ေခတ္ကာလကား ကုန္းေဘာင္မင္းဆက္ ၏ ခုနစ္ဆက္ေျမာက္ ဘႀကီးေတာ္မင္း (စစ္ကိုင္းမင္းသား) လက္ထက္ တြင္ျဖစ္ သည္။ မဖဲဝါ သည္ျပည္ၿမိဳ႕ ဇာတိျဖစ္ၿပီးေမြးခ်င္း မွာေမာင္ႏွမႏွစ္ေယာက္တည္း သာ႐ွိသည္။အစ္ကိုျဖစ္သူ ေမာင္ႀကံဆစ္ သည္ျပည္ၿမိဳ႕စား ထံတြင္ စာေရးေတာ္ႀကီး အျဖစ္အမႈေတာ္ ထမ္းလွ်က္႐ွိၿပီး ဘြဲ႕အမည္မွာ မင္းရဲဒိဗၺျဖစ္သည္။မိဘႏွစ္ပါးလုံး မေရွးမေႏွာင္း ကြယ္လြန္သြားၿပီးေနာက္ အစ္ကိုျဖစ္သူေမာင္ႀကံဆစ္ႏွင့္ အတူေနထိုင္လွ်က္ ႐ွိၿပီး အစ္ကိုျဖစ္သူအား မိဘ သဖြယ္အားကိုးေနထိုင္ရ႐ွာေလသည္။

အစ္ကိုျဖစ္သူမွာႏွမအား ခ်စ္လြန္းေသာ္လည္းေသာက္စား မူးယစ္တတ္ၿပီး မၾကာခဏ ဆိုသလိုခိုက္ရန္ျဖစ္ ပြား တတ္ေလ့ ႐ွိသည္။ ေမာင္ႀကံဆစ္ သည္ေသေသာက္ျခင္းမွ အစျပဳၿပီး ခိုးသားဓါးျမမ်ားႏွင့္ လက္ပြန္း တစ္တီးေနထိုင္ လာရာမွေနာက္ဆုံးတြင္ျပည္ၿမိဳ႕စားအား ပုန္ကန္ေတာ္လွန္ၿပီး မင္းျပစ္မင္းဒဏ္ သင့္ေလေတာ့ သည္။ေမာင္ႀကံဆစ္မွ မဖဲဝါအား”ႏွမေရ။ အေမာင္တို႔ ထြက္ေျပးမွျဖစ္ေတာ့မယ္။ ျပည္မွာ ဆက္ေနရင္ အသတ္ ခံရ လိမ့္မယ္”ဟုေျပာၿပီး ထို ညခ်င္းပင္ေလွငယ္ေလး တစ္စီးျဖင့္ ဧရာဝတီျမစ္ေၾကာင္း အတိုင္း စုန္ေျပး ၾကေလ သည္။

ျမစ္ေၾကာင္း အတိုင္း စုန္ေျပး လာရင္းေခ်ာင္းေျမာင္း၊ အင္းအိုင္ေပါမ်ားကာ သစ္ပင္မ်ား အုံ႔ဆိုင္း ထူထပ္ေသာ လူေန နည္းပါးသည့္ေဒသ တစ္ခုသို႔ေရာက္လာၾကသည္။ထိုေဒသရွိ အေထာင္႐ွားခဲ ရြာေလး တြင္ေမာင္ႏွမႏွစ္ေယာက္ သည္ မထင္မ႐ွား လူဆင္းရဲ အသြင္ျဖင့္ေမာင္ႀကံဆစ္ သည္ေမာင္စံမွဲ႔ ဟုလည္းေကာင္း၊ မဖဲဝါသည္ မသဲအူ ဟုလည္းေကာင္း အမည္ေျပာင္းလြဲ ၍ ဇာတ္ျမဳပ္ေန ထိုင္ၾကေလေတာ့ သည္။

