မိန္းမရခ်င္ရင္ ဘုန္းႀကီးေက်ာင္းသားလုပ္ (ဟာသ)
က်ေတာ္အရင္ေနခဲ့တဲ့ စက္ရံုေဘးက ကုန္းကေလးရြာ ဘုန္းႀကီးေက်ာင္းမွာကပ္ေနတဲ့ ဘုန္းႀကီးေက်ာင္းသား ရာဇာဗညား အေၾကာင္း ေျပာရအုံးမယ္။
သူ႔နာမည္က ဗညား၊ သူ႔ကုိယ္သူ ရာဇာဗညား ဆုိၿပီး နာမည္ေပးထားတာ..တေခတ္ တခါက မင္းသား ရာဇာေန၀င္းကို အားက်လုိ႔တဲ့ေလ၊ ဒီေကာင္က လူၾကည့္ေတာ့သာ ႐ူးေၾကာင္ေၾကာင္..ျမန္မာမင္းသား မင္းသမီးအေၾကာင္းဆုိ ေဆြခုနစ္ဆက္ မ်ိဳးခုနစ္ဆက္ အကုန္သိ။ မသိ ႐ွိ႐ုိးလား.. မနက္မုိးလင္းၿပီဆုိတာနဲ႔ တီဗြီနဲ႔ မ်က္ႏွာသစ္တာ၊
ဘာမွလည္း ခိုင္းလို႔မရ၊ ေတာက္တုိမယ္ရ ခုိင္းေတာ့မယ္ဆုိ သူ႔တီဗြီထဲမွာ ေၾကာ္ျငာၿပီးတဲ့အထိ ေစာင့္ေနရတာ။ လူကသာ က်ပ္မျပည့္၊ မိန္းမ ယူခ်င္တာကဆုိ ဖ်တ္ဖ်တ္ကုိ လူးေနတာရယ္။
ည ေမွာင္ရီပ်ိဳးခ်ိန္ဆုိ သြားၿပီ၊ ရပ္ကြက္ထဲကုိ. .ဘာသြားလုပ္တယ္ ထင္လဲ၊ လူသူကင္းတဲ့ ေမွာင္ရိပ္ထဲမွာ ငုတ္တုတ္ ထုိင္ေစာင့္ေနတာတဲ့။
“ကယ္ၾကပါအုံး႐ွင္”ဆုိတဲ့ မိန္းခေလး အသံၾကားရင္ လူဆုိးေတြကုိ ဖုိက္တင္ခ်။ မိန္းခေလးကုိ ကယ္. .ရည္းစားျဖစ္ေအာင္ ဆိုၿပီး ျမန္မာကားထဲက ဇာတ္ကြက္ေတြလုိ ႐ူးေၾကာင္ေၾကာင္ ေလ်ွာက္လုပ္ေနတာပါဆုိ။ ( ညတိုင္က် ေက်ာင္းက ထရံေတကို လက္သီးနဲ႔ထိုးတာ ၊ဘာလုပ္တာတုန္းေမးေတာ့ သိုင္းက်င့္ေနတာတဲ့ )
ဆုိကၠားေတာင္ ေဖ်ာင့္ေအာင္ မနင္းတတ္တာေနာ္ လုပ္ခ်င္တာက သူေဌးအိမ္မွာ ကားေမာင္းခ်င္တာတဲ့. .သူၾကည့္ဖူးတဲ့ ျမန္မာ ဇာတ္ကားေတြထဲကလုိ သူေဌးသမီးနဲ႔ ညားခ်င္လုိ႔တဲ့ေလ။
သူလုိခ်င္တဲ့အလုပ္ ႐ွာမေပးေတာ့ ေက်ာင္းမကပ္ေတာ့ဘူး။ ရန္ကုန္တကၠသုိလ္ထဲကုိ ခဏခဏ သြားေနေတာ့တာ.. ကႀကီး ခေကြးေတာင္ အလြတ္ဆုိတတ္တာ မဟုတ္ဘဲနဲ႔ ဘာသြားလုပ္တာတုန္း ဆုိေတာ့
” ရည္းစားသြား႐ွာတာတဲ့…. ”
