႐ွမ္​းျပည္​နယ္​​ေတာင္​ပိုင္​း ဆီဆိုင္​ၿမိဳ႕မွာ သား ၄ ေယာက္ကုိ တၿပိဳင္တည္း မဂၤလာေဆာင္ေပးခဲ့ၿပီး ဧည့္သည္အမ်ားအျပား တက္ေရာက္ခဲ့ပါတယ္။

ပအိုဝ္​းကိုယ္​ပိုင္​အုပ္​ခ်ဳပ္​ခြင့္ရ​ေဒသ ဆီဆိုင္​ၿမိဳ႕ေန ဦးစံဝင္​း​ေမာင္​ဟာ ​ေမြးခ်င္​းသား​ ၄ ေယာက္ကို ​ေမလ ၃ ရက္​က ​တၿပိဳင္​တည္း အိမ္​​ေထာင္​ခ်ေပးခဲ့တာပါ။

မိဘအျဖစ္​ခ်င္​ဆံုး ဆႏၵျဖစ္​တဲ့အတြက္​ သား​ ၄ ေယာက္ တၿပိဳင္​တည္း မဂၤလာ​ေဆာင္​ျဖစ္​ဖို႔ ညႇိႏိႈင္​းခဲ့ၾကတယ္လို႔ အငယ္ဆံုးသား ​ေမာင္​ဥကၠာစံက ေျပာပါတယ္။

သား ​ေမာင္​​ေကာင္​းျမတ္​စံ+မဖူးပြင္​့ခိုင္​၊ ​ေမာင္​​ေအာင္​​ေဇယ်ာစံ+မဝင္​းျမတ္​သူ၊ ​ေမာင္​ၿငိမ္​းခ်မ္​းစံ+မထက္​ထက္​ဝင္​း၊ ​ေမာင္​ဥကၠာစံ+ မ​ေမသႏၱာ​ေအာင္​တို႔ဟာ တရက္တည္း တေနရာတည္းမွာ မဂၤလာ​ေဆာင္​ၾကတာပါ။
မိဘျဖစ္သူ ဦးစံဝင္းေမာင္က အဲဒီေန႔ဟာ သူတုိ႔ရဲ႕ မဂၤလာသက္တမ္း ႏွစ္ ၃၀ ျပည့္ ပုလဲရတုက်ေရာက္တဲ့ေန႔ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

မဂၤလာ လက္​ဖြဲ႔ေတြကိုေတာ့ မဲစနစ္​နဲ႔ ႀကီးစဥ္​ငယ္​လိုက္ ​ခြဲ​ေပးသြားမယ္​လို႔ ဆိုပါတယ္​။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ခြန္​ရာဇာ DVB

#Unicode Version#
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ သား ၄ ယောက်ကို တပြိုင်တည်း မင်္ဂလာဆောင်ပေးခဲ့ပြီး ဧည့်သည်အများအပြား တက်ရောက်ခဲ့ပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နေ ဦးစံဝင်းမောင်ဟာ မွေးချင်းသား ၄ ယောက်ကို မေလ ၃ ရက်က တပြိုင်တည်း အိမ်ထောင်ချပေးခဲ့တာပါ။

မိဘအဖြစ်ချင်ဆုံး ဆန္ဒဖြစ်တဲ့အတွက် သား ၄ ယောက် တပြိုင်တည်း မင်္ဂလာဆောင်ဖြစ်ဖို့ ညှိနှိုင်းခဲ့ကြတယ်လို့ အငယ်ဆုံးသား မောင်ဥက္ကာစံက ပြောပါတယ်။

သား မောင်ကောင်းမြတ်စံ+မဖူးပွင့်ခိုင်၊ မောင်အောင်ဇေယျာစံ+မဝင်းမြတ်သူ၊ မောင်ငြိမ်းချမ်းစံ+မထက်ထက်ဝင်း၊ မောင်ဥက္ကာစံ+ မမေသန္တာအောင်တို့ဟာ တရက်တည်း တနေရာတည်းမှာ မင်္ဂလာဆောင်ကြတာပါ။
မိဘဖြစ်သူ ဦးစံဝင်းမောင်က အဲဒီနေ့ဟာ သူတို့ရဲ့ မင်္ဂလာသက်တမ်း နှစ် ၃၀ ပြည့် ပုလဲရတုကျရောက်တဲ့နေ့ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မင်္ဂလာ လက်ဖွဲ့တွေကိုတော့ မဲစနစ်နဲ့ ကြီးစဉ်ငယ်လိုက် ခွဲပေးသွားမယ်လို့ ဆိုပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:ခွန်ရာဇာ DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top