ပဲခူးတိုင္းေဒသႀကီး ေညာင္ေလးပင္ၿမိဳ႕နယ္ ပိန္းဇလုပ္ၿမိဳ႕ ၿမိဳ႕မ(၁)ရပ္ကြက္ ပိန္းဇလုပ္တိုက္နယ္ေဆးရံုေရွ႕တြင္ ေမလ ၂၀ ရက္ မြန္းတည့္ ၁၂ နာရီခန္႕က လမ္းႀကိတ္စက္ လမ္းေဘးထိုးက်ကာ ေမာင္းႏွင္သူ ပိ၍ ေသဆံုးသြားခဲ႕ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ပိန္းဇလုပ္ၿမိဳ႕အဝင္လမ္းအတိုင္း ေျမာက္ဘက္မွ ေတာင္ဘက္သို႕ ဦးၾကည္လြင္ (၅၈) ႏွစ္၊ (ဘ)ဦးသိန္းေအာင္ ၿမိဳ႕မ(၁) ပိေတာက္ေရႊဝါရပ္ကြက္၊ ပိန္းဇလုပ္ၿမိဳ႕ေနသူေမာင္ႏွင္ေသာ ေညာင္ေလးပင္ၿမိဳ႕နယ္ စည္ပင္သာယာေရးအဖြဲ႕ပိုင္ ခ်န္ဟိုင္းအမ်ိဳးအစား အစိမ္းေရာင္ သံုးဘီးလမ္းႀကိတ္စက္ယာဥ္သည္ လုပ္ငန္းခြင္ရပ္နားရန္ ေျမာက္ဘက္မွ ေတာင္ဘက္သို႕ ေခါင္းျပန္လွည့္စဥ္ လြန္းထိုးေနာက္ဆုတ္ရာမွ လမ္း၏ ယာဘက္ျခမ္းသို႕ ထိုးက်သြားရာမွ ယာဥ္ေမာင္း ဦးၾကည္လြင္မွာ လမ္းႀကိတ္စက္ေနာက္သံဘီးယာဘက္ျခမ္းေအာက္တြင္ပိသြားခဲ႕သျဖင့္ ဝဲေမးရိုးေပါက္ၿပဲ၊ ဝဲတင္ပါပြန္းပဲ႕၊ ဝဲပါးေပါက္ၿပဲ၊ ယာနားထင္ဖူးေရာင္၊ ယာေပါင္ပြန္းပဲ႕၊ ဝမ္းဗိုက္ယာဘက္ပြန္းပဲ႕ဒဏ္ရာမ်ား႐ွိခဲ႕ၿပီး အခင္းျဖစ္ေနရာတြင္ေသဆံုးသြားခဲ႕ေၾကာင္း ရဲမွတ္တမ္းအရသိရသည္။

သို႕ပါ၍ ပိန္းဇလုပ္နယ္ေျမရဲစခန္းမွ ေသဆံုးသူအား ရဲေဆးစာျဖင့္ ပိန္းဇလုပ္တိုက္နယ္ေဆးရံုသို႕ ပို႕ေဆာင္ထားရွိကာ လမ္းႀကိတ္စက္ေမာင္းႏွင္သူ ယာဥ္ေမာင္းၾကည္လြင္အား ယာဥ္(ပ)၃/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္ထားရွိေၾကာင္းသိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ကိုသက္( ေညာင္ေလးပင္)
BagoWeeklyJournal

#Unicode Version#
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့ မြို့မ(၁)ရပ်ကွက် ပိန်းဇလုပ်တိုက်နယ်ဆေးရုံရှေ့တွင် မေလ ၂၀ ရက် မွန်းတည့် ၁၂ နာရီခန့်က လမ်းကြိတ်စက် လမ်းဘေးထိုးကျကာ မောင်းနှင်သူ ပိ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပိန်းဇလုပ်မြို့အဝင်လမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ ဦးကြည်လွင် (၅၈) နှစ်၊ (ဘ)ဦးသိန်းအောင် မြို့မ(၁) ပိတောက်ရွှေဝါရပ်ကွက်၊ ပိန်းဇလုပ်မြို့နေသူမောင်နှင်သော ညောင်လေးပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ချန်ဟိုင်းအမျိုးအစား အစိမ်းရောင် သုံးဘီးလမ်းကြိတ်စက်ယာဉ်သည် လုပ်ငန်းခွင်ရပ်နားရန် မြောက်ဘက်မှ တောင်ဘက်သို့ ခေါင်းပြန်လှည့်စဉ် လွန်းထိုးနောက်ဆုတ်ရာမှ လမ်း၏ ယာဘက်ခြမ်းသို့ ထိုးကျသွားရာမှ ယာဉ်မောင်း ဦးကြည်လွင်မှာ လမ်းကြိတ်စက်နောက်သံဘီးယာဘက်ခြမ်းအောက်တွင်ပိသွားခဲ့သဖြင့် ဝဲမေးရိုးပေါက်ပြဲ၊ ဝဲတင်ပါပွန်းပဲ့၊ ဝဲပါးပေါက်ပြဲ၊ ယာနားထင်ဖူးရောင်၊ ယာပေါင်ပွန်းပဲ့၊ ဝမ်းဗိုက်ယာဘက်ပွန်းပဲ့ဒဏ်ရာများရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။

သို့ပါ၍ ပိန်းဇလုပ်နယ်မြေရဲစခန်းမှ သေဆုံးသူအား ရဲဆေးစာဖြင့် ပိန်းဇလုပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကာ လမ်းကြိတ်စက်မောင်းနှင်သူ ယာဉ်မောင်းကြည်လွင်အား ယာဉ်(ပ)၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ကိုသက်( ညောင်လေးပင်)
BagoWeeklyJournal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top