၅ႏွစ္သားေလာက္က မိဘႏွစ္ပါး သေဘာထား မတုိက္ဆုိင္လုိ႔ လမ္းခြဲခဲ့ၾကတဲ့အခါ မိခင္ႏွင့္လုိက္ပါသြားၿပီး မိခင္မကြယ္လြန္မွီ ဖခင္အမည္ရယ္ သိမ္ဇရပ္က စကၠဴစက္ႀကီးအေၾကာင္းရယ္ေျပာျပခဲ့လုိ႔ ၂၅ႏွစ္ေက်ာ္ ဖခင္ႏွင့္ကြဲကြာေနေသာ လုိက္႐ွာေနေသာ သားတစ္ေယာက္မွ အိပ္မက္သစ္ စာၾကည့္တုိက္သုိ႔ ဖုန္းဆက္ၿပီး အကူအညီေတာင္းခံခဲ့ပါသည္။

အိမ္မက္သစ္မွ အကူအညီေတာင္းေသာ ကုိရဲေနာင္ထံမွ အခ်က္အလက္မ်ားေတာင္းၿပီး စုံစမ္းေပးခဲ့ရာ ၂၅ႏွစ္ၾကာေဝးကြာေနေသာ သူ႔မိဘကုိေတြ႔ခဲ့ၿပီး ရဲေနာင္ဆုိတဲ့သူကုိ သိလားလုိ႔ ေမးေတာ့ အဲ့ဒီအမည္ကုိဘယ္ကသိတာလဲ ဘယ္ကၾကားတာလဲဆုိၿပီး အရမ္းဝမ္းနည္းတဲ့ အသံနဲေမးၿပီး သူ႔သားပါ အရမ္းေတြ႔ခ်င္ေနတဲ့သူ႔သားပါလုိ႔ တုန္ရင္ေသာအသံမ်ားျဖင့္ေျပာပါသည္။အိမ္မက္သစ္ စာၾကည့္တုိက္ (သိမ္ဇရပ္)လုိ႔ Facebook ေပၚမွာေတြ႔လုိ႔ ဖုန္းဆက္ၿပီး သိမ္ဇရပ္မွာ စကၠဴစက္ႀကီး႐ွိလား ႐ွိတယ္ဆုိေတာ့ အေခ်ာကုိင္႒ာနက ဦးအမည္ကုိသိလား သိရင္႐ွာေပးပါလား ။

စာၾကည့္တုိက္က အရင္တစ္ေယာက္႐ွာေပးတာေတြ႔လုိ႔ အကူအညီေတာင္းတာပါလုိ႔ေျပာလုိ႔ ဦးကုိ႐ွာၿပီးဖုန္းနံပတ္ေပးတာလုိ႔ေျပာျပၿပီး ဖုန္းနံပတ္ေပးလုိက္ပါသည္။၂၅ႏွစ္ေက်ာ္ခြဲခြာခဲ့ရတဲ့ သားကုိဖုန္းဆက္လုိက္ေတာ့ သားကဒီတစ္သက္ အေဖ့ကုိမေတြ႔ရေတာ့ဘူးထင္ေနတာလုိ႔ ေျပာၿပီးငုိ အေဖကခြဲခြာခဲ့ရတဲ့ သားနဲ႔အဆက္သြယ္ရလုိ႔ ဝမ္းသာၿပီး ျပန္ေတြ႔ၾကဖုိ႔ အျမန္ဆုံးစီစဥ္ၾကပါေတာ့သည္။

ဖခင္မွ အႏွစ္ႏွစ္ဆယ္ေက်ာ္ ကြဲကြာသြားေသာ သားႏွစ္ေယာက္နဲ႔ ဆက္သြယ္ျပန္ရတဲ့အတြက္ ေပ်ာ္ရႊင္ခဲ့ရၿပီ။သားျဖစ္သူမွလည္း ဖခင္နဲ႔ျပန္ေတြ႔ခြင္ရေအာင္ ကူညီေပးေသာ အိ္ပ္မက္သစ္ စာၾကည့္တုိက္ကုိ တုန္ရီေသာအသံမ်ားႏွင့္ ရင္ထဲကလာေသာ ေက်းဇူးတင္စကားကုိ ဘယ္ႏွစ္ႀကိမ္မွန္မသိေအာင္ ထပ္တလဲလဲ ေျပာခဲ့ပါသည္။ဖခင္နဲ႔ေတြ႔ဖုိ႔ သိမ္ဇရပ္ကုိ အျမန္ဆုံးလာေရာက္ၿပီး အိပ္မက္သစ္ကုိလဲ လာေရာက္လည္ပတ္ၿပီး ေက်းဇူးတင္စကား လာေျပာခ်င္ေသးသည္ဟု ဖုန္းဆက္ပါသည္။

