ကိပ္ေတာင္း(ေတာင္အာဖရိက)၊ ေမ ၂၆ – စင္ကာပူႏိုုင္ငံကိုု တည္ေထာင္ခဲ့သည့္ မစၥတာလီကြမ္းယူ၏ ေျမးျဖစ္သူ လီဟြမ္း၀ူ(Li Huanwu)သည္ ေတာင္အာဖရိကႏိုုင္ငံ ကိပ္ေတာင္းျမိဳ႔တြင္ သူ၏ လိင္တူခ်စ္သူအမ်ဳိးသား ဟန္ရီရြီ(Heng Yirui)ႏွင့္ ျပီးခဲ့သည့္ ေသာၾကာေန႔က လက္ထပ္ခဲ့ေၾကာင္း ႏိုုင္ငံတကာသတင္းမ်ားအရ သိရသည္။

ယင္းကိုု လီဟြမ္း၀ူ၏ ခ်စ္သူ ဟန္ရီရြီက သူ၏ အင္စတဂရမ္အေကာင့္တြင္ ေသာၾကာေန႔(ေမ ၂၄)ကတင္ခဲ့သည္။ ”ဒီကေန႔မွာ ကြ်န္ေတာ့္ခ်စ္သူနဲ႔ ကြ်န္ေတာ္လက္ထပ္ပါတယ္။ သူ(လီဟြမ္း၀ူ)နဲ႔ ဘ၀တစ္သက္တာအတူလက္တြဲသြားမွာပါ”ဟုုလည္းေရးသားခဲ့သည္။

ထိုု႔အျပင္ သူတိုု႔စုုံတြဲသည္ သူတိုု႔၏မဂၤလာဓာတ္ပုုံမ်ားကိုု စင္ကာပူႏိုုင္ငံရွိ LGBT ခြဲျခားမႈကိုု ဆန္႔က်င္ေသာ လႈပ္ရွားမႈမ်ားျပဳလုုပ္သည့္ Pink Dot Singapore အဖြဲ႔သိုု႔လည္းေပးပိုု႔ခဲ့သည္။ Pink Dot Singapore သည္ အက်ဳိးအျမတ္မရယူေသာ အဖြဲ႔အစည္းတစ္ခုုျဖစ္သည္။ အဆိုုပါဓာတ္ပုုံမ်ားကိုု Pink Dot Singapore အဖြဲ႔က သူတိုု႔၏ လူမႈကြန္ရက္ စာမ်က္ႏွာမ်ားတြင္ တင္ထားသည္။

လီဟြမ္း၀ူ၏ ဖခင္ လီရွန္ယန္(Lee Hsien Yang)သည္ ၂၀၁၅ ခုုႏွစ္က ကြယ္လြန္ခဲ့သူ မစၥတာလီကြမ္းယူ၏ သားအငယ္ဆုုံးျဖစ္သည။ မစၥတာ လီကြန္ယူသည္ လီရွန္လြန္း(လက္ရွိ စင္ကာပူ၀န္ၾကီးခ်ဳပ္)၊ လီေ၀လင္း ႏွင့္ လီရွန္ယန္ ဟူသည့္ သားသမီး ၃ ဦးကိုုေမြးဖြားခဲ့သည္။

ယခုု လိင္တူခ်စ္သူႏွင့္လက္ထပ္သည့္ လီဟြမ္း၀ူမွာ လီရွန္ယန္၏ ဒုုတိယသားျဖစ္သည္။

ေတာင္အာဖရိကႏိုုင္ငံသည္ လိင္တူခ်င္းလက္ထပ္မႈကိုု တရား၀င္ခြင့္ျပဳေသာႏိုုင္ငံတစ္ခုုျဖစ္သည္။ အာရွတိုုက္တြင္ လိင္တူခ်င္းလက္ထပ္မႈကိုု တရား၀င္ခြင့္ျပဳေသာ ႏိုုင္ငံမွာ တိုုင္၀မ္ တစ္ႏိုုင္ငံတည္းသာရွိျပီး အာရွတြင္ ပထမဆုုံး တရား၀င္ခြင့္ျပဳေသာ ႏိုုင္ငံလည္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:myanmarnewscity

#Unicode Version# ျဖင့္ဖတ္ပါ ။

ကိပ်တောင်း(တောင်အာဖရိက)၊ မေ ၂၆ – စင်ကာပူနိုင်ငံကို တည်ထောင်ခဲ့သည့် မစ္စတာလီကွမ်းယူ၏ မြေးဖြစ်သူ လီဟွမ်းဝူ(Li Huanwu)သည် တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့တွင် သူ၏ လိင်တူချစ်သူအမျိုးသား ဟန်ရီရွီ(Heng Yirui)နှင့် ပြီးခဲ့သည့် သောကြာနေ့က လက်ထပ်ခဲ့ကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။

ယင်းကို လီဟွမ်းဝူ၏ ချစ်သူ ဟန်ရီရွီက သူ၏ အင်စတဂရမ်အကောင့်တွင် သောကြာနေ့(မေ ၂၄)ကတင်ခဲ့သည်။ ”ဒီကနေ့မှာ ကျွန်တော့်ချစ်သူနဲ့ ကျွန်တော်လက်ထပ်ပါတယ်။ သူ(လီဟွမ်းဝူ)နဲ့ ဘဝတစ်သက်တာအတူလက်တွဲသွားမှာပါ”ဟုလည်းရေးသားခဲ့သည်။

ထို့အပြင် သူတို့စုံတွဲသည် သူတို့၏မင်္ဂလာဓာတ်ပုံများကို စင်ကာပူနိုင်ငံရှိ LGBT ခွဲခြားမှုကို ဆန့်ကျင်သော လှုပ်ရှားမှုများပြုလုပ်သည့် Pink Dot Singapore အဖွဲ့သို့လည်းပေးပို့ခဲ့သည်။ Pink Dot Singapore သည် အကျိုးအမြတ်မရယူသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အဆိုပါဓာတ်ပုံများကို Pink Dot Singapore အဖွဲ့က သူတို့၏ လူမှုကွန်ရက် စာမျက်နှာများတွင် တင်ထားသည်။

လီဟွမ်းဝူ၏ ဖခင် လီရှန်ယန်(Lee Hsien Yang)သည် ၂၀၁၅ ခုနှစ်က ကွယ်လွန်ခဲ့သူ မစ္စတာလီကွမ်းယူ၏ သားအငယ်ဆုံးဖြစ်သည။ မစ္စတာ လီကွန်ယူသည် လီရှန်လွန်း(လက်ရှိ စင်ကာပူဝန်ကြီးချုပ်)၊ လီဝေလင်း နှင့် လီရှန်ယန် ဟူသည့် သားသမီး ၃ ဦးကိုမွေးဖွားခဲ့သည်။

ယခု လိင်တူချစ်သူနှင့်လက်ထပ်သည့် လီဟွမ်းဝူမှာ လီရှန်ယန်၏ ဒုတိယသားဖြစ်သည်။

တောင်အာဖရိကနိုင်ငံသည် လိင်တူချင်းလက်ထပ်မှုကို တရားဝင်ခွင့်ပြုသောနိုင်ငံတစ်ခုဖြစ်သည်။ အာရှတိုက်တွင် လိင်တူချင်းလက်ထပ်မှုကို တရားဝင်ခွင့်ပြုသော နိုင်ငံမှာ တိုင်ဝမ် တစ်နိုင်ငံတည်းသာရှိပြီး အာရှတွင် ပထမဆုံး တရားဝင်ခွင့်ပြုသော နိုင်ငံလည်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:myanmarnewscity
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top