ေတြ႕တဲ့ ေက်ာင္းသူေလးေတြကုိ လူခ်င္း ဝင္ဝင္တုိက္တာတဲ့ စာအုပ္ေတြ စာရြက္ေတြ ျပဳတ္က်၊ ျပန္ေကာက္ေပး၊ အၾကည့္ ခ်င္းဆုံ၊ မိတ္ဆက္၊ ေနာက္ဆုံး ရည္းစားတစ္ေယာက္ရ အဲလိုဇာတ္လမ္းမ်ိဳး သြားထြင္တာ၊၊ ရမယ္ အားႀကီးႀကီး။ ပါးခ်မလႊတ္ တာ ကံေကာင္း။
အမယ္..ရာဇာဗညားတုိ႔ ကံေကာင္းတယ္ပဲေျပာရမလား လူမစြမ္း နတ္မ တယ္လုိ႔ပဲ ဆုိရမလား။ တစ္ေန႔ေတာ့ ေကာင္မေလးတစ္ေယာက္ဆီက အေျဖရသတဲ့။ ဒါေပမယ့္ အေျဖရၿပီး နာရီပုိင္းမွာပဲ ေကာင္မေလးက နွင္လႊတ္လိုက္သတဲ့။
သူလုပ္ပုံကလဲ ၾကည့္အုံးေလ။ ေကာင္မေလးဆီက အေျဖလဲ ရၿပီးေရာ့ အင္းလ်ားကန္ေဘာင္ေပၚမွာ စုံတြဲသီခ်င္းဆုိၿပီး အတူတူ က ခ်င္တာတဲ့. . ျမန္မာ ေပါကားေတြထဲကလုိ ေနမွာေပါ့။ ဟုိက အ႐ူးစိတ္ခ်မ္းသာ ၿပီးေရာ့ဆုိၿပီး အေျဖေပးလုိက္တာ ေနမွာေပါ့. .ကုိယ့္လူအေၾကာင္း ကုိယ္အသိဆုံး အထင္ကုိ မႀကီးတာရယ္. .
ေနာက္ဆုံး ”ငါ့ေက်ာင္းမွာ ေနရင္ေန၊ အျပင္ကုိ ခဏခဏ ထြက္ခ်င္တယ္ဆုိ တစ္သက္လုံး ျပန္မလာေတာ့နဲ႔” ဆုိၿပီး တစ္ခ်က္လႊတ္အမိန္႔ ထုတ္လုိက္ရတယ္။အခုေတာ့ သြက္သြက္ခါေနၿပီ ေျပာရမယ္
႐ူးတာ ႐ူးတာ. .ႏုိင္ငံျခားထြက္ၿပီး အလုပ္လုပ္မလုိ႔တဲ့ေလ မေလး႐ွားႏုိင္ငံကုိတဲ့။ ျမန္မာေပါကားေတြထဲကလုိ ႏုိင္ငံျခားက ျပန္လာရင္ သူေဌးႀကီး တန္းျဖစ္မယ္ ထင္ေနတာ၊ ျဖစ္လိမ့္မယ္ အားႀကီးႀကီး။ ဘင့္ကလီအမွတ္နဲ႔ အသတ္ခံေနရမွာ ျမင္ေယာင္ေသး၊ မျဖစ္ပါဘူး. .တီဗြီေ႐ွ႕မွာ ႀကိဳးတုတ္ထားလုိက္တာပဲ ေကာင္းပါတယ္။
အမယ္. .ေခ်ာ့ထားရေသးတာဗ် ၊ “မင္း မိန္းမ ယူခ်င္ရင္ ငါ့ေက်ာင္းမွာပဲ ဘုန္းႀကီးေက်ာင္းသားလုပ္ၿပီးေန. .ျမန္မာကားေတြ ထဲမွာ ဘုန္းႀကီးေက်ာင္းသားဆုိတာ သူေဌးသမီးနဲ႔ပဲ ညားတာ” လုိ႔။ အဲ့ေကာင္ တကယ္ယုံေနတယ္။ အခုဆုိ ဧည့္သည္လာရင္ အနားကကုိ မခြာေတာ့ဘူး၊ ရစ္သီရစ္သီ လာလုပ္ေနေတာ့တာ. .
