တန္႔ဆည္ၿမိဳ႕တြင္ အမ်ိဳးသား အေလာင္းတေလာင္း ေတြ႔ရွိ
စစ္ကိုင္းတိုင္းေဒသႀကီး တန္႔ဆည္ၿမိဳ႕နယ္ ေရႊကူမူးလက္တက္ ကမ္းေဘးမွာ ေမလ ၁၈ ရက္ေန႔ မနက္ပိုင္းက အမ်ိဳးသားအေလာင္းတေလာင္း ေတြ႔႐ွိခဲ့ပါတယ္။
ကံထူးမ နယ္ေျမရဲစခန္းမႉး ရဲအုပ္မ်ိဳးမင္းထြန္းက “စခန္းမွာ႐ွိတဲ့ ရဲတပ္ဖြဲ႔ဝင္ေတြရယ္၊ ေရႊကူေက်းရြာ အုပ္ခ်ဳပ္ေရးမႉး၊ေပကုန္း ရြာခြဲတာဝန္ခံတို႔နဲ႔အတူ အခင္းျဖစ္ေနရာကို သြားေရာက္စစ္ေဆးခဲ့တယ္။ ေပကုန္းရြာနဲ႔ ၂ ဖာလံုေလာက္အကြာ ေရႊကူမူး လက္တက္ ေတာင္ဘက္ကမ္း ေရထဲက ျမက္ပင္ေတြၾကားမွာ အမ်ိဳးသားတ ဦး ေသဆံုးေနတာေတြ႔ရတယ္။
ပတ္ဝန္းက်င္ကို စစ္ေဆးလိုက္ေတာ့ ေကာ္တက္ရြာက အသက္ ၇၃ ႏွစ္အရြယ္ ဦးၾကည္ထြန္း ျဖစ္တယ္လို႔ သိရၿပီး ျပင္ပဒဏ္ရာမေတြ႔႐ွိပါဘူး။ ေရနစ္ၿပီး ေသဆံုးတာ ျဖစ္ႏိုင္တယ္” လုိ႔ ဒီဗြီဘီကို ေျပာပါတယ္။
ဦးၾကည္ထြန္း ေသဆံုးမႈနဲ႔ ပတ္သက္ၿပီး ဓမၼတာအတိုင္း ေသဆံုးတာ ဟုတ္မဟုတ္ သိရဖုိ႔ ကံထူးမ နယ္ေျမရဲစခန္းမွာ ေသမႈေသခင္း အမွတ္စဥ္ ၂/၂၀၁၉ နဲ႔ အမႈဖြင့္ၿပီး စစ္ေဆးေနတယ္လို႔ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ရွှေကူမူးလက်တက် ကမ်းဘေးမှာ မေလ ၁၈ ရက်နေ့ မနက်ပိုင်းက အမျိုးသားအလောင်းတလောင်း တွေ့ရှိခဲ့ပါတယ်။
ကံထူးမ နယ်မြေရဲစခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက “စခန်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေရယ်၊ ရွှေကူကျေးရွာ အုပ်ချုပ်ရေးမှူး၊ပေကုန်း ရွာခွဲတာဝန်ခံတို့နဲ့အတူ အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးခဲ့တယ်။ ပေကုန်းရွာနဲ့ ၂ ဖာလုံလောက်အကွာ ရွှေကူမူး လက်တက် တောင်ဘက်ကမ်း ရေထဲက မြက်ပင်တွေကြားမှာ အမျိုးသားတ ဦး သေဆုံးနေတာတွေ့ရတယ်။
ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်တော့ ကော်တက်ရွာက အသက် ၇၃ နှစ်အရွယ် ဦးကြည်ထွန်း ဖြစ်တယ်လို့ သိရပြီး ပြင်ပဒဏ်ရာမတွေ့ရှိပါဘူး။ ရေနစ်ပြီး သေဆုံးတာ ဖြစ်နိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဦးကြည်ထွန်း သေဆုံးမှုနဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် သိရဖို့ ကံထူးမ နယ်မြေရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၉ နဲ့ အမှုဖွင့်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:dvb