ဖုန္းဆက္ၿပီး ၃ရက္ေျမာက္ေသာေန႔တြင္

စာၾကည့္တုိက္သုိ႔ သားအဖႏွစ္ေယာက္ဝင္လာၿပီး စာၾကည့္တုိက္က႐ွာေပးလုိ႔ ႏွစ္၂၀ေက်ာ္ေဝးကြာေနတဲ့သားနဲ႔ ျပန္ေတြ႔လုိ႔ လာႏႈတ္ဆက္တာလုိ႔ေျပာၿပီး သားျဖစ္သူက ပါလာတဲ့ လက္ေဆာင္ျဖင့္ ကန္ေတာ့ဖုိ႔လုပ္ေတာ့ မလုပ္ပါနဲ႔ အသက္ေတြတူေနလုိ႔ဆုိၿပီးျငင္းေပမဲ့ မရပါဘူး အတင္းကန္ေတာ့ပါသည္။အေဖျဖစ္သူက ႏွစ္ႏွစ္လ လ႐ွာခဲ့ရတဲ့ သားမ်ားနဲ႔ ျပန္ေတြ႔ရတဲ့အတြက္ အိပ္မက္သစ္စာၾကည့္တိုက္ကုိ ေက်းဇူးတင္ေၾကာင္း သားေလးကုိ ျပန္မလွြတ္ေတာ့ပဲ သူ႔အနားမွာပဲ ထားေတာ့မွာျဖစ္ေျကာင္းေျပာၿပီး ဦးျမင့္နုိင္( သား)ကုိရဲေနာင္မွ အလွဴေငြ ၃ေသာင္းလွဴဒါန္းေပးပါသည္။အိပ္မက္သစ္မွ ေက်းဇူးတင္ေၾကာင္း သားအဖႏွစ္ေယာက္ေတြ႔ဆုံေအာင္ ကူညီေပးရတဲ့အတြက္ ဝမ္းသားမိေၾကာင္း ေျပာၾကားခဲ့ပါသည္။

၂၅ႏွစ္ေက်ာ္ေဝးကြာေနတဲ့ သားအဖႏွစ္ေယာက္ ဆဳိင္ကယ္ေလးစီး ျပန္သြားတာကုိၾကည့္ၿပီး ဆရာမဂ်ဴး စာအုပ္ထဲက

(တစ္ေယာက္ေယာက္ကို တစ္ခုခုေပးအပ္လိုက္လို႔ သူ ျပည့္စံုေက်နပ္သြားတာကို ျမင္ရသည့္အခ်ိန္၊

အဲ႔ဒါက ရလိုက္သည့္ ဘဝ အရသာ ပါပဲ) ဆုိတဲ့ စာသားေလးကုိ ပုိ၍ႏွစ္သက္မိပါေတာ့သည္။

စာၾကည္​့တိုက္​ ဆိုတာ

တခါတခါ ​ေနမင္​းႀကီးလို

အလင္​းျပတယ္​

စာၾကည္​့တိုက္​ဆိုတာ

တခါတခါ လမင္​းႀကီးလို

​ေအးျမတယ္​

စာၾကည္​့တိုက္​ဆိုတာ

တခါခါ ပန္​းဥယ်ာဥ္​ႀကီးလို႔

အဆင္​း ရနံ​ေတြ​ေပးတယ္​

စာၾကည္​့တိုက္​ဆိုတာ

တခါတခါ လူရႊင္​​ေတာ္​တ​ေယာက္​လို

ဟာတရႏွလံုးကို ရႊင္​ျပံဳး​ေစတယ္​

စာၾကည္​့တိုက္​ဆိုတာ

တခါတခါ သူရဲ​ေကာင္​းတ​ေယာက္​လို႔

ရဲဝံ႕တဲ့ သတၱိ ​ေတြ​ေပးတယ္​

စာၾကည္​့တိုက္​ဆိုတာ

တခါတခါ ျမနတ္​​ေမာင္​​ေပါ့

စာၾကည္​့တိုက္​ဆိုတာ

တခါတခါ …………

စာၾကည္​့တိုက္​ ဆိုတာ.. .

