အခုရက္ပိုင္း ဓာတ္အားလိုင္းမ်ားလဲလွယ္ေနျခင္းေၾကာင့္ ရန္ကုန္ျမိဳ႕မွ ျမိဳ႕နယ္အားလံုး မီးမၾကာခဏျပတ္ေတာက္မႈႏွင့္ၾကံဳေနရပါတယ္။ ဒီထဲမွာမွ သရုပ္ေဆာင္ ေဇရဲထက္က အခုလို မီးပ်က္ေနတဲ့ၾကားထဲကကိုမွ မီတာခ ၁သိန္းေက်ာ္ေဆာင္လိုက္ရတာနဲ႔ပတ္သတ္ျပီး ဒီျဖစ္စဥ္ကို အခုလိုပဲ ေဝဖန္သံုးသပ္ထားပါတယ္။

မီတာခက အရင္လက၄ေသာင္းေက်ာ္ပဲက်တယ္။ ဒါေတာင္ေတာ္ေတာ္သံုးတာ။ ဒီလမွာ ၁၇၈၀၀၀ ေထာင္ေလာက္က်တဲ့အခါမွာက်ေတာ့ ေတာ္ေတာ္ၾကီးကိုမ်ားသြားတယ္။ ေတာ္ေတာ္ၾကီးမ်ားတဲ့ အခါက်ေတာ့ ကၽြန္ေတာ္တုိ႔အေနနဲ႔ ၁၇၈၀၀၀ ေထာင္ဆိုရင္ တျခားသာမန္လူေတြဆိုရင္ ဘယ္ေလာက္က်သြားမလဲ။ ဘာျဖစ္လို႔လဲဆုိေတာ့ တစ္ရက္ကို ၂ေထာင္ဝင္ဖို႔ ဆိုတာက ျပည္သူလူထုမွာက ခဲယဥ္းတယ္ေလ။ သူမ်ားႏုိင္ငံနဲ႔ေတာ့ယွဥ္လို႔ မရဘူးေပါ့ေနာ္။

သူမ်ားႏုိင္ငံက အလုပ္ေတြအမ်ားၾကီးရွိတယ္။ အခြင့္အေရးေတြအမ်ားၾကီးရိွတယ္။ ကၽြန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာက အလုပ္လည္း သိမ့္မရွိဘူး။ သာမန္ျပည္သူလူထုေတြက ပိုက္ဆံက တစ္ေန႔လုပ္မွ တစ္ေန႔စားရတာ။ ဒီမီးေလး မွန္လို႔ ဖေယာင္းတုိင္းေခၽြတာေနတုန္းရွိေသးတယ္။ ဒီမီတာခက တက္လိုက္တဲ့အခါက်ေတာ့ ဘာမွမထူးဘူးေလ။ ျမန္မာႏုိင္ငံက အလုပ္ရဖို႔ ခက္ခဲေနတဲ့အခ်ိန္တစ္ခု၊

ျပည္သူလူထု ဆင္းရဲက်ပ္တည္းေနတဲ့အခ်ိန္ကာလတစ္ခုမွာ ဒီလိုမီတာခ တိုးေကာက္လိုက္သလိုျဖစ္သြားတဲ့အခါက်ေတာ့ စိတ္ေတာ့မေကာင္းဘူး။ စိတ္မေကာင္းဘူးဆိုတာလည္း ကိုယ္ေတြကဘာမွမျဖစ္ဘူး။ ကိုယ္ေတြက ကိုယ့္မိဘကို ကိုယ္လုပ္ေကၽြးရတာမဟုတ္ဘူး။ ကိုယ့္လုပ္စာကို္ယ္စားေနရတဲ့အတြက္ သိမ့္ျပီးေတာ့ ေခါင္းထဲထည့္စရာမလိုဘူး။

ဒါေပမယ့္ ေအာက္ေျခလူတန္းစား ေတြ အလယ္လတ္တန္းစားေလးေတြတို႔ မိသားစုနဲ႔ တစ္ခ်ိဳ႕ဆိုရင္ဝန္ထမ္းေတြကို ဘယ္လိုလုပ္မလဲ။ အဲ့ဒါေလးတစ္ခ်က္က စဥ္းစားစရာပါ။ မီးပ်က္မွ မီတာခတက္လာတာ။ သူတို႔ကေတာ့ေျပာပါတယ္ ၾကိဳျပီးေတာ့ သူမ်ားႏိုင္ငံထက္ မီတာခနည္းတယ္တဲ့။

