ေမြထားတဲ့ ေခြးနွစ္ေကာင္ကို တ႐ုတ္အစိုးရ၊ ဝန္ထမ္းေတြနဲ႔ ပတ္သက္တဲ့ နာမည္ေတြေပးခဲ့မိတဲ့ တ႐ုတ္ႏုိင္ငံက အမ်ိဳးသားတဦးဟာ ဖမ္းဆီးေထာင္ခ်ခံခဲ့ရတယ္လို႔ ေမ ၁၆ ရက္ေန႔ OC သတင္းမွာ ေဖာ္ျပပါတယ္။

အဖမ္းခံရသူဟာ အသက္ ၃၀ အရြယ္ရွိၿပီျဖစ္ၿပီး ဘန္လို႔ အမည္ရပါတယ္။ ဘန္ဟာ ေခြးေလးနွစ္ေကာင္ကို “Chengguan” နဲ႔ “Xieguan” လို႔ အမည္ေပးထားေၾကာင္း တ႐ုတ္လူမူကြန္ရက္ WeChat မွာ ထုတ္ေဖာ္ေရးသားခဲ့ပါတယ္။

ဒီနာမည္ေတြမွာ ပထမတခုက တ႐ုတ္နုိင္ငံရဲ႕ အေသးစားျပစ္မႈေတြကို ကိုင္ တြယ္ေျဖရွင္းတဲ့ အာဏာပိုင္ေတြကို ရည္ညႊန္းတာျဖစ္ၿပီး ဒုတိယစကားလံုးက တ႐ုတ္နုိင္ငံမွာရွိတဲ့ ယာဥ္ထိန္း ဝန္ထမ္းေတြလို တရားဝင္မဟုတ္တဲ့ ဝန္ထမ္းေတြကို ရည္ညႊန္းတာပဲျဖစ္ပါတယ္။

ဘန္ကေတာ့ သူ႔အေနနဲ႔ ေခြးေလးေတြကို ဒီလိုနာမည္ေတြေပးတာ တရားမဝင္ျဖစ္မွန္း မသိေၾကာင္းေျပာေပမယ့္ အာဏာပိုင္ေတြကေတာ့ လက္မခံပါဘူး။ ဒါ့ေၾကာင့္ ဘန္ရဲ႕ ပို႔စ္လူသိမ်ားလာတဲ့အခ်ိန္မွာ သူ႔ကို ဖမ္းဆီးစစ္ေဆး အေရးယူခဲ့တာပါ။

“ေခြးပိုင္ရွင္ရဲ႕ နာမည္ေပးပံုက နုိင္ငံတြင္းမွာျဖစ္ေနတဲ့ စတန္႔ထြင္မႈေတြထဲက တခု အပါအဝင္ျဖစ္ပါတယ္။ သူ႔ရဲ႕လုပ္ရပ္က နိုင္ငံတြင္းနဲ႔ က်ေနာ္တို႔ ပတ္ဝန္းက်င္မွာရွိတဲ့ ဝန္ထမ္းေတြရဲ႕ ခံစားခ်က္ကို ဆိုးရြားေစပါတယ္” လို႔ တ႐ုတ္ရဲအရာရွိတဦးက သတင္းဌာနကို ေျပာပါတယ္။

“က်ေနာ္ ဥပေဒအေၾကာင္းကို မသိပါဘူး။ ၿပီးေတာ့ ဒါဟာ ဥပေဒကိုခ်ိဳးေဖာက္တဲ့ လုပ္ရပ္မွန္းလည္း မသိပါဘူး” လို႔ ဘန္ကေျပာပါတယ္။

ဒါေပမယ့္ တာဝန္ရွိသူေတြက “ဥပေဒဝန္ထမ္းေတြကို သိကၡာက်ဆင္းေစမႈ” နဲ႔ ဘန္ကုိ ေထာင္ဒဏ္ ၁၀ ရက္ျပစ္ဒဏ္ခ်မွတ္လိုက္ပါတယ္။

