20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ဝမ္းခ်ဳပ္ျခင္းဟာ လူေတြမွာ မၾကာခဏ ျဖစ္ေလ့ရွိတဲ့ ေရာဂါတမ်ိဳးပါ။ ဝမ္းခ်ဳပ္ျခင္းေၾကာင့္ ျဖစ္လာမယ့္ ဆိုးက်ိဳးေတြ အမ်ားႀကီးရွိပါတယ္။ ဒါေၾကာင့္ ဒီတခါမွာ ဝမ္းခ်ဳပ္တာမ်ားရင္ သင့္ရဲ႕ ခႏၶာကိုယ္က ဘာေတြ ျဖစ္လာႏိုင္လဲဆိုတာကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ႂကြက္သား ေၾကမြျခင္း

ပုံမွန္ဝမ္းသြားႏိုင္ျခင္း မရွိတာဟာ ႂကြက္သားေၾကမြျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ ဝမ္းခ်ဳပ္ေနတာေၾကာင့္ မစင္ကို အတင္းတြန္းလႊတ္ ေနရတာေတြမ်ားတဲ့ အခါ လိပ္ေခါင္းစတဲ့ ေရာဂါေတြကို ခံစားလာရျခင္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဝမ္းခ်ဳပ္တာေတြ မ်ားတဲ့ အခါ စအိုက ေသြးထြက္တာေတြ ျဖစ္ရတာပါ။

(၂) အစားစားလိုစိတ္ ေျပာင္းလဲျခင္း

ဝမ္းခ်ဳပ္ေနျခင္းေၾကာင့္ ခႏၶာကိုယ္မွာ မလိုအပ္တဲ့ အညစ္အေၾကးေတြက ပိတ္မိေနပါတယ္။ အဲဒီအခ်ိန္မွာ အစားထပ္ၿပီး စားရင္ ဗိုက္ျပည့္လြယ္ျခင္းကို ျဖစ္ေစႏိုင္ၿပီး သင္ေန႔စဥ္စားေသာက္ေနတဲ့ ပုံစံကို ေသြဖယ္သြားၿပီး အစားစားလိုစိတ္ေတြ ေျပာင္းလဲလာႏိုင္ပါတယ္။

(၃) ေရဓာတ္ခမ္းေျခာက္ျခင္း

ဝမ္းခ်ဳပ္ျခင္းနဲ႔ ေရဓာတ္ခမ္းေျခာက္ျခင္းတို႔ဟာ ဆက္စပ္ေနတဲ့ အရာႏွစ္ခုျဖစ္ပါတယ္။ ဝမ္းခ်ဳပ္တဲ့ အခါ ေရဓာတ္ေတြ ကုန္ခမ္းလို႔ ေရမ်ားမ်ားေသာက္ေပးသင့္ၿပီး ေရဓာတ္ခမ္းေျခာက္တဲ့ အခါ ေခါင္းမူးျခင္း၊ ေခါင္းကိုက္ျခင္းနဲ႔ ေခြၽးထြက္ျခင္း၊ ကတုန္ကယင္ျဖစ္ျခင္းေတြ ျဖစ္ပြားတတ္ပါတယ္။

(၄) ယိုစိမ့္ျခင္း

ဝမ္းခ်ဳပ္တာမ်ားရင္ အူအတြင္းမွာ ရွိတဲ့ မစင္အိတ္ျပည့္တင္းမႈေတြ ျဖစ္တတ္ပါတယ္။ ဒါ့အျပင္ မစင္စတဲ့ အညစ္အေၾကး ေတြဟာ ဝမ္းထဲမွာ ရွိသင့္တဲ့ အခ်ိန္ထက္ ပိုၿပီး ရွိေနတဲ့ အခါ ဘက္တီးရီးယားေတြ ျပန႔္ပြားတာ လြယ္ကူၿပီး ေလလည္ျခင္းနဲ႔ ေလတက္ျခင္း စတာေတြ ျဖစ္လာႏိုင္ပါတယ္။ ေလလည္လိုက္တဲ့ အခါ မစင္ပါ ယိုစိမ့္သြားႏိုင္ၿပီး ဒီလို ယိုစိမ့္ျခင္းဟာ ေန႔ေရာညပါ ျဖစ္ႏိုင္ပါတယ္။