ျပီးခဲ့တဲ့ရက္ပိုင္းက မဂၤလာမွာ သတို႔သားအရံလုပ္ခဲ့တဲ့အေပၚ သူအေနနဲ႔ ကၽြန္ေတာ္တစ္ခါမွ သတို႔သားအရံ မလုပ္ဖူးဘူး။ အဲ့ဒီမွာ ပထမဆံုးလုပ္ဖူးတာပဲ။ အဲ့တုန္းက အိပ္ငိုက္သြားေသးတယ္။ သူတို႔ႏွစ္ဖတ္မဂၤလာ အေၾကာင္းေျပာေနတဲ့အခ်ိန္မွာ ကၽြန္ေတာ္က အိပ္ငိုက္ေနတာ။ အားက်တာထက္ အိပ္ခ်င္ေနတာဗ်။ စားခ်င္ရင္လည္းစားလိုက္ရမွ။ နယ္ေတြမွာဆိုရင္လည္း

မဂၤလာေဆာင္တာ သူ႔ဟာသူ လူၾကီးနဲ႔စကားေျပာတယ္။ စားစရာရွိတာစား။ နားမေထာင္ခ်င္ရင္ျပန္။ ဒါကေအးေဆးပဲ။ ဒီမွာကငုတ္တုတ္ထိုင္ျပီးေစာင့္ေနရတာ။ သူတို႔မဂၤလာေဆာင္တာ ခ်စ္စရာေလးေတြပါ။ ကရင္ဝတ္စံုေလးေတြနဲ႔ သေဘာက်စရာေလးေတြ။ ျပီးေတာ့ အရမ္းစည္းလံုးတယ္။ျပီေတာ့ခ်စ္ဖို႔ေကာင္းတယ္လို႔ သူရဲ႕အေတြ႔အၾကံဳကို ခုလိုေျပာျပေပးခဲ့ပါတယ္။

မီးပ်က္တာနဲ႔ ပတ္သတ္ျပီးကေတာ့ ဒီလကုန္မွာ ပံုမွန္အတိုင္း ျပန္ျဖစ္ေတာ့မယ္လုိ႔လည္းသိရပါတယ္။ ပိုေကာင္းလာဖို႔အတြက္ဆိုရင္ေတာ့ ဒီတလကို စိတ္ရွည္လက္ရွည္နဲ႔ သည္းခံေစာင္းဆိုင္းသင့္တယ္လို႔လည္း ထင္ျမင္ယူဆမိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

အခုရက်ပိုင်း ဓာတ်အားလိုင်းများလဲလှယ်နေခြင်းကြောင့် ရန်ကုန်မြို့မှ မြို့နယ်အားလုံး မီးမကြာခဏပြတ်တောက်မှုနှင့်ကြုံနေရပါတယ်။ ဒီထဲမှာမှ သရုပ်ဆောင် ဇေရဲထက်က အခုလို မီးပျက်နေတဲ့ကြားထဲကကိုမှ မီတာခ ၁သိန်းကျော်ဆောင်လိုက်ရတာနဲ့ပတ်သတ်ပြီး ဒီဖြစ်စဉ်ကို အခုလိုပဲ ဝေဖန်သုံးသပ်ထားပါတယ်။

မီတာခက အရင်လက၄သောင်းကျော်ပဲကျတယ်။ ဒါတောင်တော်တော်သုံးတာ။ ဒီလမှာ ၁၇၈၀၀၀ ထောင်လောက်ကျတဲ့အခါမှာကျတော့ တော်တော်ကြီးကိုများသွားတယ်။ တော်တော်ကြီးများတဲ့ အခါကျတော့ ကျွန်တော်တို့အနေနဲ့ ၁၇၈၀၀၀ ထောင်ဆိုရင် တခြားသာမန်လူတွေဆိုရင် ဘယ်လောက်ကျသွားမလဲ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ရက်ကို ၂ထောင်ဝင်ဖို့ ဆိုတာက ပြည်သူလူထုမှာက ခဲယဉ်းတယ်လေ။ သူများနိုင်ငံနဲ့တော့ယှဉ်လို့ မရဘူးပေါ့နော်။

