မတၱရာၿမိဳ႕နယ္တြင္ အမ်ိဳးသမီးတစ္ဦး အသတ္ခံရ

မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ခရုိင္ မတၱရာၿမိဳ႕နယ္ ေအာက္ေတာင္ကိုင္းေက်းရြာအုပ္စု ေဆာက္ၿခဳံေပါက္ေက်းရြာေန ဦးေမာင္ဟန္သည္ ေနအိမ္တြင္ရွိေနစဥ္ ဇနီးျဖစ္သူ ေဒၚျမဝင္းမွာ ဦးေခါင္းေသြးထြက္ဒဏ္ရာမ်ားျဖင့္ ေရာက္ရွိလာသျဖင့္ အက်ိဳးအေၾကာင္းေမးျမန္းရာ ဇနီးျဖစ္သူမွနင့္သမီး ကို ဇင္ဝိုင္းတို႔ သမီးေယာက္ဖႏွစ္ေယာက္ ခုတ္သတ္လို႔ ေသၿပီ´ဟုေျပာျပရာ ဦးေမာင္ဟန္မွဘယ္လိုျဖစ္လို႔ခုတ္တာလဲ´ဟု ေမးျမန္းရာ လြန္ခဲ႔ေသာ ၂ လေက်ာ္ခန္႔က သမီးျဖစ္သူ မပန္းအိျဖဴ(၂၄)ႏွစ္ႏွင့္ ၎၏ခင္ပြန္းျဖစ္သူ ဇင္ဝိုင္း(၂၆)ႏွစ္တို႔(၂)ဦး စကားမ်ားရန္ျဖစ္ၿပီး

မပန္းအိျဖဴမွာ မိဘမ်ားေနအိမ္သို႔ လာေရာက္ေနထိုင္ခဲ႔ရာမွ ၂၀၁၉ ေမ ၁၅ ၁၀.၀၀ အခ်ိန္ခန္႔တြင္ ဇင္ဝိုင္းမွ ၎၏သမီးျဖစ္သူ မျဖဴစင္မိုး (၁၀)လခန္႔အရြယ္ရွိသူအား ဇနီးျဖစ္သူ လက္ထဲမွလုယူခဲ႔သျဖင့္ ၎တို႔(၂)ဦး စကားမ်ားခဲ႔ၾကၿပီးေနာက္ ၎ညေန ၁၅၀၀ အခ်ိန္ခန့္တြင္ မိခင္ျဖစ္သူေဒၚျမဝင္းႏွင့္သမီးျဖစ္သူ မပန္းအိျဖဴတို႔(၂)ဦးသည္ မတၱရာၿမိဳ႕မွ ေဆာက္ၿခဳံေပါက္ေက်းရြာသို႔ ဆိုင္ကယ္ျဖင့္ ေစ်းဝယ္ျပန္လာစဥ္ ျမစ္ေကာက္ေက်းရြာအေနာက္ဘက္ ေရလိုက္ေျမာင္းအနီးအေရာက္တြင္ ခင္ပြန္းျဖစ္သူ ဇင္ဝိုင္္းႏွင့္၎၏သမီးေယာက္ဖျဖစ္သူ

မ်ိဳးလြင္(၃၂)ႏွစ္ တို႔(၂)ဦးမွ ဆိုင္ကယ္ျဖင့္ မ်က္ႏွာခ်င္းဆိုင္မွ စီးနင္းေမာင္းႏွင္လာၾကၿပီး ေဒၚျမဝင္းႏွင့္သမီးျဖစ္သူ မပန္းအိျဖဴတို႔ စီးနင္းေမာင္းႏွင္လာသည့္ ဆိုက္ကယ္အား မ်က္ႏွာခ်င္းဆိုင္မွ ဝင္ေရာက္တိုက္ခဲ႔ရာ သားအမိနွစ္ဦးစီးနင္းသည့္ဆိုက္ကယ္လဲက်သြားစဥ္ မ်ိဳးလြင္မွ ေဒၚျမဝင္းအား ေနာက္မွသိုင္း္ခ်ဳပ္ၿပီး သားမက္ျဖစ္သူ ဇင္ဝိုင္းမွ အရွည္တစ္ေတာင္ခန္႔ရွိ ဓါးဦးခြ်န္ျဖင့္ ဦးေခါင္းအား(၂)ခ်က္ခုတ္လိုက္သျဖင့္ ေဒၚျမဝင္းမွရုန္းကန္ထြက္ေျပးစဥ္