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Ashin PyinyarNanda ( ပီနႏၵ ၿမိဳင္ )
#Unicode Version# ျဖင့္ဖတ္ပါ ။
မိန်းမရချင်ရင် ဘုန်းကြီးကျောင်းသားလုပ် (ဟာသ)
ကျတော်အရင်နေခဲ့တဲ့ စက်ရုံဘေးက ကုန်းကလေးရွာ ဘုန်းကြီးကျောင်းမှာကပ်နေတဲ့ ဘုန်းကြီးကျောင်းသား ရာဇာဗညား အကြောင်း ပြောရအုံးမယ်။
သူ့နာမည်က ဗညား၊ သူ့ကိုယ်သူ ရာဇာဗညား ဆိုပြီး နာမည်ပေးထားတာ..တခေတ် တခါက မင်းသား ရာဇာနေဝင်းကို အားကျလို့တဲ့လေ၊ ဒီကောင်က လူကြည့်တော့သာ ရူးကြောင်ကြောင်..မြန်မာမင်းသား မင်းသမီးအကြောင်းဆို ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် အကုန်သိ။ မသိ ရှိရိုးလား.. မနက်မိုးလင်းပြီဆိုတာနဲ့ တီဗွီနဲ့ မျက်နှာသစ်တာ၊
ဘာမှလည်း ခိုင်းလို့မရ၊ တောက်တိုမယ်ရ ခိုင်းတော့မယ်ဆို သူ့တီဗွီထဲမှာ ကြော်ငြာပြီးတဲ့အထိ စောင့်နေရတာ။ လူကသာ ကျပ်မပြည့်၊ မိန်းမ ယူချင်တာကဆို ဖျတ်ဖျတ်ကို လူးနေတာရယ်။
ည မှောင်ရီပျိုးချိန်ဆို သွားပြီ၊ ရပ်ကွက်ထဲကို. .ဘာသွားလုပ်တယ် ထင်လဲ၊ လူသူကင်းတဲ့ မှောင်ရိပ်ထဲမှာ ငုတ်တုတ် ထိုင်စောင့်နေတာတဲ့။
“ကယ်ကြပါအုံးရှင်”ဆိုတဲ့ မိန်းခလေး အသံကြားရင် လူဆိုးတွေကို ဖိုက်တင်ချ။ မိန်းခလေးကို ကယ်. .ရည်းစားဖြစ်အောင် ဆိုပြီး မြန်မာကားထဲက ဇာတ်ကွက်တွေလို ရူးကြောင်ကြောင် လျှောက်လုပ်နေတာပါဆို။ ( ညတိုင်ကျ ကျောင်းက ထရံတေကို လက်သီးနဲ့ထိုးတာ ၊ဘာလုပ်တာတုန်းမေးတော့ သိုင်းကျင့်နေတာတဲ့ )
ဆိုက္ကားတောင် ဖျောင့်အောင် မနင်းတတ်တာနော် လုပ်ချင်တာက သူဌေးအိမ်မှာ ကားမောင်းချင်တာတဲ့. .သူကြည့်ဖူးတဲ့ မြန်မာ ဇာတ်ကားတွေထဲကလို သူဌေးသမီးနဲ့ ညားချင်လို့တဲ့လေ။
သူလိုချင်တဲ့အလုပ် ရှာမပေးတော့ ကျောင်းမကပ်တော့ဘူး။ ရန်ကုန်တက္ကသိုလ်ထဲကို ခဏခဏ သွားနေတော့တာ.. ကကြီး ခကွေးတောင် အလွတ်ဆိုတတ်တာ မဟုတ်ဘဲနဲ့ ဘာသွားလုပ်တာတုန်း ဆိုတော့
” ရည်းစားသွားရှာတာတဲ့…. ”
