ေန႔တိုင္း လုပ္ ေပး သင့္ တဲ့ မ်က္လုံး အနား ေပး ေလ့က်င့္ခန္း ( ၁၁ ) မ်ိဳး
ေန႔စဥ္ ေန႔တိုင္း မ်က္လုံးကို အသုံးျပဳရတာ အရမ္းမ်ားပါတယ္ ။ စာဖတ္တာ ၊ ကြန္ပ်ဴတာၾကည့္တာ နဲ႔ ဖုန္းၾကည့္ တာ က ေတာ့ တစ္ေနကုန္၊ မအိပ္မခ်င္းပဲလို႔ေတာင္ ေျပာရမွာပါ ။ ဒါေပမယ့္ မ်က္လုံးကို အဲ့ဒီလို ဆက္ တိုက္ အသုံးျပဳ ေပ မယ့္ မ်က္လုံး က်န္းမာဖို႔ အတြက္ ေလ့က်င့္ခန္းေလး ေတြ လုပ္ တာ မ်ိဳး ၊ မ်က္လုံးကို ဂ႐ု စိုက္ တာ မ်ိဳး ေတာ့ မ လုပ္ ျဖစ္ ၾကပါ ဘူး ။ ဒီ ေတာ့ အ ခု က စ ၿပီး မ်က္လုံး က်န္းမာေရး အတြက္ ေန႔စဥ္ လုပ္ေပးဖို႔ ေလ့က်င့္ခန္းေလးေတြ ကို ေဖာ္ျပ ေပး ခ်င္ ပါ တယ္ ။ အခုက စလုပ္လိုက္ေနာ္။
နည္းလမ္း ( ၁ )
မ်က္ေတာင္ တဖ်ပ္ဖ်ပ္ ခတ္ တာ ကို ၂ မိနစ္ ေလာက္ လုပ္ေပး လိုက္ ပါ ။ အဲ့ဒါကမ်က္လုံး နား တဝိုက္မွာ ေသြးလွည့္ပတ္မႈ ေကာင္းေစပါတယ္။
နည္းလမ္း(၂)
ျပတင္းေပါက္မွန္ကို ၅ စကၠန႔္ ေလာက္ စိုက္ ၾကည့္ ၿပီး အေဝးက အရာဝတၳဳေတြ ကို ၅ စကၠန႔္ေလာက္ ေျပာင္း ၾကည့္ ပါ ။ အဲ့ဒါကို ၁၀ ႀကိမ္ လုပ္ေပးပါ။
နည္းလမ္း(၃)
မ်က္လုံး မွိတ္ ၿပီး တစ္ေန႔ ႏွစ္ႀကိမ္ ေရ ေဆး ေပး ပါ ။ မနက္ ပိုင္း မွာ ေရ ေႏြးေလး နဲ႔ မ်က္ႏွာ သစ္ၿပီး ေရ ေအး နဲ႔ ထပ္ သစ္ေပးပါ ။ ညဘက္မွာေတာ့ ေရ ေအး နဲ႔ အရင္ သစ္ၿပီး ေရ ေႏြး နဲ႔ ထပ္သစ္ပါ ။ အဲ့ဒါက ပင္ပန္းႏြမ္းနယ္ေနတဲ့ မ်က္ လုံးေတြကို ျပန္လည္လန္းဆန္းေစပါတယ္။
နည္းလမ္း (၄)
မ်က္လုံးေတြကို ဘယ္က ေန ညာ ၊ ညာ က ေန ဘယ္ကို ေ႐ႊ႕ ေပးတာကို ၆ ႀကိမ္ လုပ္ေပးပါ။
နည္းလမ္း( ၅)
မ်က္လုံးကို ( ၅ ) စကၠန႔္ ေလာက္ တင္းတင္း မွိတ္ထားၿပီး ဖ်တ္ကနဲ ဖြင့္လိုက္ပါ။ အဲ့ဒါကို ၁၀ ႀကိမ္ လုပ္ေပးပါ။
နည္းလမ္း(၆)
လက္ကို ဆန႔္တန္းၿပီး လက္မရဲ႕ လက္သည္းကို စိုက္ၾကည့္ပါ။ လက္ကို မ်က္ႏွာနဲ႔ တစ္ေပေလာက္ အကြာအထိ ေ႐ႊ႕လာၿပီး မ်က္လုံးက လက္မလက္သည္းကို လိုက္ၾကည့္ေပးပါ။ အဲ့ဒါကို ၁၀ ႀကိမ္ လုပ္ေပးပါ။
နည္းလမ္း(၇)
မ်က္လုံးကို နာရီလက္တံ လွည့္တဲ့အတိုင္း စက္ဝိုင္းပုံ (၄) ႀကိမ္လွည့္ၿပီး၊ သူနဲ႔ဆန႔္က်င္ဘက္ ကို (၄) ႀကိမ္ထပ္လွည့္ပါ။
နည္းလမ္း(၈)
မ်က္လုံးကို (၅)စကၠန႔္ေလာက္ တင္းတင္း မွိတ္ထားၿပီး ဖ်တ္ကနဲ ဖြင့္လိုက္ၿပီး မ်က္လုံးေတြကို က်ယ္ႏိုင္ သ ေလာက္ က်ယ္က်ယ္ ဖြင့္လိုက္ပါ ။ အဲ့ဒါကို ၁၀ ႀကိမ္ လုပ္ေပးပါ။
