖြင့် မေလ ၃ ရက်က ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။ Ex ဟာ ကလေး၅ဦး ဖခင် ‘ဟိုဂန်’ ကို ဗန်ကား၁စီးနောက်၌ သေနတ်ဖြင့်ပစ်သတ်ခဲ့တာပါ။

သူမဟာ ခင်ပွန်းလောင်းက ရိုက်နှက်ပြီး သမီးကိုခြိမ်းခြောက်ကြောင်း တရားရုံး၌ လိမ်လည် ခဲ့ပါသေးတယ်။ ‘တရားခံဟာ အလွန်ဖျံကျတဲ့သူ ဖြစ်တယ်။ ဤအမှုမှလွတ်ရန် လိမ်လည်ပြောဆိုနေ သည်။’ ဟု တရားသူကြီး ‘ပေါလ်ခါးဂ်လန်း’ ပင် ပြောခဲ့တာပါ။

လူအများပြောဆိုမှုနှင့် ချစ်သူဟောင်း ကို ပို့ခဲ့သည့်စာတိုအရ တရားခံဟာ ခင်ပွန်လောင်းကို သေစေချင်ခဲ့သည်ဟု တရားသူကြီးက ဆိုခဲ့ ပါတယ်။ ‘အဓိပ္ပာယ်မရှိတာမပြောနဲ့။’ ‘ငါသူ့ကို တကယ်သေစေချင်နေတာ။’ ဟု တရားခံဟာ ချစ်သူ ဟောင်းနှင့် အပြန်အလှန်စာတိုပို့ခဲ့တာပါ။

စာတိုထဲ၌ ‘လို’ က ချစ်သူဟောင်းနှင့်လက်ထပ်ပြီး အတူနေလိုသည် ပြောခဲ့ပေမယ့် ၎င်းမှာ ဖျားယောင်းသည့် အကြံသာဖြစ်ကြောင်း တရားရုံးမှဆုံးဖြတ်ခဲ့ပါတယ်။

‘ဟိုဂန်’ သေပြီး ‘ဒူဟိုဗစ်’ က သေနတ်ကိုဖျောက်ဖျက်ခဲ့ပြီး ‘လို’ က ‘ဘူး’ခံငြင်းခဲ့ကာ ‘ဒူဟိုဗစ်’ နှင့်ပြောခဲ့သည့်စာတိုများကို ဖျက် ရန်ကြိုးစားခဲ့ပေမယ့် ရဲများစစ်ဆေးပြီးမကြာခင်မှာပဲ အဖမ်းခံခဲ့ရတာပါ။ ချစ်သူဟောင်း ‘ဒူဟိုဗစ်’ က မူ ‘ဟိုဂန်’ ကိုသတ်မှုဖြင့် ထောင်ဒဏ် ၁၅ နှစ်၊ ၃ လ ကျခံရလျက်ရှိပါတယ်။

အမှုနှင့်ပတ်သတ်ပြီး ‘ဟိုဂန်’ မိသားစုလည်း ဒေါသထွက်နေကြတာပါ။ တရားရုံးပြင်၌ မိခင် ‘ဗဲလ်ဟိုဂန်’ က ‘လို စကြံစည်ခဲ့တာပဲ။ အများကြီးလည်း လိမ်ခဲ့တယ်။

သားမရှိပဲ ကျမ တစ်သက်လုံး နေရတော့မယ်။ ကျမသူ့ကို လျော့ရက်ရပြီး မလွတ်စေချင်ဘူး။ ရက်စေ့ပြီးလည်း မလွတ်စေချင်ဘူး။’ ဟု ပြောကြားခဲ့သကဲ့သို့ ဖခင် ‘အလန်ဟိုဂန်’ က ‘လိုက တစ်ကိုယ်ကောင်းသမားပဲ။ နှစ်ရှည် ထောင် ဒဏ်ကျခံသင့်တယ်။’ ဟု ပြောကြားခဲ့ကြပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:bamakhit
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top