တွေ့တဲ့ ကျောင်းသူလေးတွေကို လူချင်း ဝင်ဝင်တိုက်တာတဲ့ စာအုပ်တွေ စာရွက်တွေ ပြုတ်ကျ၊ ပြန်ကောက်ပေး၊ အကြည့် ချင်းဆုံ၊ မိတ်ဆက်၊ နောက်ဆုံး ရည်းစားတစ်ယောက်ရ အဲလိုဇာတ်လမ်းမျိုး သွားထွင်တာ၊၊ ရမယ် အားကြီးကြီး။ ပါးချမလွှတ် တာ ကံကောင်း။
အမယ်..ရာဇာဗညားတို့ ကံကောင်းတယ်ပဲပြောရမလား လူမစွမ်း နတ်မ တယ်လို့ပဲ ဆိုရမလား။ တစ်နေ့တော့ ကောင်မလေးတစ်ယောက်ဆီက အဖြေရသတဲ့။ ဒါပေမယ့် အဖြေရပြီး နာရီပိုင်းမှာပဲ ကောင်မလေးက နှင်လွှတ်လိုက်သတဲ့။
သူလုပ်ပုံကလဲ ကြည့်အုံးလေ။ ကောင်မလေးဆီက အဖြေလဲ ရပြီးရော့ အင်းလျားကန်ဘောင်ပေါ်မှာ စုံတွဲသီချင်းဆိုပြီး အတူတူ က ချင်တာတဲ့. . မြန်မာ ပေါကားတွေထဲကလို နေမှာပေါ့။ ဟိုက အရူးစိတ်ချမ်းသာ ပြီးရော့ဆိုပြီး အဖြေပေးလိုက်တာ နေမှာပေါ့. .ကိုယ့်လူအကြောင်း ကိုယ်အသိဆုံး အထင်ကို မကြီးတာရယ်. .
နောက်ဆုံး ”ငါ့ကျောင်းမှာ နေရင်နေ၊ အပြင်ကို ခဏခဏ ထွက်ချင်တယ်ဆို တစ်သက်လုံး ပြန်မလာတော့နဲ့” ဆိုပြီး တစ်ချက်လွှတ်အမိန့် ထုတ်လိုက်ရတယ်။အခုတော့ သွက်သွက်ခါနေပြီ ပြောရမယ်
ရူးတာ ရူးတာ. .နိုင်ငံခြားထွက်ပြီး အလုပ်လုပ်မလို့တဲ့လေ မလေးရှားနိုင်ငံကိုတဲ့။ မြန်မာပေါကားတွေထဲကလို နိုင်ငံခြားက ပြန်လာရင် သူဌေးကြီး တန်းဖြစ်မယ် ထင်နေတာ၊ ဖြစ်လိမ့်မယ် အားကြီးကြီး။ ဘင့်ကလီအမှတ်နဲ့ အသတ်ခံနေရမှာ မြင်ယောင်သေး၊ မဖြစ်ပါဘူး. .တီဗွီရှေ့မှာ ကြိုးတုတ်ထားလိုက်တာပဲ ကောင်းပါတယ်။
အမယ်. .ချော့ထားရသေးတာဗျ ၊ “မင်း မိန်းမ ယူချင်ရင် ငါ့ကျောင်းမှာပဲ ဘုန်းကြီးကျောင်းသားလုပ်ပြီးနေ. .မြန်မာကားတွေ ထဲမှာ ဘုန်းကြီးကျောင်းသားဆိုတာ သူဌေးသမီးနဲ့ပဲ ညားတာ” လို့။ အဲ့ကောင် တကယ်ယုံနေတယ်။ အခုဆို ဧည့်သည်လာရင် အနားကကို မခွာတော့ဘူး၊ ရစ်သီရစ်သီ လာလုပ်နေတော့တာ. .
ဖိုးသူတော် (www.phothutaw.com)
Credit:Ashin PyinyarNanda ( ပီနန္ဒ မြိုင် )
မိန္းမရခ်င္ရင္ ဘုန္းႀကီးေက်ာင္းသားလုပ္
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။