


Credit:ဖြိုးပြည့်သူ

#Unicode Version#
 လက်သည်းလေးတွေကို အရောင် လှလှလေးတွေ ဆိုးကြသလို အရုပ်လေးတွေ နဲ့လည်း ပုံဖော် ဆိုးကြပါတယ်။ လက်သည်းနီ ဆိုးဆေးတွေမှာ ဓါတု ပစ္စည်းတွေ ပါဝင်တာ ကြောင့် ထိခိုက်တာတွေ ရှိနိုင်တယ်လို့ အကြမ်းဖျင်း သိထားကြ ပါတယ်။ ဘယ်လို ဓါတုပစ္စည်းတွေက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာတွေကို ထိခိုက် စေသလဲ ဆိုတာ ဖော်ပြပေးလိုက် ပါတယ်။

လက်သည်းနီမှာ ပါဝင်တဲ့ ဖော်မလင်ဟာ သွေးနဲ့ ဆိုင်သော ရောဂါများနဲ့ ပန်းနာ ရင်ကျပ်ရောဂါ ကို ဖြစ်စေနိုင် ပါတယ်။ လက်သည်းနီတွေ လက်သည်းမှာ ကြာကြာ ခံဖို့နဲ့ ဆိုးတဲ့ အခါ ချောမွေ့မှု ဖြစ်နေအောင် Toluene လို့ ခေါ်တဲ့ ဓါတုပစ္စည်းတွေ ပါဝင် ပါတယ် ။ Toluence ဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို လျော့ကျစေတဲ့ အပြင် ဆံပင်ကျွတ်ခြင်း ကိုတောင် ဖြစ်စေ ပါတယ်။

DBP ကိုတော့ လက်သည်းနီ အရောင် တောက်ပနေစေဖို့ အတွက် ထုတ်လုပ်သူ တွေက အသုံးပြုကြတာ ဖြစ်ပါတယ်။ DBP ကတော့ ဟော်မုန်းနဲ့ မျိုးပွား အင်္ဂါတွေကို အဆိပ် အတောက် ဖြစ်စေပြီး အမျိုးသမီးတွေ အတွက် ကလေးရဖို့ ကိုတောင် အနှောင့် အယှက် ပြုပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:ဖြိုးပြည့်သူ

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top