မေလးရွားႏိုင္ငံမွာ အလုပ္သြားလုပ္ၾကတဲ့ ျမန္မာေတြ ဘီယာအတု ေသာက္မိလုိ႔ တလအတြင္း ေသဆံုးသူ အနည္းဆံုး ၇ ဦးရွိသြားၿပီး ၂ ဦး ေဆး႐ုံတက္ ကုသေနရတယ္လုိ႔ ကပုန္းနာေရး ကူညီမႈအသင္း ဥကၠ႒ ဦးဆန္း၀င္းက ဒီဗြီဘီကို ေျပာပါတယ္။

“ၿပီးခဲ့တဲ့ ဧၿပီလ ၂၄ ရက္ေန႔ကေန မေန႔အထိေပါ့ ေသဆံုးသူ ၇ ေယာက္ရွိတယ္။ မေန႔က ဆံုးသြားတဲ့တေယာက္က မႏၱေလးတိုင္း ေတာင္သာက၊ အသက္က ၂၃ ႏွစ္ပဲ ရွိေသးတယ္။ သူ႔ မိဘေတြက အသုဘကို ဟိုမွာလုပ္ခ်င္လို႔ မနက္ကဘဲ ေလယာဥ္နဲ႔ ျပန္ပို႔လိုက္တယ္ခင္ဗ်။ ဘီယာတုက ေတာ္ေတာ္ေလးအဆိပ္ျပင္းတဲ့ပံုရွိတယ္။ ေသဆံုးတဲ့သူေတြက လက္ေတြ၊ လက္သည္းခြံေတြ အညိဳေရာင္စြဲေနတယ္။ ခုေလာေလာဆယ္ ေဆး႐ုံတင္ထားရတာက ၂ ေယာက္ ရွိတယ္၊ သူတို႔ေသာက္တဲ့ ဘီယာေတြက နာမည္ႀကီးဘီယာေတြမဟုတ္ဘဲ ေစ်းသက္သာတယ္ေလ၊ အလုပ္သမားအေနနဲ႔ ၀ယ္ေသာက္ႏိုင္တယ္ေပါ့ေနာ္။”

မႏၱေလးတိုင္း၊ ေတာင္သာၿမဳိ႕နယ္၊ မင္းတည္းေက်းရြာေန ကိုမ်ိဳးမင္းခိုင္ အသက္ ၂၃ ႏွစ္ဟာ မေလး႐ွားႏိုင္ငံ ပဲရပ္ျပည္နယ္မွာ ေမလ ၁၁ ရက္က ဘီယာဘူး႐ွည္အတုေတြ ေသာက္သံုးၿပီး ေဆး႐ုံမွာ ေသြးအန္ ေသဆံုးခ့ဲတာပါ။

ၿပီးခဲ့တဲ့ ဧၿပီလ ၃၀ ရက္ကလည္း မေလးရွားႏိုင္ငံ ပဲရပ္ျပည္နယ္ အီပို႔ေဆး႐ုံႀကီးမွာ ျမန္မာႏိုင္ငံသား ကိုေအာင္ အသက္ (၄၀) ႏွစ္ဟာ ဘီယာအတုေတြ ေသာက္လုိ႔ ေသဆံုးခ့ဲပါတယ္။ ဘီယာတုေသာက္ၿပီး ေသဆံုးမႈမွာ မေလးရွားႏိုင္ငံ ပဲရပ္ျပည္နယ္မွာ စတင္ေတြ႔ရွိ တဲ့အတြက္ အဆိုပါျပည္နယ္ရွိ ဘီယာထုတ္လုပ္ေရာင္းခ်မႈေတြကို မေလးရွားရဲ တပ္ဖြဲ႔က လိုက္လံစစ္ေဆးေနတယ္လို႔ ဆိုပါတယ္။

မေလးရွားေရာက္ ျမန္မာေတြအေနနဲ႔ ဘီယာေၾကာင့္ ေဘးအႏၱရာယ္မျဖစ္ရေအာင္ ဘီယာကို ေရွာင္ရွားသင့္ၿပီး မေနႏိုင္လို႔ ေသာက္မယ္ဆိုရင္ လိုင္စင္ရဘီယာ၊ လိုင္စင္ရအရက္ ေတြကိုသာ ေရြးခ်ယ္ေသာက္သံုးသင့္ေၾကာင္း ဦးဆန္း၀င္းက တိုက္တြန္းပါတယ္။ KING PRIESTS အမွတ္တံဆိပ္နဲ႔ ဘီယာကို ေသာက္ၿပီး ျမန္မာအလုပ္သမားေတြ ေသဆံုးခဲ့တာ ျဖစ္တယ္လို႔ မေလးရွားေရာက္ ျမန္မာလူမႈကူညီေရးအသင္း လူမႈကြန္ရက္မွာ ေဖာ္ျပပါတယ္။

