20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ဒီအျဖစ္အပ်က္က လြန္ခဲ့တဲ့ ၁၈ ႏွစ္ ေလာက္က တကယ္ ျဖစ္ခဲ့တာပါ။ ေနရာက ရန္ကုန္-ျပည္ ကားလမ္းမေပၚမွာရွိၿပီး ၊ ျပည္ ကေနဆို ၂၂ မိုင္၊ ေအာင္လံ ကေနဆို ၂၃ မိုင္ေလာက္ကားစီးရင္ ကားလမ္းမၾကီးေဘးမွာရွိတဲ့ ဒုရဂ္ဗိုလ္ ကိုေရာက္ပါ တယ္။

အဲ့ကားလမ္းမၾကီးကေန အေနာက္ဘက္ကို ၂မိုင္ ၂ ဖာလံုေလာက္ ၀င္ရတဲ့ ေညာင္ပင္ဆိပ္ ဆိုတဲ့ ရြာမွာ ျဖစ္ခဲ့တာပါ။ ရြာကို ေတာင္ပိုင္း၊ အလယ္ပိုင္း၊ ေျမာက္ပိုင္းဆိုပီး အပိုင္း ၃ ပိုင္း ခဲြ ေခၚပါတယ္။ ျဖစ္တဲ့အိမ္က ရြာအလယ္ပိုင္းက အေမၾကီးရဲ႔ အိမ္မွာျဖစ္တာပါ။ ကၽြန္မတို႔ အေမၾကီး(ေဖေဖ့ အေမ အဘြားကိုေျပာတာပါ) မွာ ညီအစ္မ ၄ ေယာက္ရွိတယ္။ အေမၾကီးက အၾကီးဆံုးအစ္မေပါ၊့ ဒုတိယ ညီမ ေဒၚရင္လွက ရြာေျမာက္ပိုင္းမွာ ေနတယ္၊ တတိယ ညီမ ေဒၚစိမ္းၾကည္က ျပည္မွာ ေနၿပီး၊ အငယ္ဆံုး ညီမ ေဒၚစိမ္းတင္ က ရြာေတာင္ပိုင္းမွာေနတာပါ။

ရြာေတာင္ပိုင္းက အေမၾကီးေဒၚစိမ္းတင္ အိမ္ရဲ႔ အေနာက္ဘက္ က ရြာ စာသင္ေက်ာင္း ရဲ႔ ယာခင္း နဲ႔ ကပ္ေနေတာ့ ေတာထူတယ္၊ အဲ့အိမ္ ေနာက္ေဖးမွာ ခဏ ခဏ ဆိုသလို ေျမြၾကီးေတြ ေတြ႔ရတယ္။ ဒါေၾကာင့္ ေတာ္ရံုလူဆို အဲ့အိမ္ေနာက္ေဖးကို သြားရဲၾကဘူး၊ ေျမြကိုက္မွာစိုးလို႔။ ရြာေတာင္ပိုင္းက အေမၾကီးေဒၚစိမ္းတင္ရဲ႔ သမီးၾကီးေဒၚတင္၀င္း နဲ သမီးငယ္ေဒၚလွ၀င္း က ရြာမွာပဲ ေနတာပါ။

သမီးအငယ္ ေဒၚလွ၀င္းက အေမ နဲ႔ အတူ ေတာစပ္ကပ္လ်က္က အိမ္မွာေနၿပီး၊ သမီးအၾကီးေဒၚတင္၀င္းက အဲ့ဒီအိမ္နဲ႔ မ်က္ႏွာခ်င္းဆုိင္မွာ ေနပါတယ္။ အခ်ိန္က ေႏြရာသီ ေက်ာင္းပိတ္ရက္မွာပါ။ သမီးအငယ္ေဒၚလွ၀င္း မိသားစု က ရန္ကုန္ကို ေႏြရာသီေက်ာင္းပိတ္ရက္ ဆို အျမဲလိုလိုအလည္သြားပါတယ္။ ဒီႏွစ္လည္း အလည္သြားပါတယ္။ တစ္ေန႔ အလည္သြားၿပီး ျပန္လာမယ္ဆိုတာ သိရေတာ့ အေမၾကီး ေဒၚစိမ္းတင္ က အိမ္ သန္႔ရွင္းေရးလုပ္မွဆိုၿပီး အိမ္ပတ္ပတ္လည္ သန္႔ရွင္းေရး လုပ္ပါတယ္။

သူက သန္႔ရွင္းေရးလုပ္ရင္း အိမ္ေခါင္းရင္းမွာရွိတဲ့ ၾကြက္တြင္းကိုပါ ရွင္းမယ္ဆုိၿပီး တံျမက္စည္းနဲ႔ ရွင္းတာ အားမရေတာ့ လက္ႏိႈက္ၿပီး တြင္းထဲက အမိႈက္ေတြ ထုတ္ပါတယ္။ တြင္းထဲက အမိႈက္ေတြရွင္းရင္း လက္ကို အေကာင္ တစ္ေကာင္ အကိုက္ခံလုိက္ရပါတယ္။ ဒါေပမဲ့ သူကလည္း ၾကြက္ကိုက္တယ္ထင္ၿပီး အမႈမဲ႔အမွတ္မဲ့ သေဘာထားၿပီး ထမင္းစားခ်ိန္ ၁၁ နာရီေလာက္ ေရာက္တာနဲ႔ ထမင္းစား ၊ ေအးေအးေဆးေဆး ေဆးလိပ္ေတာင္ ဖြာလုိက္ပါေသးတယ္။ ထမင္းစားၿပီး နာရီ၀က္ ၁ နာရီေလာက္ၾကာေတာ့ သူ ေနရထိုင္ရတာ မအီမသာ နဲ႔ တမ်ိဳး ၾကီး ျဖစ္လာပါတယ္။