နည္းလမ္း(၉)
မ်က္လုံးကို ဖြဖြေလး မွိတ္ထားၿပီး စိတ္ကို ေျဖေလ်ာ့ထားပါ ။ လက္ႏွစ္ဖက္ကို ပူေႏြးလာေအာင္ ပြတ္တိုက္ၿပီး မ်က္လုံးအေပၚကေန မိနစ္အနည္းငယ္ေလာက္ အုပ္ထားေပးလိုက္ပါ။
နည္းလမ္း(၁၀)
မ်က္လုံးကို မွိတ္ၿပီး အတြင္းေထာင့္ေနရာေလးကို လက္ေခ်ာင္းထိပ္ေလးေတြနဲ႔ မိနစ္အနည္းငယ္ေလာက္ ႏွိပ္နယ္ ေပး လိုက္ပါ။
နည္းလမ္း(၁၁)
စာ႐ြက္အလြတ္မွာ ပုံထဲကလိုမ်ိဳး လိုက္ဆြဲၿပီး နံရံမွာခ်ိတ္ပါ။ အလယ္မွတ္ေနရာက ေန စၿပီး မွ်ားလမ္းေၾကာင္းအတိုင္း ဦးေခါင္းမလႈပ္ဘဲ မ်က္လုံးေလးနဲ႔ပဲ လိုက္ၾကည့္ပါ။ အဲ့ဒါကို မိနစ္အနည္းငယ္ေလာက္ လုပ္ေပးလိုက္ပါ။
အ ေပၚက ေလ့က်င့္ခန္းေလးေတြ လုပ္ဖို႔ အခ်ိန္အမ်ားႀကီးေပးဖို႔ မလိုသလို၊ ခက္ခက္ခဲခဲႀကီးေတြ လည္း မဟုတ္ပါဘူး။ ေန႔စဥ္ အသုံးျပဳေနတဲ့ မ်က္လုံးေလးေတြကိုလည္း အနားေပးၿပီး မ်က္လုံး က်န္းမာေရးေကာင္းဖို႔ ဒါေလးေတြကို ေန႔တိုင္း မ ေမ့ မ ေလ်ာ့ လုပ္ေပးလိုက္ေနာ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: MAY THAZIN HTOO
# Unicode Version # ျဖင့္ ဖတ္ပါ #
နေ့စဉ် နေ့တိုင်း မျက်လုံးကို အသုံးပြုရတာ အရမ်းများပါတယ် ။ စာဖတ်တာ ၊ ကွန်ပျူတာကြည့်တာ နဲ့ ဖုန်းကြည့် တာ က တော့ တစ်နေကုန်၊ မအိပ်မချင်းပဲလို့တောင် ပြောရမှာပါ ။ ဒါပေမယ့် မျက်လုံးကို အဲ့ဒီလို ဆက် တိုက် အသုံးပြု ပေ မယ့် မျက်လုံး ကျန်းမာဖို့ အတွက် လေ့ကျင့်ခန်းလေး တွေ လုပ် တာ မျိုး ၊ မျက်လုံးကို ဂရု စိုက် တာ မျိုး တော့ မ လုပ် ဖြစ် ကြပါ ဘူး ။ ဒီ တော့ အ ခု က စ ပြီး မျက်လုံး ကျန်းမာရေး အတွက် နေ့စဉ် လုပ်ပေးဖို့ လေ့ကျင့်ခန်းလေးတွေ ကို ဖော်ပြ ပေး ချင် ပါ တယ် ။ အခုက စလုပ်လိုက်နော်။
နည်းလမ်း ( ၁ )
မျက်တောင် တဖျပ်ဖျပ် ခတ် တာ ကို ၂ မိနစ် လောက် လုပ်ပေး လိုက် ပါ ။ အဲ့ဒါကမျက်လုံး နား တဝိုက်မှာ သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။
နည်းလမ်း(၂)
ပြတင်းပေါက်မှန်ကို ၅ စက္ကန့် လောက် စိုက် ကြည့် ပြီး အဝေးက အရာဝတ္ထုတွေ ကို ၅ စက္ကန့်လောက် ပြောင်း ကြည့် ပါ ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။
နည်းလမ်း(၃)