ေမာင္စံမွဲ႔ တျဖစ္လဲေမာင္ႀကံဆစ္ သည္ မင္းမႈထမ္း အျဖစ္သာေနထိုင္ခဲ့သူ ပီပီ မည္သည့္ အလုပ္မွ မလုပ္ တတ္ သျဖင့္ တံငါအလုပ္၊ အင္း အလုပ္သာ လုပ္ကိုင္ စားေသာက္ေနေလသည္။ထို႔အတူ မသဲအူ တျဖစ္လဲ မဖဲဝါ ခမ်ာလည္း အကိုျဖစ္သူ လုပ္ကိုင္ေသာ အင္းအလုပ္အား မႏွစ္ၿမိဳ႕ေသာ္ လည္း မေ႐ွာင္ လႊဲႏိုင္ေသာ ကံၾကမၼာေၾကာင့္ မလႊဲမေ႐ွာင္သာ လုပ္ကိုင္ၾကရ႐ွာသည္။

ေမာင္ႏွမႏွစ္ေယာက္မွာ အကုသိုလ္ လုပ္ငန္းျဖင့္ အက်ိဳးေပးသည္ ဆိုရ မေလာက္ပင္ အခ်ိန္ကာလ မၾကာေညာင္း ဘဲ အေထာင္႐ွားခဲ ရြာ တြင္ေၾကးရတတ္ စာရင္းဝင္ျဖစ္လာေခ်ေတာ့သည္။ေမာင္စံမွဲ႔ မွာ နဂိုကပင္ေသာက္ေသာက္ စားစားေနထိုင္သူ တစ္ဦးျဖစ္သည့္ အားေလ်ာ္စြာ အင္းသူႀကီး ဘဝ သို႔ေရာက္သြားခ်ိန္ တြင္ အရက္ကေလး တျမျမႏွင့္ စိတ္ၾကမ္းလူၾကမ္း အျဖစ္ေနာင္တ မဲ့စြာေန ထိုင္ေန သည္။ႏွမျဖစ္သူ မသဲအူ ခမ်ာေခ်ာေမာလြန္းသည့္ ႐ုပ္ရည္ေၾကာင့္ ႐ြာခံ သူေဌးသူႂကြယ္ သားမ်ားက သေဘာ က်ႏွစ္သက္သည့္ တိုင္ အစ္ကိုျဖစ္သူေမာင္စံမွဲ႔ေၾကာင့္ အနားကပ္ဝံ႔သူ မ႐ွိရွာေခ်။

သူတို႔ေမာင္ႏွမႏွစ္ဦး အတြက္ ကံဆိုးမိုးေမွာင္ က်မည့္ေန႔ေရာက္လာေခ်ၿပီ။ မသဲအူသည္ သည္းသည္း မည္းမည္း ႐ြာေနေသာ မိုးေကာင္းကင္ႀကီး ကိုေမာ့ၾကည့္ေနရင္း”ေၾသာ္၊ ငါ့ေမာင္ႀကီး အိမ္ျပန္ မလာဘဲ အင္းေစာင့္ တဲေလးမွာေနေနတာ သုံးရက္ေတာင္ ႐ွိပါေပါ့လား ။ေနထိုင္ မွေကာင္းရဲ႕လား မသိ။ ငါလိုက္ သြားဦးမွ ပါဘဲေလ။

သြားလက္စ နဲ႔ ငါးထည့္ဖို႔ေတာင္းေတြပါ ယူသြားဦးမွ”ဟု စိတ္ထဲ ကေတြးမိၿပီး အစ္ကို ရွိရာ အင္းထဲ သို႔ေလွ ကေလးေလွာ္ခတ္ရင္း ထြက္သြားေလသည္။အင္းထဲ အေရာက္ အစ္ကိုျဖစ္သူအား မေတြ႕ရဘဲေသာက္စား လက္စ အရက္ဝိုင္း ကိုသာေတြ႕လိုက္ရသျဖင့္ မသဲအူ ပင့္သက္ တစ္ခ်က္ ႐ွိဳက္မိေလသည္။”ေမာင္ႀကီးလည္း မိုး႐ြာထဲ ဘယ္မ်ားသြား ျပန္ပါလိမ့္။ သူျပန္ မလာ ခင္ ငါလည္း ငါးေတြေဖာ္ေပးထားမွ ပါေလ”ဟုေတြးၿပီး တဲအနီးမွၿမံဳး ကိုသြားေဖာ္ေနေလသည္။