ဒါေပမယ့္ အခုခ်ိန္မွာေတာ့ ဘန္ရဲ႕ျဖစ္ရပ္ဟာ တ႐ုတ္အင္တာနက္အသံုးျပဳသူေတြၾကားမွာ အျငင္းပြားစရာ ကိစၥတရပ္အျဖစ္ရွိေနၿပီး သူ႔ကိုအျပစ္ေပးတာ မမ်ွတဘူးလို႔ ေစာဒက တက္ေနၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


မွေထားတဲ့ ခွေးနှစ်ကောင်ကို တရုတ်အစိုးရ၊ ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ နာမည်တွေပေးခဲ့မိတဲ့ တရုတ်နိုင်ငံက အမျိုးသားတဦးဟာ ဖမ်းဆီးထောင်ချခံခဲ့ရတယ်လို့ မေ ၁၆ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။

အဖမ်းခံရသူဟာ အသက် ၃၀ အရွယ်ရှိပြီဖြစ်ပြီး ဘန်လို့ အမည်ရပါတယ်။ ဘန်ဟာ ခွေးလေးနှစ်ကောင်ကို “Chengguan” နဲ့ “Xieguan” လို့ အမည်ပေးထားကြောင်း တရုတ်လူမူကွန်ရက် WeChat မှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။

ဒီနာမည်တွေမှာ ပထမတခုက တရုတ်နိုင်ငံရဲ့ အသေးစားပြစ်မှုတွေကို ကိုင် တွယ်ဖြေရှင်းတဲ့ အာဏာပိုင်တွေကို ရည်ညွှန်းတာဖြစ်ပြီး ဒုတိယစကားလုံးက တရုတ်နိုင်ငံမှာရှိတဲ့ ယာဉ်ထိန်း ဝန်ထမ်းတွေလို တရားဝင်မဟုတ်တဲ့ ဝန်ထမ်းတွေကို ရည်ညွှန်းတာပဲဖြစ်ပါတယ်။

ဘန်ကတော့ သူ့အနေနဲ့ ခွေးလေးတွေကို ဒီလိုနာမည်တွေပေးတာ တရားမဝင်ဖြစ်မှန်း မသိကြောင်းပြောပေမယ့် အာဏာပိုင်တွေကတော့ လက်မခံပါဘူး။ ဒါ့ကြောင့် ဘန်ရဲ့ ပို့စ်လူသိများလာတဲ့အချိန်မှာ သူ့ကို ဖမ်းဆီးစစ်ဆေး အရေးယူခဲ့တာပါ။

“ခွေးပိုင်ရှင်ရဲ့ နာမည်ပေးပုံက နိုင်ငံတွင်းမှာဖြစ်နေတဲ့ စတန့်ထွင်မှုတွေထဲက တခု အပါအဝင်ဖြစ်ပါတယ်။ သူ့ရဲ့လုပ်ရပ်က နိုင်ငံတွင်းနဲ့ ကျနော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဝန်ထမ်းတွေရဲ့ ခံစားချက်ကို ဆိုးရွားစေပါတယ်” လို့ တရုတ်ရဲအရာရှိတဦးက သတင်းဌာနကို ပြောပါတယ်။

“ကျနော် ဥပဒေအကြောင်းကို မသိပါဘူး။ ပြီးတော့ ဒါဟာ ဥပဒေကိုချိုးဖောက်တဲ့ လုပ်ရပ်မှန်းလည်း မသိပါဘူး” လို့ ဘန်ကပြောပါတယ်။

ဒါပေမယ့် တာဝန်ရှိသူတွေက “ဥပဒေဝန်ထမ်းတွေကို သိက္ခာကျဆင်းစေမှု” နဲ့ ဘန်ကို ထောင်ဒဏ် ၁၀ ရက်ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ ဘန်ရဲ့ဖြစ်ရပ်ဟာ တရုတ်အင်တာနက်အသုံးပြုသူတွေကြားမှာ အငြင်းပွားစရာ ကိစ္စတရပ်အဖြစ်ရှိနေပြီး သူ့ကိုအပြစ်ပေးတာ မမျှတဘူးလို့ စောဒက တက်နေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top