ဒါနဲ႔ သူလည္း သူ႔သမီးအၾကီးကို သန္႔ရွင္းေရးလုပ္တုန္း တြင္းထဲမွ အေကာင္ တစ္ေကာင္ အကိုက္ခံရေၾကာင္း၊ သူ ေနရထိုင္ရတာ တစ္မ်ိဳးျဖစ္ေနေၾကာင္းေျပာျပေတာ့ သမီးအၾကီးက “ဒါဆို အေမ့ကိုကိုက္လိုက္တာ ၾကြက္ မဟုတ္ ေလာက္ဘူး၊ တျခားအေကာင္ ျဖစ္လိမ့္မယ္၊ အေမ ခဏ ေအးေအးေဆးေဆး အနားယူလိုက္အံုး ကၽြန္ေတာ္ ရွာၾကည့္ လိုက္မယ္ဆိုပီး“ ရွာပံုေတာ္ ဖြင့္ပါေတာ့မယ္။ (သမီးအၾကီးက အရပ္ေထာင္ေထာင္ေမာင္းေမာင္း နဲ႔ အေၾကာက္အလန္႔ မရွိပါဘူး)။

ရြာမွာ က်န္းမာေရးေဆးခန္းရွိေတာ့ အေကာင္ေတြ႔ရင္ ေဆးရွိမယ္ဆိုၿပီး ရွာတာပါ။ အိမ္နီးနားခ်င္းေတြပါ ၀ိုင္းကူရွာေနေပး ေပမဲ့ ေန႔ခင္း ၂ နာရီေလာက္ထိ အေကာင္ကိုရွာတာ မေတြ႔ေသးပါဘူး။ အေမၾကီးေဒၚစိမ္းတင္ကေတာ့ ေခါင္းမူးသလို အိပ္ခ်င္သလိုျဖစ္ေနေတာ့ အသာေလးပဲ ပလက္ကုလားထုိင္မွာ ထုိင္နားေနပါတယ္။ ခဏေန ၃ နာရီေလာက္ က်ေတာ့ သမီးအၾကီး ရွာရက်ိဳးနပ္သြားပါတယ္။ “အေမေရ အေမကို ကိုက္တဲ့အေကာင္ ေတြ႔ပီ ေတြ႔ပီ“ ဆိုၿပီး၊ အေမ့ အနားကို ေျပးလာပီး “ အေမေရ ဒီမွာ အေမ့ကိုက္တာ ၾကြက္မဟုတ္ဘူး၊ ဒီအေကာင္ဗ်ာ“ ဆိုၿပီး ျပလိုက္တဲ့အခါ… အေမဆိုတာ အိပ္ခ်င္သလိုမူးေနာက္ေနာက္ျဖစ္ေနရာကေန လန္႔ၿပီး ဇက္ၾကိဳးသြားပါေတာ့တယ္။

အေၾကာင္းကေတာ့ သမီးအၾကီး လက္ထဲမွာ ကိုင္လာတာ က ၀ ၀ ထြားထြား ေျမြၾကီး ျဖစ္ေနပါေတာ့တယ္။ (ေျမြေဟာက္ ထင္ပါတယ္၊ ေသခ်ာ မမွတ္မိေတာ့ပါ)။ ဒါနဲ႔ ျပည္ေဆးရံုကိုပို႔ၾကမယ္ဆိုၿပီး ကားငွားၿပီး အျမန္သြားဖို႔ ျပင္ပါတယ္။ ရြာမွာက က်န္းမာေရးေဆးခန္းပဲရွိေတာ့ ခုလို အေရးအေၾကာင္းဆို ျပည္ ကိုပဲ သြားရပါတယ္။ ဒါေပမဲ့ ကံအေၾကာင္းမလွေတာ့ ကားက ဒုရဂ္ဗိုလ္ အ၀င္မွာတင္ အေမၾကီး ေဒၚစိမ္းတင္ ဇက္ၾကိဳးသြားေနရာကေန အသက္ပါ ပါသြားပါေတာ့တယ္။

ေနာက္ေန႔ မနက္မွာေတာ့့ တျဖည္းျဖည္း အဆိပ္ေတြ ခႏၶာကိုယ္ အႏွ႔ံ ျပန္႔ကုန္ၿပီး ခႏၶာကိုယ္ ဟာ ျဖည္းျဖည္းခ်င္း စိမ္းလာၿပီး ၊ ေဖာလာတယ္လို႔ သြားၾကည့္တဲ့လူေတြ ေျပာသံၾကားရပါတယ္။ ကၽြန္မတို႔က အဲ့အခ်ိန္က ၉ ႏွစ္ေလာက္ပဲ ရွိေသးေတာ့ ၾကားတာနဲ႔တင္ လန္႔ေနပါၿပီ၊ သြားမၾကည့္ရဲပါဘူး။ ေနာက္ေန႔ မနက္ကူးေတာ့ အပုပ္နံ႔ေတြလည္း ရတယ္ ဆိုၿပီး အဲ့ေန႔ မွာပဲ အားခ်င္း သၿဂိဳလ္ လုိက္ရပါတယ္။(သမီးအငယ္ က အသက္မမွီပါဘူး၊ ရက္မလည္ခင္ေတာ့ ျပန္ေရာက္လာပါတယ္)။