ထိုအခ်ိန္ေမာင္စံမွဲ႔ မွာၿမံဳးေဖာ္လိုက္တိုင္း ငါးမ်ား နည္းနည္းေန သျဖင့္ မေကာင္းဆိုးဝါး ယူစားသည္ဟု ယူ ဆၿပီးေဒါသူပုန္ ထေနသည္။ မိုးကလည္း ႐ြာ လူကလည္း မူးေနခ်ိန္ တဲ အနီးၿမံဳးထဲက ငါးမ်ားကို ယူေနေသာ မေကာင္းဆိုးဝါး ကိုေတြ႕လိုက္ရ သျဖင့္လက္ထဲ ပါသည့္ ကိုင္းခုတ္ ဓါးျဖင့္ လႊဲကာလႊဲကာ ခုတ္လိုက္ေတာ့ သည္။

အမူးေျပလာတဲ့ အခ်ိန္မွေမာင္စံမွဲ႔ တစ္ေယာက္ ခမ်ာႏွမကို မေကာင္းဆိုးဝါး အမွတ္ႏွင့္ခုတ္သတ္ မိေၾကာင္း သိေလၿပီး ခ်ံဳးပြဲခ် ငိုပြဲဆင္ေလေတာ့သည္။မသဲအူ ခမ်ာ အစ္ကိုျဖစ္သူ ငမူး၏ ဓါးခ်က္ေၾကာင့္ ေသပြဲဝင္ရ ႐ွာၿပီးေနာက္ အစ္ကိုျဖစ္သူမွာ နဂိုကထက္ ပင္ စိတ္ၾကမ္း လူၾကမ္းႏွင့္ အရက္သာ ဖိေသာက္ေနေလသည္။လုပ္ငန္းတူ အင္းသမား မ်ားက စိတ္ေျပေပ်ာက္ရန္ အလို႔ငွာ ဒဂုံၿမိဳ႕ ႐ွိေ႐ႊတိဂုံ တေပါင္းပြဲေတာ္ သို႔ေခၚ သြား ၾကရာ မွ ေမာင္စံမွဲ ႔၏ အကုသိုလ္ မည္မွ်ႀကီးေၾကာင္း လူသိကုန္ၾကသည္။

ျဖစ္ပုံမွာ ေရႊတိဂုံေစတီေတာ္ႀကီး အား က်န္သူမ်ားမွ ႐ိုေသစြာ ဦးခ်ကန္ေတာ့ၾကစဥ္ ေမာင္စံမွဲ႔ ကေယာင္ေၾကာင္ေၾကာင္ႏွင့္မတ္တပ္ရပ္ေနေလသည္။ထိုတြင္ အတူ ဘုရားလာသူမ်ား ကေမာင္စံမွဲ႔ အားေစတီေတာ္ျမတ္ႀကီး ကို ဦးခ်ရန္ေျပာဆိုမွ ေမာင္စံမွဲ႔ ခမ်ာေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးအား မျမင္ေတြ႕ရ သျဖင့္ ဦးမခ်ျခင္းျဖစ္ေၾကာင္း သိၾကေ လ သည္။ေမာင္စံမွဲ ၏ အကုသိုလ္ ကား ႀကီးမားေလစြ။ သိဂုတၱရ ကုန္းေတာ္ေပၚေရာက္ၿပီးေလ မွ ေစတီေတာ္ျမတ္ ႀကီး အား မျမင္မေတြ႕ရ သျဖင့္ေဘးမွ လူအေပါင္းမွာ အံ႔ၾသတုန္လႈပ္ ၾကကုန္သည္။ ေမာင္စံမွဲ႔ လည္း ႐ွက္ သည့္စိတ္ ၊ေၾကာက္သည့္စိတ္ တို႔ေၾကာင့္႐ြာသို႔ ခ်က္ခ်င္းျပန္လာေလသည္။

