ရန္ကုန္ၿမိဳ႕ရွိ မီးပြိဳင့္ အားလုံးနီးပါးခန႔္ကို လာမည့္ ေမ ၈ရက္ႏွင့္ ၉ ရက္ေန႔တို႔တြင္ ေအာ္တိုစနစ္ျဖင့္ စမ္းသပ္ ထိန္းခ်ဳပ္သြားမည္ျဖစ္ၿပီး ယာဥ္ေၾကာက်ပ္တည္းမႈမ်ားရွိခဲ့ပါက ယာဥ္ထိန္းတပ္ဖြဲ႕မွ ပါဝင္ကူညီမည္ဟု ရန္ကုန္တိုင္းယာဥ္ထိန္း တပ္ဖြဲ႕မႉး႐ုံး ရဲမႉးႀကီးသိန္းဦးက ေျပာသည္။

“ ဒါလည္း စမ္းသပ္တဲ့သေဘာပါပဲ။ ျပည္သူေတြ ႀကိဳသိေအာင္ အသိေပးထားတဲ့သေဘာပါပဲ။ နဂိုကလည္း ဒါ သုံးေနတာပဲ။ ဒါကေတာ့ ၁၅၁ ပြိဳင့္လုံးကို Auto လႊတ္ထားေပးမွာေပါ့” ဟု ရဲမႉးႀကီးသိန္းဦး က ေျပာသည္။

ရန္ကုန္ၿမိဳ႕ရွိ မီးပြိဳင့္ ၁၅၄ ခုအနက္ ၁၅၁ ခုကို ဗဟိုမီးပြိဳင့္ထိန္းခ်ဳပ္ေရးစင္တာမွေန၍ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) မွ စမ္းသပ္ထိန္းခ်ဳပ္မည္ဟု ေၾကညာထားျခင္း ျဖစ္သည္။

“ အဲဒါေတာ့ ေစာင့္ၾကည့္ရမွာပဲ။ အဆင္ေျပတယ္ဆိုရင္ေတာ့ ၿပီးေရာေပါ့။ တအားႀကီး ၾကပ္တဲ့ေနရာၾကေတာ့ လည္း ကြၽန္ေတာ္တို႔ယာဥ္ထိန္းနဲ႔ ဆြဲထုတ္ေပးလိုက္မွာေပါ့။ အဲဒီေန႔ အသင့္ေစာင့္ေနမွာေပါ့” ဟု ရန္ကုန္တိုင္း ယာဥ္ထိန္းတပ္ဖြဲ႕မႉး႐ုံး ရဲမႉးႀကီးသိန္းဦးက ေျပာသည္။

မီးပြိဳင့္မ်ား ေအာ္တိုစမ္းသပ္လည္ပတ္ျခင္းကို ေမ ၈ ရက္ေန႔ႏွင့္ ၉ ရက္ေန႔တို႔တြင္ နံနက္ ၇ နာရီမွ ၁၀ နာရီ အထိ၊ မြန္းလြဲ ၃ နာရီမွ ည ၇ နာရီအထိ ျပဳလုပ္မည္ဟု ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

စမ္းသပ္ထိန္းခ်ဳပ္မည့္ မီးပြိဳင့္မ်ားမွာ ယခင္စမ္းသပ္ခဲ့ဖူးသည့္ ဦးေထာင္ဘိုအဝိုင္း၊ ဦးဝိစာရအဝိုင္းႏွင့္ ဆရာစံပြိဳင့္ တို႔မွ လြဲ၍ က်န္မီးပြိဳင့္မ်ားတြင္ စမ္းသပ္ခဲ့ျခင္း ျဖစ္သည္။

မီးပြိဳင့္မ်ားကို ဗဟိုမီးပြိဳင့္ထိန္းခ်ဳပ္ေရးစင္တာမွတစ္ဆင့္ တစ္ၿပိဳင္တည္း ထိန္းခ်ဳပ္လည္ပတ္ရန္ လုပ္ေဆာင္ျခင္း မွာ နည္းပညာဆိုင္ရာလုပ္ငန္းမ်ား ေဆာင္႐ြက္ၿပီး၍ ေနာက္ဆုံးအဆင့္ စမ္းသပ္ျခင္းျဖစ္ေၾကာင္း YRTA ထံမွ သိရသည္။