တကယ့္ဇာတ္လမ္းကေတာ့ အေမၾကီး ေဒၚစိမ္းတင္ အိမ္မွာ မဟုတ္ပါဘူး။ ရြာအလယ္ပိုင္းက ကၽြန္မတို႔ ေန႔တဲ့ အေမၾကီး အိမ္မွာပါ။ တကယ့္ေကာင္းခန္း မေျပာခင္ အိမ္ျခံ၀င္းနဲ႔အိမ္ ပံုကို အရင္ေျပာပါမယ္။ (ေကာင္းခန္း ေရာက္ကာခါနီးမွ ေၾကာ္ျငာ၀င္တာေတာ့ မဟုတ္ပါဘူးရွင္၊ ခုလိုေျပာျပမွ ပိုျပည့္စံုမွာမို႔ပါ)။ အိမ္က ၂ ထပ္အိမ္ပါ။ အိမ္ရဲ႔ မီးဖိုေခ်ာင္က တျခား အိမ္ေတြလို အိမ္ေနာက္ေဖးမွာ မဟုတ္ဘဲ၊ အိမ္ေျခရင္းဘက္အေရွ႔နားမွာပါ။ မီးဖိုေခ်ာင္နဲ႔ကပ္ရက္မွာ စတိုခန္းရွည္ၾကီး (အိမ္အလယ္ကေန အိမ္ေနာက္ေဖးထိ) ရွိပါတယ္။ ဒါေၾကာင့္ ကၽြန္မတို႔ အိမ္သာ သြားမယ္ဆို မီးဖိုေခ်ာင္ေပါက္ကေန အိမ္အေနာက္ဘက္ထိ အရွည္ၾကီး သြားရပါတယ္။

ရြာေတြက အိမ္သာေတြ က အားလံုးသိတဲ့အတုိင္း အိမ္ေနာက္ဘက္ အေ၀းမွာပဲ ေဆာက္ၾကတာပါ။ ကၽြန္မတို႔ အိမ္သာ က အိမ္အေဆာက္အအံု ဆံုးတာနဲ႔ တန္းမေရာက္ပါဘူး၊ အိမ္သာနဲ႔ အိမ္ၾကီး ၾကားမွာ ေျခလွမ္း ၁၅လွမ္း ၊ အလွမ္း ၂၀ ေလာက္ ေလွ်ာက္ရပါေသးတယ္။ အဲ့အၾကားမွာ အျမင့္ ၃ေပခဲြ၊ ၄ေပေလာက္ရွိတဲ့ ထမိန္တန္း ထားပါတယ္။ အေမၾကီးအိမ္မွာ အေမၾကီးရယ္၊ ေမေမရယ္၊ ကၽြန္မတို႔ ညီအစ္မ ၂ ေယာက္ ရယ္၊ ညီမအငယ္ေလး ရယ္ ၄ ေယာက္ပဲ ေနတာပါ။ ေဖေဖက ရန္ကုန္မွာ အလုပ္ လုပ္ေတာ့ တခါတေလမွပဲ ျပန္လာပါတယ္။

ကၽြန္မတို႔ ညီမ အငယ္ဆံုးက ၃ ႏွစ္ကေလးဆိုေတာ့၊ သူက တခါတေလ အိမ္သာ သြားရင္ လမ္းကေနမသြားဘဲ၊ အဲ့ ထမိန္တန္းေအာက္ကေန ျဖတ္ ျဖတ္ သြားတတ္ပါတယ္။ ဒါေၾကာင့္ သူ႔ကို ထမိန္တန္းေအာက္ကေန မသြားနဲ႔ ဘုန္းနိမ့္ တတ္တယ္ဆိုၿပီး ေျပာေပမဲ့၊ သူက နားမေထာင္ဘဲ ျဖတ္ သြားျမဲပါပဲ။ (ငယ္ေသးတာ့ ဘုန္းနိမ့္တယ္ဆိုတာ နားမလည္ ေသးဘူးထင္ပါတယ္)။

အေမၾကီး ေဒၚစိမ္းတင္ ဆံုးၿပီး ၄၊၅ ရက္ၾကာေတာ့ ညေန ၄ နာရီေလာက္မွာ သူ႔ေျမးက ကၽြန္မတို႔ အိမ္မွာ ဆီမုတ္ လာငွားပါတယ္။ အဲ့ေန႔အဲ့အခ်ိန္က အိမ္မွာ ကၽြန္မတို႔ ညီအစ္မ ၂ ေယာက္က တျခားရြာကို အလည္သြားေနတဲ့အတြက္ ညေန ၅ နာရီေက်ာ္ေလာက္မွ ျပန္ေရာက္လာပါတယ္။ ဒါေၾကာင့္ အိမ္မွာ အေမၾကီး၊ ေမေမ နဲ႔ အငယ္ဆံုး ညီမ (၃ နွစ္ အရြယ္) ပဲ ရွိတာပါ။