မေလးရွားႏုိင္ငံမွာ ၿပီးခဲ့တဲ့ ၂၀၁၂ ႏွစ္ကုန္ပိုင္းက အရက္အတုေသာက္လို႔ ျမန္မာႏိုင္ငံသား ၃၅ ေယာက္ေသဆံုးခဲ့သလို ၂၀၁၈ စက္တင္ဘာလကလည္း ၂၇ ေယာက္ ေသဆုံးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version# ျဖင့္ဖတ္ပါ ။

မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ကြတဲ့ မြန်မာတွေ ဘီယာအတု သောက်မိလို့ တလအတွင်း သေဆုံးသူ အနည်းဆုံး ၇ ဦးရှိသွားပြီး ၂ ဦး ဆေးရုံတက် ကုသနေရတယ်လို့ ကပုန်းနာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ကနေ မနေ့အထိပေါ့ သေဆုံးသူ ၇ ယောက်ရှိတယ်။ မနေ့က ဆုံးသွားတဲ့တယောက်က မန္တလေးတိုင်း တောင်သာက၊ အသက်က ၂၃ နှစ်ပဲ ရှိသေးတယ်။ သူ့ မိဘတွေက အသုဘကို ဟိုမှာလုပ်ချင်လို့ မနက်ကဘဲ လေယာဉ်နဲ့ ပြန်ပို့လိုက်တယ်ခင်ဗျ။ ဘီယာတုက တော်တော်လေးအဆိပ်ပြင်းတဲ့ပုံရှိတယ်။ သေဆုံးတဲ့သူတွေက လက်တွေ၊ လက်သည်းခွံတွေ အညိုရောင်စွဲနေတယ်။ ခုလောလောဆယ် ဆေးရုံတင်ထားရတာက ၂ ယောက် ရှိတယ်၊ သူတို့သောက်တဲ့ ဘီယာတွေက နာမည်ကြီးဘီယာတွေမဟုတ်ဘဲ ဈေးသက်သာတယ်လေ၊ အလုပ်သမားအနေနဲ့ ဝယ်သောက်နိုင်တယ်ပေါ့နော်။”

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မင်းတည်းကျေးရွာနေ ကိုမျိုးမင်းခိုင် အသက် ၂၃ နှစ်ဟာ မလေးရှားနိုင်ငံ ပဲရပ်ပြည်နယ်မှာ မေလ ၁၁ ရက်က ဘီယာဘူးရှည်အတုတွေ သောက်သုံးပြီး ဆေးရုံမှာ သွေးအန် သေဆုံးခဲ့တာပါ။

ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်ကလည်း မလေးရှားနိုင်ငံ ပဲရပ်ပြည်နယ် အီပို့ဆေးရုံကြီးမှာ မြန်မာနိုင်ငံသား ကိုအောင် အသက် (၄၀) နှစ်ဟာ ဘီယာအတုတွေ သောက်လို့ သေဆုံးခဲ့ပါတယ်။ ဘီယာတုသောက်ပြီး သေဆုံးမှုမှာ မလေးရှားနိုင်ငံ ပဲရပ်ပြည်နယ်မှာ စတင်တွေ့ရှိ တဲ့အတွက် အဆိုပါပြည်နယ်ရှိ ဘီယာထုတ်လုပ်ရောင်းချမှုတွေကို မလေးရှားရဲ တပ်ဖွဲ့က လိုက်လံစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

မလေးရှားရောက် မြန်မာတွေအနေနဲ့ ဘီယာကြောင့် ဘေးအန္တရာယ်မဖြစ်ရအောင် ဘီယာကို ရှောင်ရှားသင့်ပြီး မနေနိုင်လို့ သောက်မယ်ဆိုရင် လိုင်စင်ရဘီယာ၊ လိုင်စင်ရအရက် တွေကိုသာ ရွေးချယ်သောက်သုံးသင့်ကြောင်း ဦးဆန်းဝင်းက တိုက်တွန်းပါတယ်။ KING PRIESTS အမှတ်တံဆိပ်နဲ့ ဘီယာကို သောက်ပြီး မြန်မာအလုပ်သမားတွေ သေဆုံးခဲ့တာ ဖြစ်တယ်လို့ မလေးရှားရောက် မြန်မာလူမှုကူညီရေးအသင်း လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၂ နှစ်ကုန်ပိုင်းက အရက်အတုသောက်လို့ မြန်မာနိုင်ငံသား ၃၅ ယောက်သေဆုံးခဲ့သလို ၂၀၁၈ စက်တင်ဘာလကလည်း ၂၇ ယောက် သေဆုံးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top