နဂိုကပင္ မိုက္တိ မိုက္ကန္း၊ တဇြတ္ထိုး သမား တေဇာက္ကန္း ပီပီေရႊတိဂုံေစတီေတာ္ အတြက္ ရည္မွန္း ထား သည့္ေရႊဆိုင္းမ်ား အား မိမိ အင္းအလယ္ရွိ တိုင္ထိပ္တြင္ေ႐ႊခ် လိုက္ေလသည္။ရြာရွိ လူမ်ားကား ေမာင္စံမွဲ႔ႏွင့္ မသဲအူ တို႔ အေၾကာင္းေျပာ မဆုံးႏိုင္ျဖစ္ၿပီး သနားၾက၊ သံေဝဂရၾကျဖစ္ ကုန္ေတာ့ သည္။ မသဲအူ ခမ်ာ မွာေတာ့ အစိမ္းသူရဲ အျဖစ္ မကြၽတ္မလြတ္ျဖစ္ေနရာမွ ႐ြာဦးေက်ာင္းမွ ဆရာေတာ္အား အိပ္မက္ေပးၿပီးေနစရာမရွိ၊ ဝတ္စရာ နတၳိႏွင့္ ဒုကၡေရာက္ေနေၾကာင္း အသနားခံေလ သည္။

ဆရာေတာ္ မွာလည္း သူတို႔ေမာင္ႏွမျဖစ္စဥ္ကို သိေတာ္မူ ထားသည့္ သူေတာ္ေကာင္း ပီပီ မသဲအူ အား အေထာင္ရွားခဲ သုႆ န္ တြင္ေနထိုင္ခြင့္ေပးလိုက္ေလသည္။ထိုအခ်ိန္မွ စ၍ မသဲအူသည္ အေထာင္႐ွားခဲ သုႆ န္တြင္ ငယ္စဥ္ ကပင္ သူ အလြန္ႏွစ္ၿခိဳက္သည့္ အဝါေရာင္ ဝတ္စုံကို စြဲစြဲၿမဲၿမဲ ဝတ္ဆင္၍ သုႆ န္ေစာင့္ အျဖစ္ေနထိုင္ခြင့္ ရသြားရွာေလသည္။

မသဲအူအား အေၾကာင္း တိုက္ဆိုင္၍ေတြ႕႐ွိ သူမ်ားမွ ဆရာေတာ္အား လာေရာက္ေလွ်ာက္ ထား ရာမွ ဆရာေတာ္ လည္း ေမာင္စံမွဲ႔ႏွင့္ မသဲအူ တျဖစ္လဲေမာင္ႀကံဆစ္ႏွင့္ မဖဲဝါ တို႔ ဘဝ ဇာတ္ေၾကာင္းအားေျပာျပ လိုက္ေလသည္။

မဖဲဝါသည္ အဝါေရာင္အား လြန္စြာႏွစ္သက္ၿပီး အဝါေရာင္မွာ ပင္ အပြင့္အခက္ မပါသည့္ေျဗာင္ အဝါ၊ဝါဝါ ထိန္ထိန္ သာႀကိဳက္ႏွစ္သက္ သျဖင့္ သူ႔အားေတြ႕ရသူ မ်ားမွာ အဝါေရာင္ ဝတ္စုံႏွင့္ သာေတြ႕ၾက ရျခင္းျဖစ္သည္။မဖဲဝါ ဟူေသာ အမည္ႏွင့္ လူသိမ်ား လာသည္။ မၾကာလိုက္ေခ်။

