ပစၥည္းတိုင္းဟာ ေရခဲေသတၱာထဲကို ထည့္တာနဲ႔ပဲ ၾကာရွည္ခံမယ္လို႔ တထစ္ခ် ယုံၾကည္လို႔ မရပါဘူး။ အစားအေသာက္ ေတာ္ေတာ္မ်ားမ်ားအတြက္ေတာ့ ၾကာရွည္ခံတာ မွန္ေပမယ့္ တခ်ိဳ႕အစားအစာေတြကို ေရခဲေသတၱာထဲ ထည့္ရင္ ပ်က္စီးသြားဖို႔ ပိုလြယ္ပါတယ္။ ဒါေၾကာင့္ ေရခဲေသတၱာထဲ မထည့္သင့္တဲ့ အစားအေသာက္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) အာလူး

အာလူးကို ေအးျမၿပီး ေမွာင္တဲ့ေနရာေတြမွာ သိမ္းဆည္းတာ အေကာင္းဆုံးပါပဲ။ ေရခဲေသတၱာကေတာ့ ေအးလြန္းပါတယ္။ အဲဒီအေအးဓာတ္က အာလူးရဲ႕ အတြင္းသားေတြကို ဖ်က္စီးၿပီး အရသာပ်က္သြားေစပါတယ္။

(၂) ၾကက္သြန္နီ

ၾကက္သြန္နီကို ေရခဲေသတၱာထဲထည့္မယ္ဆိုရင္ေတာ့ မႈိတက္ဖို႔ ေသခ်ာေနပါၿပီ။ ၾကက္သြန္နီဟာ အခန္းအပူခ်ိန္ အတြင္းမွာ ေနေရာင္ျခည္တိုက္႐ိုက္ မထိေတြ႕ေအာင္ သိမ္းထား႐ုံနဲ႔ အဆင္ေျပႏိုင္ပါတယ္။ ၾကက္သြန္နီ တလုံး ကို အခြံႏႊာၿပီး သုံးဖို႔ မလိုအပ္ေသးဘဲ ပိုေနတဲ့ တပိုင္းကို ေရခဲေသတၱာထဲ ထည့္သိမ္းဖို႔ စိတ္ကူးမိၾကမွာပါ။ ဒါေပမဲ့ မလိုအပ္ပါဘူး။ ၾကက္သြန္ျခင္းထဲမွာ ထားျခင္းက ပိုၿပီး အဆင္ေျပပါလိမ့္မယ္။ ၾကက္သြန္ျဖဴလည္း ထို႔အတူပါပဲ။

(၃) ဖရဲသီး

Melon အမ်ိဳးအစားထဲမွာ ပါဝင္တဲ့ ဖရဲသီး၊ သခြားေမႊးသီး စတဲ့ အသီးေတြဟာ အခန္းအပူခ်ိန္မွာပဲ ထားၿပီး စားသင့္တဲ့ အသီးေတြျဖစ္ပါတယ္။ ေအးေအးေလးစားခ်င္လို႔ ေရခဲေသတၱာထဲ ခဏထားတာက ဘာမွမျဖစ္ေပမယ့္ ေနာက္ေန႔ေတြမွာ စားဖို႔ ေရခဲေသတၱာထဲ ထည့္သိမ္းမယ္ဆိုရင္ေတာ့ ပုပ္ေဆြးဖို႔ ပိုၿပီး လြယ္သြားပါလိမ့္မယ္။

(၄) ဘယ္ရီသီးမ်ား

ဘယ္ရီသီးေတြကို ေရခဲေသတၱာထဲ ထည့္မယ္ဆိုရင္ မႈိတက္ဖို႔ လြယ္ကူပါတယ္။ ဥပမာ စေတာ္ဘယ္ရီ တျခင္းကို ဝယ္လာၿပီး ေရခဲေသတၱာထဲ ထည့္ထားမယ္ဆိုရင္ ကိစၥမရွိေပမယ့္ ေရေဆးၿပီးမွ ထည့္မယ္ဆိုရင္ ေပ်ာ့ဖက္ၿပီး တခဏအတြင္း ပ်က္စီးဖိ့ုက ေသခ်ာေနပါတယ္။