စာၾကည္​့တိုက္​ဆိုတာ.. ………

ဖိုးသူေတာ္(www.phothutaw.com)
Credit: Ko Saw Min Htwe

#Unicode Version#
၅နှစ်သားလောက်က မိဘနှစ်ပါး သဘောထား မတိုက်ဆိုင်လို့ လမ်းခွဲခဲ့ကြတဲ့အခါ မိခင်နှင့်လိုက်ပါသွားပြီး မိခင်မကွယ်လွန်မှီ ဖခင်အမည်ရယ် သိမ်ဇရပ်က စက္ကူစက်ကြီးအကြောင်းရယ်ပြောပြခဲ့လို့ ၂၅နှစ်ကျော် ဖခင်နှင့်ကွဲကွာနေသော လိုက်ရှာနေသော သားတစ်ယောက်မှ အိပ်မက်သစ် စာကြည့်တိုက်သို့ ဖုန်းဆက်ပြီး အကူအညီတောင်းခံခဲ့ပါသည်။

အိမ်မက်သစ်မှ အကူအညီတောင်းသော ကိုရဲနောင်ထံမှ အချက်အလက်များတောင်းပြီး စုံစမ်းပေးခဲ့ရာ ၂၅နှစ်ကြာဝေးကွာနေသော သူ့မိဘကိုတွေ့ခဲ့ပြီး ရဲနောင်ဆိုတဲ့သူကို သိလားလို့ မေးတော့ အဲ့ဒီအမည်ကိုဘယ်ကသိတာလဲ ဘယ်ကကြားတာလဲဆိုပြီး အရမ်းဝမ်းနည်းတဲ့ အသံနဲမေးပြီး သူ့သားပါ အရမ်းတွေ့ချင်နေတဲ့သူ့သားပါလို့ တုန်ရင်သောအသံများဖြင့်ပြောပါသည်။အိမ်မက်သစ် စာကြည့်တိုက် (သိမ်ဇရပ်)လို့ Facebook ပေါ်မှာတွေ့လို့ ဖုန်းဆက်ပြီး သိမ်ဇရပ်မှာ စက္ကူစက်ကြီးရှိလား ရှိတယ်ဆိုတော့ အချောကိုင်ဋ္ဌာနက ဦးအမည်ကိုသိလား သိရင်ရှာပေးပါလား ။

စာကြည့်တိုက်က အရင်တစ်ယောက်ရှာပေးတာတွေ့လို့ အကူအညီတောင်းတာပါလို့ပြောလို့ ဦးကိုရှာပြီးဖုန်းနံပတ်ပေးတာလို့ပြောပြပြီး ဖုန်းနံပတ်ပေးလိုက်ပါသည်။၂၅နှစ်ကျော်ခွဲခွာခဲ့ရတဲ့ သားကိုဖုန်းဆက်လိုက်တော့ သားကဒီတစ်သက် အဖေ့ကိုမတွေ့ရတော့ဘူးထင်နေတာလို့ ပြောပြီးငို အဖေကခွဲခွာခဲ့ရတဲ့ သားနဲ့အဆက်သွယ်ရလို့ ဝမ်းသာပြီး ပြန်တွေ့ကြဖို့ အမြန်ဆုံးစီစဉ်ကြပါတော့သည်။

ဖခင်မှ အနှစ်နှစ်ဆယ်ကျော် ကွဲကွာသွားသော သားနှစ်ယောက်နဲ့ ဆက်သွယ်ပြန်ရတဲ့အတွက် ပျော်ရွှင်ခဲ့ရပြီ။သားဖြစ်သူမှလည်း ဖခင်နဲ့ပြန်တွေ့ခွင်ရအောင် ကူညီပေးသော အိပ်မက်သစ် စာကြည့်တိုက်ကို တုန်ရီသောအသံများနှင့် ရင်ထဲကလာသော ကျေးဇူးတင်စကားကို ဘယ်နှစ်ကြိမ်မှန်မသိအောင် ထပ်တလဲလဲ ပြောခဲ့ပါသည်။ဖခင်နဲ့တွေ့ဖို့ သိမ်ဇရပ်ကို အမြန်ဆုံးလာရောက်ပြီး အိပ်မက်သစ်ကိုလဲ လာရောက်လည်ပတ်ပြီး ကျေးဇူးတင်စကား လာပြောချင်သေးသည်ဟု ဖုန်းဆက်ပါသည်။

