ႏိုင္ငံျခားကေန ျမန္မာႏိုင္ငံျပန္ေရာက္မွ ေဝဖန္တိုက္ခိုက္မႈေတြၾကား နာမည္ၾကီးရသူက ဇဏ္ခီနဲ႔ ခရစၥတီးနားခီ ျဖစ္ပါတယ္။ အႏုပညာဝမ္းစာ ျပည့္ဝေပမဲ့ ကိုယ့္ထက္သာ မနာလိုတဲ့ အႏုပညာေလာကၾကီးမွာ ေနရာဖယ္ေပးမယ့္ သူေတြနဲ႔ မေတြ႔ခဲ့ပါဘူး။ အခက္အခဲေတြၾကားကေန ပရိသတ္အားေပးမႈကို တစ္ခဲနက္ ရထားတဲ့ ခီေမာင္ႏွံရဲ႕ ခ်စ္ျခင္းေတြက ပိုမိုေလးနက္လာသလို ပရိသတ္ေတြကလည္း အားက်ေနၾကပါတယ္။ ေရွ႕လာမယ့္ ဇြန္လမွာ မဂၤလာသက္တမ္း ႏွစ္ (၂၀) ျပည့္ေတာ့မယ့္အေၾကာင္း ဇဏ္ခီက ခုလို ေျပာသြားပါတယ္။

“ကၽြန္ေတာ္တို႔ႏွစ္ေယာက္ ရည္းစားျဖစ္တဲ့ သက္တမ္းနဲ႔ မဂၤလာသက္တမ္း ႏွစ္ခု တြဲမယ္ဆိုရင္ (၁၉) ႏွစ္ ေက်ာ္ျပီေပါ့။ လာမယ့္ ဇြန္လဆိုရင္ ႏွစ္ (၂၀) ျပည့္ေတာ့မွာ ဆုိေတာ့ တည္ေဆာက္ခဲ့ရတဲ့ ဘဝေတြက ခက္ခက္ခဲခဲ ျဖတ္သန္းခဲ့ျပီးျပီ။ ေကာင္းတာေရာ ဆိုးတာေတြေရာ ေတာ္ေတာ္ကို အဆင္မေျပတဲ့ ကာလေတြ ျဖတ္သန္းျပီးျပီဆိုေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ ယံုၾကည္မႈ ခိုင္မာမႈ ရွိသြားျပီ။ အခုအခ်ိန္မွာေဆာ့ ဆက္ျပီး တည္တံ့ခိုင္ျမဲဖို႔ ၾကိဳးစားရမွာေပါ့။” လို႔ ဆိုပါတယ္။

ဒါရိုက္တာနဲ႔ မင္းသားနဲ႔ ညားသြားဦးမယ္ဆိုျပီး စေနာက္တဲ့ comment အေပၚ ဇဏ္ခီရဲ႕ အျမင္ကို ခုလို သိရပါတယ္။

“ကၽြန္ေတာ္ထင္တာက comments ေပးတဲ့လူက ေနာက္ေနတယ္ ထင္ပါတယ္။ ကၽြန္ေတာ္လည္း ျပန္ေနာက္လိုက္တဲ့အခ်ိန္မွာ အဲ့ဒါက ထူးထူးဆန္းဆန္း ျဖစ္သြားတာေပါ့။ ခ်စ္ဖို႔ေကာင္းပါတယ္။ ေပ်ာ္ေစခ်င္လို႔ စေနာက္လိုက္တာ ျဖစ္မွာေပါ့။” ဆိုျပီး ေျပာသြားပါတယ္။

Star Awards မွ ရရွိတဲ့ ဆုေငြ သိန္း (၅၀)လံုးကို စိတ္က်န္းမာေရး ေဆးရုံၾကီးမွာ လွဴျဖစ္သြားပံုကို ခရစၥတီးနားခီက ခုလို ေျပာျပသြားပါတယ္။
“ဘယ္ပြဲပဲတက္တက္ ဆံုးျဖတ္ထားတာ ရွိတယ္။ ဘာမွေမွ်ာ္လင့္မထားဘူး။ ရသြားတဲ့အခ်ိန္မွာ ဒီပိုက္ဆံကို ကိုယ္က်ိဳးအတြက္ မသံုးခ်င္ဘူး။ ပထမေတာ့ ယူေတာင္မယူခ်င္ဘူး။ ဒီတိုင္းေနလို႔လည္း မျဖစ္ဘူး။ အဲ့ေတာ့ အမ Now and Ever ဇာတ္ဝင္ခန္းရိုက္တုန္းက သူတို႔ရဲ႕ ဒုကၡအခက္အခဲေတြကို ျမင္ရတယ္ေပါ့ေနာ္။ ေနာက္တစ္ခုက လူ႕ဘဝမွာ ကိုယ္က်န္းမာ စိတ္ခ်မ္းသာဖို႔ အေရးၾကီးတယ္ဆိုေတာ့ ကိုဇဏ္နဲ႔ တိုင္ပင္ျပီး လွဴလိုက္တာပါ။” ဆုိျပီး ေျပာျပသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