ထို အေၾကာင္း အား အေထာက္ေတာ္ မ်ားမွ တဆင့္ၾကား သိရၿပီးေနာက္ ကုန္းေဘာင္မင္းဆက္ ၏ ႐ွစ္ဆက္ေျမာက္ သာယာဝတီ မင္းသည္ မဖဲဝါအား သုႆ န္မ်ားတြင္ အေစာင့္အျဖစ္ အမိန္႔ေတာ္ျပန္တမ္း ထုတ္လိုက္ေလသည္။ထိုအခ်ိန္မွ စ၍ သုႆ န္ေစာင့္ မဖဲဝါ ဟူ၍ျဖစ္ေပၚလာေလသတည္း။ ေက်းဇူးတင္ပါသည္…။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဘုန္းျမတ္ပိုင္
# Unicode Version # ျဖင့္ ဖတ္ပါ #


ခေတ်ကာလကား ကုန်းဘောင်မင်းဆက် ၏ ခုနစ်ဆက်မြောက် ဘကြီးတော်မင်း (စစ်ကိုင်းမင်းသား) လက်ထက် တွင်ဖြစ် သည်။ မဖဲဝါ သည်ပြည်မြို့ ဇာတိဖြစ်ပြီးမွေးချင်း မှာမောင်နှမနှစ်ယောက်တည်း သာရှိသည်။အစ်ကိုဖြစ်သူ မောင်ကြံဆစ် သည်ပြည်မြို့စား ထံတွင် စာရေးတော်ကြီး အဖြစ်အမှုတော် ထမ်းလျှက်ရှိပြီး ဘွဲ့အမည်မှာ မင်းရဲဒိဗ္ဗဖြစ်သည်။မိဘနှစ်ပါးလုံး မရှေးမနှောင်း ကွယ်လွန်သွားပြီးနောက် အစ်ကိုဖြစ်သူမောင်ကြံဆစ်နှင့် အတူနေထိုင်လျှက် ရှိပြီး အစ်ကိုဖြစ်သူအား မိဘ သဖွယ်အားကိုးနေထိုင်ရရှာလေသည်။

အစ်ကိုဖြစ်သူမှာနှမအား ချစ်လွန်းသော်လည်းသောက်စား မူးယစ်တတ်ပြီး မကြာခဏ ဆိုသလိုခိုက်ရန်ဖြစ် ပွား တတ်လေ့ ရှိသည်။ မောင်ကြံဆစ် သည်သေသောက်ခြင်းမှ အစပြုပြီး ခိုးသားဓါးမြများနှင့် လက်ပွန်း တစ်တီးနေထိုင် လာရာမှနောက်ဆုံးတွင်ပြည်မြို့စားအား ပုန်ကန်တော်လှန်ပြီး မင်းပြစ်မင်းဒဏ် သင့်လေတော့ သည်။မောင်ကြံဆစ်မှ မဖဲဝါအား”နှမရေ။ အမောင်တို့ ထွက်ပြေးမှဖြစ်တော့မယ်။ ပြည်မှာ ဆက်နေရင် အသတ် ခံရ လိမ့်မယ်”ဟုပြောပြီး ထို ညချင်းပင်လှေငယ်လေး တစ်စီးဖြင့် ဧရာဝတီမြစ်ကြောင်း အတိုင်း စုန်ပြေး ကြလေ သည်။