ဖုန်းဆက်ပြီး ၃ရက်မြောက်သောနေ့တွင်

စာကြည့်တိုက်သို့ သားအဖနှစ်ယောက်ဝင်လာပြီး စာကြည့်တိုက်ကရှာပေးလို့ နှစ်၂၀ကျော်ဝေးကွာနေတဲ့သားနဲ့ ပြန်တွေ့လို့ လာနှုတ်ဆက်တာလို့ပြောပြီး သားဖြစ်သူက ပါလာတဲ့ လက်ဆောင်ဖြင့် ကန်တော့ဖို့လုပ်တော့ မလုပ်ပါနဲ့ အသက်တွေတူနေလို့ဆိုပြီးငြင်းပေမဲ့ မရပါဘူး အတင်းကန်တော့ပါသည်။အဖေဖြစ်သူက နှစ်နှစ်လ လရှာခဲ့ရတဲ့ သားများနဲ့ ပြန်တွေ့ရတဲ့အတွက် အိပ်မက်သစ်စာကြည့်တိုက်ကို ကျေးဇူးတင်ကြောင်း သားလေးကို ပြန်မလွှတ်တော့ပဲ သူ့အနားမှာပဲ ထားတော့မှာဖြစ်ကြောင်းပြောပြီး ဦးမြင့်နိုင်( သား)ကိုရဲနောင်မှ အလှူငွေ ၃သောင်းလှူဒါန်းပေးပါသည်။အိပ်မက်သစ်မှ ကျေးဇူးတင်ကြောင်း သားအဖနှစ်ယောက်တွေ့ဆုံအောင် ကူညီပေးရတဲ့အတွက် ဝမ်းသားမိကြောင်း ပြောကြားခဲ့ပါသည်။

၂၅နှစ်ကျော်ဝေးကွာနေတဲ့ သားအဖနှစ်ယောက် ဆိုင်ကယ်လေးစီး ပြန်သွားတာကိုကြည့်ပြီး ဆရာမဂျူး စာအုပ်ထဲက

(တစ်ယောက်ယောက်ကို တစ်ခုခုပေးအပ်လိုက်လို့ သူ ပြည့်စုံကျေနပ်သွားတာကို မြင်ရသည့်အချိန်၊

အဲ့ဒါက ရလိုက်သည့် ဘဝ အရသာ ပါပဲ) ဆိုတဲ့ စာသားလေးကို ပို၍နှစ်သက်မိပါတော့သည်။

စာကြည့်တိုက် ဆိုတာ

တခါတခါ နေမင်းကြီးလို

အလင်းပြတယ်

စာကြည့်တိုက်ဆိုတာ

တခါတခါ လမင်းကြီးလို

အေးမြတယ်

စာကြည့်တိုက်ဆိုတာ

တခါခါ ပန်းဥယျာဉ်ကြီးလို့

အဆင်း ရနံတွေပေးတယ်

စာကြည့်တိုက်ဆိုတာ

တခါတခါ လူရွှင်တော်တယောက်လို

ဟာတရနှလုံးကို ရွှင်ပြုံးစေတယ်

စာကြည့်တိုက်ဆိုတာ

တခါတခါ သူရဲကောင်းတယောက်လို့

ရဲဝံ့တဲ့ သတ္တိ တွေပေးတယ်

စာကြည့်တိုက်ဆိုတာ

တခါတခါ မြနတ်မောင်ပေါ့

စာကြည့်တိုက်ဆိုတာ

တခါတခါ …………

စာကြည့်တိုက် ဆိုတာ.. .

စာကြည့်တိုက်ဆိုတာ.. ………


ဖိုးသူတော်(www.phothutaw.com)
Credit: Ko Saw Min Htwe


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top