အဆိုပါ ဗဟိုထိန္းခ်ဳပ္ေရးစင္တာ တည္ေဆာက္ၿပီးစီး၍ လုပ္ငန္းမ်ား စတင္လည္ပတ္ၿပီဆိုပါက ရန္ကုန္ၿမိဳ႕ရွိ ယာဥ္ေၾကာက်ပ္တည္းမႈ၏ ၃၀ ရာခိုင္ႏႈန္းအထိ ေျဖေလ်ာ့ေပးႏိုင္မည္ဟု လည္း YRTA ဘက္မွ ေျပာဆိုထား သည္။

ရန္ကုန္ၿမိဳ႕ ဗဟိုမီးပြိဳင့္ထိန္းခ်ဳပ္ေရးစနစ္ကို ယခင္တိုင္းအစိုးရအဖြဲ႕မွ တ႐ုတ္အစိုးရပိုင္ CRCC ကုမၸဏီႏွင့္ ေ႐ႊယင္းကုမၸဏီအား ဖက္စပ္လုပ္ကိုင္ခြင့္ေပးထားျခင္း ျဖစ္ၿပီး လက္ရွိတြင္ YRTA ေအာက္တြင္ လုပ္ကိုင္ေနျခင္း ျဖစ္သည္။

ယင္းသို႔ ေအာ္တိုမီးပြိဳင့္စနစ္အား ၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီတြင္ လုပ္ငန္းစတင္ရန္ရည္မွန္းထားခဲ့ေသာ္လည္း သတ္မွတ္ကာလအတြင္းမၿပီးစီးခဲ့ဘဲ ယခုကဲ့သို႔ စမ္းသပ္ျခင္းျဖစ္ၿပီး စနစ္အားလုံး အဆင္ေျပပါက တိုင္းအစိုးရထံ လႊဲေျပာင္းသြားရန္ရွိေၾကာင္းလည္း သိရသည္။

ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာ ၁ ရက္မွ ၅ ရက္အထိ ဦးေထာင္ဘိုအဝိုင္း၊ ဦးဝိစာရအဝိုင္း၊ ဟံသာဝတီအဝိုင္းတို႔တြင္  YRTA မွ ေအာ္တို မီးပြိဳင့္စနစ္ စမ္းသပ္ခဲ့ေသာ္လည္း ကားမ်ား ပိတ္ဆို႔မႈ ျဖစ္ပြားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #

ရန်ကုန်မြို့ရှိ မီးပွိုင့် အားလုံးနီးပါးခန့်ကို လာမည့် မေ ၈ရက်နှင့် ၉ ရက်နေ့တို့တွင် အော်တိုစနစ်ဖြင့် စမ်းသပ် ထိန်းချုပ်သွားမည်ဖြစ်ပြီး ယာဉ်ကြောကျပ်တည်းမှုများရှိခဲ့ပါက ယာဉ်ထိန်းတပ်ဖွဲ့မှ ပါဝင်ကူညီမည်ဟု ရန်ကုန်တိုင်းယာဉ်ထိန်း တပ်ဖွဲ့မှူးရုံး ရဲမှူးကြီးသိန်းဦးက ပြောသည်။

“ ဒါလည်း စမ်းသပ်တဲ့သဘောပါပဲ။ ပြည်သူတွေ ကြိုသိအောင် အသိပေးထားတဲ့သဘောပါပဲ။ နဂိုကလည်း ဒါ သုံးနေတာပဲ။ ဒါကတော့ ၁၅၁ ပွိုင့်လုံးကို Auto လွှတ်ထားပေးမှာပေါ့” ဟု ရဲမှူးကြီးသိန်းဦး က ပြောသည်။

ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၄ ခုအနက် ၁၅၁ ခုကို ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစင်တာမှနေ၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ စမ်းသပ်ထိန်းချုပ်မည်ဟု ကြေညာထားခြင်း ဖြစ်သည်။

“ အဲဒါတော့ စောင့်ကြည့်ရမှာပဲ။ အဆင်ပြေတယ်ဆိုရင်တော့ ပြီးရောပေါ့။ တအားကြီး ကြပ်တဲ့နေရာကြတော့ လည်း ကျွန်တော်တို့ယာဉ်ထိန်းနဲ့ ဆွဲထုတ်ပေးလိုက်မှာပေါ့။ အဲဒီနေ့ အသင့်စောင့်နေမှာပေါ့” ဟု ရန်ကုန်တိုင်း ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး ရဲမှူးကြီးသိန်းဦးက ပြောသည်။

မီးပွိုင့်များ အော်တိုစမ်းသပ်လည်ပတ်ခြင်းကို မေ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် နံနက် ၇ နာရီမှ ၁၀ နာရီ အထိ၊ မွန်းလွဲ ၃ နာရီမှ ည ၇ နာရီအထိ ပြုလုပ်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

စမ်းသပ်ထိန်းချုပ်မည့် မီးပွိုင့်များမှာ ယခင်စမ်းသပ်ခဲ့ဖူးသည့် ဦးထောင်ဘိုအဝိုင်း၊ ဦးဝိစာရအဝိုင်းနှင့် ဆရာစံပွိုင့် တို့မှ လွဲ၍ ကျန်မီးပွိုင့်များတွင် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

မီးပွိုင့်များကို ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစင်တာမှတစ်ဆင့် တစ်ပြိုင်တည်း ထိန်းချုပ်လည်ပတ်ရန် လုပ်ဆောင်ခြင်း မှာ နည်းပညာဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပြီး၍ နောက်ဆုံးအဆင့် စမ်းသပ်ခြင်းဖြစ်ကြောင်း YRTA ထံမှ သိရသည်။

အဆိုပါ ဗဟိုထိန်းချုပ်ရေးစင်တာ တည်ဆောက်ပြီးစီး၍ လုပ်ငန်းများ စတင်လည်ပတ်ပြီဆိုပါက ရန်ကုန်မြို့ရှိ ယာဉ်ကြောကျပ်တည်းမှု၏ ၃၀ ရာခိုင်နှုန်းအထိ ဖြေလျော့ပေးနိုင်မည်ဟု လည်း YRTA ဘက်မှ ပြောဆိုထား သည်။

ရန်ကုန်မြို့ ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစနစ်ကို ယခင်တိုင်းအစိုးရအဖွဲ့မှ တရုတ်အစိုးရပိုင် CRCC ကုမ္ပဏီနှင့် ရွှေယင်းကုမ္ပဏီအား ဖက်စပ်လုပ်ကိုင်ခွင့်ပေးထားခြင်း ဖြစ်ပြီး လက်ရှိတွင် YRTA အောက်တွင် လုပ်ကိုင်နေခြင်း ဖြစ်သည်။

ယင်းသို့ အော်တိုမီးပွိုင့်စနစ်အား ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီတွင် လုပ်ငန်းစတင်ရန်ရည်မှန်းထားခဲ့သော်လည်း သတ်မှတ်ကာလအတွင်းမပြီးစီးခဲ့ဘဲ ယခုကဲ့သို့ စမ်းသပ်ခြင်းဖြစ်ပြီး စနစ်အားလုံး အဆင်ပြေပါက တိုင်းအစိုးရထံ လွှဲပြောင်းသွားရန်ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁ ရက်မှ ၅ ရက်အထိ ဦးထောင်ဘိုအဝိုင်း၊ ဦးဝိစာရအဝိုင်း၊ ဟံသာဝတီအဝိုင်းတို့တွင်  YRTA မှ အော်တို မီးပွိုင့်စနစ် စမ်းသပ်ခဲ့သော်လည်း ကားများ ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top