မြစ်ကြောင်း အတိုင်း စုန်ပြေး လာရင်းချောင်းမြောင်း၊ အင်းအိုင်ပေါများကာ သစ်ပင်များ အုံ့ဆိုင်း ထူထပ်သော လူနေ နည်းပါးသည့်ဒေသ တစ်ခုသို့ရောက်လာကြသည်။ထိုဒေသရှိ အထောင်ရှားခဲ ရွာလေး တွင်မောင်နှမနှစ်ယောက် သည် မထင်မရှား လူဆင်းရဲ အသွင်ဖြင့်မောင်ကြံဆစ် သည်မောင်စံမှဲ့ ဟုလည်းကောင်း၊ မဖဲဝါသည် မသဲအူ ဟုလည်းကောင်း အမည်ပြောင်းလွဲ ၍ ဇာတ်မြုပ်နေ ထိုင်ကြလေတော့ သည်။

မောင်စံမှဲ့ တဖြစ်လဲမောင်ကြံဆစ် သည် မင်းမှုထမ်း အဖြစ်သာနေထိုင်ခဲ့သူ ပီပီ မည်သည့် အလုပ်မှ မလုပ် တတ် သဖြင့် တံငါအလုပ်၊ အင်း အလုပ်သာ လုပ်ကိုင် စားသောက်နေလေသည်။ထို့အတူ မသဲအူ တဖြစ်လဲ မဖဲဝါ ခမျာလည်း အကိုဖြစ်သူ လုပ်ကိုင်သော အင်းအလုပ်အား မနှစ်မြို့သော် လည်း မရှောင် လွှဲနိုင်သော ကံကြမ္မာကြောင့် မလွှဲမရှောင်သာ လုပ်ကိုင်ကြရရှာသည်။

မောင်နှမနှစ်ယောက်မှာ အကုသိုလ် လုပ်ငန်းဖြင့် အကျိုးပေးသည် ဆိုရ မလောက်ပင် အချိန်ကာလ မကြာညောင်း ဘဲ အထောင်ရှားခဲ ရွာ တွင်ကြေးရတတ် စာရင်းဝင်ဖြစ်လာချေတော့သည်။မောင်စံမှဲ့ မှာ နဂိုကပင်သောက်သောက် စားစားနေထိုင်သူ တစ်ဦးဖြစ်သည့် အားလျော်စွာ အင်းသူကြီး ဘဝ သို့ရောက်သွားချိန် တွင် အရက်ကလေး တမြမြနှင့် စိတ်ကြမ်းလူကြမ်း အဖြစ်နောင်တ မဲ့စွာနေ ထိုင်နေ သည်။နှမဖြစ်သူ မသဲအူ ခမျာချောမောလွန်းသည့် ရုပ်ရည်ကြောင့် ရွာခံ သူဌေးသူကြွယ် သားများက သဘော ကျနှစ်သက်သည့် တိုင် အစ်ကိုဖြစ်သူမောင်စံမှဲ့ကြောင့် အနားကပ်ဝံ့သူ မရှိရှာချေ။

သူတို့မောင်နှမနှစ်ဦး အတွက် ကံဆိုးမိုးမှောင် ကျမည့်နေ့ရောက်လာချေပြီ။ မသဲအူသည် သည်းသည်း မည်းမည်း ရွာနေသော မိုးကောင်းကင်ကြီး ကိုမော့ကြည့်နေရင်း”သြော်၊ ငါ့မောင်ကြီး အိမ်ပြန် မလာဘဲ အင်းစောင့် တဲလေးမှာနေနေတာ သုံးရက်တောင် ရှိပါပေါ့လား ။နေထိုင် မှကောင်းရဲ့လား မသိ။ ငါလိုက် သွားဦးမှ ပါဘဲလေ။

