ေမလ ၇ရက္ေန႔က Novotel ဟိုတယ္မွာ သူငယ္ခ်င္းမ်ားနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေမြးေန႔ပြဲက်င္းပျပဳလုပ္ခဲ့တဲ့ ေက်ာ္ေက်ာ္နႏၵက သူ႔ရဲ႕ ေမြးေန႔ႏွင့္ ပတ္သတ္ျပီး အမွတ္တရ စကားမ်ား ခုလိုေျပာခဲ့ပါတယ္။

Happy Birthday ပါ။ ေျပာခ်င္တာကေတာ့ ကၽြန္ေတာ္နဲ႔ထပ္တူေပ်ာ္ရႊင္ပါေစေပါ့။ ေနာက္မဆဲၾကပါနဲ႔ေတာ့လို႔။ ဒါကေတာ့ အမွန္တရားပဲ ျငင္းလုိ႔မွ မရတာ။ ဒါတရားဝင္ေၾကာ္ျငာလိုက္တာေလ။ ကၽြန္ေတာ္ အသက္တစ္ႏွစ္ၾကီးျပီဆိုတာ။ ရင့္က်က္သြားတာ မဟုတ္ဘူး။ နဲနဲ တည္ျငိမ္ဖို႔ စဥ္းစားသြားတာပါ။ မရင့္က်က္ေသးဘူး။



စိုင္းစိုင္းနဲ႔ တူတူ သီခ်င္းသီဆိုခ်င္တယ္ဆိုတာ ေရးတာမွားေနၾကတာေနာ္။ စိုင္းစိုင္းခမ္းလိႈင္ လိုမ်ိဳးလုပ္ခ်င္တယ္လို႔ေျပာတာပါ။ Birthday ကို အျပင္မွာ လုပ္တယ္။ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ သူ႔ပရိသတ္ေတြနဲ႔အတူတူ။

ကၽြန္ေတာ့ ပရိသတ္ေတြက်ေတာ့ Novotel မွာလုပ္ေတာ့ တခ်ိဳ႕ကမလာရဲ႕ဘူး။ တခ်ိဳ႕က်ေတာ့ လည္း လူမ်ားေတာ့ မလာခ်င္ဘူးေပါ့ေနာ္။ အဲ့ဒါေၾကာင့္ စိုင္းစိုင္းလို ကြင္းျပင္ၾကီးထဲမွာ သီခ်င္းေတြဆိုျပီး ကိုယ့္ပရိသတ္ေတြနဲ႔လည္း အဲ့လိုေပ်ာ္ခ်င္တယ္လို႔ ေျပာလိုက္တာပါ။



အတက္ႏိုင္ဆံုးကေတာ့ ၅၀ရာခိုင္ႏႈန္း လုပ္ႏိုင္ေအာင္ ၾကိဳးစားသြားမွာပါ။ ဘာလို႔လည္းဆိုေတာ့ ကၽြန္ေတာ္ ေပ်ာ္ခ်င္တာေလ။ ဒီလို ဟိတ္ဟန္ၾကီးေတြနဲ႔ မလုပ္ခ်င္ဘူး။ ကၽြန္ေတာ့္ ပရိသတ္ေတြနဲ႔ပဲ ေပ်ာ္ခ်င္တာေလ။ ကၽြန္ေတာ္ စဥ္းစားလိုက္ေသးတယ္။ ဒီေန႔ ဒီလိုပြဲကို ဒီနားကို မလုပ္ခင္မွာ ေန႔ခင္းပို္င္းေလာက္ေပါ့ ျမိဳ႕ေတာ္ခန္းမေရွ႕က ပန္းျခံထဲမွာ Birthday Cake ကို သူငယ္ခ်င္းေတြ ပရိသတ္ေတြစုျပီး ခြဲမယ္လို႔ စဥ္းစားမိေသးတယ္။

ဒါေပမယ့္လည္း ကို္ယ္က အဆဲခံေနရတဲ့ အခ်ိန္မွာ ဒီလိုလုပ္လိုက္ရင္ပိုျပီး အဆဲခံရမလားေပါ့ေနာ္။ ပိုျပီး ရုတ္ရုတ္သဲသဲ ျဖစ္သြားရင္ မေကာင္းဘူးေပါ့ေနာ္။ ေတာ္ေတာ္စဥ္းစားလိုက္ရတယ္။ ဒါကလည္း ကၽြန္ေတာ္ အျပင္မွာ ပရိသတ္နဲ႔ ေတြ႔ခ်င္လို႔ပါဆိုျပီး ေျပာသြားခဲ့ပါတယ္။



ျပီးခဲ့တဲ့ ရက္ပိုင္းမွာ ေက်ာ္ေက်ာ္နႏၵ တင္ခဲ့တဲ့ MTV ေၾကာင့္ ဇာဇာထက္ တုိ႔ သမီးရည္စားျပတ္ခဲ့ရတယ္လို႔ သိရပါတယ္။ ဒီကိစၥနဲ႔ ပတ္သတ္ျပီး ဇာဇာထက္ကလည္း အရမ္းဝမ္းနည္းေၾကာင္း Mediaေတြ မွာ ရင္ဖြင့္ခဲ့ပါတယ္။