နိုင်ငံခြားကနေ မြန်မာနိုင်ငံပြန်ရောက်မှ ဝေဖန်တိုက်ခိုက်မှုတွေကြား နာမည်ကြီးရသူက ဇဏ်ခီနဲ့ ခရစ္စတီးနားခီ ဖြစ်ပါတယ်။ အနုပညာဝမ်းစာ ပြည့်ဝပေမဲ့ ကိုယ့်ထက်သာ မနာလိုတဲ့ အနုပညာလောကကြီးမှာ နေရာဖယ်ပေးမယ့် သူတွေနဲ့ မတွေ့ခဲ့ပါဘူး။ အခက်အခဲတွေကြားကနေ ပရိသတ်အားပေးမှုကို တစ်ခဲနက် ရထားတဲ့ ခီမောင်နှံရဲ့ ချစ်ခြင်းတွေက ပိုမိုလေးနက်လာသလို ပရိသတ်တွေကလည်း အားကျနေကြပါတယ်။ ရှေ့လာမယ့် ဇွန်လမှာ မင်္ဂလာသက်တမ်း နှစ် (၂၀) ပြည့်တော့မယ့်အကြောင်း ဇဏ်ခီက ခုလို ပြောသွားပါတယ်။

“ကျွန်တော်တို့နှစ်ယောက် ရည်းစားဖြစ်တဲ့ သက်တမ်းနဲ့ မင်္ဂလာသက်တမ်း နှစ်ခု တွဲမယ်ဆိုရင် (၁၉) နှစ် ကျော်ပြီပေါ့။ လာမယ့် ဇွန်လဆိုရင် နှစ် (၂၀) ပြည့်တော့မှာ ဆိုတော့ တည်ဆောက်ခဲ့ရတဲ့ ဘဝတွေက ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ပြီးပြီ။ ကောင်းတာရော ဆိုးတာတွေရော တော်တော်ကို အဆင်မပြေတဲ့ ကာလတွေ ဖြတ်သန်းပြီးပြီဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု ခိုင်မာမှု ရှိသွားပြီ။ အခုအချိန်မှာဆော့ ဆက်ပြီး တည်တံ့ခိုင်မြဲဖို့ ကြိုးစားရမှာပေါ့။” လို့ ဆိုပါတယ်။

ဒါရိုက်တာနဲ့ မင်းသားနဲ့ ညားသွားဦးမယ်ဆိုပြီး စနောက်တဲ့ comment အပေါ် ဇဏ်ခီရဲ့ အမြင်ကို ခုလို သိရပါတယ်။

“ကျွန်တော်ထင်တာက comments ပေးတဲ့လူက နောက်နေတယ် ထင်ပါတယ်။ ကျွန်တော်လည်း ပြန်နောက်လိုက်တဲ့အချိန်မှာ အဲ့ဒါက ထူးထူးဆန်းဆန်း ဖြစ်သွားတာပေါ့။ ချစ်ဖို့ကောင်းပါတယ်။ ပျော်စေချင်လို့ စနောက်လိုက်တာ ဖြစ်မှာပေါ့။” ဆိုပြီး ပြောသွားပါတယ်။

Star Awards မှ ရရှိတဲ့ ဆုငွေ သိန်း (၅၀)လုံးကို စိတ်ကျန်းမာရေး ဆေးရုံကြီးမှာ လှူဖြစ်သွားပုံကို ခရစ္စတီးနားခီက ခုလို ပြောပြသွားပါတယ်။
“ဘယ်ပွဲပဲတက်တက် ဆုံးဖြတ်ထားတာ ရှိတယ်။ ဘာမှမျှော်လင့်မထားဘူး။ ရသွားတဲ့အချိန်မှာ ဒီပိုက်ဆံကို ကိုယ်ကျိုးအတွက် မသုံးချင်ဘူး။ ပထမတော့ ယူတောင်မယူချင်ဘူး။ ဒီတိုင်းနေလို့လည်း မဖြစ်ဘူး။ အဲ့တော့ အမ Now and Ever ဇာတ်ဝင်ခန်းရိုက်တုန်းက သူတို့ရဲ့ ဒုက္ခအခက်အခဲတွေကို မြင်ရတယ်ပေါ့နော်။ နောက်တစ်ခုက လူ့ဘဝမှာ ကိုယ်ကျန်းမာ စိတ်ချမ်းသာဖို့ အရေးကြီးတယ်ဆိုတော့ ကိုဇဏ်နဲ့ တိုင်ပင်ပြီး လှူလိုက်တာပါ။” ဆိုပြီး ပြောပြသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top