မပန္းအိျဖဴအနီးသို႔ ၎တို႔(၂)ဦးမွ ေရာက္ရွိသြားၾကၿပီး ဇင္ဝိုင္းမွနင္ရွိေနရင္ ရွဳပ္ေနမွာဘဲ´ဟု ေျပာဆိုသံၾကားရကာ သမီးျဖစ္သူမွအေမ ေျပးေတာ့´ဟုေအာ္ဟစ္ေျပာဆိုသံၾကားရသျဖင့္ ေဒၚျမဝင္းမွ ေျပးေနရာမွလွည့္ၾကည့္ရာ ဇင္ဝိုင္ႏွင့္မ်ိဳးလြင္တို႔(၂)ဦးမွ ဓါးဦးခြ်န္ျဖင့္ မပန္းအိျဖဴ၏လည္ပင္းအား လွီးျဖတ္ၿပီးေနာက္ ေရလိုက္ေျမာင္းအတြင္း ေရႏွစ္သတ္ေနသည္ကို ေတြ႔ျမင့္ခဲ႔ရေၾကာင္း ေျပာျပသိရွိရသျဖင့္ ဦးေမာင္ဟန္မွ ေဆာက္ၿခဳံေပါက္ေက်းရြာသူ/သားမ်ား

ဦးမင္းမင္းဦး(အုပ္ခ်ဳပ္ေရးမွဴး)ေအာက္ေတာင္ကိုင္းေက်းရြာ ဦးမိုးခိုင္(အုပ္ခ်ဳပ္ေရးမွဴး)ျမစ္ေကာက္ေက်းရြာအုပ္စု ေတာင္ကုလားေက်းရြာ မတၱရာၿမိဳ႕နယ္ေနသူတို႔နွင့္အတူ အခင္းျဖစ္ေနရာသို႔ သြားေရာက္ၾကည့္ရွဳ စစ္ေဆးခဲ႔ရာ မပန္းအိျဖဴမွာ ေရလိုက္ေျမာင္းအတြင္း ခႏၶာကိုယ္အထက္ပိုင္း ေရနစ္ျမဳပ္လ်ွက္ေသဆုးံေနသည္ကို ေတြ႔ရွိခဲ႔သျဖင့္ အေလာင္းအားဆယ္ယူခဲ႔ရာ သမီးျဖစ္သူတြင္ လည္ပင္းျပတ္ရွဒဏ္ရာ(၁)ခ်က္ ဂုတ္ပိုးျပတ္ရွဒဏ္ရာ(၁)ခ်က္တို႔ ေတြ႔ရွိရသည့္ျပင္

ဇနီးျဖစ္သူေဒၚျမဝင္းတြင္လည္း ဝဲမ်က္ခုးံျပတ္ရွဒဏ္ရာ(၁)ခ်က္ (မစိုးရိမ္ရ)တို႔႐ရွိခဲ႔သျဖင္ ဇနီးျဖစ္သူေဒၚျမဝင္းအား ျပတ္ရွဒဏ္ရာရရွိေအာင္ႏွင့္ သမီးျဖစ္သူမပန္းအိျဖဴအား အသက္ေသဆုးံသည္အထိ လည္ပင္းအား ဓါးျဖင့္လွီးျဖတ္သြားၾကသူဇင္ဝိုင္းႏွင့္မ်ိဳးလြင္တို႔(၂)ဦးအား အေရးယူေပးရန္တိုင္တန္းသျဖင့္