(၅) ဝမ္းခ်ဳပ္တာကို ဘယ္လို ေျဖရွင္းမလဲ

အေကာင္းဆုံးနည္းလမ္းကေတာ့ ေရမ်ားမ်ားေသာက္ဖို႔ပါပဲ။ ဒါအျပင္ ေဆးအကူအညီလည္းယူလို႔ ရပါတယ္။ တရက္ ႏွစ္ရက္ေလာက္ ဝမ္းခ်ဳပ္တာက တခါတေလမွာ ျဖစ္တတ္တဲ့အရာျဖစ္လို႔ စိတ္သိပ္ပူစရာမလိုေပမယ့္ တပတ္ထက္ပိုၿပီး ဝမ္းခ်ဳပ္ေနၿပီ ဆိုရင္ေတာ့ နီးစပ္ရာဆရာဝန္နဲ႔ ျပသဖို႔ အႀကံေပးခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Irrawaddy

#Unicode Version# ျဖင့္ဖတ္ပါ ။

ဝမ်းချုပ်ခြင်းဟာ လူတွေမှာ မကြာခဏ ဖြစ်လေ့ရှိတဲ့ ရောဂါတမျိုးပါ။ ဝမ်းချုပ်ခြင်းကြောင့် ဖြစ်လာမယ့် ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဒီတခါမှာ ဝမ်းချုပ်တာများရင် သင့်ရဲ့ ခန္ဓာကိုယ်က ဘာတွေ ဖြစ်လာနိုင်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

(၁) ကြွက်သား ကြေမွခြင်း

ပုံမှန်ဝမ်းသွားနိုင်ခြင်း မရှိတာဟာ ကြွက်သားကြေမွခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဝမ်းချုပ်နေတာကြောင့် မစင်ကို အတင်းတွန်းလွှတ် နေရတာတွေများတဲ့ အခါ လိပ်ခေါင်းစတဲ့ ရောဂါတွေကို ခံစားလာရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်တာတွေ များတဲ့ အခါ စအိုက သွေးထွက်တာတွေ ဖြစ်ရတာပါ။

(၂) အစားစားလိုစိတ် ပြောင်းလဲခြင်း

ဝမ်းချုပ်နေခြင်းကြောင့် ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ အညစ်အကြေးတွေက ပိတ်မိနေပါတယ်။ အဲဒီအချိန်မှာ အစားထပ်ပြီး စားရင် ဗိုက်ပြည့်လွယ်ခြင်းကို ဖြစ်စေနိုင်ပြီး သင်နေ့စဉ်စားသောက်နေတဲ့ ပုံစံကို သွေဖယ်သွားပြီး အစားစားလိုစိတ်တွေ ပြောင်းလဲလာနိုင်ပါတယ်။

(၃) ရေဓာတ်ခမ်းခြောက်ခြင်း

ဝမ်းချုပ်ခြင်းနဲ့ ရေဓာတ်ခမ်းခြောက်ခြင်းတို့ဟာ ဆက်စပ်နေတဲ့ အရာနှစ်ခုဖြစ်ပါတယ်။ ဝမ်းချုပ်တဲ့ အခါ ရေဓာတ်တွေ ကုန်ခမ်းလို့ ရေများများသောက်ပေးသင့်ပြီး ရေဓာတ်ခမ်းခြောက်တဲ့ အခါ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ချွေးထွက်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်းတွေ ဖြစ်ပွားတတ်ပါတယ်။

(၄) ယိုစိမ့်ခြင်း

ဝမ်းချုပ်တာများရင် အူအတွင်းမှာ ရှိတဲ့ မစင်အိတ်ပြည့်တင်းမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် မစင်စတဲ့ အညစ်အကြေး တွေဟာ ဝမ်းထဲမှာ ရှိသင့်တဲ့ အချိန်ထက် ပိုပြီး ရှိနေတဲ့ အခါ ဘက်တီးရီးယားတွေ ပြန့်ပွားတာ လွယ်ကူပြီး လေလည်ခြင်းနဲ့ လေတက်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ လေလည်လိုက်တဲ့ အခါ မစင်ပါ ယိုစိမ့်သွားနိုင်ပြီး ဒီလို ယိုစိမ့်ခြင်းဟာ နေ့ရောညပါ ဖြစ်နိုင်ပါတယ်။

(၅) ဝမ်းချုပ်တာကို ဘယ်လို ဖြေရှင်းမလဲ

အကောင်းဆုံးနည်းလမ်းကတော့ ရေများများသောက်ဖို့ပါပဲ။ ဒါအပြင် ဆေးအကူအညီလည်းယူလို့ ရပါတယ်။ တရက် နှစ်ရက်လောက် ဝမ်းချုပ်တာက တခါတလေမှာ ဖြစ်တတ်တဲ့အရာဖြစ်လို့ စိတ်သိပ်ပူစရာမလိုပေမယ့် တပတ်ထက်ပိုပြီး ဝမ်းချုပ်နေပြီ ဆိုရင်တော့ နီးစပ်ရာဆရာဝန်နဲ့ ပြသဖို့ အကြံပေးချင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top