အခြံမာသီးမ်ား၊ ခရမ္းခ်ဥ္သီး၊ ေထာပတ္သီး၊ ပန္းသီး၊ အခ်ဥ္ရည္မ်ား(ေဆာ့စ္မ်ား)၊ ေကာ္ဖီေစ့မ်ားနဲ႔ ေပါင္မုန႔္ ေတြကိုလည္း ေရခဲေသတၱာထဲ မထည့္သင့္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:irrawaddy
# Unicode Version # ျဖင့္ ဖတ္ပါ #


ပစ္စည်းတိုင်းဟာ ရေခဲသေတ္တာထဲကို ထည့်တာနဲ့ပဲ ကြာရှည်ခံမယ်လို့ တထစ်ချ ယုံကြည်လို့ မရပါဘူး။ အစားအသောက် တော်တော်များများအတွက်တော့ ကြာရှည်ခံတာ မှန်ပေမယ့် တချို့အစားအစာတွေကို ရေခဲသေတ္တာထဲ ထည့်ရင် ပျက်စီးသွားဖို့ ပိုလွယ်ပါတယ်။ ဒါကြောင့် ရေခဲသေတ္တာထဲ မထည့်သင့်တဲ့ အစားအသောက်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အာလူး

အာလူးကို အေးမြပြီး မှောင်တဲ့နေရာတွေမှာ သိမ်းဆည်းတာ အကောင်းဆုံးပါပဲ။ ရေခဲသေတ္တာကတော့ အေးလွန်းပါတယ်။ အဲဒီအအေးဓာတ်က အာလူးရဲ့ အတွင်းသားတွေကို ဖျက်စီးပြီး အရသာပျက်သွားစေပါတယ်။

(၂) ကြက်သွန်နီ

ကြက်သွန်နီကို ရေခဲသေတ္တာထဲထည့်မယ်ဆိုရင်တော့ မှိုတက်ဖို့ သေချာနေပါပြီ။ ကြက်သွန်နီဟာ အခန်းအပူချိန် အတွင်းမှာ နေရောင်ခြည်တိုက်ရိုက် မထိတွေ့အောင် သိမ်းထားရုံနဲ့ အဆင်ပြေနိုင်ပါတယ်။ ကြက်သွန်နီ တလုံး ကို အခွံနွှာပြီး သုံးဖို့ မလိုအပ်သေးဘဲ ပိုနေတဲ့ တပိုင်းကို ရေခဲသေတ္တာထဲ ထည့်သိမ်းဖို့ စိတ်ကူးမိကြမှာပါ။ ဒါပေမဲ့ မလိုအပ်ပါဘူး။ ကြက်သွန်ခြင်းထဲမှာ ထားခြင်းက ပိုပြီး အဆင်ပြေပါလိမ့်မယ်။ ကြက်သွန်ဖြူလည်း ထို့အတူပါပဲ။

(၃) ဖရဲသီး

Melon အမျိုးအစားထဲမှာ ပါဝင်တဲ့ ဖရဲသီး၊ သခွားမွှေးသီး စတဲ့ အသီးတွေဟာ အခန်းအပူချိန်မှာပဲ ထားပြီး စားသင့်တဲ့ အသီးတွေဖြစ်ပါတယ်။ အေးအေးလေးစားချင်လို့ ရေခဲသေတ္တာထဲ ခဏထားတာက ဘာမှမဖြစ်ပေမယ့် နောက်နေ့တွေမှာ စားဖို့ ရေခဲသေတ္တာထဲ ထည့်သိမ်းမယ်ဆိုရင်တော့ ပုပ်ဆွေးဖို့ ပိုပြီး လွယ်သွားပါလိမ့်မယ်။

(၄) ဘယ်ရီသီးများ

ဘယ်ရီသီးတွေကို ရေခဲသေတ္တာထဲ ထည့်မယ်ဆိုရင် မှိုတက်ဖို့ လွယ်ကူပါတယ်။ ဥပမာ စတော်ဘယ်ရီ တခြင်းကို ဝယ်လာပြီး ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင် ကိစ္စမရှိပေမယ့် ရေဆေးပြီးမှ ထည့်မယ်ဆိုရင် ပျော့ဖက်ပြီး တခဏအတွင်း ပျက်စီးဖိ့ုက သေချာနေပါတယ်။

အခွံမာသီးများ၊ ခရမ်းချဉ်သီး၊ ထောပတ်သီး၊ ပန်းသီး၊ အချဉ်ရည်များ(ဆော့စ်များ)၊ ကော်ဖီစေ့များနဲ့ ပေါင်မုန့် တွေကိုလည်း ရေခဲသေတ္တာထဲ မထည့်သင့်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit:irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top