






#Unicode Version# ဖြင့်ဖတ်ပါ ။

၃၀၀ တန် ထမင်းကို သစ်ပင်အောက်မှာ စားနေရတဲ့ မြတ်ဆရာကြီးများ

ဆရာဆိုတာ အနတ္တောအနတ္တ (၅) ပါးထဲမှာ (၁) ပါး အပါအဝင် ဖြစ်ပြီး နိုင်ငံရဲ့ မျိုးဆက်သစ်တွေကို ပဲ့ပြင် ထိန်းကျောင်း ရတဲ့ တနည်းအားဖြင့် အနာဂတ်ရဲ့ ပဲ့ကိုင်ရှင်ကြီးတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ် ပြုပြင် ပြောင်းလဲမှုနဲ့ အတူ ဆရာ၊ ဆရာမများဟာလည်း မွမ်းမံ သင်တန်းတွေကို အဆင့်ဆင့် တက်ရောက်နေရပါတယ်။

အခု ဖော်ပြမယ့် ပို့စ်မှာတော့ သင်တန်းကြေးလည်း အပြည့်မရ၊ သင်တန်း အသုံးစရိတ်လည်း မရတဲ့ ဆရာကြီးတွေ ၃၀၀ တန် ထမင်းကို သစ်ပင်အောက်မှာ စားနေရတဲ့ အဖြစ်အပျက်ကို ဖော်ပြထားတာ ဖြစ်ပါတယ်။ မူရင်း ပို့စ်ကို အပြည့်အစုံ ဖော်ပြ လိုက်ပါတယ် ခင်ဗျာ-

သင်တန်း တက်တာတစ်ရက် ၄၀၀၀ ဆိုပြီး ၃၀၀၀ပဲရ၊ သင်တန်း အသုံးစရိတ် ၅၀၀ ကလည်းမရ၊ သင်တန်း သင်ခန်းစာ အတွက်လိုတဲ့ သင်ထောက်ကူ လည်းကိုယ့်အိတ်စိုက်

သင်တန်းရက်ကြာလာတော့ ဆိုင်ထိုင်မစားနိုင်တော့ ၃၀၀တန် ထမင်းစားနေကြသော ဆရာကြီးများ၊ ရေလေး တောင်အလှုရှင် ရှိလို့ သင်တန်းသား အားလုံး ချွေတာသောက်ရတဲ့ဘဝ

ပညာရေးဝန်ကြီးရေ၊ ကိုယ်ချင်းစာပါ။ ခင်များဒီလိုလုပ်နိုင်လား၊ ဒီလိုစားနိုင်လား

ဖိုးသူတော် (www.phothutaw.com)
Credit:ဆရာအံကျော်မြင့် ပွင့်ဖြူ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top