မမစ(မတၱရာ)(ပ)၃၀၅/၂၀၁၉ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၂/၃၂၆/၁၁၄အရ ေရးဖြင့္ၿပီး အမွဳအား မမစမွဴး ဒုရဲမွဴးေျပဦးမွ စစ္ေဆးကာ တရားခံမ်ိဳးလြင္အား အမွဳျဖင့္ဖမ္းဆီးစစ္ေဆးလ်ွက္ရွိၿပီး တရားခံဇင္ဝိုင္းအား လိုက္လံဖမ္းဆီးေဆာင္ရြက္လ်ွက္ရွိေၾကာင္း သတင္း႐ရိွသည္

ဖိုးသူေတာ္ (www.phothutaw.com)
Credit:theesaychin

#Unicode Version# ျဖင့္ဖတ္ပါ ။

မတ္တရာမြို့နယ်တွင် အမျိုးသမီးတစ်ဦး အသတ်ခံရ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် အောက်တောင်ကိုင်းကျေးရွာအုပ်စု ဆောက်ခြုံပေါက်ကျေးရွာနေ ဦးမောင်ဟန်သည် နေအိမ်တွင်ရှိနေစဉ် ဇနီးဖြစ်သူ ဒေါ်မြဝင်းမှာ ဦးခေါင်းသွေးထွက်ဒဏ်ရာများဖြင့် ရောက်ရှိလာသဖြင့် အကျိုးအကြောင်းမေးမြန်းရာ ဇနီးဖြစ်သူမှနင့်သမီး ကို ဇင်ဝိုင်းတို့ သမီးယောက်ဖနှစ်ယောက် ခုတ်သတ်လို့ သေပြီ´ဟုပြောပြရာ ဦးမောင်ဟန်မှဘယ်လိုဖြစ်လို့ခုတ်တာလဲ´ဟု မေးမြန်းရာ လွန်ခဲ့သော ၂ လကျော်ခန့်က သမီးဖြစ်သူ မပန်းအိဖြူ(၂၄)နှစ်နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဇင်ဝိုင်း(၂၆)နှစ်တို့(၂)ဦး စကားများရန်ဖြစ်ပြီး

မပန်းအိဖြူမှာ မိဘများနေအိမ်သို့ လာရောက်နေထိုင်ခဲ့ရာမှ ၂၀၁၉ မေ ၁၅ ၁၀.၀၀ အချိန်ခန့်တွင် ဇင်ဝိုင်းမှ ၎င်း၏သမီးဖြစ်သူ မဖြူစင်မိုး (၁၀)လခန့်အရွယ်ရှိသူအား ဇနီးဖြစ်သူ လက်ထဲမှလုယူခဲ့သဖြင့် ၎င်းတို့(၂)ဦး စကားများခဲ့ကြပြီးနောက် ၎င်းညနေ ၁၅၀၀ အချိန်ခန့်တွင် မိခင်ဖြစ်သူဒေါ်မြဝင်းနှင့်သမီးဖြစ်သူ မပန်းအိဖြူတို့(၂)ဦးသည် မတ္တရာမြို့မှ ဆောက်ခြုံပေါက်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြန်လာစဉ် မြစ်ကောက်ကျေးရွာအနောက်ဘက် ရေလိုက်မြောင်းအနီးအရောက်တွင် ခင်ပွန်းဖြစ်သူ ဇင်ဝိုင်းနှင့်၎င်း၏သမီးယောက်ဖဖြစ်သူ

မျိုးလွင်(၃၂)နှစ် တို့(၂)ဦးမှ ဆိုင်ကယ်ဖြင့် မျက်နှာချင်းဆိုင်မှ စီးနင်းမောင်းနှင်လာကြပြီး ဒေါ်မြဝင်းနှင့်သမီးဖြစ်သူ မပန်းအိဖြူတို့ စီးနင်းမောင်းနှင်လာသည့် ဆိုက်ကယ်အား မျက်နှာချင်းဆိုင်မှ ဝင်ရောက်တိုက်ခဲ့ရာ သားအမိနှစ်ဦးစီးနင်းသည့်ဆိုက်ကယ်လဲကျသွားစဉ် မျိုးလွင်မှ ဒေါ်မြဝင်းအား နောက်မှသိုင်းချုပ်ပြီး သားမက်ဖြစ်သူ ဇင်ဝိုင်းမှ အရှည်တစ်တောင်ခန့်ရှိ ဓါးဦးချွန်ဖြင့် ဦးခေါင်းအား(၂)ချက်ခုတ်လိုက်သဖြင့် ဒေါ်မြဝင်းမှရုန်းကန်ထွက်ပြေးစဉ်