အေမၾကီး ေဒၚစိမ္းတင္ေျမး ျပန္သြားၿပီး ခဏေနေတာ့ ညီမေလးက အိမ္သာ တက္ခ်င္ဆိုၿပီး သူ႔ဘာသာ တစ္ေယာက္ တည္း အိမ္သာ သြားပါတယ္။ အဲ့အခ်ိန္မွာ ေမေမက ပန္းေဂၚဖီ ေၾကာ္ ေၾကာ္ေနတာပါ။ ေမေမလည္း မအားေတာ့ သမီးေလး ကိစၥၿပီးမွ ေမေမ့ကို လွမ္းေခၚဆိုၿပီး ေျပာလုိက္တာပါ။ ညီမေလးက ခဏေနေတာ့ “ေမေမေရ၊ ၿပီးၿပီ “ ဆိုၿပီး ေအာ္ေတာ့၊ ေမေမ က “တကယ္လား“ ေမးလုိက္ေတာ့၊ ညီမေလးက “မဟုတ္ဘူး၊ စတာ “ ဆုိၿပီး ျပန္ေျပာပါတယ္။

ေနာက္ ခဏၾကာေတာ့ ညီမေလး က ေၾကာက္သံၾကီးနဲ႔ “ေမေမေရ၊ လာပါအုန္း“ ဆိုၿပီး လွမ္းေအာ္ေတာ့တာပဲ။ အဲ့လို အသံၾကီး ၾကားမွ ေမေမလည္း ခ်က္ခ်င္း ေနာက္ေဖးကို ေျပးသြားေတာ့၊ ညီမေလးက “ေမေမ ၊ ဟိုမွာ ေခါင္းျပတ္ၾကီး၊ အေမၾကီးေဒၚစိမ္းတင္ရယ္၊ မ်က္လံုး အၾကီးၾကီးနဲ႔“ ဆိုေတာ့ ေမေမလည္း အိမ္သာေအာက္ေတြေရာ၊ ေနာက္ေတြပါ လုိက္ရွာၾကည့္ပါတယ္၊ ဒါေပမဲ့ ေမေမ ေလွ်ာက္ရွာေတာ့ ေခါင္းျပတ္ၾကီး က မရွိေတာ့ပါဘူး။

အဲ့ကိစၥ ျဖစ္ၿပီး နာရီ၀က္၊ ၁ နာရီေလာက္ ၾကာမွ ကၽြန္မတို႔ ညီအစ္မ ၂ ေယာက္ အိမ္ျပန္ေရာက္ပါတယ္၊ ေမေမက ေခါင္းျပတ္ၾကီး အေၾကာင္း ေျပာျပပါ့တယ္၊ သူ႔ေျမးအိမ္ကို ဆီမုတ္ လာငွားရင္းနဲ႔ လိုက္လာတာပဲ ျဖစ္မယ္ဆိုၿပီး။ ဒါနဲ႔ ကၽြန္မတို႔လည္း ညီမေလးကို ျပန္ေမးတာေပါ့၊ ဘယ္လုိေတြ႔တာလဲ ဆိုၿပီး။ အဲ့ေတာ့ ညီမေလးက ျပန္ေျပာျပပါတယ္။ သူ အိမ္သာ တက္ေနတုန္း ၊ ဟိုၾကည့္ဒီၾကည့္ လုပ္ေနတာတဲ့၊ ေနာက္ သူက ေျခေထာက္နားကို ေခါင္းကုန္းၾကည့္ေတာ့ အိမ္သာေနာက္ဘက္မွာ ေခါင္းျပတ္ၾကီး ၊ မ်က္လံုး အၾကီးၾကီးန႔ဲ၊ အေမၾကီးေဒၚစိမ္းတင္ ကိုေတြ႔တာတဲ့။( ခုေနာက္ပိုင္း သရဲကားေတြ ၾကည့္မိေတာ့မွ ၊ ေျခေထာက္ၾကားထဲ ေခါင္းငံု႔ၾကည့္ရင္ သရဲျမင္ရတယ္ဆိုတာ သိရေတာ့၊ အဲ့တုန္းက ညီမေလးလည္း အဲ့လို ေခါင္းငံု႕ၾကည့္မိတာေၾကာင့္ အေျခာက္ခံရတယ္လို႔ ထင္ပါတယ္။)

အဲ့ညီမေလးမွာ အဲ့လို အသက္ငယ္ငယ္ေလးနဲ႔ အေျခာက္ခံခဲ့ရလို႔နဲ႔တူတယ္၊ သရဲကားဆိုရင္ ေခါင္းအံုးကြယ္ၿပီးပဲ ၾကည့္ေတာ့ပါတယ္။ စာၾကြင္း ။ ။ေပတအတြက္ ကုန္ၾကမ္းရွာမယ္ဆိုၿပီး ရံုးကဦးေလးကို(ရြာကအိမ္ရဲ႔ ေခါင္းရင္းဘက္မွာ ေနခဲ့တဲ့ ဦးေလးပါ) ေခါင္းျပတ္ၾကီးအေၾကာင္းေျပာျပၿပီး ဟိုေမးဒီေမး လုပ္ၾကည့္မွ ၊ ေခါင္းျပတ္ၾကီးအဆက္ ကို ၿပီးခဲ့တဲ့ အပတ္ကမွ ထပ္သိရပါတယ္။

