ေျပတီဦးကေတာ့ ေနဆန္းရဲ႕ ခ်စ္တီးထမင္းကို စားၿပီး လွ်ာလည္သြားတာေနာ္။အရမ္းကို စားေကာင္းတာေၾကာင့္ ပရိသတ္ေတြလည္း လမ္းၾကံဳရင္ဝင္စားၾကည့္ဆိုၿပီး ေျပာထားပါေသးတယ္။

သရုပ္ေဆာင္ ေျပတီဦးက လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက ညီအကိုလိုေပါင္းခဲ့တဲ့ ေနဆန္းနဲ႕ ေတြ႕ဆံုခဲ့တဲ့အေၾကာင္း ေျပာထားတာေတြ႕ရပါတယ္။ ေနဆန္းဖြင့္ထားတဲ့ ခ်စ္တီးထမင္းဆိုင္သြားၿပီး ေန႕လည္စာ စားခဲ့သလို လက္ရာကလည္း အရမ္းစားေကာင္းတာေၾကာင့္ ပရိသတ္ေတြလည္း သြားစားၾကည့္ဖို႕ ေျပာထားပါေသးတယ္။

“လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာ ကတည္းက ညီအကိုလိုေပါင္းခဲ့တဲ့ အကို ကိုေနဆန္းရဲ႕ ခ်စ္တီးထမင္းဆိုင္မွာ ေန႔လည္စာစား..

ေကာင္းခ်က္ကေတာ့ေျပာျပလို႔ေတာင္မရ…လမ္းၾကံဳရင္ ဝင္ဆြဲၾကည့္လိုက္ပါအမ်ိဳးတို႔ေရ…တကယ္ေကာင္းတာဗ်ိဳ႕” ဆိုၿပီး ေမလ(၂၁)ရက္ေန႕က ေျပတီဦးရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာျဖစ္ပါတယ္။

သရုပ္ေဆာင္ ေနဆန္း ကိုယ္တိုင္ ဖြင့္ထားတဲ့ ခ်စ္တီးထမင္းဆိုင္ဟာ ေတာင္ဥကၠလာ ပေဒသာလမ္းဆံု မီးပိုင့္နားမွာ ဖြင့္ထားတာျဖစ္ပါတယ္။ ေနဆန္းဟာ ဇနီးနဲ႕အတူ သူ႕ရဲ႕ ဆိုင္မွာ သူကိုယ္တိုင္ စားပြဲထိုးအေနနဲ႕ လုပ္ကိုင္ေနတာျဖစ္ပါတယ္။ေျပတီဦးက သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ေနဆန္းနဲ႕အတူ ရိုက္ထားတဲ့ ပံုကိုတင္ရင္း ဆိုင္အေၾကာင္း ေျပာထားတာ ျဖစ္ပါတယ္။

ေျပတီဦး (Pyay Ti Oo) ဟာ ၁၉၇၈ခုႏွစ္ ႏုိဝင္ဘာ(၃၀)ရက္ေန႕မွာ ေမြးဖြားခဲ့တာျဖစ္ၿပီး သားသမီးသံုးေယာက္ထဲမွာ အလတ္တစ္ေယာက္ ျဖစ္ပါတယ္။ ေျပတီဦးဟာ စက္မႈတကၠသိုလ္ေက်ာင္းသားဘဝထဲက သရုပ္ေဆာင္ပညာကို ဝါသနာပါခဲ့သူပါ။ ၁၉၉၈ ခုႏွစ္ေလာက္မွာ ျမန္မာ့အသံနဲ႔ ႐ုပ္ျမင္သံၾကား (MRTV) က ျပဳလုပ္တဲ့ သ႐ုပ္ေဆာင္ေရြးခ်ယ္ပြဲ အစီအစဥ္မွာ ေရြးခ်ယ္ခံခဲ့ရၿပီးတဲ့ေနာက္ MRTV က ထုတ္လႊင့္တဲ့ ဇာတ္လမ္းတုိေတြနဲ႔ ျမန္မာစာျမန္မာစကား အစီအစဥ္မွာ ပါဝင္ခြင့္ရခဲ့ပါတယ္။

အဲဒီေနာက္ သူ႔ကို ၂၀၀၀ ျပည့္ႏွစ္မ်ား အလယ္ေလာက္မွ ဗီဒီယိုဇာတ္ကားေတြမွာ ေခါင္းေဆာင္မင္းသားအျဖစ္ ျပန္လည္ ျမင္ေတြ႕ရကာ ပရိသတ္ရဲ႕ ႏွစ္ၿခိဳက္လက္ခံမႈကို ရရွိလာခဲ့ပါတယ္။ ေျပတီဦးဟာ ၂၀၁၀ ခုႏွစ္ မွာ ”အာဒံရယ္၊ ဧဝရယ္၊ ဒႆရယ္” ၊ ၂၀၁၂ ခုႏွစ္မွာ “လက္ပံ”၊ ၂၀၁၃ ခုနွစ္မွာ ”နင္ေစရင္”၊ ၂၀၁၄ ခုႏွစ္” မွာ ႏွလံုးသားျဖင့္ျပဳလုပ္သည္” စတဲ့ ရုပ္ရွင္ဇာတ္ကားေတြနဲ႕ အေကာင္းဆံုး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိခဲ့သူ တစ္ဦးျဖစ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Cele YatKwat

