ကခ်င္ျပည္နယ္၊ ပူတာအိုခ႐ိုင္ ေခါင္လန္ဖူးၿမိဳ႕နယ္မွာ ေမလ ၂ ရက္ေန႔ မြန္းတည့္ ၁၂ နာရီက မုိးရြာသြန္းၿပီး ေတာင္ကမ္းပါးယံ ၿပိဳက်ခဲ့လုိ႔ လူ ၃ ဦး ေပ်ာက္ဆုံးေနတယ္လုိ႔႔ ျပည္ထဲေရးက ထုတ္ျပန္ပါတယ္။

ထရီဝမ္ေဂါင္ ေက်း႐ြာေန ဝရမ္းေခါင္ခင္ဒီး (၃၃) ႏွစ္ပါ ၅ ဦးတုိ႔ ဟင္းခတ္အေမႊးအႀကိဳင္စိုက္ပ်ိဳးဖုိ႔ သြားေရာက္စဥ္ ေခါင္လန္ဖူး-ပူတာအို ကားလမ္းေဖာက္လုပ္ေန တဲ့ ဆန္းလြတ္ခ်က္ေတာင္အနီးအေရာက္ မိုး႐ြာသြန္းမႈေၾကာင့္ ေတာင္ကမ္းပါးယံမွ ေျမေတြ ၿပိဳက်ခဲ့လုိ႔ ၅ ဦးလုံး ေျမစာေတြနဲ႔အတူ ေတာင္ေအာက္ကုိ ေမ်ာပါေပ်ာက္ဆုံးသြားခဲ့တယ္လို႔ ဆုိပါတယ္။

နယ္ေျမခံတပ္မေတာ္သားေတြနဲ႔ လမ္းေဖာက္လုပ္ေနတဲ့ လျပည့္ဝန္းကုမၸဏီ ဝန္ထမ္းေတြက ရွာေဖြကယ္ဆယ္ရာမွာ ေမာင္သူရထြန္း (စုိးရိမ္ရ) နဲ႔ ေမာင္ေနမင္းထြန္း (မစုိးရိမ္ရ) တုိ႔ ဒဏ္ရာေတြနဲ႔အတူ  ကယ္ဆယ္ႏုိင္ခဲ့ၿပီး ပူတာအုိျပည္သူ႔ေဆး႐ုံကုိ ပုိ႔ေဆာင္ကုသထားတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်မှာ မေလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီက မိုးရွာသွန်းပြီး တောင်ကမ်းပါးယံ ပြိုကျခဲ့လို့ လူ ၃ ဦး ပျောက်ဆုံးနေတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

ထရီဝမ်ဂေါင် ကျေးရွာနေ ဝရမ်းခေါင်ခင်ဒီး (၃၃) နှစ်ပါ ၅ ဦးတို့ ဟင်းခတ်အမွှေးအကြိုင်စိုက်ပျိုးဖို့ သွားရောက်စဉ် ခေါင်လန်ဖူး-ပူတာအို ကားလမ်းဖောက်လုပ်နေ တဲ့ ဆန်းလွတ်ချက်တောင်အနီးအရောက် မိုးရွာသွန်းမှုကြောင့် တောင်ကမ်းပါးယံမှ မြေတွေ ပြိုကျခဲ့လို့ ၅ ဦးလုံး မြေစာတွေနဲ့အတူ တောင်အောက်ကို မျောပါပျောက်ဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

နယ်မြေခံတပ်မတော်သားတွေနဲ့ လမ်းဖောက်လုပ်နေတဲ့ လပြည့်ဝန်းကုမ္ပဏီ ဝန်ထမ်းတွေက ရှာဖွေကယ်ဆယ်ရာမှာ မောင်သူရထွန်း (စိုးရိမ်ရ) နဲ့ မောင်နေမင်းထွန်း (မစိုးရိမ်ရ) တို့ ဒဏ်ရာတွေနဲ့အတူ  ကယ်ဆယ်နိုင်ခဲ့ပြီး ပူတာအိုပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top