သူလည္း အဲ့ေန႔ကပဲ ညေန ၄နာရီေက်ာ္၊ ၅ နာရီ ေလာက္ မွာ သူေနာက္ေဖးသြားခ်င္တာနဲ႔ ေနာက္ေဖးသြားၿပီး အိမ္ေရွ႕ ျပန္အလွည့္မွာ အုန္းနဲပင္နားက ရွဲ ရွဲ နဲ႔ အသံၾကားေတာ့ လွည့္ၾကည့္လုိက္ေတာ့ အေမၾကီးေဒၚစိမ္းတင္ ရယ္ ေနာက္ေက်ာ ေပးေနတာ ေတြ႔တာတဲ့၊ ဒါေပမဲ့ ခႏၶာပဲ ပါၿပီး ေခါင္းကေတာ့မပါဘဲ ေခါင္းျပတ္ၾကီးတဲ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Writer

#Unicode Version# ျဖင့္ဖတ္ပါ ။

ဒီအဖြစ်အပျက်က လွန်ခဲ့တဲ့ ၁၈ နှစ် လောက်က တကယ် ဖြစ်ခဲ့တာပါ။ နေရာက ရန်ကုန်-ပြည် ကားလမ်းမပေါ်မှာရှိပြီး ၊ ပြည် ကနေဆို ၂၂ မိုင်၊ အောင်လံ ကနေဆို ၂၃ မိုင်လောက်ကားစီးရင် ကားလမ်းမကြီးဘေးမှာရှိတဲ့ ဒုရဂ်ဗိုလ် ကိုရောက်ပါ တယ်။

အဲ့ကားလမ်းမကြီးကနေ အနောက်ဘက်ကို ၂မိုင် ၂ ဖာလုံလောက် ဝင်ရတဲ့ ညောင်ပင်ဆိပ် ဆိုတဲ့ ရွာမှာ ဖြစ်ခဲ့တာပါ။ ရွာကို တောင်ပိုင်း၊ အလယ်ပိုင်း၊ မြောက်ပိုင်းဆိုပီး အပိုင်း ၃ ပိုင်း ခွဲ ခေါ်ပါတယ်။ ဖြစ်တဲ့အိမ်က ရွာအလယ်ပိုင်းက အမေကြီးရဲ့ အိမ်မှာဖြစ်တာပါ။ ကျွန်မတို့ အမေကြီး(ဖေဖေ့ အမေ အဘွားကိုပြောတာပါ) မှာ ညီအစ်မ ၄ ယောက်ရှိတယ်။ အမေကြီးက အကြီးဆုံးအစ်မပေါ၊့ ဒုတိယ ညီမ ဒေါ်ရင်လှက ရွာမြောက်ပိုင်းမှာ နေတယ်၊ တတိယ ညီမ ဒေါ်စိမ်းကြည်က ပြည်မှာ နေပြီး၊ အငယ်ဆုံး ညီမ ဒေါ်စိမ်းတင် က ရွာတောင်ပိုင်းမှာနေတာပါ။

ရွာတောင်ပိုင်းက အမေကြီးဒေါ်စိမ်းတင် အိမ်ရဲ့ အနောက်ဘက် က ရွာ စာသင်ကျောင်း ရဲ့ ယာခင်း နဲ့ ကပ်နေတော့ တောထူတယ်၊ အဲ့အိမ် နောက်ဖေးမှာ ခဏ ခဏ ဆိုသလို မြွေကြီးတွေ တွေ့ရတယ်။ ဒါကြောင့် တော်ရုံလူဆို အဲ့အိမ်နောက်ဖေးကို သွားရဲကြဘူး၊ မြွေကိုက်မှာစိုးလို့။ ရွာတောင်ပိုင်းက အမေကြီးဒေါ်စိမ်းတင်ရဲ့ သမီးကြီးဒေါ်တင်ဝင်း နဲ သမီးငယ်ဒေါ်လှဝင်း က ရွာမှာပဲ နေတာပါ။

သမီးအငယ် ဒေါ်လှဝင်းက အမေ နဲ့ အတူ တောစပ်ကပ်လျက်က အိမ်မှာနေပြီး၊ သမီးအကြီးဒေါ်တင်ဝင်းက အဲ့ဒီအိမ်နဲ့ မျက်နှာချင်းဆိုင်မှာ နေပါတယ်။ အချိန်က နွေရာသီ ကျောင်းပိတ်ရက်မှာပါ။ သမီးအငယ်ဒေါ်လှဝင်း မိသားစု က ရန်ကုန်ကို နွေရာသီကျောင်းပိတ်ရက် ဆို အမြဲလိုလိုအလည်သွားပါတယ်။ ဒီနှစ်လည်း အလည်သွားပါတယ်။ တစ်နေ့ အလည်သွားပြီး ပြန်လာမယ်ဆိုတာ သိရတော့ အမေကြီး ဒေါ်စိမ်းတင် က အိမ် သန့်ရှင်းရေးလုပ်မှဆိုပြီး အိမ်ပတ်ပတ်လည် သန့်ရှင်းရေး လုပ်ပါတယ်။

