ဆယ္စုႏွစ္ေတြ မ်ားစြာၾကာ ေအာင္ျမင္မႈေတြကို ထိန္းသိမ္းထားႏိုင္တဲ့ ဝါရင့္သရုပ္ေဆာင္ မင္းသား လူမင္းကေတာ့ လက္ရွိခ်ိန္ထိလည္း ေအာင္ျမင္မႈကုိ ထိန္းသိမ္းထားႏိုင္ျပီး အသက္အရြယ္တခုရသည္အထိ ႏွစ္တိုင္းနီးပါး ရုပ္ရွင္ထူးခြ်န္ဆုေတြကို ထိန္းသိမ္းထားတာ ျဖစ္ပါတယ္။ လူမင္းကေတာ့ အႏုပညာဖက္မွာ ေအာင္ျမင္သလို ျပင္ပမွာလည္း အလွဴအတန္း ရက္ေရာတဲ့ မင္းသားတေယာက္ျဖစ္ပါတယ္။

လက္ရွိမွာလည္း မင္းသားလူမင္းကေတာ့ ၇ ရက္မွာ က်ေရာက္မယ့္ သူ႔ရဲ့ေမြးေန႔မွာေတာ့ လူၾကမ္းသရုပ္ေဆာင္ေတြနဲ႔ ဖြဲ႔စည္းထားတဲ့ ကိုလူေခ်ာအဖြဲ႔ကို အက်ီေတြအဝတ္အစားေတြ ေထာက္ပံ့ေပးဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။ လူမင္းကေတာ့ အသက္ ၄၉ ႏွစ္ျပည့္သြားတာ ျဖစ္ျပီး သူ႔ရဲ့ ေမြးေန႔မွာေတာ ့အႏုပညာညီအကို ေမာင္ႏွမခ်င္း အခ်င္းခ်င္း ကူညီရိုင္းပင္းေပးလိုက္တာပဲ ျဖစ္ပါတယ္။

အႏုပညာေလာကက ဇာတ္ပုိ႔ဇာတ္ရံ လူၾကမ္းသရုပ္ေဆာင္ေတြကေတာ့ ဗီဒီယို ေခတ္ပ်က္သြားတာေၾကာင့္ သူတို႔အေနနဲ႔ စားဝတ္ေနေရးေတြ ဒုကၡေရာက္ေနၾကတာကို ပရိသတ္ေတြလည္း သိျပီးသား ျဖစ္မွာပါ။ မင္းသားမင္းသမီး အားလံုးေတာင္ ေနရာမရတ့ဲ ေခတ္မွာေတာ့ ဇာတ္ပို႔ဇာတ္ရံေတြက ဘယ္လို ရုန္းကန္ေနရလည္းဆိုတာကိုေတာ့ ေျပာစရာေတာင္မလိုဘူး ထင္ပါတယ္။

ဒါေၾကာင့္ ဝါရင့္သရုပ္ေဆာင္ၾကီး လူမင္းကေတာ့ မြန္ျမတ္တဲ့ အလွဴတခုကို သူ႔ရဲ့ ေမြးေန႔မွာ လုပ္ေဆာင္လိုက္တာ ျဖစ္ပါတယ္။ လူမင္းကေတာ့ လက္ရွိခ်ိန္ထိ  လူၾကီးလူငယ္ပါမက်န္ အားေပးခံေနရတဲ့ မင္းသားၾကီး တေယာက္ျဖစ္သလို သူ႔ရဲ့လုပ္ရပ္ေတြေၾကာင့္လည္း ပရိသတ္ေတြ ပိုအားေပးၾကမယ္လို႔ ထင္ပါတယ္။ ေျပာခ်င္လြန္းလို႔ ပရိသတ္ၾကီးလည္း သရုပ္ေဆာင္ လူမင္းတေယာက္ရဲ့ အလွဴကို သေဘာေတြ႔ၾကမယ္ ထင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

ဆယ်စုနှစ်တွေ များစွာကြာ အောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်တဲ့ ဝါရင့်သရုပ်ဆောင် မင်းသား လူမင်းကတော့ လက်ရှိချိန်ထိလည်း အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ပြီး အသက်အရွယ်တခုရသည်အထိ နှစ်တိုင်းနီးပါး ရုပ်ရှင်ထူးချွန်ဆုတွေကို ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ လူမင်းကတော့ အနုပညာဖက်မှာ အောင်မြင်သလို ပြင်ပမှာလည်း အလှူအတန်း ရက်ရောတဲ့ မင်းသားတယောက်ဖြစ်ပါတယ်။

လက်ရှိမှာလည်း မင်းသားလူမင်းကတော့ ၇ ရက်မှာ ကျရောက်မယ့် သူ့ရဲ့မွေးနေ့မှာတော့ လူကြမ်းသရုပ်ဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကိုလူချောအဖွဲ့ကို အကျီတွေအဝတ်အစားတွေ ထောက်ပံ့ပေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ လူမင်းကတော့ အသက် ၄၉ နှစ်ပြည့်သွားတာ ဖြစ်ပြီး သူ့ရဲ့ မွေးနေ့မှာတော့အနုပညာညီအကို မောင်နှမချင်း အချင်းချင်း ကူညီရိုင်းပင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။

အနုပညာလောကက ဇာတ်ပို့ဇာတ်ရံ လူကြမ်းသရုပ်ဆောင်တွေကတော့ ဗီဒီယို ခေတ်ပျက်သွားတာကြောင့် သူတို့အနေနဲ့ စားဝတ်နေရေးတွေ ဒုက္ခရောက်နေကြတာကို ပရိသတ်တွေလည်း သိပြီးသား ဖြစ်မှာပါ။ မင်းသားမင်းသမီး အားလုံးတောင် နေရာမရတဲ့ ခေတ်မှာတော့ ဇာတ်ပို့ဇာတ်ရံတွေက ဘယ်လို ရုန်းကန်နေရလည်းဆိုတာကိုတော့ ပြောစရာတောင်မလိုဘူး ထင်ပါတယ်။

ဒါကြောင့် ဝါရင့်သရုပ်ဆောင်ကြီး လူမင်းကတော့ မွန်မြတ်တဲ့ အလှူတခုကို သူ့ရဲ့ မွေးနေ့မှာ လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။ လူမင်းကတော့ လက်ရှိချိန်ထိ  လူကြီးလူငယ်ပါမကျန် အားပေးခံနေရတဲ့ မင်းသားကြီး တယောက်ဖြစ်သလို သူ့ရဲ့လုပ်ရပ်တွေကြောင့်လည်း ပရိသတ်တွေ ပိုအားပေးကြမယ်လို့ ထင်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း သရုပ်ဆောင် လူမင်းတယောက်ရဲ့ အလှူကို သဘောတွေ့ကြမယ် ထင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top