သို႔ေသာ္ ကံေကာင္းေထာက္မစြာနဲ႔႔ပဲ အခုရက္ပိုင္းမွာ ဇာဇာထက္ တို႔ ခ်စ္သူႏွစ္ဦး ျပန္လည္ အဆင္ေျပသြားျပီျဖစ္တာေၾကာင့္လည္း ပရိသတ္ေတြက ေပ်ာ္ရႊင္ေနၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #



မေလ ၇ရက်နေ့က Novotel ဟိုတယ်မှာ သူငယ်ချင်းများနဲ့ ပျော်ပျော်ရွှင်ရွှင် မွေးနေ့ပွဲကျင်းပပြုလုပ်ခဲ့တဲ့ ကျော်ကျော်နန္ဒက သူ့ရဲ့ မွေးနေ့နှင့် ပတ်သတ်ပြီး အမှတ်တရ စကားများ ခုလိုပြောခဲ့ပါတယ်။

Happy Birthday ပါ။ ပြောချင်တာကတော့ ကျွန်တော်နဲ့ထပ်တူပျော်ရွှင်ပါစေပေါ့။ နောက်မဆဲကြပါနဲ့တော့လို့။ ဒါကတော့ အမှန်တရားပဲ ငြင်းလို့မှ မရတာ။ ဒါတရားဝင်ကြော်ငြာလိုက်တာလေ။ ကျွန်တော် အသက်တစ်နှစ်ကြီးပြီဆိုတာ။ ရင့်ကျက်သွားတာ မဟုတ်ဘူး။ နဲနဲ တည်ငြိမ်ဖို့ စဉ်းစားသွားတာပါ။ မရင့်ကျက်သေးဘူး။

စိုင်းစိုင်းနဲ့ တူတူ သီချင်းသီဆိုချင်တယ်ဆိုတာ ရေးတာမှားနေကြတာနော်။ စိုင်းစိုင်းခမ်းလှိုင် လိုမျိုးလုပ်ချင်တယ်လို့ပြောတာပါ။ Birthday ကို အပြင်မှာ လုပ်တယ်။ ပျော်ပျော်ရွှင်ရွှင် သူ့ပရိသတ်တွေနဲ့အတူတူ။

ကျွန်တော့ ပရိသတ်တွေကျတော့ Novotel မှာလုပ်တော့ တချို့ကမလာရဲ့ဘူး။ တချို့ကျတော့ လည်း လူများတော့ မလာချင်ဘူးပေါ့နော်။ အဲ့ဒါကြောင့် စိုင်းစိုင်းလို ကွင်းပြင်ကြီးထဲမှာ သီချင်းတွေဆိုပြီး ကိုယ့်ပရိသတ်တွေနဲ့လည်း အဲ့လိုပျော်ချင်တယ်လို့ ပြောလိုက်တာပါ။

အတက်နိုင်ဆုံးကတော့ ၅၀ရာခိုင်နှုန်း လုပ်နိုင်အောင် ကြိုးစားသွားမှာပါ။ ဘာလို့လည်းဆိုတော့ ကျွန်တော် ပျော်ချင်တာလေ။ ဒီလို ဟိတ်ဟန်ကြီးတွေနဲ့ မလုပ်ချင်ဘူး။ ကျွန်တော့် ပရိသတ်တွေနဲ့ပဲ ပျော်ချင်တာလေ။ ကျွန်တော် စဉ်းစားလိုက်သေးတယ်။ ဒီနေ့ ဒီလိုပွဲကို ဒီနားကို မလုပ်ခင်မှာ နေ့ခင်းပိုင်းလောက်ပေါ့ မြို့တော်ခန်းမရှေ့က ပန်းခြံထဲမှာ Birthday Cake ကို သူငယ်ချင်းတွေ ပရိသတ်တွေစုပြီး ခွဲမယ်လို့ စဉ်းစားမိသေးတယ်။

ဒါပေမယ့်လည်း ကိုယ်က အဆဲခံနေရတဲ့ အချိန်မှာ ဒီလိုလုပ်လိုက်ရင်ပိုပြီး အဆဲခံရမလားပေါ့နော်။ ပိုပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားရင် မကောင်းဘူးပေါ့နော်။ တော်တော်စဉ်းစားလိုက်ရတယ်။ ဒါကလည်း ကျွန်တော် အပြင်မှာ ပရိသတ်နဲ့ တွေ့ချင်လို့ပါဆိုပြီး ပြောသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကျော်ကျော်နန္ဒ တင်ခဲ့တဲ့ MTV ကြောင့် ဇာဇာထက် တို့ သမီးရည်စားပြတ်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဇာဇာထက်ကလည်း အရမ်းဝမ်းနည်းကြောင်း Mediaတွေ မှာ ရင်ဖွင့်ခဲ့ပါတယ်။

သို့သော် ကံကောင်းထောက်မစွာနဲ့ပဲ အခုရက်ပိုင်းမှာ ဇာဇာထက် တို့ ချစ်သူနှစ်ဦး ပြန်လည် အဆင်ပြေသွားပြီဖြစ်တာကြောင့်လည်း ပရိသတ်တွေက ပျော်ရွှင်နေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top