သူက သန့်ရှင်းရေးလုပ်ရင်း အိမ်ခေါင်းရင်းမှာရှိတဲ့ ကြွက်တွင်းကိုပါ ရှင်းမယ်ဆိုပြီး တံမြက်စည်းနဲ့ ရှင်းတာ အားမရတော့ လက်နှိုက်ပြီး တွင်းထဲက အမှိုက်တွေ ထုတ်ပါတယ်။ တွင်းထဲက အမှိုက်တွေရှင်းရင်း လက်ကို အကောင် တစ်ကောင် အကိုက်ခံလိုက်ရပါတယ်။ ဒါပေမဲ့ သူကလည်း ကြွက်ကိုက်တယ်ထင်ပြီး အမှုမဲ့အမှတ်မဲ့ သဘောထားပြီး ထမင်းစားချိန် ၁၁ နာရီလောက် ရောက်တာနဲ့ ထမင်းစား ၊ အေးအေးဆေးဆေး ဆေးလိပ်တောင် ဖွာလိုက်ပါသေးတယ်။ ထမင်းစားပြီး နာရီဝက် ၁ နာရီလောက်ကြာတော့ သူ နေရထိုင်ရတာ မအီမသာ နဲ့ တမျိုး ကြီး ဖြစ်လာပါတယ်။

ဒါနဲ့ သူလည်း သူ့သမီးအကြီးကို သန့်ရှင်းရေးလုပ်တုန်း တွင်းထဲမှ အကောင် တစ်ကောင် အကိုက်ခံရကြောင်း၊ သူ နေရထိုင်ရတာ တစ်မျိုးဖြစ်နေကြောင်းပြောပြတော့ သမီးအကြီးက “ဒါဆို အမေ့ကိုကိုက်လိုက်တာ ကြွက် မဟုတ် လောက်ဘူး၊ တခြားအကောင် ဖြစ်လိမ့်မယ်၊ အမေ ခဏ အေးအေးဆေးဆေး အနားယူလိုက်အုံး ကျွန်တော် ရှာကြည့် လိုက်မယ်ဆိုပီး“ ရှာပုံတော် ဖွင့်ပါတော့မယ်။ (သမီးအကြီးက အရပ်ထောင်ထောင်မောင်းမောင်း နဲ့ အကြောက်အလန့် မရှိပါဘူး)။

ရွာမှာ ကျန်းမာရေးဆေးခန်းရှိတော့ အကောင်တွေ့ရင် ဆေးရှိမယ်ဆိုပြီး ရှာတာပါ။ အိမ်နီးနားချင်းတွေပါ ဝိုင်းကူရှာနေပေး ပေမဲ့ နေ့ခင်း ၂ နာရီလောက်ထိ အကောင်ကိုရှာတာ မတွေ့သေးပါဘူး။ အမေကြီးဒေါ်စိမ်းတင်ကတော့ ခေါင်းမူးသလို အိပ်ချင်သလိုဖြစ်နေတော့ အသာလေးပဲ ပလက်ကုလားထိုင်မှာ ထိုင်နားနေပါတယ်။ ခဏနေ ၃ နာရီလောက် ကျတော့ သမီးအကြီး ရှာရကျိုးနပ်သွားပါတယ်။ “အမေရေ အမေကို ကိုက်တဲ့အကောင် တွေ့ပီ တွေ့ပီ“ ဆိုပြီး၊ အမေ့ အနားကို ပြေးလာပီး “ အမေရေ ဒီမှာ အမေ့ကိုက်တာ ကြွက်မဟုတ်ဘူး၊ ဒီအကောင်ဗျာ“ ဆိုပြီး ပြလိုက်တဲ့အခါ… အမေဆိုတာ အိပ်ချင်သလိုမူးနောက်နောက်ဖြစ်နေရာကနေ လန့်ပြီး ဇက်ကြိုးသွားပါတော့တယ်။

အကြောင်းကတော့ သမီးအကြီး လက်ထဲမှာ ကိုင်လာတာ က ၀ ၀ ထွားထွား မြွေကြီး ဖြစ်နေပါတော့တယ်။ (မြွေဟောက် ထင်ပါတယ်၊ သေချာ မမှတ်မိတော့ပါ)။ ဒါနဲ့ ပြည်ဆေးရုံကိုပို့ကြမယ်ဆိုပြီး ကားငှားပြီး အမြန်သွားဖို့ ပြင်ပါတယ်။ ရွာမှာက ကျန်းမာရေးဆေးခန်းပဲရှိတော့ ခုလို အရေးအကြောင်းဆို ပြည် ကိုပဲ သွားရပါတယ်။ ဒါပေမဲ့ ကံအကြောင်းမလှတော့ ကားက ဒုရဂ်ဗိုလ် အဝင်မှာတင် အမေကြီး ဒေါ်စိမ်းတင် ဇက်ကြိုးသွားနေရာကနေ အသက်ပါ ပါသွားပါတော့တယ်။

နောက်နေ့ မနက်မှာတော့ တဖြည်းဖြည်း အဆိပ်တွေ ခန္ဓာကိုယ် အနှံ့ ပြန့်ကုန်ပြီး ခန္ဓာကိုယ် ဟာ ဖြည်းဖြည်းချင်း စိမ်းလာပြီး ၊ ဖောလာတယ်လို့ သွားကြည့်တဲ့လူတွေ ပြောသံကြားရပါတယ်။ ကျွန်မတို့က အဲ့အချိန်က ၉ နှစ်လောက်ပဲ ရှိသေးတော့ ကြားတာနဲ့တင် လန့်နေပါပြီ၊ သွားမကြည့်ရဲပါဘူး။ နောက်နေ့ မနက်ကူးတော့ အပုပ်နံ့တွေလည်း ရတယ် ဆိုပြီး အဲ့နေ့ မှာပဲ အားချင်း သဂြိုလ် လိုက်ရပါတယ်။(သမီးအငယ် က အသက်မမှီပါဘူး၊ ရက်မလည်ခင်တော့ ပြန်ရောက်လာပါတယ်)။