#Unicode Version#
ပြေတီဦးကတော့ နေဆန်းရဲ့ ချစ်တီးထမင်းကို စားပြီး လျှာလည်သွားတာနော်။အရမ်းကို စားကောင်းတာကြောင့် ပရိသတ်တွေလည်း လမ်းကြုံရင်ဝင်စားကြည့်ဆိုပြီး ပြောထားပါသေးတယ်။

သရုပ်ဆောင် ပြေတီဦးက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ညီအကိုလိုပေါင်းခဲ့တဲ့ နေဆန်းနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း ပြောထားတာတွေ့ရပါတယ်။ နေဆန်းဖွင့်ထားတဲ့ ချစ်တီးထမင်းဆိုင်သွားပြီး နေ့လည်စာ စားခဲ့သလို လက်ရာကလည်း အရမ်းစားကောင်းတာကြောင့် ပရိသတ်တွေလည်း သွားစားကြည့်ဖို့ ပြောထားပါသေးတယ်။

“လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက ညီအကိုလိုပေါင်းခဲ့တဲ့ အကို ကိုနေဆန်းရဲ့ ချစ်တီးထမင်းဆိုင်မှာ နေ့လည်စာစား..

ကောင်းချက်ကတော့ပြောပြလို့တောင်မရ…လမ်းကြုံရင် ဝင်ဆွဲကြည့်လိုက်ပါအမျိုးတို့ရေ…တကယ်ကောင်းတာဗျို့” ဆိုပြီး မေလ(၂၁)ရက်နေ့က ပြေတီဦးရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။

သရုပ်ဆောင် နေဆန်း ကိုယ်တိုင် ဖွင့်ထားတဲ့ ချစ်တီးထမင်းဆိုင်ဟာ တောင်ဥက္ကလာ ပဒေသာလမ်းဆုံ မီးပိုင့်နားမှာ ဖွင့်ထားတာဖြစ်ပါတယ်။ နေဆန်းဟာ ဇနီးနဲ့အတူ သူ့ရဲ့ ဆိုင်မှာ သူကိုယ်တိုင် စားပွဲထိုးအနေနဲ့ လုပ်ကိုင်နေတာဖြစ်ပါတယ်။ပြေတီဦးက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ နေဆန်းနဲ့အတူ ရိုက်ထားတဲ့ ပုံကိုတင်ရင်း ဆိုင်အကြောင်း ပြောထားတာ ဖြစ်ပါတယ်။

ပြေတီဦး (Pyay Ti Oo) ဟာ ၁၉၇၈ခုနှစ် နိုဝင်ဘာ(၃၀)ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သားသမီးသုံးယောက်ထဲမှာ အလတ်တစ်ယောက် ဖြစ်ပါတယ်။ ပြေတီဦးဟာ စက်မှုတက္ကသိုလ်ကျောင်းသားဘဝထဲက သရုပ်ဆောင်ပညာကို ဝါသနာပါခဲ့သူပါ။ ၁၉၉၈ ခုနှစ်လောက်မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) က ပြုလုပ်တဲ့ သရုပ်ဆောင်ရွေးချယ်ပွဲ အစီအစဉ်မှာ ရွေးချယ်ခံခဲ့ရပြီးတဲ့နောက် MRTV က ထုတ်လွှင့်တဲ့ ဇာတ်လမ်းတိုတွေနဲ့ မြန်မာစာမြန်မာစကား အစီအစဉ်မှာ ပါဝင်ခွင့်ရခဲ့ပါတယ်။

အဲဒီနောက် သူ့ကို ၂၀၀၀ ပြည့်နှစ်များ အလယ်လောက်မှ ဗီဒီယိုဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသားအဖြစ် ပြန်လည် မြင်တွေ့ရကာ ပရိသတ်ရဲ့ နှစ်ခြိုက်လက်ခံမှုကို ရရှိလာခဲ့ပါတယ်။ ပြေတီဦးဟာ ၂၀၁၀ ခုနှစ် မှာ ”အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ ”နင်စေရင်”၊ ၂၀၁၄ ခုနှစ်” မှာ နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။



ဖိုးသူတော်(www.phothutaw.com)
Credit:Cele YatKwat
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top