သွားလက်စ နဲ့ ငါးထည့်ဖို့တောင်းတွေပါ ယူသွားဦးမှ”ဟု စိတ်ထဲ ကတွေးမိပြီး အစ်ကို ရှိရာ အင်းထဲ သို့လှေ ကလေးလှော်ခတ်ရင်း ထွက်သွားလေသည်။အင်းထဲ အရောက် အစ်ကိုဖြစ်သူအား မတွေ့ရဘဲသောက်စား လက်စ အရက်ဝိုင်း ကိုသာတွေ့လိုက်ရသဖြင့် မသဲအူ ပင့်သက် တစ်ချက် ရှိုက်မိလေသည်။”မောင်ကြီးလည်း မိုးရွာထဲ ဘယ်များသွား ပြန်ပါလိမ့်။ သူပြန် မလာ ခင် ငါလည်း ငါးတွေဖော်ပေးထားမှ ပါလေ”ဟုတွေးပြီး တဲအနီးမှမြုံး ကိုသွားဖော်နေလေသည်။

ထိုအချိန်မောင်စံမှဲ့ မှာမြုံးဖော်လိုက်တိုင်း ငါးများ နည်းနည်းနေ သဖြင့် မကောင်းဆိုးဝါး ယူစားသည်ဟု ယူ ဆပြီးဒေါသူပုန် ထနေသည်။ မိုးကလည်း ရွာ လူကလည်း မူးနေချိန် တဲ အနီးမြုံးထဲက ငါးများကို ယူနေသော မကောင်းဆိုးဝါး ကိုတွေ့လိုက်ရ သဖြင့်လက်ထဲ ပါသည့် ကိုင်းခုတ် ဓါးဖြင့် လွှဲကာလွှဲကာ ခုတ်လိုက်တော့ သည်။

အမူးပြေလာတဲ့ အချိန်မှမောင်စံမှဲ့ တစ်ယောက် ခမျာနှမကို မကောင်းဆိုးဝါး အမှတ်နှင့်ခုတ်သတ် မိကြောင်း သိလေပြီး ချုံးပွဲချ ငိုပွဲဆင်လေတော့သည်။မသဲအူ ခမျာ အစ်ကိုဖြစ်သူ ငမူး၏ ဓါးချက်ကြောင့် သေပွဲဝင်ရ ရှာပြီးနောက် အစ်ကိုဖြစ်သူမှာ နဂိုကထက် ပင် စိတ်ကြမ်း လူကြမ်းနှင့် အရက်သာ ဖိသောက်နေလေသည်။လုပ်ငန်းတူ အင်းသမား များက စိတ်ပြေပျောက်ရန် အလို့ငှာ ဒဂုံမြို့ ရှိရွှေတိဂုံ တပေါင်းပွဲတော် သို့ခေါ် သွား ကြရာ မှ မောင်စံမှဲ့၏ အကုသိုလ် မည်မျှကြီးကြောင်း လူသိကုန်ကြသည်။

ဖြစ်ပုံမှာ ရွှေတိဂုံစေတီတော်ကြီး အား ကျန်သူများမှ ရိုသေစွာ ဦးချကန်တော့ကြစဉ် မောင်စံမှဲ့ ကယောင်ကြောင်ကြောင်နှင့်မတ်တပ်ရပ်နေလေသည်။ထိုတွင် အတူ ဘုရားလာသူများ ကမောင်စံမှဲ့ အားစေတီတော်မြတ်ကြီး ကို ဦးချရန်ပြောဆိုမှ မောင်စံမှဲ့ ခမျာရွှေတိဂုံစေတီတော်မြတ်ကြီးအား မမြင်တွေ့ရ သဖြင့် ဦးမချခြင်းဖြစ်ကြောင်း သိကြေ လ သည်။မောင်စံမှဲ ၏ အကုသိုလ် ကား ကြီးမားလေစွ။ သိဂုတ္တရ ကုန်းတော်ပေါ်ရောက်ပြီးလေ မှ စေတီတော်မြတ် ကြီး အား မမြင်မတွေ့ရ သဖြင့်ဘေးမှ လူအပေါင်းမှာ အံ့သြတုန်လှုပ် ကြကုန်သည်။ မောင်စံမှဲ့ လည်း ရှက် သည့်စိတ် ၊ကြောက်သည့်စိတ် တို့ကြောင့်ရွာသို့ ချက်ချင်းပြန်လာလေသည်။