တကယ့်ဇာတ်လမ်းကတော့ အမေကြီး ဒေါ်စိမ်းတင် အိမ်မှာ မဟုတ်ပါဘူး။ ရွာအလယ်ပိုင်းက ကျွန်မတို့ နေ့တဲ့ အမေကြီး အိမ်မှာပါ။ တကယ့်ကောင်းခန်း မပြောခင် အိမ်ခြံဝင်းနဲ့အိမ် ပုံကို အရင်ပြောပါမယ်။ (ကောင်းခန်း ရောက်ကာခါနီးမှ ကြော်ငြာဝင်တာတော့ မဟုတ်ပါဘူးရှင်၊ ခုလိုပြောပြမှ ပိုပြည့်စုံမှာမို့ပါ)။ အိမ်က ၂ ထပ်အိမ်ပါ။ အိမ်ရဲ့ မီးဖိုချောင်က တခြား အိမ်တွေလို အိမ်နောက်ဖေးမှာ မဟုတ်ဘဲ၊ အိမ်ခြေရင်းဘက်အရှေ့နားမှာပါ။ မီးဖိုချောင်နဲ့ကပ်ရက်မှာ စတိုခန်းရှည်ကြီး (အိမ်အလယ်ကနေ အိမ်နောက်ဖေးထိ) ရှိပါတယ်။ ဒါကြောင့် ကျွန်မတို့ အိမ်သာ သွားမယ်ဆို မီးဖိုချောင်ပေါက်ကနေ အိမ်အနောက်ဘက်ထိ အရှည်ကြီး သွားရပါတယ်။

ရွာတွေက အိမ်သာတွေ က အားလုံးသိတဲ့အတိုင်း အိမ်နောက်ဘက် အဝေးမှာပဲ ဆောက်ကြတာပါ။ ကျွန်မတို့ အိမ်သာ က အိမ်အဆောက်အအုံ ဆုံးတာနဲ့ တန်းမရောက်ပါဘူး၊ အိမ်သာနဲ့ အိမ်ကြီး ကြားမှာ ခြေလှမ်း ၁၅လှမ်း ၊ အလှမ်း ၂၀ လောက် လျှောက်ရပါသေးတယ်။ အဲ့အကြားမှာ အမြင့် ၃ပေခွဲ၊ ၄ပေလောက်ရှိတဲ့ ထမိန်တန်း ထားပါတယ်။ အမေကြီးအိမ်မှာ အမေကြီးရယ်၊ မေမေရယ်၊ ကျွန်မတို့ ညီအစ်မ ၂ ယောက် ရယ်၊ ညီမအငယ်လေး ရယ် ၄ ယောက်ပဲ နေတာပါ။ ဖေဖေက ရန်ကုန်မှာ အလုပ် လုပ်တော့ တခါတလေမှပဲ ပြန်လာပါတယ်။

ကျွန်မတို့ ညီမ အငယ်ဆုံးက ၃ နှစ်ကလေးဆိုတော့၊ သူက တခါတလေ အိမ်သာ သွားရင် လမ်းကနေမသွားဘဲ၊ အဲ့ ထမိန်တန်းအောက်ကနေ ဖြတ် ဖြတ် သွားတတ်ပါတယ်။ ဒါကြောင့် သူ့ကို ထမိန်တန်းအောက်ကနေ မသွားနဲ့ ဘုန်းနိမ့် တတ်တယ်ဆိုပြီး ပြောပေမဲ့၊ သူက နားမထောင်ဘဲ ဖြတ် သွားမြဲပါပဲ။ (ငယ်သေးတာ့ ဘုန်းနိမ့်တယ်ဆိုတာ နားမလည် သေးဘူးထင်ပါတယ်)။

အမေကြီး ဒေါ်စိမ်းတင် ဆုံးပြီး ၄၊၅ ရက်ကြာတော့ ညနေ ၄ နာရီလောက်မှာ သူ့မြေးက ကျွန်မတို့ အိမ်မှာ ဆီမုတ် လာငှားပါတယ်။ အဲ့နေ့အဲ့အချိန်က အိမ်မှာ ကျွန်မတို့ ညီအစ်မ ၂ ယောက်က တခြားရွာကို အလည်သွားနေတဲ့အတွက် ညနေ ၅ နာရီကျော်လောက်မှ ပြန်ရောက်လာပါတယ်။ ဒါကြောင့် အိမ်မှာ အမေကြီး၊ မေမေ နဲ့ အငယ်ဆုံး ညီမ (၃ နှစ် အရွယ်) ပဲ ရှိတာပါ။