မပန်းအိဖြူအနီးသို့ ၎င်းတို့(၂)ဦးမှ ရောက်ရှိသွားကြပြီး ဇင်ဝိုင်းမှနင်ရှိနေရင် ရှုပ်နေမှာဘဲ´ဟု ပြောဆိုသံကြားရကာ သမီးဖြစ်သူမှအမေ ပြေးတော့´ဟုအော်ဟစ်ပြောဆိုသံကြားရသဖြင့် ဒေါ်မြဝင်းမှ ပြေးနေရာမှလှည့်ကြည့်ရာ ဇင်ဝိုင်နှင့်မျိုးလွင်တို့(၂)ဦးမှ ဓါးဦးချွန်ဖြင့် မပန်းအိဖြူ၏လည်ပင်းအား လှီးဖြတ်ပြီးနောက် ရေလိုက်မြောင်းအတွင်း ရေနှစ်သတ်နေသည်ကို တွေ့မြင့်ခဲ့ရကြောင်း ပြောပြသိရှိရသဖြင့် ဦးမောင်ဟန်မှ ဆောက်ခြုံပေါက်ကျေးရွာသူ/သားများ

ဦးမင်းမင်းဦး(အုပ်ချုပ်ရေးမှူး)အောက်တောင်ကိုင်းကျေးရွာ ဦးမိုးခိုင်(အုပ်ချုပ်ရေးမှူး)မြစ်ကောက်ကျေးရွာအုပ်စု တောင်ကုလားကျေးရွာ မတ္တရာမြို့နယ်နေသူတို့နှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ မပန်းအိဖြူမှာ ရေလိုက်မြောင်းအတွင်း ခန္ဓာကိုယ်အထက်ပိုင်း ရေနစ်မြုပ်လျှက်သေဆုးံနေသည်ကို တွေ့ရှိခဲ့သဖြင့် အလောင်းအားဆယ်ယူခဲ့ရာ သမီးဖြစ်သူတွင် လည်ပင်းပြတ်ရှဒဏ်ရာ(၁)ချက် ဂုတ်ပိုးပြတ်ရှဒဏ်ရာ(၁)ချက်တို့ တွေ့ရှိရသည့်ပြင်

ဇနီးဖြစ်သူဒေါ်မြဝင်းတွင်လည်း ဝဲမျက်ခုးံပြတ်ရှဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ)တို့ရရှိခဲ့သဖြင် ဇနီးဖြစ်သူဒေါ်မြဝင်းအား ပြတ်ရှဒဏ်ရာရရှိအောင်နှင့် သမီးဖြစ်သူမပန်းအိဖြူအား အသက်သေဆုးံသည်အထိ လည်ပင်းအား ဓါးဖြင့်လှီးဖြတ်သွားကြသူဇင်ဝိုင်းနှင့်မျိုးလွင်တို့(၂)ဦးအား အရေးယူပေးရန်တိုင်တန်းသဖြင့်

မမစ(မတ္တရာ)(ပ)၃၀၅/၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၂၆/၁၁၄အရ ရေးဖွင့်ပြီး အမှုအား မမစမှူး ဒုရဲမှူးပြေဦးမှ စစ်ဆေးကာ တရားခံမျိုးလွင်အား အမှုဖြင့်ဖမ်းဆီးစစ်ဆေးလျှက်ရှိပြီး တရားခံဇင်ဝိုင်းအား လိုက်လံဖမ်းဆီးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်

ဖိုးသူတော် (www.phothutaw.com)
Credit:theesaychin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top