နဂိုကပင် မိုက်တိ မိုက်ကန်း၊ တဇွတ်ထိုး သမား တဇောက်ကန်း ပီပီရွှေတိဂုံစေတီတော် အတွက် ရည်မှန်း ထား သည့်ရွှေဆိုင်းများ အား မိမိ အင်းအလယ်ရှိ တိုင်ထိပ်တွင်ရွှေချ လိုက်လေသည်။ရွာရှိ လူများကား မောင်စံမှဲ့နှင့် မသဲအူ တို့ အကြောင်းပြော မဆုံးနိုင်ဖြစ်ပြီး သနားကြ၊ သံဝေဂရကြဖြစ် ကုန်တော့ သည်။ မသဲအူ ခမျာ မှာတော့ အစိမ်းသူရဲ အဖြစ် မကျွတ်မလွတ်ဖြစ်နေရာမှ ရွာဦးကျောင်းမှ ဆရာတော်အား အိပ်မက်ပေးပြီးနေစရာမရှိ၊ ဝတ်စရာ နတ္ထိနှင့် ဒုက္ခရောက်နေကြောင်း အသနားခံလေ သည်။

ဆရာတော် မှာလည်း သူတို့မောင်နှမဖြစ်စဉ်ကို သိတော်မူ ထားသည့် သူတော်ကောင်း ပီပီ မသဲအူ အား အထောင်ရှားခဲ သုဿ န် တွင်နေထိုင်ခွင့်ပေးလိုက်လေသည်။ထိုအချိန်မှ စ၍ မသဲအူသည် အထောင်ရှားခဲ သုဿ န်တွင် ငယ်စဉ် ကပင် သူ အလွန်နှစ်ခြိုက်သည့် အဝါရောင် ဝတ်စုံကို စွဲစွဲမြဲမြဲ ဝတ်ဆင်၍ သုဿ န်စောင့် အဖြစ်နေထိုင်ခွင့် ရသွားရှာလေသည်။

မသဲအူအား အကြောင်း တိုက်ဆိုင်၍တွေ့ရှိ သူများမှ ဆရာတော်အား လာရောက်လျှောက် ထား ရာမှ ဆရာတော် လည်း မောင်စံမှဲ့နှင့် မသဲအူ တဖြစ်လဲမောင်ကြံဆစ်နှင့် မဖဲဝါ တို့ ဘဝ ဇာတ်ကြောင်းအားပြောပြ လိုက်လေသည်။

မဖဲဝါသည် အဝါရောင်အား လွန်စွာနှစ်သက်ပြီး အဝါရောင်မှာ ပင် အပွင့်အခက် မပါသည့်ဗြောင် အဝါ၊ဝါဝါ ထိန်ထိန် သာကြိုက်နှစ်သက် သဖြင့် သူ့အားတွေ့ရသူ များမှာ အဝါရောင် ဝတ်စုံနှင့် သာတွေ့ကြ ရခြင်းဖြစ်သည်။မဖဲဝါ ဟူသော အမည်နှင့် လူသိများ လာသည်။ မကြာလိုက်ချေ။

ထို အကြောင်း အား အထောက်တော် များမှ တဆင့်ကြား သိရပြီးနောက် ကုန်းဘောင်မင်းဆက် ၏ ရှစ်ဆက်မြောက် သာယာဝတီ မင်းသည် မဖဲဝါအား သုဿ န်များတွင် အစောင့်အဖြစ် အမိန့်တော်ပြန်တမ်း ထုတ်လိုက်လေသည်။ထိုအချိန်မှ စ၍ သုဿ န်စောင့် မဖဲဝါ ဟူ၍ဖြစ်ပေါ်လာလေသတည်း။ ကျေးဇူးတင်ပါသည်…။

ဖိုးသူတော် (www.phothutaw.com)
Credit:ဘုန်းမြတ်ပိုင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top