ကံႀကီးလွတဲ့ အမ်ိဳးသားတစ္ဦးဟာ အိမ္ရိုက္သံ အေခ်ာင္း ၁၀၀ ေက်ာ္ကို ဆရာဝန္ေတြက အေရးေပၚ  ခြဲစိပ္ထုတ္ယူခဲ့ၿပီးေနာက္မွာ အသက္ရွင္က်န္ခဲ့ပါတယ္။
အိႏၵိယနိုင္ငံ အေနာက္ေျမာက္ပိုင္း ရာဂ်က္စ္သန္ျပည္နယ္မွ အသက္ ၄၃ ႏွစ္အရြယ္ ‘ဘိုလာရွန္ကာ’ ဆိုသူဟာ စိတ္ပိုင္းဆိုင္ရာ မူမွန္ပဲ အိမ္ရိုက္သံေတြကို စားတဲ့အေလ့အက်င့္ရွိေနခဲ့တာကို သူ႔ရဲ့မိသားစုေတြ မသိခဲ့ၾကပါဘူး။
 
မခံမရပ္နိုင္ေအာင္ ဗိုက္နာလာတာေၾကာင့္ ေဆး႐ုံတင္ခဲ့ရၿပီး ဓါတ္မွန္ရိုက္ၾကည့္တဲ့အခါ သူ႔ရဲ့အစာအိမ္ထဲမွာ သံေခ်ာင္းေတြ အစုျပဳံလိုက္ရွိေနတာကို ဆရာဝန္ေတြ အံ့အားသင့္စြာ ေတြ႕ခဲ့ရပါတယ္။

အေရးေပၚခြဲစိတ္ဖို႔ ခ်က္ျခင္းစီစဥ္ခဲ့ၿပီး သူ႔ရဲ့အစာအိမ္ထဲမွ သံေခ်ာင္း ၁၁၆ ေခ်ာင္းကို ထုတ္ေပးနိုင္ခဲ့ပါတယ္။ သံေခ်ာင္းေတြဟာ ၂ လကၼခြဲ အရြယ္အစားေတြ ျဖစ္ၿပီး ဒီသံေခ်ာင္းေတြကို သူဘယ္အခ်ိန္ထဲက စၿပီး စားခဲ့လည္းဆိုတာကိုေတာ့ ရွင္းလင္းစြာ မသိခဲ့ၾကရပါဘူး။

ခြဲစိတ္မွုကို ဦးေဆာင္ခဲ့တဲ့ Dr Anil Saini က ဒီေလာက္အရြယ္အစားရွိတဲ့ သံေတြကို လူရဲ့အစာအိမ္ထဲကခြဲထုတ္ေပးရာတာ ရာဂ်က္စ္သန္ျပည္နယ္နဲ႔ အိႏၵိယမွာေတာ့ ပထမဆုံး ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

လူနာဟာ ခၽြန္ထက္တဲ့ သံထည္ေတြအျပင္ ဝါယာႀကိဳးေတြကိုလည္း ၿမိဳခ်တဲ့ အေလ့အထရွိနိုင္တယ္လို႔  Dr Anil က ယုံၾကည္ထားပါတယ္၊ ဒါေပမယ့္ သံတစ္ေခ်ာင္းမွ သူ႔ရဲ့အစာအိမ္ကို ေဖာက္မထြက္သြားတာ အရမ္းထူးဆန္းၿပီး ကံေကာင္းတယ္လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။
လူနာျဖစ္တဲ့ ‘ဘိုလာရွန္ကာ’ ဟာ အခုဆိုရင္ ျပန္လည္ နလန္ထူလာၿပီျဖစ္ေၾကာင္း သိရွိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:popolay
#Unicode Version#
ကံကြီးလှတဲ့ အမျိုးသားတစ်ဦးဟာ အိမ်ရိုက်သံ အချောင်း ၁၀၀ ကျော်ကို ဆရာဝန်တွေက အရေးပေါ်  ခွဲစိပ်ထုတ်ယူခဲ့ပြီးနောက်မှာ အသက်ရှင်ကျန်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ရာဂျက်စ်သန်ပြည်နယ်မှ အသက် ၄၃ နှစ်အရွယ် ‘ဘိုလာရှန်ကာ’ ဆိုသူဟာ စိတ်ပိုင်းဆိုင်ရာ မူမှန်ပဲ အိမ်ရိုက်သံတွေကို စားတဲ့အလေ့အကျင့်ရှိနေခဲ့တာကို သူ့ရဲ့မိသားစုတွေ မသိခဲ့ကြပါဘူး။

မခံမရပ်နိုင်အောင် ဗိုက်နာလာတာကြောင့် ဆေးရုံတင်ခဲ့ရပြီး ဓါတ်မှန်ရိုက်ကြည့်တဲ့အခါ သူ့ရဲ့အစာအိမ်ထဲမှာ သံချောင်းတွေ အစုပြုံလိုက်ရှိနေတာကို ဆရာဝန်တွေ အံ့အားသင့်စွာ တွေ့ခဲ့ရပါတယ်။

အရေးပေါ်ခွဲစိတ်ဖို့ ချက်ခြင်းစီစဉ်ခဲ့ပြီး သူ့ရဲ့အစာအိမ်ထဲမှ သံချောင်း ၁၁၆ ချောင်းကို ထုတ်ပေးနိုင်ခဲ့ပါတယ်။ သံချောင်းတွေဟာ ၂ လက္မခွဲ အရွယ်အစားတွေ ဖြစ်ပြီး ဒီသံချောင်းတွေကို သူဘယ်အချိန်ထဲက စပြီး စားခဲ့လည်းဆိုတာကိုတော့ ရှင်းလင်းစွာ မသိခဲ့ကြရပါဘူး။

ခွဲစိတ်မှုကို ဦးဆောင်ခဲ့တဲ့ Dr Anil Saini က ဒီလောက်အရွယ်အစားရှိတဲ့ သံတွေကို လူရဲ့အစာအိမ်ထဲကခွဲထုတ်ပေးရာတာ ရာဂျက်စ်သန်ပြည်နယ်နဲ့ အိန္ဒိယမှာတော့ ပထမဆုံး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

လူနာဟာ ချွန်ထက်တဲ့ သံထည်တွေအပြင် ဝါယာကြိုးတွေကိုလည်း မြိုချတဲ့ အလေ့အထရှိနိုင်တယ်လို့  Dr Anil က ယုံကြည်ထားပါတယ်၊ ဒါပေမယ့် သံတစ်ချောင်းမှ သူ့ရဲ့အစာအိမ်ကို ဖောက်မထွက်သွားတာ အရမ်းထူးဆန်းပြီး ကံကောင်းတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
လူနာဖြစ်တဲ့ ‘ဘိုလာရှန်ကာ’ ဟာ အခုဆိုရင် ပြန်လည် နလန်ထူလာပြီဖြစ်ကြောင်း သိရှိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top