


 
Credit: Bobo Myint Lwin
#Unicode Version#
ဒီလို မြင်ကွင်းမျိုးကို မြင်တွေ့ရသူတိုင်းကတော့ စိတ်ထဲမှာ ဘယ်လိုမှ ချမ်းသာနိုင်မယ် မထင်ပါဘူးဗျာ။ ရာသီဥတု အလွန် ပူပြင်းတဲ့ အခုလို အချိန်မျိုးမှာ ပင်စင်စား သက်ကြီးရွယ်အိုတွေ အတွက် သင့်တော်မယ့် စနစ်တခုကတော့ ရှိကို ရှိသင့် နေပါပြီ။

Wave money နဲ့ ထုတ်လို့ ရပြီဆိုပေမယ့် မြို့နယ်အားလုံး အကောင်အထည် မဖော်နိုင်သေးပါဘူး။ ပြီးတော့ နည်းပါးတဲ့ ပင်စင်လစာကို ရဖို့အတွက် ဝန်ဆောင်မှုကုမ္ပဏီကို ပိုက်ဆံ ပြန်ပေး ရတာကလည်း မဖြစ်သင့်ပါဘူး။ ဖြစ်နိုင်ရင် အစိုးရ အနေနဲ့ ပင်စင်စား သက်ကြီးရွယ်အိုတွေ လွယ်ကူစွာ ထုတ်လို့ရတဲ့ နည်းလမ်းကို ပညာရှင်တွေနဲ့ တိုင်ပင်ပြီး အကောင် အထည် ဖော်သင့်ပါတယ်။

ဗီဒီယိုထဲက အဖိုးရဲ့ ပုံစံက လေဖြတ်ပြီး မူးလဲတာ ဖြစ်နိုင်ပါတယ်။ ပင်စင်စား အချင်းချင်း ရိုင်းပင်းကူညီပြီး စောင့်ရှောက် တာကို တွေ့ရတော့ ဝမ်းနည်းတဲ့ကြားက မျက်ရည်တောင် ဝဲမိပါတယ်။ မြန်မာနိုင်ငံက ပင်စင်စား သက်ကြီးရွယ်အိုတွေရဲ့ ဘဝ သာယလှပဖို့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ အနေနဲ့ ဆောင်ရွက် ပေးကြပါဦးလို့ ဒီကနေ တိုက်တွန်း လိုက်ရပါတယ် ခင်ဗျာ။

ဗီဒီယိုဖိုင်ကို အောက်မှာ ဖော်ပြ လိုက်ပါတယ် ခင်ဗျာ-


ဖိုးသူတော်(www.phothutaw.com)
Credit: Bobo Myint Lwin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top