သူများနိုင်ငံက အလုပ်တွေအများကြီးရှိတယ်။ အခွင့်အရေးတွေအများကြီးရှိတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက အလုပ်လည်း သိမ့်မရှိဘူး။ သာမန်ပြည်သူလူထုတွေက ပိုက်ဆံက တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ ဒီမီးလေး မှန်လို့ ဖယောင်းတိုင်းချွေတာနေတုန်းရှိသေးတယ်။ ဒီမီတာခက တက်လိုက်တဲ့အခါကျတော့ ဘာမှမထူးဘူးလေ။ မြန်မာနိုင်ငံက အလုပ်ရဖို့ ခက်ခဲနေတဲ့အချိန်တစ်ခု၊

ပြည်သူလူထု ဆင်းရဲကျပ်တည်းနေတဲ့အချိန်ကာလတစ်ခုမှာ ဒီလိုမီတာခ တိုးကောက်လိုက်သလိုဖြစ်သွားတဲ့အခါကျတော့ စိတ်တော့မကောင်းဘူး။ စိတ်မကောင်းဘူးဆိုတာလည်း ကိုယ်တွေကဘာမှမဖြစ်ဘူး။ ကိုယ်တွေက ကိုယ့်မိဘကို ကိုယ်လုပ်ကျွေးရတာမဟုတ်ဘူး။ ကိုယ့်လုပ်စာကိုယ်စားနေရတဲ့အတွက် သိမ့်ပြီးတော့ ခေါင်းထဲထည့်စရာမလိုဘူး။

ဒါပေမယ့် အောက်ခြေလူတန်းစား တွေ အလယ်လတ်တန်းစားလေးတွေတို့ မိသားစုနဲ့ တစ်ချို့ဆိုရင်ဝန်ထမ်းတွေကို ဘယ်လိုလုပ်မလဲ။ အဲ့ဒါလေးတစ်ချက်က စဉ်းစားစရာပါ။ မီးပျက်မှ မီတာခတက်လာတာ။ သူတို့ကတော့ပြောပါတယ် ကြိုပြီးတော့ သူများနိုင်ငံထက် မီတာခနည်းတယ်တဲ့။

ပြီးခဲ့တဲ့ရက်ပိုင်းက မင်္ဂလာမှာ သတို့သားအရံလုပ်ခဲ့တဲ့အပေါ် သူအနေနဲ့ ကျွန်တော်တစ်ခါမှ သတို့သားအရံ မလုပ်ဖူးဘူး။ အဲ့ဒီမှာ ပထမဆုံးလုပ်ဖူးတာပဲ။ အဲ့တုန်းက အိပ်ငိုက်သွားသေးတယ်။ သူတို့နှစ်ဖတ်မင်္ဂလာ အကြောင်းပြောနေတဲ့အချိန်မှာ ကျွန်တော်က အိပ်ငိုက်နေတာ။ အားကျတာထက် အိပ်ချင်နေတာဗျ။ စားချင်ရင်လည်းစားလိုက်ရမှ။ နယ်တွေမှာဆိုရင်လည်း

မင်္ဂလာဆောင်တာ သူ့ဟာသူ လူကြီးနဲ့စကားပြောတယ်။ စားစရာရှိတာစား။ နားမထောင်ချင်ရင်ပြန်။ ဒါကအေးဆေးပဲ။ ဒီမှာကငုတ်တုတ်ထိုင်ပြီးစောင့်နေရတာ။ သူတို့မင်္ဂလာဆောင်တာ ချစ်စရာလေးတွေပါ။ ကရင်ဝတ်စုံလေးတွေနဲ့ သဘောကျစရာလေးတွေ။ ပြီးတော့ အရမ်းစည်းလုံးတယ်။ပြီတော့ချစ်ဖို့ကောင်းတယ်လို့ သူရဲ့အတွေ့အကြုံကို ခုလိုပြောပြပေးခဲ့ပါတယ်။

မီးပျက်တာနဲ့ ပတ်သတ်ပြီးကတော့ ဒီလကုန်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်တော့မယ်လို့လည်းသိရပါတယ်။ ပိုကောင်းလာဖို့အတွက်ဆိုရင်တော့ ဒီတလကို စိတ်ရှည်လက်ရှည်နဲ့ သည်းခံစောင်းဆိုင်းသင့်တယ်လို့လည်း ထင်မြင်ယူဆမိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top