အမေကြီး ဒေါ်စိမ်းတင်မြေး ပြန်သွားပြီး ခဏနေတော့ ညီမလေးက အိမ်သာ တက်ချင်ဆိုပြီး သူ့ဘာသာ တစ်ယောက် တည်း အိမ်သာ သွားပါတယ်။ အဲ့အချိန်မှာ မေမေက ပန်းဂေါ်ဖီ ကြော် ကြော်နေတာပါ။ မေမေလည်း မအားတော့ သမီးလေး ကိစ္စပြီးမှ မေမေ့ကို လှမ်းခေါ်ဆိုပြီး ပြောလိုက်တာပါ။ ညီမလေးက ခဏနေတော့ “မေမေရေ၊ ပြီးပြီ “ ဆိုပြီး အော်တော့၊ မေမေ က “တကယ်လား“ မေးလိုက်တော့၊ ညီမလေးက “မဟုတ်ဘူး၊ စတာ “ ဆိုပြီး ပြန်ပြောပါတယ်။

နောက် ခဏကြာတော့ ညီမလေး က ကြောက်သံကြီးနဲ့ “မေမေရေ၊ လာပါအုန်း“ ဆိုပြီး လှမ်းအော်တော့တာပဲ။ အဲ့လို အသံကြီး ကြားမှ မေမေလည်း ချက်ချင်း နောက်ဖေးကို ပြေးသွားတော့၊ ညီမလေးက “မေမေ ၊ ဟိုမှာ ခေါင်းပြတ်ကြီး၊ အမေကြီးဒေါ်စိမ်းတင်ရယ်၊ မျက်လုံး အကြီးကြီးနဲ့“ ဆိုတော့ မေမေလည်း အိမ်သာအောက်တွေရော၊ နောက်တွေပါ လိုက်ရှာကြည့်ပါတယ်၊ ဒါပေမဲ့ မေမေ လျှောက်ရှာတော့ ခေါင်းပြတ်ကြီး က မရှိတော့ပါဘူး။

အဲ့ကိစ္စ ဖြစ်ပြီး နာရီဝက်၊ ၁ နာရီလောက် ကြာမှ ကျွန်မတို့ ညီအစ်မ ၂ ယောက် အိမ်ပြန်ရောက်ပါတယ်၊ မေမေက ခေါင်းပြတ်ကြီး အကြောင်း ပြောပြပါ့တယ်၊ သူ့မြေးအိမ်ကို ဆီမုတ် လာငှားရင်းနဲ့ လိုက်လာတာပဲ ဖြစ်မယ်ဆိုပြီး။ ဒါနဲ့ ကျွန်မတို့လည်း ညီမလေးကို ပြန်မေးတာပေါ့၊ ဘယ်လိုတွေ့တာလဲ ဆိုပြီး။ အဲ့တော့ ညီမလေးက ပြန်ပြောပြပါတယ်။ သူ အိမ်သာ တက်နေတုန်း ၊ ဟိုကြည့်ဒီကြည့် လုပ်နေတာတဲ့၊ နောက် သူက ခြေထောက်နားကို ခေါင်းကုန်းကြည့်တော့ အိမ်သာနောက်ဘက်မှာ ခေါင်းပြတ်ကြီး ၊ မျက်လုံး အကြီးကြီးနဲ့၊ အမေကြီးဒေါ်စိမ်းတင် ကိုတွေ့တာတဲ့။( ခုနောက်ပိုင်း သရဲကားတွေ ကြည့်မိတော့မှ ၊ ခြေထောက်ကြားထဲ ခေါင်းငုံ့ကြည့်ရင် သရဲမြင်ရတယ်ဆိုတာ သိရတော့၊ အဲ့တုန်းက ညီမလေးလည်း အဲ့လို ခေါင်းငုံ့ကြည့်မိတာကြောင့် အခြောက်ခံရတယ်လို့ ထင်ပါတယ်။)

အဲ့ညီမလေးမှာ အဲ့လို အသက်ငယ်ငယ်လေးနဲ့ အခြောက်ခံခဲ့ရလို့နဲ့တူတယ်၊ သရဲကားဆိုရင် ခေါင်းအုံးကွယ်ပြီးပဲ ကြည့်တော့ပါတယ်။ စာကြွင်း ။ ။ပေတအတွက် ကုန်ကြမ်းရှာမယ်ဆိုပြီး ရုံးကဦးလေးကို(ရွာကအိမ်ရဲ့ ခေါင်းရင်းဘက်မှာ နေခဲ့တဲ့ ဦးလေးပါ) ခေါင်းပြတ်ကြီးအကြောင်းပြောပြပြီး ဟိုမေးဒီမေး လုပ်ကြည့်မှ ၊ ခေါင်းပြတ်ကြီးအဆက် ကို ပြီးခဲ့တဲ့ အပတ်ကမှ ထပ်သိရပါတယ်။

သူလည်း အဲ့နေ့ကပဲ ညနေ ၄နာရီကျော်၊ ၅ နာရီ လောက် မှာ သူနောက်ဖေးသွားချင်တာနဲ့ နောက်ဖေးသွားပြီး အိမ်ရှေ့ ပြန်အလှည့်မှာ အုန်းနဲပင်နားက ရှဲ ရှဲ နဲ့ အသံကြားတော့ လှည့်ကြည့်လိုက်တော့ အမေကြီးဒေါ်စိမ်းတင် ရယ် နောက်ကျော ပေးနေတာ တွေ့တာတဲ့၊ ဒါပေမဲ့ ခန္ဓာပဲ ပါပြီး ခေါင်းကတော့မပါဘဲ ခေါင်းပြတ်ကြီးတဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top