မျက်လုံး မှိတ် ပြီး တစ်နေ့ နှစ်ကြိမ် ရေ ဆေး ပေး ပါ ။ မနက် ပိုင်း မှာ ရေ နွေးလေး နဲ့ မျက်နှာ သစ်ပြီး ရေ အေး နဲ့ ထပ် သစ်ပေးပါ ။ ညဘက်မှာတော့ ရေ အေး နဲ့ အရင် သစ်ပြီး ရေ နွေး နဲ့ ထပ်သစ်ပါ ။ အဲ့ဒါက ပင်ပန်းနွမ်းနယ်နေတဲ့ မျက် လုံးတွေကို ပြန်လည်လန်းဆန်းစေပါတယ်။
နည်းလမ်း (၄)
မျက်လုံးတွေကို ဘယ်က နေ ညာ ၊ ညာ က နေ ဘယ်ကို ရွှေ့ ပေးတာကို ၆ ကြိမ် လုပ်ပေးပါ။
နည်းလမ်း( ၅)
မျက်လုံးကို ( ၅ ) စက္ကန့် လောက် တင်းတင်း မှိတ်ထားပြီး ဖျတ်ကနဲ ဖွင့်လိုက်ပါ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။
နည်းလမ်း(၆)
လက်ကို ဆန့်တန်းပြီး လက်မရဲ့ လက်သည်းကို စိုက်ကြည့်ပါ။ လက်ကို မျက်နှာနဲ့ တစ်ပေလောက် အကွာအထိ ရွှေ့လာပြီး မျက်လုံးက လက်မလက်သည်းကို လိုက်ကြည့်ပေးပါ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။
နည်းလမ်း(၇)
မျက်လုံးကို နာရီလက်တံ လှည့်တဲ့အတိုင်း စက်ဝိုင်းပုံ (၄) ကြိမ်လှည့်ပြီး၊ သူနဲ့ဆန့်ကျင်ဘက် ကို (၄) ကြိမ်ထပ်လှည့်ပါ။
နည်းလမ်း(၈)
မျက်လုံးကို (၅)စက္ကန့်လောက် တင်းတင်း မှိတ်ထားပြီး ဖျတ်ကနဲ ဖွင့်လိုက်ပြီး မျက်လုံးတွေကို ကျယ်နိုင် သ လောက် ကျယ်ကျယ် ဖွင့်လိုက်ပါ ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။
နည်းလမ်း(၉)
မျက်လုံးကို ဖွဖွလေး မှိတ်ထားပြီး စိတ်ကို ဖြေလျော့ထားပါ ။ လက်နှစ်ဖက်ကို ပူနွေးလာအောင် ပွတ်တိုက်ပြီး မျက်လုံးအပေါ်ကနေ မိနစ်အနည်းငယ်လောက် အုပ်ထားပေးလိုက်ပါ။
နည်းလမ်း(၁၀)
မျက်လုံးကို မှိတ်ပြီး အတွင်းထောင့်နေရာလေးကို လက်ချောင်းထိပ်လေးတွေနဲ့ မိနစ်အနည်းငယ်လောက် နှိပ်နယ် ပေး လိုက်ပါ။
နည်းလမ်း(၁၁)
စာရွက်အလွတ်မှာ ပုံထဲကလိုမျိုး လိုက်ဆွဲပြီး နံရံမှာချိတ်ပါ။ အလယ်မှတ်နေရာက နေ စပြီး မျှားလမ်းကြောင်းအတိုင်း ဦးခေါင်းမလှုပ်ဘဲ မျက်လုံးလေးနဲ့ပဲ လိုက်ကြည့်ပါ။ အဲ့ဒါကို မိနစ်အနည်းငယ်လောက် လုပ်ပေးလိုက်ပါ။
အ ပေါ်က လေ့ကျင့်ခန်းလေးတွေ လုပ်ဖို့ အချိန်အများကြီးပေးဖို့ မလိုသလို၊ ခက်ခက်ခဲခဲကြီးတွေ လည်း မဟုတ်ပါဘူး။ နေ့စဉ် အသုံးပြုနေတဲ့ မျက်လုံးလေးတွေကိုလည်း အနားပေးပြီး မျက်လုံး ကျန်းမာရေးကောင်းဖို့ ဒါလေးတွေကို နေ့တိုင်း မ မေ့ မ လျော့ လုပ်ပေးလိုက်နော်။
ဖိုးသူတော် (www.phothutaw.com)
Credit: MAY THAZIN HTOO